ကဗျာ

ဗေဒါအပြုံး

စာရေးတဲ့လက်တွေကို

သော့ခတ်ထားတယ်

စာသင်တဲ့မျက်လုံးတွေ

ဖောက်ထုတ်ထားတယ်

ပညာပေးတဲ့ပါးစပ်တွေကို

ပိတ်ပင်ထားတယ်

ပညာပြတဲ့ အကွက်တွေနဲ့ပဲ

ကျောင်းသားနဲ့တွဲချီထားတဲ့လက်ထိပ်

ကျောင်းသားနဲ့ တံတိုင်းခြားထားခံရတဲ့ မိဘ။

 

လူကိုသာသော့ခတ်ထားလို့ရမယ်

နှလုံးသားကို သော့ခတ်ထားလို့ မရဘူး

ဗေဒါတွေနဲ့ အံခဲထားပုံက

ပြည်သူ့သည်းပွတ်မှာ

ဖြူလို့. . . . လင်းလို့

ရာဇဝင်မှာ တင်ထားခဲ့တဲ့စာမှာ

ဒေါင်းသွေးတွေ ရဲလို့. . . . ဆွေလို့. . . . . ။

 

ရွှေပိုးအိမ်(ပဲခူး)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button