တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်း

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 26, May 15, 2020)

 

၁။       တပ္မေတာ္ အပစ္ရပ္ေၾကညာခ်က္သည္ မွန္ကန္သည့္သေဘာထားမဟုတ္ဟု KNU Concerned Group ေျပာ

၂။       ပုဒ္မ ၁၇(၁) ေၾကာင့္ ကိုဗစ္အေရး အစိုးရႏွင့္ ပူးေပါင္းလုပ္ေဆာင္ရန္ အဆင္မေျပဟု KIA ေျပာ

၃။       KNU/KNLA (PC) ဥကၠ႒ ေနရာကို ေမလကုန္ပိုင္းတြင္ ေရြးခ်ယ္မည္

၄။       ရခိုင္စစ္ပြဲမွာ တပ္မေတာ္ဘက္ ေဒၚေအာင္ဆန္းစုၾကည္ ယိမ္းဟု တိုင္းရင္းသားအခ်ိဳ႕ ေဝဖန္

၅။       တပ္မေတာ္ အပစ္အခတ္ ရပ္စဲေရး ထုတ္ျပန္ခ်က္ မဟာမိတ္ ၃ ဖြဲ႔ ေဝဖန္

၆။       ကိုဗစ္-၁၉ ကာလ အတြင္း လားရိႈးၿမိဳ႕နယ္တြင္ အစိုးရတပ္မွ လူ့အခြင့္အေရးခ်ိဳးေဖာက္မႈ မ်ားျပဳေန

၇။       စစ္ေရယာဥ္ေပၚ ညွဥ္းပန္းႏွိပ္စက္သည့္ တပ္မေတာ္သားမ်ားကို အေရးယူမည္

၈။       အြန္လိုင္းပညာေရးစနစ္အတြက္ ကခ်င္ျပည္နယ္တြင္ အင္တာနက္မရႏိုင္သည့္ ၿမိဳ႕နယ္ ၇ ခုရွိ

၉။       ျပည္သူ႔လုိအပ္ခ်က္မ်ားအတြက္ လွဴဒါန္းမႈမ်ားျပဳလုပ္သြားရန္ ကရင္အမ်ိဳးသားဒီမုိကရက္တစ္ပါတီ စီစဥ္

၁၀။     ပလက္ဝ စစ္ေရွာင္မ်ားအတြက္ မိုးမတိုင္မီ ရိကၡာေပးပို႔ရန္ ျပည္နယ္အစိုးရ စီစဥ္

၁၁။     ဘူးသီးေတာင္မွာ မိုင္းေပါက္ကြဲ၊ ကေလး ႏွစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ

၁၂။     ျမဝတီၿမိဳ႕တြင္ BGF တပ္ဖြဲ႔ ဗိုလ္မွဴးေဟာင္းတစ္ဦး ေနအိမ္အား ေသနတ္သမားမ်ားက ေခ်ာင္းေျမာင္း ပစ္ခတ္

၁၃။     RCSS/SSA အဖြဲ႕ဝင္ ၉ ဦး ထြက္ေျပး

၁၄။     AA အဖြဲ႔အေၾကာင္း သတင္းေရးသူေတြကုိ ၿခိမ္းေျခာက္တာေတြ ရပ္တန္႔ဖုိ႔ CPJ အဖြဲ႔ေတာင္းဆုိ

၁၅။     ျမန္မာ့အေရး ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ ေဆြးေႏြးဖုိ႔ရွိ

၁၆။     ေက်ာက္ေတာ္က မြတ္ဆလင္ရြာထဲ လက္နက္ႀကီးက်ကြဲ ၅ ဦး ဒဏ္ရာရ

၁၇။     ျမန္မာႏိုင္ငံ ေျမာက္ဖ်ားပိုင္း ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ နယ္စပ္မ်ား ပိတ္ထားျခင္း၊ လမ္းပန္းဆက္သြယ္ေရး ခက္ခဲျခင္း မ်ားေၾကာင့္              စားနပ္ရိကၡာ ျပတ္လပ္ေန

၁၈။     က်ိဳက္မေရာၿမိဳ႕နယ္တြင္ လူစုလူေဝးျဖင့္ ဘုရားထီးေတာ္ပင့္ေဆာင္ရန္ ဦးေဆာင္သူ ျပည္ခိုင္ၿဖိဳးပါတီဝင္ ေထာင္ဒဏ္ ၉ လ ခ်မွတ္ခံရ

၁၉။     တႏိုင္ငံလံုးအပစ္ရပ္ေရး ဖိအားေပးဖို႕ အေမရိကန္ကို အရပ္ဘက္အဖြဲ႔ေတြတိုက္တြန္း

၂၀။     ဖရူဆိုၿမိဳ႕နယ္၌ ေလဆင္ႏွာေမာင္းတိုက္ခတ္၊ စာသင္ေက်ာင္းေဆာင္ ပ်က္စီး

၂၁။     လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ အမ်ိဳးသား ၁ ဦး မိုးႀကိဳးပစ္ခံရၿပီး  ေသဆံုး

၂၂။     အင္းထဲ က်န္းမာေရး ေစာင့္ေရွာက္မႈ ယခုထိ အားနည္းေနဆဲ

၂၃။     ေဒၚလာအင္း မႀကံဳစဖူးေရခန္းေျခာက္မွႈႏွင့္ႀကံဳရၿပီး ငါးအေျမာက္အျမားေသဆံုးမႈျဖစ္ေပၚ

၂၄။     စစ္တပ္လမ္းပိတ္ဆို႔မႈ ရခိုင္စစ္ေရွာင္စခန္း ရိကၡာျပတ္

၂၅။     မူဆယ္ၿမိဳ႕ ႏွစ္ည ဆက္တိုက္ ေပါက္ကြဲမႈ ျဖစ္

၂၆။     ရခိုင္ေျမာက္ပိုင္းတြင္ အစိုးရႏွင့္ ကုလအဖြဲ႔မ်ား ပူးေပါင္းေဆာင္ရြက္ေရး သက္တမ္းတိုး

၂၇။     အင္းခရမ္းခ်ဥ္သီး စိုက္ေတာင္သူ ကိုဗစ္-၁၉ ေၾကာင့္ အရံႈးမ်ားျဖင့္ ရင္ဆိုင္ေနရ

၂၈။     စားေသာက္ဆိုင္အမည္ခံၿပီး လိင္ေဖ်ာ္ေျဖေရးလုပ္ငန္းလုပ္ေဆာင္သည့္အိမ္အား ရဲတပ္ဖြဲ႔မ်ား ဝင္ေရာက္ဖမ္းဆီး

***************

၁။       တပ္မေတာ္ အပစ္ရပ္ေၾကညာခ်က္သည္ မွန္ကန္သည့္သေဘာထားမဟုတ္ဟု KNU Concerned Group ေျပာ

May 12, 2020

ေမလ ၉ ရက္ေန႔က ထုတ္ျပန္ထားသည့္ ျမန္မာ့တပ္မေတာ္၏ ၃ လေက်ာ္ၾကာ အပစ္ရပ္ေၾကညာခ်က္သည္ အမွန္တကယ္ ၿငိမ္းခ်မ္းေရး လုိလားျခင္းေၾကာင့္ မဟုတ္ေၾကာင္း KNU Concerned Group က ယေန႔ (ေမလ ၁၂ ရက္)တြင္ သေဘာထား ထုတ္ျပန္ကာ ေျပာဆုိလုိက္သည္။ တပ္မေတာ္၏ အပစ္ရပ္ ထုတ္ျပန္ခ်က္သည္ အမွန္တကယ္ၿငိမ္းခ်မ္းေရးကုိ လုိလားျခင္း မဟုတ္ဘဲ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) အပစ္ရပ္တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔ အစည္းမ်ားအေပၚ ထိန္းခ်ဳပ္ထားႏုိင္ေရးႏွင့္ လက္ရွိတုိက္ပြဲျဖစ္ေနဆဲ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းအေပၚ စစ္ဆင္ ေခ်မႈန္းေရးအတြက္ နည္းပရိယာယ္တစ္ခုသာျဖစ္သည္ဟု ၎အဖြဲ႔က ဆုိသည္။

အဖြဲ႔၏ ေျပာခြင့္ရ ယခင္ KNU ဒု-ဥကၠ႒ေဟာင္း ပဒုိေနာ္စီဖုိးရာစိန္က “အရင္က သူတုိ႔(စစ္တပ္)ရဲ႕ လုပ္ရုိးလုပ္စဥ္ပါပဲ။ တစ္ ဖက္မွာ အပစ္ရပ္ထားၿပီး က်န္တစ္ဖက္ကုိ ထုိးစစ္ဆင္တာမ်ဳိးေပါ့။ ေနရာေဒသအသီးသီးကုိ အပစ္ရပ္ေပမဲ့ အထူးသျဖင့္ ရခုိင္ လုိေဒသမ်ဳိးမွာ AA အေပၚ အပစ္မရပ္ဘူးဆုိတာက တစ္ဖက္ကအင္အားကုိျပန္ယူၿပီး က်န္တစ္ဖက္ကုိအၿပီးသတ္ေခ်မႈန္း ဖုိ႔ဆုိ တဲ့ ပုံစံမ်ဳိး ရွင္းရွင္းလင္းလင္းေပၚလြင္ေနပါတယ္။ ဒါေၾကာင့္ ဒီလုိထုတ္ျပန္ခ်က္မ်ဳိးက စစ္မွန္တဲ့ၿငိမ္းခ်မ္းေရးကုိ အမွန္ တကယ္ သြားလုိတဲ့ ဆႏၵမရွိဘူးဆုိတာ ေပၚလြင္ေနပါတယ္” ဟု ေကအုိင္စီသုိ႔ေျပာသည္။ “တုိင္းရင္းသားေတြ လုိလားတဲ့ ဖက္ဒရယ္ ျပည္ေထာင္စုနဲ႔ ဒီမုိကေရစီဆုိတာက အားလုံးပါဝင္ေရးပါပဲ။ အဓိကက ႏုိင္ငံေရးျပႆနာကုိ ႏုိင္ငံေရးနည္းနဲ႔ပဲ ေျဖရွင္းဖုိ႔လုိ တယ္။ ဒါေၾကာင့္ NCA အပစ္ရပ္ထုိးတဲ့ ေဒသေတြမွာပဲ အပစ္ရပ္တာမ်ဳိး မဟုတ္ဘဲ လက္ရွိတုိက္ပြဲျဖစ္တဲ့ ေဒသမွာလည္း အပစ္ရပ္ဖုိ႔ အစုိးရက ညႊန္ၾကားမႈေပးရမွာျဖစ္သလုိ စစ္တပ္ကလည္း အပစ္ရပ္ရမွာျဖစ္တယ္။ အကုန္အပစ္ရပ္ႏုိင္မွပဲ ႏုိင္ငံေရး ျပႆနာကုိ ေျဖရွင္းႏုိင္မယ့္ နည္းလမ္းေတြ ေပၚထြက္လာ မွာျဖစ္တယ္” ဟု ပဒုိေနာ္စီဖုိးရာစိန္က ဆက္ေျပာသည္။

“အဓိက ျပႆနာက က်ေနာ္တုိ႔ ဒီက အပစ္မရပ္ႏုိင္ေသးတဲ့ အဖြဲ႔နဲ႔ အပစ္ရပ္ဖုိ႔လုိတယ္။ ဒါေပမဲ့ တပ္မေတာ္က AA (ရကၡဳိင့္ တပ္ေတာ္)ကုိ အၾကမ္းဖက္အဖြဲ႔ျဖစ္တယ္။ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အေနနဲ႔ သေဘာမထားႏုိ္င္တဲ့ အေျခအေနျဖစ္တဲ့ အခါက်ေတာ့ ဒီျပႆနာက ေျဖရွင္းဖုိ႔က အေတာ္ခက္ေနတယ္။ အဲ့ေတာ့ AA မပါဘူးဆုိေတာ့လည္း AA ရဲ႕ ေျမာက္ပုိင္း မဟာမိတ္အဖြ႔ဲေတြ KIA အစရွိသည္ေပါ့၊ ဒီအဖြဲ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရး ရမလားဆုိေတာ့လည္း ရဖုိ႔ကေတာ့ အခက္အခဲေတြရွိပါ တယ္။ တကယ္တမ္း အခုျဖစ္ဖုိ႔ကေတာ့ တျပည္လုံး အပစ္အခတ္ရပ္စဲေရးအတြက္ လက္နက္ကုိင္ တုိက္ေနတဲ့ အဖြဲ႔အားလုံးပါ တဲ့ ဒီစားပြဲဝုိင္းေဆြးေႏြးပြဲတစ္ခု လုိအပ္တာေပါ့” ဟု ၎က ေကအုိင္စီသုိ႔ေျပာသည္။

ထုိ႔အျပင္ လတ္တေလာ ကပ္ေရာဂါ ျဖစ္ပြားမႈအေပၚ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ တုိင္း ရင္းသား လက္နက္ကုိင္အဖြဲ႔အစည္းမ်ား၏ က်န္းမာေရးစစ္ေဆးမႈ ဂိတ္မ်ားကုိ တပ္မေတာ္မွ တားဆီးေႏွာင့္ယွက္မႈမ်ား၊ မီးရႈိ႕ဖ်က္ဆီး ေနမႈမ်ားသည္လည္း လက္ရွိ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးထက္ တုိင္းရင္းသား နယ္ေျမေဒသမ်ားအေပၚ နယ္ေျမစုိးမုိးေရး ဦးတည္ေဆာင္ရြက္မႈမ်ားသာျဖစ္ေၾကာင္းလည္း KNU Concerned Group ၏ သေဘာထားထုတ္ျပန္ ခ်က္က ဆုိသည္။ KNU Concerned Group သည္ ၿပီးခ့ဲသည့္ ၂၀၁၇ ခုႏွစ္၊ ဇြန္လပိုင္းတြင္ ယခင္ေကအဲန္ယူ ဒု-ဥကၠ႒ ေဟာင္း ပဒိုေနာ္စီဖုိး ရာစိန္ ဦးေဆာင္ဖြဲ႔စည္း၍ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ၎တုိ႔၏ စုိးရိမ္ခ်က္မ်ား၊ ရပ္တည္ခ်က္မ်ားကို အလ်င္းသင့္သလုိ သေဘာထား ထုတ္ျပန္မႈမ်ားျပဳလုပ္သည့္ အဖြဲ႔တစ္ဖဲြ႔ျဖစ္သည္။ http://kicnews.org/2020/05/%e1%80%90%e1%80  %95%e1%80%b9%e1%80%99%e1%80%b1%e1%80

**************

၂။       ပုဒ္မ ၁၇(၁) ေၾကာင့္ ကိုဗစ္အေရး အစိုးရႏွင့္ ပူးေပါင္းလုပ္ေဆာင္ရန္ အဆင္မေျပဟု KIA ေျပာ

14 May, 2020

အစိုးရႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) အၾကား ကိုဗစ္-၁၉ ကမာၻ႕ကပ္ေရာဂါအေရးအတြက္ ပူးေပါင္းေဆာင္ရြက္ ရန္ ေဆြးေႏြးေသာ္လည္း မတရားအသင္း ဆက္သြယ္မႈ ဥပေဒပုဒ္မ ၁၇ (၁)ေၾကာင့္ ေျမျပင္တြင္ လက္ေတြ႕လက္တြဲ လုပ္ေဆာင္ရန္ အဆင္ေျပမည္ မဟုတ္ဟု KIA ဘက္မွ ေျပာသည္။ ဗိုလ္မွဴးႀကီး ေနာ္ဘူက “လက္ေတတြ႔မွာေတာ့ အခက္အခဲေတြ အမ်ားႀကီးရွိမွာပါ။ ဥပမာ က်ေနာ္တို႔ ဆက္သြယ္ရင္ သြားသြားလာလာ ကိစၥေတြက အခက္အခဲေတြ ရွိမွာ။ ေျပာမယ္ဆိုရင္ ၁၇ (၁) ကိစၥက ရွိမွာပါ။ က်ေနာ္တို႔ စိုးရိမ္တာပါ။ မူအားျဖင့္ကေတာ့ ပူးေပါင္းလို႔ရတယ္။ လက္ေတြ႔ပိုင္း ကေတာ့ အခက္အခဲအမ်ား ႀကီးရွိမွာပါ”ဟု ေျပာသည္။

ကခ်င္ျပည္နယ္အစိုးရအဖြဲ႔ဘက္မွ ျပည္နယ္ လူမႈေရးဝန္ႀကီး ဦးေနဝင္း ၊ ျပည္နယ္က်န္းမာေရးမွဴး ေဒါက္တာ ေအးသိန္းႏွင့္ အစိုးရဌာနဆိုင္ရာ ကိုယ္စားလွယ္မ်ားက KIA ၏ ကိုဗစ္- ၁၉ ေရာဂါ ကာကြယ္ႏွိမ္နင္းေရးေကာ္မတီမွ ဥကၠဌ ဦးဆြတ္လြတ္ဂမ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဂြန္ေမာ္တို႔သည္ ေမလ ၁၃ ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးပြဲတရပ္ ျပဳလုပ္ခဲ့ၾကသည္။ ေဆြးေႏြးပြဲ၌ ကခ်င္ ႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္ (KBC)၊ ဥကၠ႒ ေဒါက္တာခလမ္ဆမ္ဆြန္ ၊ ကက္သလစ္အသင္းေတာ္မွ ဆရာေတာ္ႀကီး ဖရန္စစ္ ေဒါ့တန္ႏွင့္ ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္အဖြဲ႔မွလည္း ပါဝင္ၾကေသာ္လည္း တပ္မေတာ္၏ ကခ်င္ျပည္နယ္ အေျခ စိုက္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ဘက္မွ ကိုယ္စားလွယ္မ်ား ပါဝင္ျခင္း မရွိပါ။

ေမ ၁၃ ရက္ ေတြ႔ဆံုပြဲတြင္ KIA နယ္ေျမတြင္း ေရာဂါေျခခ်ဳပ္ေနသူမ်ားအတြက္ စားေသာက္ေရးပိုင္းတြင္ အဆင္ေျပေစရန္ က်ပ္ ၅၇ သိန္းကို NRPC ၏ လမ္းညႊန္ခ်က္အရ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔က ေထာက္ပံ့ေပးျခင္း၊ မိုင္ဆပ္ပါ ေက်းရြာသို႔ လိုက္ပါလာသည့္ ကခ်င္ျပည္နယ္၊ က်န္းမာေရးဌာနမွ က်န္းမာေရးဝန္ထမ္းမ်ားက ေဆးစစ္ေပးျခင္း၊ ကိုဗစ္-၁၉ ႏွင့္ ပတ္သက္ ၍ ေဆာင္ရန္၊ ေရွာင္ရန္မ်ား ေျပာျပၿပီး လက္ကမ္းစာေစာင္မ်ား၊ ႏွာေခါင္းစည္းမ်ားလည္း ေပးခဲ့ေၾကာင္းသိရသည္။ ျပည္နယ္ အစိုးရအဖြဲ႔ ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္က “သူတို႔နယ္ေျမထဲမွာ Quarantine လုပ္ထားတဲ့ ၇၈ ေယာက္ အတြက္ ၂၁ ရက္စာ သြားၿပီး ေထာက္ပံ့ေပးတယ္။ တဦးကို ၃၅၀ဝ က်ပ္ႏႈန္းနဲ႔ ၂၁ ရက္စာပါ။ ေငြသားနဲ႔ ေပးခဲ့တာပါ” ဟု ေျပာသည္။ KIA နယ္ေျမ အတြင္း ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံထားရသည္ဟု သံသယလူနာ ရွိလာပါက အစိုးရဘက္မွ ေဆးစစ္ေပးရန္ စီစဥ္ျခင္းမ်ား ရွိ၊ မရွိ မွာလည္း အေသးစိတ္ မသိရွိေသးေၾကာင္း ၎က ရွင္းျပသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးကလည္း ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေရး ကုသေရး ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ား လုပ္ရန္ အၾကမ္းဖက္အုပ္စုဟု သတ္မွတ္ထားသည့္ အဖြဲ႕မ်ား လႈပ္ရွားရာေဒသမ်ားမွလြဲ၍ က်န္နယ္ေျမမ်ားကို ေမ ၁၀ ရက္မွ ၾသဂုတ္ ၃၁ ရက္အထိ အပစ္ရပ္ဆိုင္းေၾကာင္း ေၾကညာထားသည္။ KIO ဗဟိုေကာ္မတီကလည္း ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားေနသည့္ ကာလတြင္ စစ္ေရးကို အဓိက မထားဘဲ ကပ္ေရာဂါ ကာကြယ္နွိမ္နင္းေရးကို ဦးစားေပးေဆာင္ရြက္မည္ဟုလည္းေကာင္း၊ ကာကြယ္ေရး ကုသေရးမ်ားတြင္လည္း အစိုးရႏွင့္ အတူတကြ လက္တြဲေဆာင္ရြက္မည္ဟု လည္းေကာင္း ေမ ၁၄ ရက္ေန႔က ထုတ္ျပန္ထားသည္။ https://burma.irrawaddy.com/news/2020/05/14/222631.html

**************

၃။       KNU/KNLA (PC) ဥကၠ႒ ေနရာကို ေမလကုန္ပိုင္းတြင္ ေရြးခ်ယ္မည္

May 12, 2020

ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ -KNU/KNLA (PC) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာေဌးေမာင္ ေမလ ၃ ရက္ေန႔က ကြယ္လြန္သြားခဲ့ၿပီး ေနာက္အဖြဲ႔၏ ဥကၠ႒ေနရာကို ယခုေမလကုန္ပုိင္းတြင္ ဗဟိုအစည္းအေဝး၏ သေဘာတူဆုံးျဖတ္ခ်က္အရ ေရြးခ်ယ္သြားမည္ ဟု တာဝန္ရွိသူထံမွ သိရသည္။

ဒုတိယစစ္ဦးစီးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီးေစာေထာ့ေလးအား အဖြဲ႔၏လုပ္ထုံးလုပ္နည္းအရ ယာယီဥကၠ႒အျဖစ္ တာဝန္ယူထားၿပီး ယခု ေမလ ေနာက္ဆုံးပိုင္းတြင္ ဗဟိုေကာ္မတီအစည္းအေဝးေခၚကာ အဖြဲ႔၏ ဥကၠ႒ ရာထူးေနရာကို အမ်ားသေဘာတူ ဆုံးျဖတ္ ခ်က္အရ ေရြးခ်ယ္သြားမည္ဟု KNU/KNLA(PC) တြဲဘက္အတြင္းေရးမွဴး ဗိုလ္မွဴးႀကီး ေစာေက်ာ္ညြန္႔က ယေန႔(ေမလ ၁၂ ရက္)တြင္ ေကအိုင္စီသုိ႔ေျပာသည္။ ၎က “ျပန္လည္ေရြးေကာက္တင္ေျမာက္ဖို႔ဆုိတာက မိခင္ KNU (ကရင္အမ်ဳိးသား အစည္း အ႐ုံး)ရဲ႕ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံမူဝါဒ အတုိင္းပါပဲ။ ဒါေပမယ့္ မူဝါဒအားလုံးေတာ့ မလုပ္ႏိုင္ေသးဘူးေပါ့ေလ။ ကိုယ့္ အဖြဲ႔ရဲ႕အေျခအေန ပကတိ အေနအထား ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းအေပၚမွာ လုပ္ေဆာင္သြားမယ္။ ေမလကုန္ ခါနီးမွ ဥကၠ႒ ျပန္ေရြးျဖစ္မယ္။ ဗဟိုေကာ္မတီအစည္းအေဝးေခၚၿပီး အားလုံးသေဘာတူဆုံးျဖတ္ခ်က္နဲ႔ လုပ္သြားမယ္” ဟု ေျပာသည္။

ကရင္ၿငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔သည္ ၿပီးခဲ့သည့္ ၂ဝ၁၅ ခုႏွစ္တြင္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)ကို အျခားတုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ မ်ားႏွင့္အတူ လက္မွတ္ေရးထိုးထားၿပီး ဖက္ဒရယ္တည္ေဆာက္ေရး မူဝါဒ လမ္းစဥ္မ်ားတြင္ KNU အဖြဲ႔၏ ဦးေဆာင္မႈအေနျဖင့္ ၎တို႔ ပူးေပါင္းေဆာက္ရြက္လ်က္ရွိသည္ဟု တာဝန္ရွိသူမ်ားထံမွ သိရ သည္။ ကရင္ျပည္နယ္ ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးဆုိင္ရာ ေစာင့္ၾကည့္ေရးေကာ္မတီ JMC-S အရပ္သားကိုယ္စားလွယ္ နန္းျမင့္တင္ က “ စစ္ဘက္ဆုိင္ရာေရာ၊ ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥမွာေရာ၊ ကရင္အမ်ိဳးသားအေရးဆိုင္ရာမွာေရာ နားလည္ ထားတဲ့ ေခါင္းေဆာင္မ်ိဳးဆုိ ပူးေပါင္းေဆာင္ရြက္ရတာ အဆင္ေျပတယ္။ NCA က ဆိုးေစ၊ ေကာင္းေစ ေျပာဆို လို႔ရတဲ့ေနရာ တစ္ခုရွိတဲ့အေပၚမွာ အေရးအရာတစ္ခုကို ေဆြးေႏြးၾကတဲ့အခါ ကရင္အဖြဲ႕ေတြအခ်င္းခ်င္း တုိင္ပင္ေဆြးေႏြးၾက တဲ့ အစဥ္ အလာ ေကာင္းေတြ ရွိေစခ်င္တယ္” ဟု ေကအိုင္စီသို႔ေျပာသည္။

KNU/KNLA(PC) အဖြဲ႔သည္ ကြယ္လြန္သူ အဖဲြ႔ ဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီး ေစာေဌးေမာင္ဦးေဆာင္ကာ ၂၀၀၇ ခုႏွစ္တြင္ KNU အဖြဲ႔အ စည္းမွ ခြဲထြက္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိ ကရင္ျပည္နယ္ ေကာ့ကရိတ္ခ႐ိုင္၊ ေနာ္တယာၿမိဳ႕ ထို႔ေကာ္ကိုးတြင္ အဖြဲ႔၏ ဌာနခ်ဳပ္အျဖစ္ ထားရွိသည္။ http://kicnews.org/2020/05/knu-knla-pc-%e1%80%a5%e1%80%80%e1%81%a0%e1%82%92

**************

၄။       ရခိုင္စစ္ပြဲမွာ တပ္မေတာ္ဘက္ ေဒၚေအာင္ဆန္းစုၾကည္ ယိမ္းဟု တိုင္းရင္းသားအခ်ိဳ႕ ေဝဖန္

May 14, 2020

ရခိုင္ျပည္နယ္တြင္းက လက္နက္ကိုင္ ပဋိပကၡၾကားတြင္ ထိခိုက္ေသဆံုးေနသည့္ အရပ္သားမ်ားဘက္မွ ရပ္တည္မႈမရွိဘဲ တပ္မေတာ္ဘက္သို႔ ဘက္လိုက္ေနသျဖင့္ တိုင္းရင္းသားအေရးႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ ယံုၾကည္မႈ က်ဆင္းသြားၿပီ ဟု KNU Concerned Group က ေျပာသည္။ KNU Concerned Group မွာ အစိုးရႏွင့္ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးထားေသာ ကရင္အမ်ိဳးသားအစည္းအရံုး KNU မဟုတ္ပါ။

KNU Concerned Group ၏ အဖြဲ႕ေခါင္းေဆာင္ ပဒိုေနာ္စီဖိုးရာစိန္က ရခိုင္ျပည္နယ္တြင္း တပ္မေတာ္ႏွင့္ ရကၡိဳင္စစ္တပ္ (AA) တို႔ၾကား ျဖစ္ပြားေနသည့္ ပဋိပကၡတြင္ တပ္မေတာ္ဘက္မွ အရပ္သားမ်ားကို မသကၤာမႈျဖင့္ ဖမ္းဆီးစစ္ေဆးျခင္း၊ ႏွိပ္စက္ျခင္း၊ ေသဆံုးျခင္းႏွင့္ ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ အရပ္သား အစုလိုက္အၿပဳံလိုက္ ေသဆံုးျခင္းမ်ားအေပၚ ႏႈတ္ဆိတ္ေန ျခင္းေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ကို ေဝဖန္ရျခင္းျဖစ္သည္ဟု ေျပာသည္။ ပဒိုေနာ္စီဖိုးရာစိန္က “သူ အာဏာရ အစိုးရ ျဖစ္လာေတာ့ က်မတို႔ ပိုၿပီးေတာ့ သူ႔ကို ယံုၾကည္မႈက်ဆင္းလာတယ္။ သူက တပ္မေတာ္ကို ပိုၿပီး ကာကြယ္ေနတယ္။ က်မတို႔ ျမင္တယ္။ သိတယ္။ လူထုေတြ ခံစားေနရတာေတြ ေျပာသင့္ေျပာထိုက္တာေတြကို သူမေျပာဘူး” ဟု ဆိုသည္။

AA ၏ မဟာမိတ္ျဖစ္သည့္ တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ၏ သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္ကလည္း ရခိုင္ပဋိပကၡတြင္ အရပ္သားမ်ား အထိနာေနသည့္အေပၚ အစိုးရဘက္မွ တာဝန္ယူေပးရန္ လိုအပ္သည္ဟု ေျပာသည္။ “အစိုးရက တစံုတရာ ဝင္ၿပီး ဟန႔္တားတာ ညွိႏိငင္းေပးတာ ဘာမွမရွိဘူး။ လူထု ဒုကၡ ေရာက္ ေနတာ အစိုးရမွာ တာဝန္ရွိတယ္။ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈမေျပလည္လို႔ တိုက္ပြဲျဖစ္တာက တက႑ပါ။ လူထု ဒုကၡေရာက္ေန တာကေတာ့ အစိုးရက ေျဖရွင္းေပးဖို႔လိုပါတယ္” ဟု ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္က ဆိုသည္။

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC)မွ AA အပါအဝင္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ ပဏာမ အပစ္ရပ္ စာခ်ဳပ္ (Bilateral) ခ်ဳပ္ဆိုႏိုင္ေရး ညွိႏိႈင္းေနမႈသည္လည္း ေျပလည္ျခင္း မရွိ ေသးပါ။ https://burma.irrawaddy.com/news/2020/05/14/222615.html

*************

၅။       တပ္မေတာ္ အပစ္အခတ္ ရပ္စဲေရး ထုတ္ျပန္ခ်က္ မဟာမိတ္ ၃ ဖြဲ႔ ေဝဖန္

May 12, 2020

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုး၏ အပစ္အခတ္ရပ္စဲေရး ထုတ္ျပန္ခ်က္မွာ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္ခံုရံုး (ICJ) တြင္ ရင္ဆိုင္ေနရသည့္ ႏိုင္ငံတကာ ဖိအားမ်ားကိုေလွ်ာ့ခ်ရန္ ဟန္ျပထုတ္ျခင္းသာျဖစ္သည္ဟု ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕က ေဝဖန္ ေျပာဆိုသည္။ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕၏ အဖြဲ႕ဝင္ တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) မွ ေျပာေရး ဆိုခြင့္ရွိသူ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က “သူတို႔က ႏိုင္ငံတကာ ဖိအားေလွ်ာ့ေအာင္လုပ္တာလို႔ပဲ ျမင္ပါတယ္။ ဟန္ျပ ထုတ္တယ္ လို႔ျမင္တယ္။ ကုလသမဂၢက တိုက္တြန္းထားတာလည္းရွိတယ္။ ၿပီးရင္ ရခိုင္ဘက္မွာ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈ ေတာ္ေတာ္ မ်ားမ်ားကို လုပ္တယ္။ ဖိအားေတြ ေလ်ာ့နည္းေအာင္ အခုလို ထုတ္တာလို႔ပဲ ျမင္ပါတယ္”ဟု ေျပာသည္။

တပ္မေတာ္ အေနျဖင့္ COVID-19 အတြက္ ကူညီရန္ အပစ္ရပ္ဆိုင္းေပးပါသည္ဟု ေျပာဆိုေသာ္လည္ ၎တို႔လႈပ ရွားသည့္ နယ္ေျမအတြင္းမွ ေဒသခံမ်ားထံသို႔ လာေရာက္ကူညီေပးျခင္းမ်ား တစံုတရာမရွိေသးပါဟု ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ေျပာ သည္။ ထို႕ျပင္ အပစ္ရပ္ဆိုင္းသည့္ထဲတြင္ တိုက္ပြဲမ်ား အျပင္းထန္ဆံုး ျဖစ္ပြားေနသည့္ ၎တို႕၏ မဟာမိတ္ ရကၡဳင္စစ္တပ္ (AA) လႈပ္ရွားရာ ေဒသမ်ားကို ခ်န္လွပ္ထားခဲ့ျခင္းကလည္း အမွန္တကယ္ အပစ္ရပ္ဆိုင္းလိုျခင္းမရွိေၾကာင္းကို ျပသေနျခင္း ျဖစ္သည္ဟု ၎က ဆိုသည္။ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕ျဖစ္သည့္ TNLA ၊ ျမန္မာ အမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္တပ္ မေတာ္ (MNDAA) ႏွင့္ ရကၡိဳင္စစ္တပ္ (AA) တို႔က ေမ ၁၀ ရက္ကလည္း တပ္မေတာ္၏ အပစ္ရပ္စဲေၾကာင္း ေၾကညာခ်က္ အေပၚ ေဝဖန္သည့္ ထုတ္ျပန္ခ်က္တေစာင္ ထုတ္ထားသည္။

ျမန္မာႏိုင္ငံသည္ ရခိုင္ျပည္နယ္တြင္း တပ္မေတာ္က လူမ်ိဳးတံုး သတ္ျဖတ္မႈ၊ စစ္ရာဇဝတ္မႈ က်ဴးလြန္ေနသည္ဟုသည့္ စြပ္စြဲ ခ်က္မ်ားျဖင့္ ဂမ္ဘီယာႏိုင္ငံ၏ တရားစြဲဆိုထားမႈေၾကာင့္ ICJ တြင္ တရားရင္ဆိုင္ေနရဆဲ ျဖစ္သည္။ ထိုထဲတြင္ တပ္မေတာ္ ဘက္မွ အပစ္ရပ္သည္ဟု ေၾကညာေသာ္လည္း MNDAA လႈပ္ရွားရာ ကိုးကန္႔ေဒသတြင္ စစ္ေရးတင္း မာမႈမ်ားႏွင့္ တိုက္ပြဲမ်ား ရွိေနဆဲ ျဖစ္ေၾကာင္း၊ AA လႈပ္ရွားရာ ေဒသမ်ားကို ခ်န္လွပ္ထားခဲ့သည့္အေပၚတြင္ ေထာက္ျပ ေဝဖန္ခ်က္မ်ားလည္း ထည့္ သြင္း ေရးသားထားသည္။

ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က “က်ေနာ္တို႔ ေရွာင္ေနလို႔ တိုက္ပြဲက မျဖစ္တာ။ မဟုတ္ရင္ ေနရာတကာမွာ ျဖစ္ႏိုင္တဲ့ အေနအထား ရွိတယ္။ သူတို႔နဲ႕က မိုင္အားျဖင့္ ၄ မိုင္၊ ၅ မိုင္ကေန ၁၀ မိုင္ ဝန္းက်င္ကို ပတ္ပတ္လည္ လႈပ္ရွားမႈေတြ ရွိေနတာ။ ရြာ ေတြမွာ လည္း ဝင္ေနတာ ရွိတယ္။ နည္းနည္း ထပ္လႈပ္ရွားလိုက္တာနဲ႔ တိုက္ပြဲ အၿမဲတမ္း ျဖစ္မယ့္ ေနရာေတြပဲ ျဖစ္ပါတယ္”ဟု ေျပာ သည္။ https://burma.irrawaddy.com/news/2020/05/12/222470.html

*************

၆။       ကိုဗစ္-၁၉ ကာလ အတြင္း လားရိႈးၿမိဳ႕နယ္တြင္ အစိုးရတပ္မွ လူ့အခြင့္အေရးခ်ိဳးေဖာက္မႈ မ်ားျပဳေန

May 12, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း လားရိႈးၿမိဳ႕နယ္အတြင္း ျမန္မာ့တပ္မေတာ္သည္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ ကာကြယ္သည့္ ကာလအတြင္း စစ္အင္းအားတိုးခ်ဲ႕မႈမ်ားျပဳလုပ္ကာ ရြားသားမ်ားကိုအတင္းအဓမၼခိုင္းေစမႈမ်ားျပဳလုပ္ေနေၾကာင္း သွ်မ္းလူ႕အခြင့္အေရး မ႑ိဳင္ က ထုတ္ျပန္ထားသည္။

ေမ ၁၁ ရက္စြဲျဖင့္ ထုတ္ျပန္ေသာ SHRF ၏ အဆိုပါေျကျငာခ်က္သည္ ကမၻာ့ကပ္ေရာဂါ ကိုဗစ္-၁၉ ကာလအတြင္း အစိုးရ တပ္မ်ား လားရွိႈးၿမိဳ႕နယ္အတြင္း စစ္ေရး အရွိန္ျမင့္ျခင္း၊ လယ္သမားမ်ားအား ညွင္းပန္းႏွိပ္စက္သတ္ျဖတ္ျခင္း ႏွင့္ ရြာသားမ်ား အား အတင္းအဓမၼ ခိုင္းေစျခင္းတို႕ျပဳလုပ္ေနသည္ဟု ေရးသားထားသည္။ ဧၿပီ ၂၄ ရက္ က အစိုးရတပ္မ ၉၉ မွ တပ္သား မ်ား သည္ လားရိႈးၿမိဳ႕နယ္ ဝမ္ဟိုေဆ ေက်းရြာသား တဦးသည္ ႏြားေက်ာင္းျပန္လာသည္ကို ဖမ္းဆီး ရိုက္ႏွက္ကာ ပစ္သတ္လိုက္ေၾကာင္း သိရသည္။ တပ္မေတာ္ မွ ေသနတ္ပစ္သတ္ခံရသည့္ အသက္ ၂၇ ႏွစ္ အရြယ္ အဆိုပါ အမ်ိဳးသားကို ဧၿပီ ၂၆ ရက္ မွ မိသားစုဝင္မ်ားက ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ေၾကာင္းလည္း SHRF ၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ ထို႔ျပင္ လားရိႈးၿမိဳ႕ နယ္ မိုင္းက်က္ ေက်းရြာအုပ္စုေန ရြာသားမ်ားကိုလည္း ျမန္မာ့တပ္မေတာ္က ဧၿပီလက လုပ္အား ေစခိုင္းျခင္း တို႔ကို ျပဳလုပ္ ေသးေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။

“ က်ေနာ္တို႔ အေနနဲ႔က ဒီလို ကာလမွာ ျမန္မာ့တပ္မေတာ္အေနနဲ႔ ေဒသခံ ျပည္သူေတြကို လူ႕အခြင့္အေရးခ်ိဳးေဖာက္တာ၊ အတင္းအဓမၼေစခိုင္းတာ၊ သတ္ျဖတ္တာေတြကို ရႈံ႕ခ်ပါတယ္။ ဒါက မျဖစ္သင့္တဲ့အရာပါ” ဟု SHRF ၏ ေျပာေရး ဆိုခြင့္ရွိသူ စိုင္းေဟာ္ရွဲန္ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။ သွ်မ္းလူ႕အခြင့္အေရး မ႑ိဳုင္ အေနျဖင့္ အစိုးရစစ္တပ္၏ အျပစ္မဲ့ ျပည္သူ မ်ားအား ဆက္တိုက္ ႏွိပ္စက္ ညွင္းပန္းျခင္း၊ တရားမဲ့ သတ္ျဖတ္ျခင္း၊ အတင္းအဓမၼေစခိုင္းမႈကို ရႈတ္ခ်ေၾကာင္း၊ အထူးသျဖင့္ လက္ရွိ ကိုဗစ္-၁၉ အခ်ိန္ စစ္တပ္မွ ကပ္ေရာဂါအႏၱရာယ္ကို ကာကြယ္ေထာက္ပံ့ကူညီေပးသင့္ေၾကာင္းလည္း ေဝဖန္ေထာက္ ျပလိုက္သည္။ https://burmese.shannews.org/archives/16520

**************

၇။       စစ္ေရယာဥ္ေပၚ ညွဥ္းပန္းႏွိပ္စက္သည့္ တပ္မေတာ္သားမ်ားကို အေရးယူမည္

May 12, 2020

လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ေနေသာ လူငါးဦးကို ရိုက္ႏွက္စစ္ေဆးေနသည့္ ဗီဒီယိုဖိုင္ပါ တပ္မေတာ္သားမ်ားကို စစ္စည္းကမ္းဥပေဒႏွင့္အညီ အေရးယူသြားမည္ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက မဇၩိမကို ေျပာသည္။ ” ပုဏၰကြ်န္း ေက်ာက္ဆိပ္ေက်းရြာမွာ ေအေအ နဲ႔ ပါတ္သက္တဲ့ လူငါးဦးဖမ္းဆီးခဲ့တယ္။ သူတို႔ကို စစ္ေဆးေမးျမန္းခဲ့တယ္။ စစ္ေဆးေမးျမန္းၿပီးေတာ့ ဒီလူေတြကို တရားစြဲတင္ႏိုင္ေရးအတြက္ စစ္ေတြ ရဲစခန္းကို ပို႔ဖို႔ ေဆာင္ရြက္တယ္။ စစ္ေတြကို ပို႔တဲ့အခါမွာ စစ္ေရယာဥ္နဲ႔ပို႔ခဲ့တယ္။ အဲ့ဗီဒီယိုဖိုင္မွာ ေတြ႔ရတာကေတာ့ စစ္ေရယာဥ္မွာ အေစာင့္လိုက္ပါသြားတဲ့ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက သူတို႔ကို တရားဥပေဒနဲ႔မညီတဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း ေတြ႔ရွိရပါ တယ္။ တရားဥပေဒနဲ႕မညီတဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တဲ့ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြကို စစ္စည္းကမ္းအရ အေရးယူသြားမွာ ျဖစ္ပါ တယ္။ အေရးယူႏိုင္ဖို႔ ေဆာင္ရြက္ထားၿပီးလည္းျဖစ္ပါတယ္။”ဟု ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

အေရးယူခံရမည့္ တပ္မေတာ္သားအေရအတြက္ကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိဘဲ ျဖစ္စဥ္မွာ ရခိုင္ျပည္နယ္ ပုဏၰားကြ်န္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်းရြာတြင္ တပ္မေတာ္မွ ဧၿပီလ ၂၁ ရက္ေန႔တြင္ AA လက္နက္ကိုင္အဖြဲ႔ႏွင့္ ဆက္ႏြယ္သည္ဟုဆိုကာ ေဒသခံ မ်ားကို ဖမ္းဆီးၿပီး စစ္ေတြၿမိဳ႕မ ရဲစခန္းသို႔ တပ္မေတာ္စစ္ေရယာဥႏွင့္ ပို႔ေဆာင္စဥ္ လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက ရိုက္ႏွက္ စစ္ေမးေနသည့္ ဗီဒီယိုဖိုင္တခု ေမလဆန္းတြင္ လူမႈကြန္ယက္ေပၚေရာက္ရွိလာျခင္း ျဖစ္သည္။

“ဘယ္ႏွစ္ဦးရွိလဲဆိုတာေတာ့ မေျပာႏိုင္ေသးဘူး။ အဲ့ဒီမွာ ပါသြားတဲ့ လံုၿခံဳေရးတပ္မေတာ္သားေတြ အကုန္ကိုေတာ့ ထိန္းသိမ္း ထားၿပီးျဖစ္တယ္။ အကုန္လံုးကို ထိန္းသိမ္းထားၿပီး အေရးယူရမယ့္ သူကို ထပ္မံစစ္ေဆးေနတယ္။ စစ္စည္းကမ္းအရ အေရး ယူသြားမယ္။” ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝတို႔တြင္ ရခိုင္တပ္ ေအေအ ႏွင့္ တပ္မေတာ္တို႔ၾကား တိုက္ပြဲ ခပ္စိပ္စိပ္ျဖစ္ေနၿပီး ႏွစ္ဖက္ထိခိုက္မႈမ်ားရွိကာ အရပ္သားေသဆံုးမႈမ်ားလည္း ရွိသည္။ http://www.mizzimaburmese.com/article/69780

*************

၈။       အြန္လိုင္းပညာေရးစနစ္အတြက္ ကခ်င္ျပည္နယ္တြင္ အင္တာနက္မရႏိုင္သည့္ ၿမိဳ႕နယ္ ၇ ခုရွိ

May 13, 2020

ကခ်င္ျပည္နယ္ရွိ အေျခခံပညာ စာသင္ေက်ာင္းမ်ားတြင္ စနစ္သစ္သင္ရိုးညႊန္းတမ္းကို အြန္လိုင္းစနစ္ျဖင့္ သင္ၾကားမည္ ဆိုပါ က အင္တာနက္မရႏိုင္သည့္ ၿမိဳ႕နယ္ ၇ ခု ရွိသည္ဟု သိရသည္။

အြန္လိုင္းစနစ္သင္ၾကားႏိုင္ရန္အတြက္ အေျခခံပညာေရးဦးစီးဌာန(ေနျပည္ေတာ္)မွ တိုင္းႏွင့္ ျပည္နယ္အသီးသီးရွိ ဆရာ/မ မ်ားအား ေမလ ၁၁ ရက္ေန႔မွစတင္ကာ စမ္းသပ္သင္ၾကားေနၿပီးျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ပညာေရးမွဴးရံုးမွ ျပည္နယ္ ဒု ညႊန္ၾကားေရးမွဴး ေဒၚခင္ႏွင္းဦး ေျပာသည္။ “ခုေလာေလာဆယ္ေတာ့ ဆရာမေျခာက္ေယာက္ကို အရင္ဆက္သြယ္ၿပီးမွ လုပ္ၾကည့္မွာေပါ့။ ဒီ ဆရာမ ေျခာက္ေယာက္ အဆင္ေျပတယ္ဆိုရင္ေတာ့ ဆရာမေတြအားလံုးက မွတ္ပံုတင္ရမယ္။ ခုေလာ ေလာဆယ္ေတာ့ ၂ ရက္ဆက္တိုက္ စမ္းသပ္ေနၿပီျဖစ္တယ္။ မေန႔ကထက္ဆိုရင္ ဒီေန႔ေတာ့ အဆင္ေျပတယ္။ ဒါေပမယ့္ ကခ်င္ျပည္နယ္မွာ တစ္ကမ္းတမ္း ဒီစနစ္သစ္ သင္ရိုးညႊန္းတမ္းကို သင္ၾကားမယ္ဆိုရင္ အင္တာနက္မရတဲ့ေနရာေတြက  ဆရာ/မေတြအတြက္ ခက္ခဲေတြရွိမယ္” ဟု ဒုညႊန္ၾကားေရးမွဴး ေဒၚခင္ႏွင္းဦးက ေျပာသည္။

လက္ရွိ ကခ်င္ျပည္နယ္တြင္ အင္တာနက္မရေသးေသာ ၿမိဳ႕နယ္ ၇ ခုမွာ တႏိုင္း၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊အင္ဂ်န္ယာန္၊ ေခါင္လန္ဖူး၊ ေနာင္မြန္ ႏွင့္ ဆြမ္ပရာဘြမ္ စသည့္တို႔ျဖစ္သည္။

စနစ္သစ္ သင္ရိုးညႊန္းတမ္းသစ္ပို႔ခ်ရန္ႏွင့္ ပတ္သက္ၿပီး ေနာက္ဆက္တြဲလုပ္ေဆာင္ရမည့္ အစီအစဥ္မ်ားအား တိတိက်က် ညႊန္ၾကားခ်က္မရွိေသးသည့္အျပင္ အေျခခံစာသင္ေက်ာင္းမ်ား ဖြင့္လွစ္မည့္ကိစၥမ်ားႏွင့္ ပတ္သက္ၿပီး ညႊန္ၾကားခ်က္တစ္စံု တစ္ရာမရွိေသးေၾကာင္း ဆက္လက္ေျပာဆိုသည္။ https://burmese.kachinnews.com/2020/05/13/%e1%80%a1%e  1%80%bd%e1%80%94 %e1%80%ba%e1

*************

၉။       ျပည္သူ႔လုိအပ္ခ်က္မ်ားအတြက္ လွဴဒါန္းမႈမ်ားျပဳလုပ္သြားရန္ ကရင္အမ်ိဳးသားဒီမုိကရက္တစ္ပါတီ စီစဥ္

May 12, 2020

ကရင္ျပည္နယ္ရွိ ျပည္သူမ်ား၏ လတ္တေလာေတြ႔ႀကံဳေနရသည့္ အခက္အခဲမ်ား၊ လုိအပ္ခ်က္မ်ားကုိ တဖက္ တလမ္းမွ ကူညီေျဖရွင္းေပးႏုိင္ရန္အတြက္ ကရင္အမ်ိဳးသားဒီမုိကရက္တစ္ပါတီ-KNDPက ကူညီလွဴဒါန္းမႈမ်ား ျပဳလုပ္ေပးသြားရန္ စီစဥ္ ေနေၾကာင္း ပါတီတာဝန္ရွိသူမ်ားထံမွ သိရသည္။

ထိုသို႔လုပ္ေဆာင္ရာတြင္ ျပည္နယ္အတြင္း တိုက္ပြဲေရွာင္ ျပည္သူမ်ား၊ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး စီမံ ခ်က္မ်ားအျပင္ လက္ရွိျပည္နယ္အတြင္း ေနရာေတာ္ေတာ္မ်ားမ်ားတြင္ ႀကံဳေတြ႔ေနရသည့္ ေရျပတ္လပ္မႈ အေျခအေနမ်ားအတြက္ ကူညီႏိုင္ ရန္ ပါတီအေနျဖင့္ ယခုလို ဆံုးျဖတ္ျခင္းျဖစ္ေၾကာင္း KNDP ပါတီ ဥကၠ႒ မန္းေအာင္ျပည္စုိးက ေျပာသည္။ “ေမလ ၉ ရက္ေန႔ မွာ (ပါတီတြင္း)သီးသန္႔ အေရးေပၚအစည္းအေဝးေခၚၿပီးေတာ့ ပါတီအတြက္ ေဇာင္းေပးတာ မ်ိဳးမဟုတ္ဘဲ တကယ့္ေစတနာနဲ႔ ႏုိင္သေလာက္ စုၾကေဆာင္းၾကတာေပါ့။ ဒီတစ္ေခါက္က တစ္ေသာင္းကစ ၅ သိန္းအထိ လွဴၾကတာ ရွိတယ္ေလ။ ဆက္လက္ ၿပီး လွဴဒါန္းသြားဖုိ႔လည္း ရွိပါတယ္။” ဟု ေကအုိင္စီသုိ႔ ယေန႔ (ေမလ ၁၂ ရက္)တြင္ ေျပာသည္။ လိုအပ္သည့္ ေနရာမ်ားတြင္ လွဴဒါန္းရန္အတြက္ ေကာက္ခံရရွိသည့္ ရံပံုေငြ က်ပ္သိန္း(၃၀) ေက်ာ္အား ေမလ ၁၀ ရက္ေန႔တြင္ ကမေမာင္းၿမိဳ႕နယ္ခြဲ၊ ဝါသုိခုိ ရြာရွိ တုိက္ပြဲေရွာင္မ်ားအတြက္ ဆန္အိတ္မ်ား၊ ၁၁ ရက္ေန႔တြင္ ျပည္နယ္က်န္းမာေရးမွဴးမွတဆင့္ COVID-19 ကာကြယ္ထိန္း ခ်ဳပ္ေရးစီမံခ်က္၊ ၁၂ ရက္ေန႔တြင္ လွိဳင္းဘြဲၿမိဳ႕နယ္၊ ၿမိဳင္ႀကီးငူရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ဆန္ႏွင့္အဝတ္အထည္မ်ား လွဴဒါန္းခဲ့ၿပီျဖစ္သည္ဟု မန္းေအာင္ျပည္စုိးက ဆက္ေျပာသည္။

ထို႔အျပင္ ေရရွားပါးေနသည့္ ဖားအံၿမိဳ႕နယ္ရွိ အေနာက္ဖက္ကမ္း၌ ရေသ့ပ်ံ၊ ဘားကပ္ ေက်းရြာအုပ္စုမ်ားႏွင့္ အေရွ႕ဖက္ျခမ္း၌ သာမညေဒသမ်ားသုိ႔ လာမည့္ရက္ပုိင္းအတြင္း ေရမ်ားသြားေရာက္လွဴဒါန္းသြားရန္ စီစဥ္ထားေၾကာင္းလည္း KNDP တာဝန္ရွိ သူမ်ားထံမွ သိရသည္။ ဖားအံၿမိဳ႕နယ္ရွိ အင္းအိုင္၊ ေရတြင္းမ်ားမွ ေရမ်ားမည္းနက္သည့္ အေရာင္ေျပာင္းလဲသည့္ ကိစၥျဖစ္ေပၚ ၿပီးေနာက္ပိုင္း ေရျပႆနာပူပန္ခဲ့ရသည့္ ေဒသခံမ်ားအတြက္ ၂၀၁၉ ခုႏွစ္၊ ႏုိဝင္ဘာ ၁၈ ရက္တြင္ ကရင္အမ်ိဳးသားဒီမိုကရက္ တစ္ပါတီ-KNDP မွ ဦးေဆာင္၍ ေသာက္ေရႏွင့္သုံးေရမ်ားကုိ သြားေရာက္ လွဴဒါန္းခဲ့ဖူးသည္။ http://kicnews.org/2020/05 /%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%9e%e1%80

***************

၁၀။     ပလက္ဝ စစ္ေရွာင္မ်ားအတြက္ မိုးမတိုင္မီ ရိကၡာေပးပို႔ရန္ ျပည္နယ္အစိုးရ စီစဥ္

May 13, 2020

တပ္မေတာ္ႏွင့္ ရကၡိဳင္စစ္တပ္ (AA) တို႔၏ တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန္႔ခြာလာရသည့္ ပလက္ဝ စစ္ေရွာင္မ်ားအတြက္ မိုးတြင္း ကာလမတိုင္မီ ခ်င္းျပည္နယ္အစိုးရက ဆန္အိတ္ ၃၅၀ဝ ပို႔ေပးရန္ စီစဉ္ေနသည္ဟု ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ထံမွ သိရသည္။ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ၊ စည္ပင္ဝန္ႀကီး ဦးစိုးထက္ က “ဆန္အိတ္ ၃၅၀ဝ နဲ႔ စားစရာေတြ အကုန္ ပို႔ဖို႔ ေတာ့လုပ္ေနတယ္။ ဆန္အိတ္က ၃၅၀ဝ ဆိုေတာ့တလစာေလာက္ေတာ့ရမွာေပါ့။ ပို႔ဖို႔ကလမ္းမွာတိုက္ပြဲကလည္း ဆက္တိုက္ ျဖစ္ေနေတာ့ လံုၿခံဳေရးေကာင္းမွ ပို႔လို႔ရမယ့္ အေျခအေနပါ” ဟု ဧရာဝတီသို႔ ေျပာသည္။

ထို ရိကၡာဆန္မ်ားကို ဆမီးၿမိဳ႕အျပင္ ပလက္ဝၿမိဳ႕ေပၚႏွင့္ ရွင္းလက္ဝ၊ မီးဇာအထက္ပိုင္းရွိ စစ္ေဘးေရွာင္မ်ားအတြက္ ပို႔ေဆာင္ သြားမည္ျဖစ္ၿပီး မည္သည့္ရက္၊မည္သည့္လမ္းက ပို႔ေဆာင္မည္ကိုမူ လံုၿခံဳေရးအရမေျပာလိုေၾကာင္း ၎ကဆိုသည္။ စစ္ေရွာင္ မ်ားအတြက္ ပို႔ေဆာင္မည့္ ဆန္အိတ္ ၃၅၀ဝ အနက္ အစိုးရ ဘတ္ဂ်က္ျဖင့္ ဝယ္ယူထားေသာ ဆန္အိတ္ ၃၂၀ဝ ပါဝင္ၿပီး ျပည္သူလူထုက ဝယ္ထားသည့္ ဆန္အိတ္၂ ေထာင္ေက်ာ္ ပါဝင္ေၾကာင္း သိရသည္။

ခ်င္းျပည္နယ္တြင္ ႏွစ္စဥ္ ျဖစ္ေနက် မိုးမ်ားသည့္အခါ ကားလမ္းေခ်ာ္ျခင္း၊ ေတာင္ၿပိဳ ေျမၿပိဳျခင္းမ်ားရွိႏိုင္ၿပီး တိုက္ပြဲမ်ား ကလည္း ျပင္းထန္ေနဆဲ ျဖစ္ျခင္းေၾကာင့္ မိုးမက်မီ ဆန္အိတ္မ်ားကိုအမွီ တင္ပို႔သြားရန္ စီစဥ္ထားေၾကာင္း စည္ပင္ဝန္ႀကီး ဦးစိုးထက္က ဆိုသည္။ ထိုကိစၥႏွင့္ ပတ္သက္ၿပီး မိုင္နန္းေဝက “က်မတို႔အေနနဲ႔ စစ္တပ္ကို ေမတၱာရပ္ခံခ်င္တာက ဆန္အိတ္ ပို႕တဲ့ကာလမွာ က်မတို႔ကို အကူအညီေပးဖို႔၊ ေနာက္မို႔ဆိုရင္ စစ္ေဘးနဲ႔တိုက္ရိုက္မသက္ဆိုင္တဲ့ လူထုကအေျခခံ စားေသာက္ ကုန္ ရွားပါးတာေၾကာင့္ ေတာ္ေတာ္ေလး အဆင္မေျပၾကဘူး” ဟု ေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ ၃၉၃ ရြာ ရွိသည့္အနက္ ေက်းရြာတဝက္ေက်ာ္က စစ္ေဘးသင့္ေနရသလို ဆမီးႏွင့္ ပလက္ဝ ၿမိဳ႕ေပၚတြင္ ေရာက္ရွိေနသည့္ စစ္ေရွာင္ေက်းရြာေပါင္း ၇၀ ခန္႔ရွိေနၿပီး အဆက္အသြယ္မရသည့္ ေက်းရြာမ်ားစြာရွိေနေသးေၾကာင္း စည္ပင္ ဝန္ႀကီး ဦးစိုးထက္က ဆိုသည္။ https://burma.irrawaddy.com/news/2020/05/13/222561.html

***************

၁၁။     ဘူးသီးေတာင္မွာ မိုင္းေပါက္ကြဲ၊ ကေလး ႏွစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ

May 13, 2020

ခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္းက သရက္ျပင္ရြာမွာ မိုင္းနင္းမိၿပီး ရိုဟင္ဂ်ာ မြတ္စလင္ ကေလး ႏွစ္ဦး ေသဆံုးကာ တစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ဒီမိုင္းဟာ ဘယ္သူ႕လက္ခ်က္ဆိုတာေတာ့ မသိရေသးပါဘူး။ ရိုဟင္ဂ်ာ မြတ္စလင္ ကေလး ငယ္ သံုးဦးဟာ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္းမွာရွိတဲ့ ခ်ာေကရြာကေန သရက္ျပင္ရြာကို အသီးသြားခူးရင္း မိုင္းနင္းမိခဲ့တာျဖစ္ တယ္လိ႔ု လံုၿခံဳေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက RFA ကို ေျပာပါတယ္။

ေသဆံုးသြားတဲ့ ကေလးေတြရဲ႕ မိသားစုဝင္ေတြကို ဆက္သြယ္ခ်ိန္မွာ ေသဆံုးတာမွန္ကန္ေၾကာင္းနဲ႔ ဘာသာစကား အခက္ အခဲေၾကာင့္ အေသးစိတ္ကို RFA က ေမးလို႔မရခဲ့ပါဘူး။ ရခိုင္အမ်ိဳးသားပါတီ ANP က ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းကေတာ့ ေသဆံုးသြားတဲ့ ရိုဟင္ဂ်ာကေလး ႏွစ္ဦးမွာ ခ်ာေကရြာက အသက္ ၁၅ ႏွစ္ အရြယ္ အတူလာမီနဲ႔ အသက္ ၁ဝ ႏွစ္အရြယ္ ရာဟတ္နာဟာတူတို႔ ျဖစ္ၾကၿပီး၊ ဒဏ္ရာရခဲ့တဲ့ အသက္ ၁ဝ ႏွစ္အရြယ္ ကေလး ကေတာ့ ဖုန္ညိုလိပ္ရြာ ၁ဝ ရပ္ကြက္က ဟာေဒကာေဘဘီ တို႕ ျဖစ္တဲ့အေၾကာင္း ေျပာပါတယ္။ “ႏွစ္ေယာက္ေသတယ္၊ ေနာက္တစ္ေယာက္က ဟာေဒကာေဘဘီ အေဖနာမည္က အဘူဘိုေရွာ ၁၀ ႏွစ္၊ သူက ဖုန္ညိုလိပ္ ၁၀ ရပ္ကြက္လို႔ ေျပာ တယ္။ သူကေတာ့ ဒဏ္ရာရတယ္။ အခုအခ်ိန္က သူ ေဆးရံုတင္ထားရတယ္လို႔ ေျပာတယ္။” ကေလး တစ္ဦးဟာ မိုင္းနင္း မိတဲ့ေနရာမွာတင္ ပြဲခ်င္းၿပီး ေသဆံုးခဲ့ၿပီးေတာ့ ေနာက္တစ္ဦးကေတာ့ ေဆးရံုကိုအသြားလမ္းမွာတင္ ေသဆံုးခဲ့တာျဖစ္ပါတယ္။ အသက္မေသဘဲ ဒဏ္ရာရခဲ့တဲ့ အသက္ ၁၀ ႏွစ္အရြယ္ ကေလးကေတာ့ ဘူးသီးေတာင္ေဆးရံုမွာ ေဆးကုသမႈ ခံယူေနတယ္ လို႔ ဖုန္ညိုလိပ္ရြာ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕  အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက  ဒီေနရာမွာ မိုင္းဘယ္သူ ေထာင္သလဲ ဆိုတာ ေသဆံုးသြားတဲ့သူေတြရဲ႕ ေဆြမ်ိဳးေတြကို ေမးရင္ သိႏိုင္ေၾကာင္း၊ ရခိုင္ရြာမွာ တပ္မေတာ္က မိုင္းေထာင္ရင္ မိုင္းေထာင္ ေနပါတယ္လို႔ ဝိုင္းဝန္းေျပာၾကမွာျဖစ္ေၾကာင္း၊ အဲဒီအနားက မြတ္စလင္ရြာမွာ အရင္ကလည္း ျဖစ္စဥ္ေတြရွိခဲ့ဖူးေၾကာင္း၊ AA မိုင္းလာေထာင္ရင္း ရြာသားေတြနဲ႔ ျပႆနာျဖစ္ခဲ့ဖူးေၾကာင္း RFA ကို ေျပာၾကားပါတယ္။ ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သုခ ကို ဆက္သြယ္ေမးျမန္းရာမွာ – ဘူးသီးေတာင္ၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္တာမရွိေၾကာင္း၊ သရက္ျပင္ရြာဟာ ရြာေဟာင္း ျဖစ္ၿပီး အရင္ကတပ္မေတာ္ကေန ေထာင္ခဲ့တဲ့ မိုင္းေတြျဖစ္ေၾကာင္းနဲ႔ မရွင္းလင္းရေသးတဲ့အတြက္ လက္က်န္မိုင္းေတြျဖစ္ တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ https://www.rfa.org/burmese/news/buthedaung-explosion-05132020061644.html

*************

၁၂။     ျမဝတီၿမိဳ႕တြင္ BGF တပ္ဖြဲ႔ ဗိုလ္မွဴးေဟာင္းတစ္ဦး ေနအိမ္အား ကားစီးလာသည့္ ေသနတ္သမားမ်ားက ေခ်ာင္းေျမာင္း ပစ္ခတ္

May 13, 2020

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ အမွတ္ (၄) ရပ္ကြက္၊ အာရွလမ္းႏွင့္ အနႏၱဂုဏ္ရည္လမ္းေထာင့္၊ မင္းပဒုမၼာဝင္းရွိ BGF တပ္ဖြဲ႕ ဗိုလ္မွဴးေဟာင္းတစ္ဦး၏ ေနအိမ္အား ကားစီးလာသည့္ ေသနတ္သမားမ်ား ေခ်ာင္းေျမာင္းပစ္ခတ္သည့္ျဖစ္ရပ္ ေမလ ၁၂ ရက္ ည ၉ နာရီ ၂၀ ခန္႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျမဝတီၿမိဳ႕ အမွတ္ (၄)ရပ္ကြက္၊ အာရွလမ္းႏွင့္ အနႏၱဂုဏ္ရည္လမ္းေထာင့္၊ မင္းပဒုမၼာဝင္း ဦးေစာတင္ျမင့္ (၆၂) ႏွစ္ (ဘ) ဦးမြန္ရွင္း၏ ေနအိမ္ၿခံေဘးသို႔ Double Cap ယာဥ္တစ္စီး (စိစစ္ဆဲ) ေရာက္ရွိလာၿပီး ကားေပၚမွ ဆင္းလာသည့္ လူတစ္ဦးက ၉.မမ  ပစၥတိုေသနတ္ျဖင့္ ၂ ခ်က္ပစ္ၿပီး ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။“ပစ္ၿပီးေတာ့ ကားေပၚတက္ ထြက္ သြားတာ၊ ၿမိဳ႕ျပင္ဘက္ေခါင္းလွည့္ၿပီး ကြ်န္ေတာ္ ထြက္လာမလား ေစာင့္ေနတယ္၊ အရွည္ပါရင္လည္း ပါမွာေပါ့၊ ကြ်န္ေတာ္ အျပင္ဘယ္ထြက္မလဲ၊ အရူးမွ မဟုတ္တာ၊ ကြ်န္ေတာ့္ အိမ္ထဲဝင္လာ၊ တံခါးခ်က္ခ်င္းဖြင့္ေပးတယ္၊ ကြ်န္ေတာ့္မွာ ဓားပဲရွိတယ္ ဆိုေတာ့ လိုက္လို႔မွမရတာ၊ ကြ်န္ေတာ္မီးပါ ျပန္ဖြင့္ေပးတယ္။ လူအားလံုး ၈ ေယာက္ေလာက္ရွိတယ္၊ ျပႆနာ ျဖစ္လာရင္ ေတာ့ ရင္ဆိုင္ရမွာေပါ့” ဟု ပစ္ခတ္ခံခဲ့ရသူ ေစာတင္ျမင့္က ေျပာျကားသည္။

အဆိုပါ ေနအိမ္တြင္ ဦးေစာတင္ျမင့္ႏွင့္ အတူရွိေနသည့္ ေယာက္ဖျဖစ္သူ ကိုဘတိုက “သူတို႔က ၿမိဳ႕ထဲဘက္ကလာတာ။ ကား ကေနာက္ဖြင့္ကား၊ တစ္ခ်က္ပစ္သံၾကားေတာ့ ထၾကည့္တယ္။ ကြ်န္ေတာ္က အိမ္ထဲမွာ၊ ေနာက္တစ္ေခါက္ပစ္ေတာ့ ေခါင္းငံု႔ ေနလိုက္တယ္။ ကားေပၚမွာေတာ့ လူဆယ္ဦးခန္႔ ရွိမယ္ထင္တယ္။ အရပ္ဝတ္နဲ႔ပါပဲ။ ၿမိဳ႕ထဲဘက္ကလာၿပီး ၿမိဳ႕ထဲဘက္ကို ျပန္ေမာင္းသြားတာ ေတြ႔ရပါတယ္”ဟုဆိုသည္။ BGF ဗိုလ္ွမွဴးေဟာင္းတစ္ဦး၏ ေနအိမ္တြင္ ယခုျဖစ္စဥ္မွာ ဒုတိယအႀကိမ္ လုပ္ႀကံျခင္း ခံရျခင္းျဖစ္ၿပီး၊ ယခင္ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ နံနက္ ၇ နာရီခြဲ ခန္႔ကလည္း မိုင္းႏွစ္လံုး ေပါက္ကြဲမႈျဖစ္ပြားရာ လူႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

အာရွလမ္းမႀကီးေဘးရွိ မင္းပဒံုမာဝင္း ေနအိမ္တြင္ ပစ္ခတ္မႈ ျဖစ္ပြားေၾကာင္း သတင္းအရ ျမဝတီခရိုင္ ရဲတပ္ဖြဲမွဴး ဒုတိယရဲမွဴး ႀကီး သက္လင္းဦးႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ နယ္ျခားေစာင့္ တပ္ဖြဲ႔ဝင္မ်ား၊ တပ္မေတာ္ ေရွ႕တန္ရံုးမွ တပ္မ ေတာ္သားမ်ား၊ မီးသတ္တပ္ဖြဲ႔ဝင္မ်ား ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႔ဝင္မ်ား သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။ https: //news-eleven.com/article/173359

**************

၁၃။     RCSS/SSA အဖြဲ႕ဝင္ ၉ ဦး ထြက္ေျပး

May 11, 2020

RCSS/SSA ၏ တပ္ေျပး ၉ ဦး သွ်မ္းျပည္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕နယ္အတြင္းသို႔ ေရာက္ရွိလာရာ အစိုးရတပ္မွ ထိန္းသိမ္းထားၿပီး စစ္ေဆးမႈျပဳေနေၾကာင္းစံုစမ္းသိရွိရသည္။

သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ/သွ်မ္းျပည္တပ္မေတာ္ RCSS/SSA တပ္ဖြဲ႔ဝင္ ၉ ဦးသည္ ေမ ၉ ရက္တြင္ မိုင္းတံု ၿမိဳ႕နယ္သို႔ လက္နက္မဲ့ျဖင့္ ထြက္ေျပးခဲ့ေၾကာင္း RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး စိုင္းခမ္းစံ က သွ်မ္းသံေတာ္ဆင့္သို႔ ေျပာသည္။“ထြက္ေျပးသြားတာ ဟုတ္ပါတယ္။ ၉ ေယာက္စလံုးက တၿပိဳင္တည္း တခါတည္းထြက္ေျပးသြားတာ မဟုတ္ဘူး။ က်ေနာ္တို႔ အေၾကာင္းရင္းေတြ စစ္ေဆးေနတုန္းပဲ”ဟု RCSS/SSA ေျပာေရး ဆိုခြင့္ရွိသူ ဗိုလ္မွဴး စိုင္းခမ္းစံ ကေျပာသည္။ ထြက္ေျပးခဲ့သည့္ တပ္ဖြဲ႕ဝင္ ၉ ဦးသည္ တပ္စုမွဴး အဆင့္ရွိေသာ သူ တစ္ဦး ပါဝင္ေနေၾကာင္း စံုစမ္း သိရွိရသည္။

“ထြက္ေျပးရတဲ့ အေၾကာင္းကို အေသးစိတ္ စံုစမ္းေနဆဲ”ဟု ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး စိုင္းခမ္းစံ ကေျပာသည္။ ထြက္ ေျပးလာသည့္ တပ္ဖြဲ႔ဝင္ ၉ ဦးကို မိုင္းတံုၿမိဳ႕နယ္ရွိ နယ္ေျမခံ စစ္ဗ်ဴဟာမွ စစ္ေဆးလ်က္ရွိေၾကာင္း ကေမာၻဇတိုင္း သတင္းဌာန မွာေဖာ္ျပထားသည္။ https://burmese.shannews.org/archives/16507

**************

၁၄။     AA အဖြဲ႔အေၾကာင္း သတင္းေရးသူေတြကုိ ၿခိမ္းေျခာက္တာေတြ ရပ္တန္႔ဖုိ႔ CPJ အဖြဲ႔ေတာင္းဆုိ

May 14, 2020

ျမန္မာ အာဏာပိုင္ေတြအေနနဲ႔ နိရဥၥရာ သတင္း Website အယ္ဒီတာ ခိုင္ျမတ္ေက်ာ္ကို တရားစြဲဆိုထားတာကို ႐ုပ္သိမ္းေပး ဖို႔နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA သတင္းေတြကို ေရးသားတင္ျပေနတဲ့ သတင္းေထာက္ေတြကို ၿခိမ္းေျခာက္ေန တာေတြကို ရပ္ဆိုင္းဖို႔ သတင္းသမားမ်ား အကာအကြယ္ေပးေရးေကာ္မတီ( Committee to protect Journalists-CPJ) က ဗုဒၶဟူးေန႔ က ေတာင္းဆိုလိုက္ပါတယ္။ မတ္လကုန္ ၃၁ ရက္ေန႔က အယ္ဒီတာခိုင္ျမတ္ေက်ာ္ကို AA အဖြဲ႕ေျပာခြင့္ရတဲ့ ဆက္သြယ္ အင္တာဗ်ဴး လုပ္ခဲ့တာေၾကာင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ စစ္ေတြၿမိဳ႕ ရဲတပ္ဖြဲ႕က တရားစြဲဆိုခဲ့သလို သူ႔ရဲ႕ သတင္းဌာနကိုလည္း ရဲတပ္ဖြဲ႕က စီးနင္း ဝင္ေရာက္ခဲ့ၿပီး ဝန္ထမ္း ၃ ဦးကို စစ္ေဆးေမးျမန္းဖို႔ ေခတၱ ထိန္းသိမ္းခဲ့တာကို CJP က သတင္းရရွိေၾကာင္းနဲ႔ အဲဒီေနာက္ အယ္ဒီတာ ခိုင္ျမတ္ေက်ာ္ ေရွာင္ပုန္း ေနခဲ့ ရေၾကာင္း သတင္းသမားတစ္ဦးကို ကိုးကားၿပီး CJP က ေျပာပါတယ္။

အၾကမ္းဖက္ဥပေဒေတြနဲ႔ သူ႔ေပၚတရားစြဲဆိုထားတာကို ခ်က္ခ်င္း ႐ုပ္သိမ္းသင့္ေၾကာင္းနဲ႔ သတင္းသမားေတြကို အၾကမ္းဖက္ သမားအျဖစ္ မသတ္မွတ္ဘဲ ျမန္မာႏိုင္ငံက ပဋိပကၡ ျဖစ္ပြားရာေနရာေတြမွာ သတင္းယူဖို႔ ခြင့္ျပဳရမွာ ျဖစ္ေၾကာင္း CPJ ရဲ႕ အေရွ႕ေတာင္အာရွ ေဒသ ကိုယ္စားလွယ္ Shawn Crispin က ေျပာပါတယ္။မတ္လ ၃၁ ရက္ေန႔တစ္ေန႔တည္းမွာပဲ ျမန္မာ အာဏာပိုင္ေတြက အလားတူ စြဲခ်က္နဲ႔ VOICE OF MYANMAR အယ္ဒီတာ ကိုေနလင္းကို AA ေျပာခြင့္ရ ခိုင္သုခနဲ႔ အင္တာဗ်ဳးကို ထုတ္ေဝမႈအတြက္ တရားစြဲဆိုခဲ့ေပမယ့္ ဧၿပီ ၁၀ ရက္ေန႔မွာေတာ့ ျပန္လႊတ္ေပးခဲ့တယ္လို႔ ရိုက္တာ သတင္း တရပ္မွာ ပါရွိပါတယ္။ https://burmese.voanews.com/a/myanmar-media-cpj-/5418719.html

*************

၁၅။     ျမန္မာ့အေရး ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ ေဆြးေႏြးဖုိ႔ရွိ

May 12, 2020

ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ ၾကာသပေတးေန႔က်ရင္ ဗြီဒီယုိကတဆင့္ ေဆြးေႏြးရာမွာ ရခိုင္ျပည္နယ္မွာ   ဆက္လက္ ျဖစ္ ပြားေနတဲ့ လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ COVID-19 ေရာဂါျဖစ္ပြားမႈ အေျခအေနေတြကုိ အဓိက အာ႐ုံစုိက္ၾကလိမ့္မယ္လုိ႔ သံတမန္အသုိင္း အ၀န္းက ခန္႔မွန္းထားပါတယ္။ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕အေျခစိုက္ ကုလသမဂၢဆိုင္ရာျမန္မာအၿမဲတမ္းကိုယ္စားလွယ္သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းကလည္း လတ္တေလာႀကံဳေနရတဲ့ကပ္ေရာဂါအျပင္၊ လုံၿခံဳေရး ကိစၥေတြ ပါ၀င္ႏိုင္ေၾကာင္း ဗြီအုိေအျမန္မာပုိင္းကုိ ေျပာပါတယ္။

“က်ေနာ္တို႔ သိသေလာက္ကေတာ့ အစည္းအေဝးကေတာ့ Public မဟုတ္ဘူးခင္ဗ်။ သူတို႔အခ်င္းခ်င္းပဲ တံခါးပိတ္ေပါ့။ ဒီ အစည္းအေဝးမွာ ကုသသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကေန အေျခ အေနကို Briefing လုပ္ဖို႔ပါ အဓိကကေတာ့ ျမန္မာႏုိင္ငံရဲ႕ COVID-19 နဲ႔ ပတ္သက္ၿပီး သူတို႔ႏိုင္ငံေတြကသိခ်င္လို႔ Video Conferencing ေခၚၿပီး လံုျခံဳေရးေကာင္စီက လုပ္မွာပါ။ လုပ္ေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္က Brief လုပ္ မယ္၊ သူတို႔က ေမးခ်င္တာေတြေမးမယ္ေပါ့။ အဓိကကေတာ့ ျမန္မာႏုိင္ငံတြင္းက COVID-19 ကိစၥ ဘာေတြလုပ္ထားလဲ။ ေနာက္စစ္ေရွာင္စခန္းေတြအေၾကာင္း အရပ္သားေတြအေျခအေန ေနာက္ လံုၿခံဳေရးအေျခအေနေတြလည္း ပါမွာေပါ့ဗ်ာ။” အခု လို အထူးကိုယ္စားလွယ္ကို ခန္႔ၿပီးခ်ိန္မွာ အေထြေထြညီလာခံရဲ႕ဆံုးျဖတ္ခ်က္နဲ႔ ေျခာက္လတခါေလာက္ အသိေပးဖို႔ ဆိုတဲ့ဟာ ရွိတယ္ ျမန္မာျပည္ရဲ႕အေျခအေန တိုးတက္မႈဆိုတာကလည္း အခုလာမယ့္ ဇြန္လေလာက္ဆို ျပည့္ၿပီဆိုေတာ့ အဲ့ဒီ့တပိုင္း လည္း ျဖစ္သြားတာေပါ့ေလ။ အေထြေထြညီလာခံက အခုမလုပ္ျဖစ္ေသးေတာ့ အခု Brief လုပ္ရတာေပါ့ အခု ကိုဗစ္ အေျခ အေနကလည္းျဖစ္ေနေတာ့ ေပါင္းၿပီးလုပ္လိုက္တယ္ထင္တယ္။

ရခိုင္ျပည္နယ္မွာ ဧၿပီလေႏွာင္းပုိင္းတုန္းက COVID-19 ဓါတ္ခြဲနမူနာေတြ သယ္ေဆာင္လာတဲ့ ကုသသမဂၢ အမွတ္တံဆိပ္ပါကားတစ္စီး တိုက္ခိုက္ခံခဲ့ရလုိ႔ ျမန္မာႏုိင္ငံသား ယာဥ္ေမာင္းေသဆုံးၿပီး၊ က်န္းမာေရးဝန္ထမ္း တစ္ဦးလည္း တိုက္ခိုက္မႈကို ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က အျပင္းအထန္ ရႈတ္ခ်ခဲ့ၿပီး ပြင့္လင္းျမင္သာမႈရွိရွိ စုံစမ္းစစ္ေဆးဖို႔လည္း ေတာင္းဆိုထားတာပါ။ ဒီကိစၥဟာလည္း လုံၿခံဳေရးေကာင္စီ အစည္းအေ၀းမွာ ပါ၀င္ႏုိင္ေၾကာင္း ဦးေဟာက္ဒုိဆြမ္းက ေျပာပါ တယ္။ https://burmese.voanews.com/a/rakhine-conflicts-unsc/5416270.html

***************

၁၆။     ေက်ာက္ေတာ္က မြတ္ဆလင္ရြာထဲ လက္နက္ႀကီးက်ကြဲ ၅ ဦး ဒဏ္ရာရ

May 12, 2020

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက မြတ္ဆလင္ရြာမ်ားျဖစ္သည့္ ပိုက္သည္ႏွင့္ လက္ေဆာင္ေကာက္  ေက်းရြာမ်ား အတြင္း ေမ ၁၁ ရက္ေန႔ ညေနပိုင္းက လက္နက္ႀကီးက်ည္ က်မွန္ေပါက္ကြဲခဲ့သျဖင့္ ရြာခံ ၅ ဦး ဒဏ္ရာရရွိသြားေၾကာင္း သတင္းရရွိသည္။

ဒဏ္ရာရရွိသူမ်ားမွာ ပိုက္သည္ မြတ္ဆလင္ရြာမွ အမ်ိဳးသမီးငယ္ ၂ ဦးႏွင့္ အသက္ ၁၆ ႏွစ္အရြယ္ ေယာကၤ်ားေလး ၁ ဦး၊ လက္ေဆာင္ေကာက္ေက်းရြာမွ အမ်ိဳးသား ၂ ဦးတို႕ ျဖစ္ေၾကာင္း  ေက်းရြာသားမ်ားက ေျပာသည္။ လက္ေဆာင္ေကာက္ ေက်းရြာမွ ရာအိမ္မွဴး ဦးေမာင္ျဖဴက “မေန႔က ညေနပိုင္း ၅ နာရီေလာက္မွာ လက္နက္ႀကီးက်လို႔ က်ေနာ္တို႕ရြာက  ေမာ္လဝီ ဆရာႀကီး ၁ ဦးနဲ႔ ေက်ာင္းဆရာ ၁ ဦး ဒဏ္ရာရပါတယ္။ ေနာက္ထပ္ ပိုက္သည္ရြာက အမ်ိဳးသမီး ၂ ဦးနဲ႔ ကေလး ၁ ဦး ဒဏ္ရာ ရပါတယ္။ ပစ္တာကိုေတာ့ က်ေနာ္ မျမင္ဘူး။ ရြာသားေတြ ေျပာတာက ကစၥပနဒီတံတားေပၚကေန အစိုးရတပ္မေတာ္က လွမ္းပစ္တာလို႔ ေျပာပါတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

ကစၥပနဒီ  တံတားအနီးရွိ ၿမိဳ႕ခံမ်ားက ယမန္ေန႔က ညေနပိုင္းက တပ္မေတာ္ ယာဥ္ ၁ စီး တံတားေပၚျဖတ္သြားစဉ္ ေပါက္ကြဲ သံကို ၾကားရၿပီးေနာက္ တပ္မေတာ္စစ္ေၾကာင္းက ထိုသို႔လွမ္းပစ္ျခင္းျဖစ္ေၾကာင္းေျပာသည္။ တပ္မေတာ္သတင္းျပန္ၾကားေရး အဖြဲ႕မွ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔က  အဆိုပါ ကစၥပနဒီတံတား အနီးတြင္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ တားဆီး ေရးအတြက္ ေဆးပစၥည္းသြားေရာက္ ေထာက္ပံ့ေသာ တပ္မေတာ္ တပ္ဖြဲ႔ဝင္မ်ားကို AA အဖြဲ႔က မိုင္းခြဲတိုက္ခိုက္မႈ တခ်ိဳ႕ရွိ ေၾကာင္း ေျပာသည္။

ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၂၈ ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕အဝင္၌ တပ္မေတာ္ႏွင့္ ရကၡိဳင့္ စစ္တပ္ ( AA ) တို႔ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ရာ ၿမိဳ႕ခံ ၄ ဦး ထိခိုက္ ဒဏ္ရာ ရရွိခဲ့သည္။ ရခိုင္ျပည္နယ္၊ ေျမာက္ပိုင္းၿမိဳ႕နယ္မ်ားတြင္ တပ္မေတာ္ႏွင့္ AA တို႔သည္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလကုန္ကတည္းက ႏွစ္ဘက္တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားေနသည္မွာ ၂ ႏွစ္နီးပါး ၾကာျမင့္ လာၿပီျဖစ္ရာ စစ္ေဘးေရွာင္ အေရအတြက္မွာ သိန္းခ်ီရွိကာ ေဒသခံျပည္သူမ်ားမွာလည္း အသက္လု ထြက္ေျပးေနၾကရသည္။ https://burma.irrawaddy.com/news/2020/05/12/222468.html

**************

၁၇။     ျမန္မာႏိုင္ငံ ေျမာက္ဖ်ားပိုင္း ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ နယ္စပ္မ်ား ပိတ္ထားျခင္း၊ လမ္းပန္းဆက္သြယ္ေရး ခက္ခဲျခင္းမ်ား ေၾကာင့္               စားနပ္ရိကၡာ ျပတ္လပ္ေန

May 14, 2020

ျမန္မာႏိုင္ငံ ေျမာက္ဖ်ားပိုင္း ကခ်င္ျပည္နယ္၊ ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ နယ္စပ္မ်ား ပိတ္ထားျခင္း၊ လမ္းပန္းဆက္သြယ္ေရး ခက္ခဲျခင္းမ်ားေၾကာင္း စားနပ္ရိကၡာ ျပတ္ေတာက္ေနေၾကာင္း ေဒသခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက The Daily Eleven သတင္းစာသို႔ ေျပာၾကားသည္။ ေခါင္လန္ဖူးၿမိဳ႕နယ္သည္ ကခ်င္ျပည္နယ္ ပူတာအိုခရိုင္အတြင္းပါဝင္ၿပီး လမ္းပန္းဆက္သြယ္ ေရး ခက္ခဲမႈေၾကာင့္ ပူတာအိုမွ ေလးရက္၊ ငါးရက္ခရီးလမ္းေလွ်ာက္ရၿပီး တရုတ္ႏိုင္ငံႏွင့္ တစ္ရက္၊ ႏွစ္ရက္ခရီးေဝးကြာသည့္ ၿမိဳ႕နယ္တစ္ခု ျဖစ္ေၾကာင္း သိရသည္။

ေခါင္လန္ဖူးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၁ မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေရႊေလးက “အဓိက ျဖစ္သြားတာက တရုတ္ ဘက္က COVID-19 ေရာဂါေၾကာင့္ နယ္စပ္ မွတ္တိုင္ ၃၀၊၃၁၊၃၅ ဝင္ေပါက္ေတြကို ေန႔ည ပိတ္လိုက္တယ္။ ပူတာအိုဘက္ကို ေျခက်င္ခရီးကလည္း လမ္းမွာ ေလးငါးရက္ေလာက္ သယ္ယူရေတာ့ ေဒသတြင္း ရိကၡာျပတ္တာေပါ့။ တစ္လေလာက္ ၾကာ သြားၿပီ။ ဒီထက္ၾကာရင္ေတာ့ အေျခအေနဆိုးၿပီး အရင္ကာလေတြက ႀကံဳရသလို ေတာထြက္ၿပီး ရွာစားရမွာေပါ့။ အခုေဒသခံ ေတြက အူလိုင္၊ အေထး၊ ဒိုင္ဂလယ္ပင္ေတြကို အရည္စစ္၊ အပုပ္ခံၿပီး စားေနၾကတယ္။ အပင္ကိုထုေခ်ၿပီး အႏွစ္ကို စားတာ ေပါ့။ ရိကၡာျပတ္တာၾကာရင္ ေဒသခံေတြ ဒုကၡေရာက္မွာေပါ့။ လြန္ခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ခုႏွစ္က ဝါးေတြသီးေတာ့ ၾကြက္ေတြ ထၿပီး ေဒသတြင္းက ရိကၡာစိုက္ပ်ိဳးေရးကို ထိခိုက္သြားတာလည္းပါတယ္။ ဒါေတြ အားလံုး ေျပလည္ဖို႔ကေတာ့ လမ္းပန္းဆက္ သြယ္ေရး ေကာင္းေအာင္လုပ္ဖို႔ပါပဲ။ အစိုးရက ႏွစ္တိုင္းေျဖရွင္းႏိုင္မွာ မဟုတ္ပါဘူး”ဟု ေျပာၾကားသည္။

ယင္းေဒသသို႔ ရိကၡာမ်ား ပို႔ေဆာင္မည္ဆိုပါက ေခါင္လန္ဖူးၿမိဳ႕နယ္ ေတာင္ျခမ္းေဒသအတြက္ ျမစ္ႀကီးနား-ခ်ီေဖြ-ေဆာ့ေလာ္ လမ္းပိုင္းႏွင့္ ျမစ္ႀကီးနား-ပူတာအို-ရီဒမ္း စသည့္ လမ္းပိုင္းကို အသံုးျပဳရမွာျဖစ္ေၾကာင္း ေဒသခံ လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုပါသည္။ ေခါင္လန္ဖူးၿမိဳ႕နယ္သည္ ေက်းရြာအုပ္စု ၂၆ အုပ္စု၊ လူဦးေရ ၁၇၀ဝ၀ ဝန္းက်င္ရွိၿပီး ေဒသခံ တိုင္းရင္းသားမ်ားမွာ လီဆူႏွင့္ ရဝမ္တိုင္းရင္းသား ႏွစ္မ်ိဳးသာရွိသည္။ https://news-eleven.com/article/173544

***************

၁၈။     က်ိဳက္မေရာၿမိဳ႕နယ္တြင္ လူစုလူေဝးျဖင့္ ဘုရားထီးေတာ္ပင့္ေဆာင္ရန္ ဦးေဆာင္သူ ျပည္ခိုင္ၿဖိဳးပါတီဝင္ ေထာင္ဒဏ္ ၉ လ                         ခ်မွတ္ ခံရ

May 14, 2020

မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္၌ လူစုလူေဝးျဖင့္ ဘုရားထီးေတာ္ပင့္ေဆာင္ရန္ ဦးေဆာင္သူ ေကာ့ခလိန္ေက်းရြာအုပ္စု ျပည္ခိုင္ၿဖိဳးပါတီဝင္ ဦးေဇာ္မင္းကို ေမလ ၁၂ ရက္ေန႔တြင္ ျမို့နယ္တရားရံုးက ေထာင္ဒဏ္ ၉ လ က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ ေၾကာင္း သတင္းရရွိသည္။

က်ိဳက္မေရာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴး မင္းေအာင္က “ေထာင္ဒဏ္ ၉ လ ခ်လိုက္ပါတယ္ သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ ၃၀(က) နဲ႔ပဲ သူ႔ကို အက်ဉ္းေထာင္ပို႔ရေတာ့မွာပါ သူက ဒီလိုဗ် ေရွ႕ေနေတြပါ ငွားၿပီးေတာ့ ကြန္ပလိန္းတက္တာ အဲဒါေၾကာင့္ ၾကာသြားတာ သက္ေသေတြလည္းမ်ားတယ္”ဟု ဆိုသည္။ ၾကာအင္းေခ်ာင္းေက်းရြာေန ဦးေဇာ္မင္းသည္ ၿပီးခဲ့သည့္ သမၼတဦးသိန္းစိန္အစိုးရ လက္ထက္၌ ေကာ့ခလိန္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးျဖစ္ခဲ့သလို ၎၏ၿပိဳင္ဘက္ လက္ရွိ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးသည္လည္း NLD ပါတီဝင္အမာခံျဖစ္ေနၿပီး အုပ္စုတစ္ဖက္ႏွင့္တစ္ဖက္ အတိမ္းအေစာင္း မခံ ျဖစ္ေနေၾကာင္း အမည္မေဖာ္လိုသူ ရြာသားတစ္ဦးက ေျပာသည္။ “ဘုရားထီးတင္ပြဲအတြက္ ရြာလွည့္တဲ့ကိစၥကို အခုအုပ္ခ်ဳပ္ ေရးမွဴးခြင့္မျပဳဘူး တားထားတယ္၊ ဒါေပမယ့္ ဦးေဇာ္မင္းက ၿမိဳ႕နယ္နဲ႔ အထက္ကို သူေျပာလို႔ၿပီးတယ္ဆိုၿပီး လုပ္ခ်ပလိုက္တာ ခုလိုအေရးယူခံရတာေပါ့”ဟု ၎ရြာသြားက ဆိုသည္။

COVID 19 ေရာဂါကာကြယ္ထိန္းခ်ဳပ္သည့္ကာလအတြင္း ေဆာင္းေဘာက္စ္တင္ကားႏွစ္စီး၊ ေက်းရြာသူ/သား ၁၅၀ ဦးကို  ေမာ္ေတာ္ယာဥ္ ၁၈ စီးျဖင့္တင္ေဆာင္၍ ဘုရားထီးေတာ္ပင့္ေဆာင္ရန္  မတ္လ ၃၀ ရက္ေန႔က လူစုလူေဝးလွည့္လည္ခဲ့သည့္ အတြက္ က်ိဳက္မေရာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက  ဧၿပီလ ၁ ရက္ေန႔တြင္ သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈ ဥပေဒ ၃၀ (က) ျဖင့္ ဦးေဆာင္သူ ဦးေဇာ္မင္းကို   တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။ Covid 19 နဲ႔ ပတ္သက္ၿပီး လူစုလူေဝးႏွင့္ ပြဲလမ္းသဘင္မ်ားကို ေမ ၁၅ ရက္ေန႔အထိ မျပဳလုပ္ရန္ မြန္ျပည္နယ္အစိုးရအဖြဲ႔က မတ္လ ၂၈ ရက္ေန႔က ထုတ္ျပန္ထားၿပီး လိုက္နာမႈမရွိပါက ရာဇာသတ္ႀကီးဥပေဒ၊ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒ၊ သဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဆိုင္ရာဥပေဒျဖင့္ အေရးယူသြားမည္ျဖစ္သည္။ http://burmese.monnews.org/2020/05/14/%e1%80%80%e1%80%bb%e1%80%

*************

၁၉။     တႏိုင္ငံလံုးအပစ္ရပ္ေရး ဖိအားေပးဖို႕ အေမရိကန္ကို အရပ္ဘက္အဖြဲ႔ေတြတိုက္တြန္း

May 13, 2020

ကမာၻတဝွမ္း ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါကို ခုခံကာကြယ္ေနရတဲ့အခ်ိန္မွာ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္ နယ္မွာေတာ့ စစ္ပြဲေတြ ျပင္းထန္ေနၿပီး လူ႕အခြင့္အေရးခ်ိဳးေဖာက္ခံရတာေတြ ပိုမ်ားေနတဲ့အတြက္ ျမန္မာအစိုးရနဲ႔တပ္မေတာ္ကို သံတမန္နည္းေတြ သံုးၿပီး ဖိအားေပးတိုက္တြန္းေပးပါဆိုၿပီး အေမရိကန္ျပည္ေထာင္စုအေျခစိုက္ ဂ်ဴးအဖြဲ႔ေတြ၊ ျမန္မာႏိုင္ငံသားေဟာင္းေတြရဲ့အဖြဲ႔ ေတြက ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ေပးယိုကို ေမလ ၁၃ ရက္ေန႔မွာ စာေရးသားေတာင္းဆိုလိုက္ပါတယ္။

တကမာၻလံုး ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ရင္ဆိုင္ေနရတဲ့အတြက္ ပစ္ခတ္တိုက္ခိုက္ေနတာေတြ ရပ္ဖို႔ ကုလသမဂၢအတြင္းေရး မွဴးခ်ဳပ္ရဲ႕ တိုက္တြန္းခ်က္အတိုင္း ျမန္မာအစိုးရကလဲ တႏိုင္ငံလံုးမွာ အပစ္ရပ္ေၾကာင္းေၾကညာဖို႔နဲ႔ တပ္မေတာ္ကလဲ သေဘာ တူဖို႔၊ ရခိုင္နဲ႔ ခ်င္းျပည္နယ္မွာ ျဖတ္ထားတဲ့ အင္တာနက္လိုင္းေတြကို ခ်က္ခ်င္းျပန္ဖြင့္ေပးဖို႔၊ သတင္းမီဒီယာတခ်ိဳ႕ရဲ႕ အင္တာ နက္ဝက္ဘ္ဆိုဒ္ ပိတ္လိုက္တာေတြ ျပန္ဖြင့္ေပးၿပီး၊ သတင္းေထာက္ေတြကို တရားစြဲတာရပ္ဖို႔နဲ႔ က်န္းမာေရးစစ္ေဆးခြင့္ကို လူတိုင္းတန္းတူရၿပီး၊ လူသားခ်င္းစာနာမႈအကူအညီေတြ အခ်ိန္မွီရေအာင္ ေဆာင္ရြက္ေပးဖို႔ ဆိုတဲ့အခ်က္ေတြျဖစ္ပါတယ္။

ဒီလိုေတာင္းဆိုရတာနဲ႔ ပတ္သက္ၿပီး လႈပ္ရွားမႈကို ဦးေဆာင္တဲ့ American Jewish World Service အဖြဲ႔က အစီအစဥ္ ေရးရာ မွဴး Jeffery Stein က ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ ရခိုင္နဲ႔ခ်င္းျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံသား အားလံုးအတြက္ အထူးရိမ္ပါတယ္။ စစ္ေရးပဋိပကၡေတြက လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ သတင္းရယူခြင့္နဲ႔ အရပ္ဖက္ဖြဲ႔ ေတြရဲ့ လြတ္လပ္တဲ့လုပ္ပိုင္ခြင့္ေတြကို ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္သူေတြကို အေမရိကန္အစိုးရအေနနဲ႔ တတ္ႏိုင္သမွ် အစြမ္းကုန္ကူညီေပးဖို႔ တိုက္တြန္းတာပါ။ ကိုဗစ္-၁၉ ဟာ လူ႔ေလာကႀကီးတခုလံုးကို ၿခိမ္းေျခာက္ေနတဲ့အတြက္ ဒီကာလမွာ အပစ္အခတ္မရပ္စဲရင္၊ သတင္းေတြ လြတ္လြတ္လပ္လပ္မရရင္၊ လြတ္လြတ္လပ္လပ္ ထုတ္ေဖာ္ေျပာဆိုခြင့္မရရင္၊ အင္တာနက္ဆက္သြယ္ေရးမရရင္၊ လူသားခ်င္း ကူညီမႈအေထာက္အပံ့ေတြမရရင္ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါက ျမန္မာႏိုင္ငံ သားေတြကို အႀကီးအက်ယ္ဒုကၡေရာက္ေစပါလိမ့္မယ္လို႔ ေျပာပါတယ္။

တိုက္တြန္းတဲ့အဖြဲ႔ေတြထဲမွာ Kachin Alliance ဆိုတဲ့ ကခ်င္မဟာမိတ္အဖြဲ႔၊ Karen Organization of America ဆိုတဲ့ အေမရိ ကန္ေရာက္ ကရင္အဖြဲ႕၊ Nationalities Alliance of Burma ဆိုတဲ့ ျမန္မာအမ်ိဳးသားမ်ားမဟာမိတ္အဖြဲ႔တို႔လဲ ပါဝင္ပါတယ္။ Kachin Alliance အဖြဲ႔ ဥကၠ႒ ဂမ္ဆမ္က – တကမာၻလံုးမွာ ကိုဗစ္-၁၉ ျဖစ္ေနတဲ့အခ်ိန္မွာ ျပည္တြင္းႏိုင္ငံေရးက ျပည္သူလူထု ကို ဝန္ထုပ္ဝန္ပိုးမျဖစ္ေစခ်င္တာ တေၾကာင္းေပါ့။ ေနာက္တခုက ဒီလို ပိတ္ဆို႔မႈဆိုတာ က်ေနာ္တို႔ ျမန္မာ့သမိုင္းမွာ အရမ္းၾကာလာၿပီ။ ဒီလိုတိုင္းရင္းသားအခ်င္းခ်င္း ညီညြတ္မႈကို အင္မတန္ထိခိုက္နစ္နာေစတယ္။ ေနာက္ စစ္ရာဇဝတ္မႈေတြကို မုန္းတီးမႈကို ပိုပြားေစတာေပါ့။ အဲဒါေၾကာင့္ တႏိုင္ငံလံုးအပစ္အခတ္ရပ္စဲေရးကို ေတာင္းဆိုေနတာပါလို႕ေျပာပါတယ္။

က်ေနာ္တို႔အဖြဲ႔က ၿငိမ္းခ်မ္းေရးအတြက္ ေဆာင္ရြက္ေနတာပါ။ အရပ္ဘက္အဖြဲ႔ေတြ၊ သတင္းမီဒီယာေတြအပါအဝင္ ျမန္မာ ျပည္သူေတြအေနနဲ႔လဲ ၿငိမ္းခ်မ္းေရးမွာ ပါဝင္ေဆာင္ရြက္ခြင့္ရသင့္ပါတယ္။ ဒါေၾကာင့္ ပထမဆံုးလုပ္ရမွာက စားပြဲဝိုင္းေဆြးေႏြး ပြဲပါ။ အဲဒီထဲမွာ ရခိုင္နဲ႔ ခ်င္းျပည္နယ္က လူ႔အသိုင္းအဝိုင္းေတြ ပါဝင္သင့္ပါတယ္လို႔ အႀကံျပဳလိုက္ပါတယ္။ https://www. rfa.org/burmese/news/national-reconciliation-army-armed-ethnic-group-05132020191938.html

*************

၂၀။     ဖရူဆိုၿမိဳ႕နယ္၌ ေလဆင္ႏွာေမာင္းတိုက္ခတ္၊ စာသင္ေက်ာင္းေဆာင္ ပ်က္စီး

May 14, 2020

ကယားျပည္နယ္၊ ဖရူဆိုၿမိဳ႕နယ္မွာ ဒီကေန႔ မြန္းတည့္ ၁၂ နာရီေက်ာ္က ေလဆင္ႏွာေမာင္း တိုက္ခတ္မႈေၾကာင့္ မူလတန္း ေက်ာင္းေဆာင္ေဟာင္းတလံုး အမိုးလန္ ပ်က္စီးသြားခဲ့ပါတယ္။

ဖရူဆိုၿမိဳ႕နယ္ ေညာင္ဇင္ရပ္ကြက္ လြိဳင္ေကာ္ – ေဘာလခဲ ကားလမ္းေပၚ ေရႊျပည္သာ အ.မ.က ေက်ာင္းဝင္းအတြင္းက ေက်ာင္းေဆာင္ေဟာင္းတခု အမိုးလန္ပ်က္စီးသြားခဲ့တာလို႔ ေညာင္ဇင္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ေဒၚၾကဴၾကဴေအာင္က ေျပာပါ တယ္။“ဒီေရြျပည္သာေက်ာင္း အေနာက္က စာသင္ေက်ာင္းေဆာင္ အမိုးလန္သြားတာပဲသိတယ္။ ရြာေတြဘက္မွာေတာ့ အတိအက်ေတာ့ မသိေသးဘူး။ ဒါေပမယ့္ ဒီေလာက္ေတာ့ မျဖစ္ပါဘူးလို႔ေတာ့ ေျပာတယ္။

ေလဆင္ႏွာေမာင္းတိုက္ခတ္လို႔  ၿမိဳကအဝင္ပူးေပါင္းစစ္ေဆးေရးဂိတ္မွာ ထားရွိတဲ့  COVID – 19 က်န္းမာေရးစစ္ေဆးတဲ့ တဲ အမိုးနဲ႔ အကာ ပ်က္စီးသြားခဲ့ၿပီး လူေတြ ထိခိုက္ေသဆံုးမႈ မရွိပါဘူး။ http://burmese.dvb.no/archives/388017

**************

၂၁။     လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ အမ်ိဳးသား ၁ ဦး မိုးႀကိဳးပစ္ခံရၿပီး  ေသဆံုး

May 14, 2020

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ေလာပိတေက်းရြာအုပ္စု၊ ေလာကထုေက်းရြာအနီး မိုးႀကိဳးပစ္မႈေၾကာင့္ အသက္ ၄၅ ႏွစ္ အရြယ္ အမ်ိဳးသား တစ္ဦး ေသဆံုးသြားပါတယ္။

ေလာကထုေက်းရြာေန ဦးပါရယ္ဟာ ဒီကေန႔မြန္လြဲပိုင္း ၂ နာရီခြဲေလာက္က ဝက္စာခူးဖို႔ ေနအိမ္ကေန ထြက္ခြာစဥ္ ရြာအေရွ႕ ဘက္ ၅ ဖာလံုခန္႔အကြာအေရာက္မွာ မိုးထစ္ခ်ဳန္းရြာတဲ့အတြက္ သစ္ပင္တပင္ေအာက္မွာ မိုးခိုေနစဥ္ မိုးႀကိဳးလွ်ပ္စီးထိမွန္ ေသဆံုးခဲ့တာလို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

ေသဆံုးသူဦးပါးရယ္မွာ ယာဘက္တင္ပါးေအာက္ အေရျပားအပူေလာင္ စုတ္ၿပဲဒဏ္ရာတစ္ခ်က္ ခါးမွာညိဳမဲဒဏ္ရာနဲ႔ မိုးႀကိဳး လွ်ပ္စီး စီးဝင္ၿပီးေသဆံုခဲ့ေၾကာင္း ရဲတပ္ဖြဲ႔က စစ္ေဆးေတြ႔ရတဲ့အတြက္ ေသမႈေသခင္းဖြင့္လွစ္စစ္ေဆးေနတယ္လို႔ ျပည္နယ္ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။ ေမလ ၁၁ ရက္ေန႔မြန္းလြဲပိုင္းကလည္း ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ မိုးသက္ေလျပင္းက် မိုးႀကိဳးပစ္လို႔ အသက္ ၇ ႏွစ္အရြယ္ ကေလးငယ္တဦးအပါအဝင္ သံုးဦး မိုးႀကိဳးထိမွန္သ ေသဆံုးသြားပါတယ္။ http://burmes e.dvb.no/archives/387821

**************

၂၂။     အင္းထဲ က်န္းမာေရး ေစာင့္ေရွာက္မႈ ယခုထိ အားနည္းေနဆဲ

May 13, 2020

သွ်မ္းျပည္ ေတာင္ပိုင္း ေညာင္ေရႊၿမိဳ႕နယ္ အင္းေလးကန္ထဲရွိ အင္းၿခံေကလာေက်းရြာအုပ္စုတြင္း က်န္းမာေရး ေစာင့္ေရွာက္မႈ အားနည္းေနဆဲဟု ေဒသခံမ်ားေျပာျပခ်က္အရ သိရသည္။

အင္းေလးကန္ထဲရွိ အင္းၿခံကေလာေက်းရြာအုပ္စုတြင္း ရြာ ၆ ရြာေပါင္းမွ မိခင္ႏွင့္ ကေလးဌာနခြဲတစ္ခုတည္းသာရွိၿပီး၊ သားဖြား ဆရာမ ႏွင့္ အကူတဦးသာရွိေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေဆြဦး က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။ အဆိုပါက သားဖြားဆရာမ ႏွင့္ အကူ တဦး ကို အင္းၿခံကေလာ ေက်းရြာအုပ္စု အိမ္ေျခ ၉၀ဝ ခန႔၊ အိမ္ေထာင္စုေပါင္း ၁၄၀ဝ ေက်ာ္က အားကိုးေနရၿပီး ေက်းရြာေဆးေပးခန္းမရွိေသးေၾကာင္းလည္း ဦးတင္ေဆြဦး က ေျပာသည္။“က်ေနာ္တို႔ ရြာမွာ က်န္းမာေရးနဲ႔ ပတ္သက္လာရင္ မိခင္ကေလးဌာနခြဲ တစ္ခုပဲရွိတယ္။ အဲ့ဒီမွာလည္း သားဖြား ဆရာမတစ္ေယာက္ နဲ႔ အကူ တစ္ေယာက္ပဲ ရွိ တယ္။ ဆရာဝန္ ေတာင္ မရွိဘူး”ဟု ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေဆြဦး ကေျပာသည္။

ထို အင္းၿခံေက်းရြာအုပ္စုထဲတြင္ အေရးေပၚေနမေကာင္းလာပါက က်န္းမာေရး ေဆးေပးခန္းမရွိ၊ ဆရာဝန္မရွိသျဖင့္ အေရးေပၚ ျဖစ္လာပါက အခက္အခဲမ်ားစြာရင္ဆိုင္ေနရေၾကာင္း၊ ေညာင္ေရႊၿမိဳ႕နယ္ရွိ တိုက္နယ္ေဆးရံုကို သြားရသည္မွာလည္း ခက္ခဲ ေၾကာင္း အင္းေဒသခံမ်ားေျပာျပခ်က္အရသိရသည္။ အင္းၿခံေကလာေက်းရြာအုပ္စုတြင္ ေက်းရြာေပါင္း ၆ ရြာရွိသည္။ https://burmese.shannews.org/archives/16533

**************

၂၃။     ေဒၚလာအင္း မႀကံဳစဖူးေရခန္းေျခာက္မွႈႏွင့္ႀကံဳရၿပီး ငါးအေျမာက္အျမားေသဆံုးမႈျဖစ္ေပၚ

May 12, 2020

ကရင္ျပည္နယ္ ဖားအံၿမိဳ႕နယ္အတြင္း ငါးမ်ိဳးစိတ္မ်ားစြာကို ကာကြယ္ထိန္းသိမ္းထားသည့္ မိရင္ရြာရွိ ေဒၚလာအင္းတြင္ ယခုႏွစ္ မႀကံဳစဖူး ေရခန္းေျခာက္မွႈမ်ားႏွင့္ႀကံဳေတြ႔ေနရသည့္အျပင္ ငါးအေျမာက္အျမား ေသဆံုးမႈျဖစ္ေပၚေနေၾကာင္း ေဒၚလာအင္း ထိန္းသိမ္းေရး ေကာ္မတီထံမွ သိရသည္။

ယခုလမွစတင္ကာ ေန႔အပူခ်ိန္ႏွင့္ ညအပူခ်ိန္ အလြန္ျမင့္မားလာေနမႈႏွင့္အတူ အင္းေရမ်ား အဆမတန္ခန္း ေျခာက္လာမႈ မ်ားေၾကာင့္ ၎အင္းအတြင္းထိန္းသိမ္းထားသည့္ ငါးမ်ား ပိႆာခ်ိန္ေထာင္ႏွင့္ ခ်ီေသဆံုးမႈမ်ား ျဖစ္ေပၚေၾကာင္း ေဒၚလာအင္း ထိန္းသိမ္းေရးတာဝန္ရွိသူမ်ားက ေျပာသည္။ “ ေဒၚလာအင္းမွာ ဒီလိုေရခန္းေျခာက္သြားတာ တစ္ခါမွမရွိဘူး။ ေရခန္းေတာ့ အင္းထဲကငါးေတြက တခ်ိဳ႕ေသ သြားတယ္ ။ က်န္တဲ့တခ်ိဳ႕ကလည္း ေရကနည္းၿပီး ငါးကမ်ားေတာ့ ငါးတစ္ခ်ိဳ႕ကိုလည္း ဖမ္းၿပီး အင္းထိန္းသိမ္း ေရးရံပံုေငြအျဖစ္ ေရာင္းလိုက္တယ္။ ငါးဦးစီးဌာနက ေရလာတိုင္းၾကည့္ေတာ့ ေရေအာက္စီဂ်င္က ၁ ပဲရွိေတာ့ ငါးေတြအသက္မရွင္ႏိုင္ေတာ့ဘူးေျပာတယ္။ အဲဒါေၾကာင့္ ငါးေတြကို တစ္ဝက္ေရာင္းလိုက္ရတယ္” ဟု အင္း ထိန္းသိမ္းေရး ေကာ္မတီ တာဝန္ရွိသူတစ္ဦးျဖစ္သည့္ ေနာ္ျမဝင္းက ေျပာသည္။

အင္းေရမ်ား အဆမတန္ခန္းေျခာက္လာမႈေၾကာင့္ ေသဆံုးသြားသည့္ ငါးအမ်ိဳးအစားမ်ားထဲမွ ငါးဘတ္ငါးမ်ိဳး အစားမွာ အမ်ား ဆံုးျဖစ္ၿပီး ထိုအထဲတြင္ အႀကီးဆံုး ၁၀ ပိႆာ အေလးခ်ိန္ရွိသည့္ ငါးမ်ားလည္းပါဝင္သည္ဟု သိရသည္။ ေဒၚလာအင္းသည္ ဧကေပါင္း ၆,၅၀၀ ေက်ာ္အက်ယ္ရွိၿပီး မိကရင္၊ မုကၠဒိ၊ ခဲေတာက္၊ ကမ္းႀကီး၊ ကမ္းကေလး စသည့္ ေက်းရြာ ၅ရြာ၏ ဧရိယာထဲတြင္ နယ္နိမိတ္ ထိစပ္ေနကာ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္တြင္ ျပည္နယ္အစိုးရမွ အင္းအား ေလလံတင္ရန္ ႀကိဳးပမ္းခဲ့မွႈမ်ားရွိသည့္အတြက္ ေဒသခံမ်ားမွ မလိုလားဘဲ သဘာဝအတိုင္းသာ ထားရွိေစခ်င္ေသာေၾကာင့္ ၂၀၁၆ ခုႏွစ္တြင္ အင္းထိန္းသိမ္းေရးေကာ္မတီဖြဲ႔ၿပီး ျပန္လည္ ထိန္းသိမ္းလိုက္ျခင္းလည္း ျဖစ္သည္။ http://kicnews.org/2020/05/%e1%80 %b1%e1%80%92%e1%81%9a%e1%80%9c%e1%80%ac%e1%80

************

၂၄။     စစ္တပ္လမ္းပိတ္ဆို႔မႈ ရခိုင္စစ္ေရွာင္စခန္း ရိကၡာျပတ္

May 14, 2020

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲေတြျပင္းထန္ေနတဲ့ ေျမပံုၿမိဳ႕နယ္ ဖက္မွာ ရွိတဲ့ စစ္ေရွာင္ စခန္းတခ်ိဳ႕မွာ ရိကၡာသယ္ယူခြင့္ေတြ ပိတ္ပင္ထားတာေၾကာင့္ စားနပ္ရိကၡာျပတ္လပ္မႈေတြနဲ႔ ႀကံဳေတြ႔ေနရတယ္လို႔ စခန္းတာဝန္ရွိသူေတြက ေျပာဆိုၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေျမပံုၿမိဳ႕နယ္က ကိုင္းႀကီးစစ္ေရွာင္စခန္းမွာေတာ့ စားနပ္ရိကၡာျပတ္လပ္ေနသလို တျခားေဒသေတြက ေန ရိကၡာသယ္ယူခြင့္ပိတ္ပင္ထားတာ ၃ လေလာက္ရွိေနၿပီလို႔ ကိုင္းႀကီးစစ္ေရွာင္စခန္းတာဝန္ခံ ကိုေရႊစိုးက ေျပာပါတယ္။ “စားနပ္ရိကၡာကေတာ့ ျပတ္လပ္မယ့္ အေနအထား ရွိေနၿပီခင္ဗ်ာ။ ေနာက္ၿပီးေတာ့ စားနပ္ရိကၡာေတြ သယ္ယူခြင့္မရဘူးခင္ဗ်။ ကိုယ္တိုင္သြားယူမယ္ဆိုရင္လည္း မရဘူး။ လမ္းေတြမွာက်ေတာ့ ၿမိဳ႕နယ္ေတြ မေက်ာ္ရတာရွိတယ္။တပ္မေတာ္က တားတာ COVID-19 ေၾကာင့္ေတာ့ မဟုတ္ဘူးခင္ဗ်ာ။ တပ္မေတာ္က တားတာကေတာ့ ေနာက္အဖြဲ႔အစည္းေတြနဲ႔ ဆက္ႏြယ္ေနတယ္ ထင္လို႔ တားတာျဖစ္မယ္။ ရိကၡာမသယ္ရတာေတာ့ သံုးလေလာက္ေတာ့ ရွိေနၿပီ။” အဲဒီကိုင္းႀကီးစစ္ေရွာင္စခန္းမွာ လူဦးေရ ၃၀၀ ခန္႔ေနထိုင္ၾကၿပီး စားနပ္ရိကၡာေတြ အျပင္ မိုးရာသီေရာက္ေတာ့မွာ ျဖစ္တာေၾကာင့္ ေနထိုင္ဖို႔အတြက္ ေနအိမ္ေတြ လို အပ္ေနတယ္လို႔လည္း ကိုေရႊစိုးက ေျပာပါတယ္။

စညင္းစစ္ေရွာင္စခန္းဟာ အစိုးရက တရားဝင္အသိအမွတ္ျပဳထားတဲ့ စခန္းမဟုတ္သလုိ စညင္းစစ္ေရွာင္စခန္းကို လာေရာက္ ကူညီၾကတဲ့ အဖြဲ႔အစည္းအားလံုးကိုလည္း သက္ဆိုင္ရာအာဏာပိုင္ေတြက တားျမစ္ထားတယ္လို႔ ကိုယ္ေတာ္သဘာဝနဒီက မိန္႔ပါတယ္။ ေျမပံုၿမိဳ႕နယ္မွာ ရိကၡာသယ္ယူခြင့္ေတြကို တပ္မေတာ္ဘက္ကတားျမစ္တယ္လို႔ ေဒသခံေတြကေျပာဆိုၾကေပမယ့္ တပ္မေတာ္ဘက္ကေတာ့ တားျမစ္တာမ်ိဳး မဟုတ္ဘဲ လံုၿခံဳေရးအရ ေဆာင္ရြက္ရတာလို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရး အဖြဲ႔ေျပာခြင့္ရ ဗုိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။ အစိုးရအေနနဲ႔လည္း တရားဝင္ခြင့္ျပဳထားတဲ့ စစ္ေရွာင္စခန္းေတြကို စားနပ္ရိကၡာေထာက္ပံ့တာေတြရွိေနၿပီး ကိုယ္သေဘာနဲ႔ ကိုယ္ဖြင့္လွစ္ထားတဲ့ စစ္ေရွာင္စခန္းေတြကိုေတာ့ စားနပ္ရိကၡာ တစံု တရာေထာက္ပံ့ေပးတာမ်ိဳး မရွိပါဘူး။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကိုအၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ အစိုးရကသတ္မွတ္ေၾကၿငာထားၿပီးေနာက္မွာ ရခိုင္ေျမာက္ပိုင္း တိုက္ပြဲေတြလည္း ပိုမိုျပင္းထန္လာသလို တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာသူေတြလည္း ေန႔စဥ္နဲ႔အမွ်နဲ႔ ရွိေနတာပါ။ https: //burmese.voanews.com/a/rakhine-conflicts-idp-camp-military/5419455.html

*************

၂၅။     မူဆယ္ၿမိဳ႕ ႏွစ္ည ဆက္တိုက္ ေပါက္ကြဲမႈ ျဖစ္

May 12, 2020

သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ စြမ္ေစာ္ရပ္ကြက္တြင္ ယေန႔ ( ေမ ၁၂) ည ၁၀နာရီ ဝန္းက်င္၌ ဗံုးေပါက္ကြဲမႈျဖစ္ပြား ေၾကာင္း မူဆယ္ေဒသခံမ်ားေျပာျပခ်က္ အရသိရသည္။

အဆိုပါ ဗံုးေပါက္ကြဲမႈ ႏွင့္ ပတ္သက္ၿပီး အေသးစိတ္မသိရွိရေသးေသာ္လည္း ဗံုးေပါက္ကြဲမႈအသံသည္ စြမ္ေစာ္ရပ္ကြက္ ပန္းေဆး ျပည္သူ႕စစ္မ်ားေနထိုင္သည့္ ေနရာဘက္မွ လာေၾကာင္းလည္း မူဆယ္ ေဒသခံမ်ား ကေျပာသည္။“ဗံုးေပါက္ကြဲတဲ့ အသံ ၂ ခ်က္ ၾကားတယ္။ ၁၀ စကၠန္႔ေလာက္ပဲျခားတယ္။ ေသနတ္သံလည္း ၾကားတယ္။ ေသခ်ာေတာ့ မသိေသးဘူး” ဟု စိုင္းေမာဝ္ က ဆိုသည္။ ဆက္လက္ၿပီး စြမ္ေစာ္ေဒသခံ တဦး ေျပာျပခ်က္အရ“ ပန္းေဆး ျပည္သူ႕စစ္ေတြရွိတဲ့ေနရာဘက္က အသံပဲ။ က်ေနာ္တို႔လည္း ေနရာကို လိုက္ရွာေနတယ္။ ပန္းေဆး ဘက္ကလည္း တခါျဖစ္ၿပီးဘူးေတာ့ အဲ့ဘက္လည္း လို႔ ထင္တယ္” ဟု သွ်မ္းသံေတာ္ဆင့္ သို့ေျပာသည္။

ယေန႔ ဗံုးေပါက္ကြဲမႈသည္ အလြန္က်ယ္ေလာင္ေသာ္လည္း မည္သည့္ေနရာတြင္ ေပါက္သည္ကို တိက်စြာမသိရွိရေပ။ ထို ဗံုးေပါက္ကြဲမႈႏွင့္ ပတ္သက္ၿပီး မူဆယ္ၿမိဳ႕ ရဲစခန္းကို သွ်မ္းသံေတာ္ဆင့္က ႀကိဳးစားဆက္သြယ္ေမးျမန္းေသာ္လည္း ျပန္လည္ ေျဖၾကားျခင္းမရွိေပ။ ယမန္ေန႔ည ၈ နာရီခြဲတြင္လည္း မူဆယ္ၿမိဳ႕အဝင္ တိုးဂိတ္တြင္ျပင္းထန္သည့္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္။ https://burmese.shannews.org/archives/16527

**************

၂၆။     ရခိုင္ေျမာက္ပိုင္းတြင္ အစိုးရႏွင့္ ကုလအဖြဲ႔မ်ား ပူးေပါင္းေဆာင္ရြက္ေရး သက္တမ္းတိုး

May 13, 2020

ေနရပ္စြန္႔ခြာသြားသူမ်ား ျပန္လည္လက္ခံေရးႏွင့္ေဒသတြင္း ဖြံ႔ၿဖိဳးေရးစီမံခ်က္မ်ားပူးေပါင္းေဆာင္ရြက္ရန္ အစိုးရႏွင့္ကုလသမဂၢ ဖြံ႔ၿဖိဳးမႈအစီအစဥ္ (UNDP) ႏွင့္ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီ (UNHCR) တို႔အၾကား တႏွစ္သက္တမ္းတိုး နားလည္မႈစာခြ်န္လႊာအား ေမလ ၁၁ ရက္ေန႔က ေနျပည္ေတာ္တြင္ လက္မွတ္ေရးထိုးခဲ့သည္။ နားလည္မႈစာခြ်န္လႊာအရ ျပန္ လည္လက္ခံေရးလုပ္ငန္းမ်ား အေထာက္အကူျပဳေရးႏွင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ေမာင္ေတာ၊ဘူးသီးေတာင္၊ ရေသ့ေတာင္ ၿမိဳ႕နယ္မ်ားတြင္ေျမျပင္ကြင္းဆင္းေလ့လာမႈမ်ားႏွင့္ ဖြံ႔ၿဖိဳးေရးစီမံခ်က္မ်ားကို ၂၀၂၀ ခုႏွစ္ ဇြန္လ ၆ ရက္ေန႔မွ ၂၀၂၁ ခုႏွစ္ ဇြန္လ ၅ ရက္ေန႔အထိ တႏွစ္တာ ဆက္လက္ ပူးေပါင္းေဆာင္ရြက္သြားမည္ ျဖစ္သည္။

ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္မွ ၂၀၂၀ ခုႏွစ္အထိ ႏွစ္ႏွစ္တာ ပူးေပါင္းေဆာင္ရြက္ခဲ့ရာတြင္လည္း ေျမျပင္ကြင္းဆင္းေလ့လာမႈ ၇ ႀကိမ္ႏွင့္ လက္ငင္းအက်ိဳးသက္ေရာက္ေစမည့္ လုပ္ငန္းစီမံကိန္း ၄၅ ခုအား အစိုးရကခြင့္ျပဳေပးခဲ့ၿပီး ေျပာင္းလဲလာသည့္ အေျခ အေနမ်ားအေပၚမူတည္ကာ ပိုမိုအက်ိဳးရွိမည့္ လုပ္ငန္းမ်ား ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန ဝန္ႀကီး ဦးသိန္းေဆြ က အဆိုပါအခမ္းအနားတြင္ ေျပာၾကားထားသည္။ လက္ရွိ တြင္ ေနရပ္စြန္႔ခြာသူမ်ား ျပန္လည္လက္ခံေရးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔အၾကား ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာ ၂၇ ရက္ေန႔တြင္ စတင္လက္မွတ္ေရးထိုးကာ ေဆာင္ရြက္လွ်က္ရွိေသာ္လည္း ယေန႔အထိ ႏွစ္ႏိုင္ငံ သေဘာတူညီ ခ်က္ျဖင့္ ျပန္လည္ဝင္ေရာက္သူမရွိေသးေၾကာင္း ေမာင္ေတာခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္က ေျပာသည္။

UNDP ႏွင့္ UNHCR တို႔က “ဒုကၡသည္မ်ား မိမိဆႏၵအေလ်ာက္ လံုၿခံဳစြာႏွင့္ဂုဏ္သိကၡာရွိစြာ ေနရပ္ျပန္ျခင္းအတြက္ ေသခ်ာ ေသာ အေျခအေနတရပ္ ျဖစ္ေပၚေစရန္ ဖန္တီးေပးျခင္းႏွင့္ ျမန္မာႏိုင္ငံတြင္း ေနထိုင္ဆဲလူမ်ား၏ လူ႔အခြင့္အေရးခံစားခြင့္မ်ား တိုးတက္လာေစရန္မွာ ျမန္မာႏိုင္ငံေတာ္အစိုးရ၏ တာဝန္ျဖစ္ၿပီး၊ ဤလုပ္ငန္းအတြက္ဆက္လက္ ကူညီပံ့ပိုးေပးသြားမည္”ဟု ဆိုသည္။ ၂၀၁၇ ခုႏွစ္တြင္ အာရကန္ ရိုဟင္ဂ်ာ ကယ္တင္ေရးတပ္မေတာ္(ARSA) က ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ျမန္မာ    လံုၿခံဳေရးစခန္းမ်ားအား အလံုးအရင္းႏွင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ တပ္မေတာ္က နယ္ေျမရွင္းလင္းမႈမ်ား ျပန္လည္ ျပဳလုပ္ရာတြင္ ဒုကၡသည္ ၇ သိန္းေက်ာ္ ေနရပ္စြန္႔ခြာခဲ့ရၿပီး ယင္ျဖစ္စဥ္မ်ားအတြင္း ရာဇဝတ္မႈက်ဴးလြန္ခဲ့သည့္ လံုၿခံဳးေရး တပ္ဖြဲ႕ဝင္မ်ားကိုလည္း ဥပေဒအရ အေရးယူႏိုင္ရန္ အစိုးရက ေဆာင္ရြက္လွ်က္ရွိသည္။ https://burma.irrawaddy.com /news/2020/05/13/222553.html

**************

၂၇။     အင္းခရမ္းခ်ဥ္သီး စိုက္ေတာင္သူ ကိုဗစ္-၁၉ ေၾကာင့္ အရံႈးမ်ားျဖင့္ ရင္ဆိုင္ေနရ

May 13, 2020

သွ်မ္းျပည္ေတာင္ပိုင္း ေညာင္ေရႊၿမိဳ႕နယ္အတြင္းရွိ ခရမ္းခ်ဥ္သီး စိုက္ေတာင္သူမ်ားသည္ ယခုႏွစ္ ကိုဗစ္ ကာလေၾကာင့္ အရံႈး မ်ားျဖင့္ ရင္ဆိုင္ေနရေၾကာင္း ေတာင္သူမ်ား ေျပာခ်က္အရသိရသည္။ ခရမ္းခ်ဥ္သီးစိုက္ေတာင္သူ အမ်ားစုသည္ ယခုႏွစ္တြင္ ခရမ္းခ်ဥ္သီး ေဈးအဆမတန္က်ေသာေၾကာင့္ ၿခံသမားမ်ား အရင္းမရၾကေၾကာင္း သိရသည္။

“လက္ရွိ အေျခေနက ဒီႏွစ္ေဈးဆိုရင္ တအားေပါလာတယ္။ ၿခံသမားေတြအရင္းမရျကဘူး။ ၿပီးခဲ့တဲ့ႏွစ္က ေဈးေကာင္းတယ္။ ဒီႏွစ္က လူတစ္ရာမွာဆို ၉၀ ေလာက္က အရံႈးျပတယ္”ဟု ေကေလာေက်းရြာေန ခရမ္းခ်ဥ္သီးၿခံပိုင္ရွင္ ဦးဝင္းႏိုင္ က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။ ယခုႏွစ္ ခရမ္းခ်ဥ္သီး ေဈးႏႈန္းမ်ားမွာ အေစာပိုင္း ကာလတြင္ တတင္း ( ပိႆာ ၃၀ ) လွ်င္ ၃၀ဝ၀ က်ပ္ႏွင့္ ၃၅၀ဝ က်ပ္ ၾကားသာရရွိၿပီး၊ရင္းႏွီးျမဳပ္ႏွံထားသည့္ အလုပ္သမားခသာ ရရွိေၾကာင္း၊ ေဆးဖိုး၊ ဓာတ္ေျမၾသဇာ ဖိုး မရေၾကာင္းလည္း ဦးဝင္းႏိုင္က ေျပာသည္။ သို႕ေသာ္ ယခု ရက္ပိုင္းအတြင္း ခရမ္းခ်ဥ္သီးေဈး ၁ တင္း က်ပ္ ၉၅၀ဝ တက္လာသျဖင့္ အျမတ္မရေသာ္လည္း အရင္း ျပန္ရရန္ ေမွ်ာ္လင့္ေနရေၾကာင္း ဦးဝင္းႏိုင္ ကေျပာသည္။

“အသီး တအားထြက္တဲ့ခ်ိန္က ေဈးကမရွိဘူး က်ေနာ္တို႔ တပန္းရံႈးတာေပါ့။ ခရမ္းခ်ဥ္သီး ထြက္ႀကိမ္မ်ားေလ အသီးေလွ်ာ့ ေလ။ ေဈးေကာင္းလာရင္လည္း အတင္းသိပ္မထြက္ေတာ့ဘူး။ အဲ့မွာပဲ က်ေနာ္တို႔က စရံႈးေနၿပီ”ဟု ၿခံပိုင္ရွင္ တဦးကလည္း ထပ္ေလာင္းေျပာသည္။ အင္းေလးကန္မွထြက္သည့္ ခရမ္းခ်ဥ္သီးသည္ ျမန္မာျပည္အနွံ႔ကို တင္ပို႔ေရာင္းခ်သည့္ ကုန္စိမ္းျဖစ္ ၿပီး ယခုႏွစ္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ လမ္းပန္း    ဆက္သြယ္ေရး ခက္ခဲမႈ၊ ကုန္စည္ကားမ်ား ေျပးဆြဲမႈ ရွားပါးလာသျဖင့္ အရံႈးေပၚမႈ ျဖစ္ပြားခဲ့သည္။ https://burmese.shannews.org/archives/16537

*************

၂၈။     စားေသာက္ဆိုင္အမည္ခံၿပီး လိင္ေဖ်ာ္ေျဖေရးလုပ္ငန္းလုပ္ေဆာင္သည့္အိမ္အား ရဲတပ္ဖြဲ႔မ်ား ဝင္ေရာက္ဖမ္းဆီး

May 14, 2020

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ အမွတ္ ၄ ရပ္ကြက္ ၾကခတ္ေတာကုန္းဆင္း ဘုရင့္ေနာင္လမ္းမႀကီးနံေဘးတြင္ စားေသာက္ဆုိင္ အမည္ခံၿပီး လိင္ေဖ်ာ္ေျဖေရးလုပ္ငန္း လုပ္ေဆာင္ေနသည့္ေနအိမ္အား ယမန္ေန႔ (ေမလ ၁၃ ရက္ေန႔ ည ၁၀ နာရီခန္႔က ျပည္ သူမွ အသြင္ယူ သတင္းေပးတိုင္ၾကားမႈေၾကာင့္ ရဲတပ္ဖြဲ႔ဝင္မ်ားက ဝင္ေရာက္ရွာေဖြဖမ္းဆီးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Covid-19 အေရးေပၚကာလတြင္ အျခားေသာ သာမန္စားေသာက္ဆိုင္မ်ား ပိတ္ထားေသာ္လည္း လူသြား လူလာ မ်ားေသာ လမ္းမႀကီးနံေဘးရွိ အဆုိပါ ျပည့္တန္ဆာ႐ုံ မပိတ္ဘဲ ဖြင့္ထားေၾကာင္းသိရွိရ၍ တာဝန္သိျပည္သူမ်ား အေနျဖင့္ ယခုလို အသြင္ ယူၿပီး သက္ဆိုင္ရာသို႔ ကိုယ္တိုင္သြားေရာက္ တိုင္ၾကားရျခင္းျဖစ္သည္ဟု ျမဝတီၿမိဳ႕ အမွတ္ ၄ ရပ္ကြက္တြင္ ေနထိုင္သူ ကိုထြန္းထြန္းက ေျပာသည္။ “ဒီျပည့္တန္ဆာရံု ဖြင့္ထားတဲ့သတင္း ရရွိတဲ့အတြက္ ေမလ ၁၃ ရက္ေန႔ ည ၈ နာရီခြဲအခ်ိန္ ေလာက္မွာ ကိုရဲမင္း (AACအဖဲြ႔ဝင္) အပါအဝင္ က်ေနာ္တို႔ ၅ ေယာက္အဖြဲ႔ထဲမွ ၂ ေယာက္က အဲ့ဒီရံုထဲဝင္သြားၿပီး အသြင္ယူ ကာ ဆက္ရွင္ေၾကး တစ္ဦးကုိ ၁၅,၀၀၀ စီ ေပးေခ်ၿပီး အေျခအေနအား စံုစမ္းခဲ့ပါတယ္။ အတြင္းဘက္က ျပည့္တန္ ဆာဖမ္းဆီး ေရး ဥပေဒလုပ္ထံုးလုပ္နည္းႏွင့္အညီ သက္ေသအခိုင္အမာယူၿပီး ည ၉ နာရီအခ်ိန္ခန္႔မွာ အမွတ္ ၄ ရပ္ကြက္ရံုးသို႔ သြား ေရာက္ၿပီး အုပ္ခ်ဳပ္ေရးမႉးထံ သတင္းေပးတိုင္ၾကားခဲ့ပါတယ္။”ဟု ကိုထြန္းထြန္းက ေျပာသည္။

ျမဝတီၿမိဳ႕မရဲစခန္းမွ နယ္ထိန္းအရာရွိ ဒုရဲအုပ္ မင္းမင္းထြန္း၊ အပိုင္နယ္ထိန္း ရဲတပ္ၾကပ္ထြန္းမင္းလတ္အပါအဝင္ ရဲတပ္ဖြဲ႔ဝင္ မ်ားႏွင့္ရပ္ကြက္အုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားက အဆိုပါ အမွတ္ ၄ ရပ္ကြက္ ဘုရင္ေနာင္လမ္းမႀကီးတြင္ ဇာနည္စားေသာက္ ဆိုင္ အမည္ခံၿပီး လိင္ေဖ်ာ္ေျဖေရး လုပ္ငန္းလုပ္ေဆာင္ေနေသာ ေနအိမ္အား ဝင္ေရာက္ရွာေဖြခဲ့ရာ ဆိုင္အတြင္း၌ လိင္ေဖ်ာ္ ေျဖေရးလုပ္ငန္း လုပ္ကိုင္ရန္အလို႔ငွာ အခန္းငယ္မ်ားဖြဲ႔ၿပီး ေခါင္းအံုးႏွင့္ အိပ္ယာခင္းမ်ားထားရွိျခင္းတုိ႔ကို ေတြ႔ရွိရသည့္အတြက္ အမ်ိဳးသား ၁ ဦးႏွင့္ အမ်ိဳးသမီး ၃ ဦးအား ျမဝတီၿမိဳ႕မရဲစခန္းသို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။

ထို႔ေနာက္ ဘုရင့္ေနာင္လမ္းမႀကီးနံေဘး အမွတ္ ၄ ရပ္ကြက္ ျမဝတီၿမိဳ႕တြင္ လိင္ေဖ်ာ္ေျဖေရးလုပ္ငန္းကို ေနအိမ္၌ဖြင့္၍ လုပ္ငန္းအား စီမံခန္႔ခြဲလုပ္ကိုင္သူ အမ်ုိးသားအား (ပ) ၃၇၉/၂၀၂၀ ျပည့္တန္ဆာအက္ ၅ (၁)ျဖင့္ လည္းေကာင္း၊ လိင္ေဖ်ာ္ေျဖ ေရးလုပ္ငန္းလုပ္ကိုင္ရန္ေရာက္ရွိေနေသာ အမ်ဳိးသမီး ၃ ဦးအား (ပ)၃၈၀/ ၂၀၂၀ ျပည့္တန္ဆာအက္ ၇(၁)ျဖင့္လည္းေကာင္း ျမဝတီၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။ http://kicnews.org/2020/05/%e1%80%85%e1%80 %ac%e1%80%b8%e1%80%b1%e1%80%9e%e1%80

**************

 

မွတ္ခ်က္။        သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

 

 

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 26, May 15, 2020)

၁။        တပ်မတော် အပစ်ရပ်ကြေညာချက်သည် မှန်ကန်သည့်သဘောထားမဟုတ်ဟု KNU Concerned Group ပြော

၂။         ပုဒ်မ ၁၇(၁) ကြောင့် ကိုဗစ်အရေး အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်မပြေဟု KIA ပြော

၃။        KNU/KNLA (PC) ဥက္ကဋ္ဌ နေရာကို မေလကုန်ပိုင်းတွင် ရွေးချယ်မည်

၄။        ရခိုင်စစ်ပွဲမှာ တပ်မတော်ဘက် ဒေါ်အောင်ဆန်းစုကြည် ယိမ်းဟု တိုင်းရင်းသားအချို့ ဝေဖန်

၅။        တပ်မတော် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက် မဟာမိတ် ၃ ဖွဲ့ ဝေဖန်

၆။        ကိုဗစ်-၁၉ ကာလ အတွင်း လားရှိုးမြို့နယ်တွင် အစိုးရတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု များပြုနေ

၇။        စစ်ရေယာဉ်ပေါ် ညှဉ်းပန်းနှိပ်စက်သည့် တပ်မတော်သားများကို အရေးယူမည်

၈။        အွန်လိုင်းပညာရေးစနစ်အတွက် ကချင်ပြည်နယ်တွင် အင်တာနက်မရနိုင်သည့် မြို့နယ် ၇ ခုရှိ

၉။        ပြည်သူ့လိုအပ်ချက်များအတွက် လှူဒါန်းမှုများပြုလုပ်သွားရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ စီစဉ်

၁၀။      ပလက်ဝ စစ်ရှောင်များအတွက် မိုးမတိုင်မီ ရိက္ခာပေးပို့ရန် ပြည်နယ်အစိုးရ စီစဉ်

၁၁။      ဘူးသီးတောင်မှာ မိုင်းပေါက်ကွဲ၊ ကလေး နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

၁၂။      မြဝတီမြို့တွင် BGF တပ်ဖွဲ့ ဗိုလ်မှူးဟောင်းတစ်ဦး နေအိမ်အား သေနတ်သမားများက ချောင်းမြောင်း ပစ်ခတ်

၁၃။      RCSS/SSA အဖွဲ့ဝင် ၉ ဦး ထွက်ပြေး

၁၄။      AA အဖွဲ့အကြောင်း သတင်းရေးသူတွေကို ခြိမ်းခြောက်တာတွေ ရပ်တန့်ဖို့ CPJ အဖွဲ့တောင်းဆို

၁၅။      မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ရှိ

၁၆။      ကျောက်တော်က မွတ်ဆလင်ရွာထဲ လက်နက်ကြီးကျကွဲ ၅ ဦး ဒဏ်ရာရ

၁၇။      မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်တွင် နယ်စပ်များ ပိတ်ထားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း များ                           ကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေ

၁၈။      ကျိုက်မရောမြို့နယ်တွင် လူစုလူဝေးဖြင့် ဘုရားထီးတော်ပင့်ဆောင်ရန် ဦးဆောင်သူ ပြည်ခိုင်ဖြိုးပါတီဝင် ထောင်ဒဏ် ၉ လ                      ချမှတ်ခံရ

၁၉။      တနိုင်ငံလုံးအပစ်ရပ်ရေး ဖိအားပေးဖို့ အမေရိကန်ကို အရပ်ဘက်အဖွဲ့တွေတိုက်တွန်း

၂၀။      ဖရူဆိုမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်၊ စာသင်ကျောင်းဆောင် ပျက်စီး

၂၁။      လွိုင်ကော်မြို့နယ်တွင် အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရပြီး  သေဆုံး

၂၂။       အင်းထဲ ကျန်းမာရေး စောင့်ရှောက်မှု ယခုထိ အားနည်းနေဆဲ

၂၃။      ဒေါ်လာအင်း မကြုံစဖူးရေခန်းခြောက်မှုနှင့်ကြုံရပြီး ငါးအမြောက်အမြားသေဆုံးမှုဖြစ်ပေါ်

၂၄။      စစ်တပ်လမ်းပိတ်ဆို့မှု ရခိုင်စစ်ရှောင်စခန်း ရိက္ခာပြတ်

၂၅။      မူဆယ်မြို့ နှစ်ည ဆက်တိုက် ပေါက်ကွဲမှု ဖြစ်

၂၆။      ရခိုင်မြောက်ပိုင်းတွင် အစိုးရနှင့် ကုလအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး သက်တမ်းတိုး

၂၇။      အင်းခရမ်းချဉ်သီး စိုက်တောင်သူ ကိုဗစ်-၁၉ ကြောင့် အရှုံးများဖြင့် ရင်ဆိုင်နေရ

၂၈။      စားသောက်ဆိုင်အမည်ခံပြီး လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်ဆောင်သည့်အိမ်အား ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီး

***************

 

၁။        တပ်မတော် အပစ်ရပ်ကြေညာချက်သည် မှန်ကန်သည့်သဘောထားမဟုတ်ဟု KNU Concerned Group ပြော

May 12, 2020

မေလ ၉ ရက်နေ့က ထုတ်ပြန်ထားသည့် မြန်မာ့တပ်မတော်၏ ၃ လကျော်ကြာ အပစ်ရပ်ကြေညာချက်သည် အမှန်တကယ် ငြိမ်းချမ်းရေး လိုလားခြင်းကြောင့် မဟုတ်ကြောင်း KNU Concerned Group က ယနေ့ (မေလ ၁၂ ရက်)တွင် သဘောထား ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။ တပ်မတော်၏ အပစ်ရပ် ထုတ်ပြန်ချက်သည် အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအပေါ် ထိန်းချုပ်ထားနိုင်ရေးနှင့် လက်ရှိတိုက်ပွဲဖြစ်နေဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအပေါ် စစ်ဆင် ချေမှုန်းရေးအတွက် နည်းပရိယာယ်တစ်ခုသာဖြစ်သည်ဟု ၎င်းအဖွဲ့က ဆိုသည်။

အဖွဲ့၏ ပြောခွင့်ရ ယခင် KNU ဒု-ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်က “အရင်က သူတို့(စစ်တပ်)ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ တစ် ဖက်မှာ အပစ်ရပ်ထားပြီး ကျန်တစ်ဖက်ကို ထိုးစစ်ဆင်တာမျိုးပေါ့။ နေရာဒေသအသီးသီးကို အပစ်ရပ်ပေမဲ့ အထူးသဖြင့် ရခိုင် လိုဒေသမျိုးမှာ AA အပေါ် အပစ်မရပ်ဘူးဆိုတာက တစ်ဖက်ကအင်အားကိုပြန်ယူပြီး ကျန်တစ်ဖက်ကိုအပြီးသတ်ချေမှုန်း ဖို့ဆို တဲ့ ပုံစံမျိုး ရှင်းရှင်းလင်းလင်းပေါ်လွင်နေပါတယ်။ ဒါကြောင့် ဒီလိုထုတ်ပြန်ချက်မျိုးက စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အမှန် တကယ် သွားလိုတဲ့ ဆန္ဒမရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။ “တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ဒီမိုကရေစီဆိုတာက အားလုံးပါဝင်ရေးပါပဲ။ အဓိကက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းဖို့လို တယ်။ ဒါကြောင့် NCA အပစ်ရပ်ထိုးတဲ့ ဒေသတွေမှာပဲ အပစ်ရပ်တာမျိုး မဟုတ်ဘဲ လက်ရှိတိုက်ပွဲဖြစ်တဲ့ ဒေသမှာလည်း အပစ်ရပ်ဖို့ အစိုးရက ညွှန်ကြားမှုပေးရမှာဖြစ်သလို စစ်တပ်ကလည်း အပစ်ရပ်ရမှာဖြစ်တယ်။ အကုန်အပစ်ရပ်နိုင်မှပဲ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ပေါ်ထွက်လာ မှာဖြစ်တယ်” ဟု ပဒိုနော်စီဖိုးရာစိန်က ဆက်ပြောသည်။

“အဓိက ပြဿနာက ကျနော်တို့ ဒီက အပစ်မရပ်နိုင်သေးတဲ့ အဖွဲ့နဲ့ အပစ်ရပ်ဖို့လိုတယ်။ ဒါပေမဲ့ တပ်မတော်က AA (ရက္ခိုင့် တပ်တော်)ကို အကြမ်းဖက်အဖွဲ့ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အနေနဲ့ သဘောမထားနိ်ုင်တဲ့ အခြေအနေဖြစ်တဲ့ အခါကျတော့ ဒီပြဿနာက ဖြေရှင်းဖို့က အတော်ခက်နေတယ်။ အဲ့တော့ AA မပါဘူးဆိုတော့လည်း AA ရဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ KIA အစရှိသည်ပေါ့၊ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရမလားဆိုတော့လည်း ရဖို့ကတော့ အခက်အခဲတွေရှိပါ တယ်။ တကယ်တမ်း အခုဖြစ်ဖို့ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် တိုက်နေတဲ့ အဖွဲ့အားလုံးပါ တဲ့ ဒီစားပွဲဝိုင်းဆွေးနွေးပွဲတစ်ခု လိုအပ်တာပေါ့” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် လတ်တလော ကပ်ရောဂါ ဖြစ်ပွားမှုအပေါ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကျန်းမာရေးစစ်ဆေးမှု ဂိတ်များကို တပ်မတော်မှ တားဆီးနှောင့်ယှက်မှုများ၊ မီးရှို့ဖျက်ဆီး နေမှုများသည်လည်း လက်ရှိ ရောဂါကာကွယ်ထိန်းချုပ်ရေးထက် တိုင်းရင်းသား နယ်မြေဒေသများအပေါ် နယ်မြေစိုးမိုးရေး ဦးတည်ဆောင်ရွက်မှုများသာဖြစ်ကြောင်းလည်း KNU Concerned Group ၏ သဘောထားထုတ်ပြန် ချက်က ဆိုသည်။ KNU Concerned Group သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် ယခင်ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ဟောင်း ပဒိုနော်စီဖိုး ရာစိန် ဦးဆောင်ဖွဲ့စည်း၍ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များ၊ ရပ်တည်ချက်များကို အလျင်းသင့်သလို သဘောထား ထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ http://kicnews.org/2020/05/%e1%80%90%e1%80  %95%e1%80%b9%e1%80%99%e1%80%b1%e1%80

**************

၂။         ပုဒ်မ ၁၇(၁) ကြောင့် ကိုဗစ်အရေး အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်မပြေဟု KIA ပြော

14 May, 2020

အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအရေးအတွက် ပူးပေါင်းဆောင်ရွက် ရန် ဆွေးနွေးသော်လည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)ကြောင့် မြေပြင်တွင် လက်တွေ့လက်တွဲ လုပ်ဆောင်ရန် အဆင်ပြေမည် မဟုတ်ဟု KIA ဘက်မှ ပြောသည်။ ဗိုလ်မှူးကြီး နော်ဘူက “လက်တေတွ့မှာတော့ အခက်အခဲတွေ အများကြီးရှိမှာပါ။ ဥပမာ ကျနော်တို့ ဆက်သွယ်ရင် သွားသွားလာလာ ကိစ္စတွေက အခက်အခဲတွေ ရှိမှာ။ ပြောမယ်ဆိုရင် ၁၇ (၁) ကိစ္စက ရှိမှာပါ။ ကျနော်တို့ စိုးရိမ်တာပါ။ မူအားဖြင့်ကတော့ ပူးပေါင်းလို့ရတယ်။ လက်တွေ့ပိုင်း ကတော့ အခက်အခဲအများ ကြီးရှိမှာပါ”ဟု ပြောသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဘက်မှ ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်း ၊ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ အေးသိန်းနှင့် အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များက KIA ၏ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီမှ ဥက္ကဌ ဦးဆွတ်လွတ်ဂမ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်တို့သည် မေလ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲ၌ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် ၊ ကက်သလစ်အသင်းတော်မှ ဆရာတော်ကြီး ဖရန်စစ် ဒေါ့တန်နှင့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှလည်း ပါဝင်ကြသော်လည်း တပ်မတော်၏ ကချင်ပြည်နယ် အခြေ စိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်မှ ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိပါ။

မေ ၁၃ ရက် တွေ့ဆုံပွဲတွင် KIA နယ်မြေတွင်း ရောဂါခြေချုပ်နေသူများအတွက် စားသောက်ရေးပိုင်းတွင် အဆင်ပြေစေရန် ကျပ် ၅၇ သိန်းကို NRPC ၏ လမ်းညွှန်ချက်အရ ကချင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပေးခြင်း၊ မိုင်ဆပ်ပါ ကျေးရွာသို့ လိုက်ပါလာသည့် ကချင်ပြည်နယ်၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ပေးခြင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက် ၍ ဆောင်ရန်၊ ရှောင်ရန်များ ပြောပြပြီး လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများလည်း ပေးခဲ့ကြောင်းသိရသည်။ ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က “သူတို့နယ်မြေထဲမှာ Quarantine လုပ်ထားတဲ့ ၇၈ ယောက် အတွက် ၂၁ ရက်စာ သွားပြီး ထောက်ပံ့ပေးတယ်။ တဦးကို ၃၅၀ဝ ကျပ်နှုန်းနဲ့ ၂၁ ရက်စာပါ။ ငွေသားနဲ့ ပေးခဲ့တာပါ” ဟု ပြောသည်။ KIA နယ်မြေ အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသည်ဟု သံသယလူနာ ရှိလာပါက အစိုးရဘက်မှ ဆေးစစ်ပေးရန် စီစဉ်ခြင်းများ ရှိ၊ မရှိ မှာလည်း အသေးစိတ် မသိရှိသေးကြောင်း ၎င်းက ရှင်းပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကုသရေး ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ရန် အကြမ်းဖက်အုပ်စုဟု သတ်မှတ်ထားသည့် အဖွဲ့များ လှုပ်ရှားရာဒေသများမှလွဲ၍ ကျန်နယ်မြေများကို မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ အပစ်ရပ်ဆိုင်းကြောင်း ကြေညာထားသည်။ KIO ဗဟိုကော်မတီကလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် စစ်ရေးကို အဓိက မထားဘဲ ကပ်ရောဂါ ကာကွယ်နှိမ်နင်းရေးကို ဦးစားပေးဆောင်ရွက်မည်ဟုလည်းကောင်း၊ ကာကွယ်ရေး ကုသရေးများတွင်လည်း အစိုးရနှင့် အတူတကွ လက်တွဲဆောင်ရွက်မည်ဟု လည်းကောင်း မေ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။ https://burma.irrawaddy.com/news/2020/05/14/222631.html

**************

၃။        KNU/KNLA (PC) ဥက္ကဋ္ဌ နေရာကို မေလကုန်ပိုင်းတွင် ရွေးချယ်မည်

May 12, 2020

ကရင်ငြိမ်းချမ်းရေးကောင်စီ -KNU/KNLA (PC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဌေးမောင် မေလ ၃ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး နောက်အဖွဲ့၏ ဥက္ကဋ္ဌနေရာကို ယခုမေလကုန်ပိုင်းတွင် ဗဟိုအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက်အရ ရွေးချယ်သွားမည် ဟု တာဝန်ရှိသူထံမှ သိရသည်။

ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောထော့လေးအား အဖွဲ့၏လုပ်ထုံးလုပ်နည်းအရ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ယခု မေလ နောက်ဆုံးပိုင်းတွင် ဗဟိုကော်မတီအစည်းအဝေးခေါ်ကာ အဖွဲ့၏ ဥက္ကဋ္ဌ ရာထူးနေရာကို အများသဘောတူ ဆုံးဖြတ် ချက်အရ ရွေးချယ်သွားမည်ဟု KNU/KNLA(PC) တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က ယနေ့(မေလ ၁၂ ရက်)တွင် ကေအိုင်စီသို့ပြောသည်။ ၎င်းက “ပြန်လည်ရွေးကောက်တင်မြောက်ဖို့ဆိုတာက မိခင် KNU (ကရင်အမျိုးသား အစည်း အရုံး)ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူဝါဒ အတိုင်းပါပဲ။ ဒါပေမယ့် မူဝါဒအားလုံးတော့ မလုပ်နိုင်သေးဘူးပေါ့လေ။ ကိုယ့် အဖွဲ့ရဲ့အခြေအနေ ပကတိ အနေအထား ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအပေါ်မှာ လုပ်ဆောင်သွားမယ်။ မေလကုန် ခါနီးမှ ဥက္ကဋ္ဌ ပြန်ရွေးဖြစ်မယ်။ ဗဟိုကော်မတီအစည်းအဝေးခေါ်ပြီး အားလုံးသဘောတူဆုံးဖြတ်ချက်နဲ့ လုပ်သွားမယ်” ဟု ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့်အတူ လက်မှတ်ရေးထိုးထားပြီး ဖက်ဒရယ်တည်ဆောက်ရေး မူဝါဒ လမ်းစဉ်များတွင် KNU အဖွဲ့၏ ဦးဆောင်မှုအနေဖြင့် ၎င်းတို့ ပူးပေါင်းဆောက်ရွက်လျက်ရှိသည်ဟု တာဝန်ရှိသူများထံမှ သိရ သည်။ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကော်မတီ JMC-S အရပ်သားကိုယ်စားလှယ် နန်းမြင့်တင် က “ စစ်ဘက်ဆိုင်ရာရော၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာရော၊ ကရင်အမျိုးသားအရေးဆိုင်ရာမှာရော နားလည် ထားတဲ့ ခေါင်းဆောင်မျိုးဆို ပူးပေါင်းဆောင်ရွက်ရတာ အဆင်ပြေတယ်။ NCA က ဆိုးစေ၊ ကောင်းစေ ပြောဆို လို့ရတဲ့နေရာ တစ်ခုရှိတဲ့အပေါ်မှာ အရေးအရာတစ်ခုကို ဆွေးနွေးကြတဲ့အခါ ကရင်အဖွဲ့တွေအချင်းချင်း တိုင်ပင်ဆွေးနွေးကြ တဲ့ အစဉ် အလာ ကောင်းတွေ ရှိစေချင်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

KNU/KNLA(PC) အဖွဲ့သည် ကွယ်လွန်သူ အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်ဦးဆောင်ကာ ၂၀ဝ၇ ခုနှစ်တွင် KNU အဖွဲ့အ စည်းမှ ခွဲထွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ နော်တယာမြို့ ထို့ကော်ကိုးတွင် အဖွဲ့၏ ဌာနချုပ်အဖြစ် ထားရှိသည်။ http://kicnews.org/2020/05/knu-knla-pc-%e1%80%a5%e1%80%80%e1%81%a0%e1%82%92

**************

၄။        ရခိုင်စစ်ပွဲမှာ တပ်မတော်ဘက် ဒေါ်အောင်ဆန်းစုကြည် ယိမ်းဟု တိုင်းရင်းသားအချို့ ဝေဖန်

May 14, 2020

ရခိုင်ပြည်နယ်တွင်းက လက်နက်ကိုင် ပဋိပက္ခကြားတွင် ထိခိုက်သေဆုံးနေသည့် အရပ်သားများဘက်မှ ရပ်တည်မှုမရှိဘဲ တပ်မတော်ဘက်သို့ ဘက်လိုက်နေသဖြင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်မှု ကျဆင်းသွားပြီ ဟု KNU Concerned Group က ပြောသည်။ KNU Concerned Group မှာ အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသော ကရင်အမျိုးသားအစည်းအရုံး KNU မဟုတ်ပါ။

KNU Concerned Group ၏ အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ရခိုင်ပြည်နယ်တွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခတွင် တပ်မတော်ဘက်မှ အရပ်သားများကို မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်း၊ နှိပ်စက်ခြင်း၊ သေဆုံးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးခြင်းများအပေါ် နှုတ်ဆိတ်နေ ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရခြင်းဖြစ်သည်ဟု ပြောသည်။ ပဒိုနော်စီဖိုးရာစိန်က “သူ အာဏာရ အစိုးရ ဖြစ်လာတော့ ကျမတို့ ပိုပြီးတော့ သူ့ကို ယုံကြည်မှုကျဆင်းလာတယ်။ သူက တပ်မတော်ကို ပိုပြီး ကာကွယ်နေတယ်။ ကျမတို့ မြင်တယ်။ သိတယ်။ လူထုတွေ ခံစားနေရတာတွေ ပြောသင့်ပြောထိုက်တာတွေကို သူမပြောဘူး” ဟု ဆိုသည်။

AA ၏ မဟာမိတ်ဖြစ်သည့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကလည်း ရခိုင်ပဋိပက္ခတွင် အရပ်သားများ အထိနာနေသည့်အပေါ် အစိုးရဘက်မှ တာဝန်ယူပေးရန် လိုအပ်သည်ဟု ပြောသည်။ “အစိုးရက တစုံတရာ ဝင်ပြီး ဟန့်တားတာ ညှိနိငင်းပေးတာ ဘာမှမရှိဘူး။ လူထု ဒုက္ခ ရောက် နေတာ အစိုးရမှာ တာဝန်ရှိတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုမပြေလည်လို့ တိုက်ပွဲဖြစ်တာက တကဏ္ဍပါ။ လူထု ဒုက္ခရောက်နေ တာကတော့ အစိုးရက ဖြေရှင်းပေးဖို့လိုပါတယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှ AA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် ပဏာမ အပစ်ရပ် စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေး ညှိနှိုင်းနေမှုသည်လည်း ပြေလည်ခြင်း မရှိ သေးပါ။ https://burma.irrawaddy.com/news/2020/05/14/222615.html

*************

၅။        တပ်မတော် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက် မဟာမိတ် ၃ ဖွဲ့ ဝေဖန်

May 12, 2020

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ) တွင် ရင်ဆိုင်နေရသည့် နိုင်ငံတကာ ဖိအားများကိုလျှော့ချရန် ဟန်ပြထုတ်ခြင်းသာဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ဝေဖန် ပြောဆိုသည်။ ညီနောင် မဟာမိတ် ၃ ဖွဲ့၏ အဖွဲ့ဝင် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က “သူတို့က နိုင်ငံတကာ ဖိအားလျှော့အောင်လုပ်တာလို့ပဲ မြင်ပါတယ်။ ဟန်ပြ ထုတ်တယ် လို့မြင်တယ်။ ကုလသမဂ္ဂက တိုက်တွန်းထားတာလည်းရှိတယ်။ ပြီးရင် ရခိုင်ဘက်မှာ လူ့အခွင့်အရေးချိုးဖောက်မှု တော်တော် များများကို လုပ်တယ်။ ဖိအားတွေ လျော့နည်းအောင် အခုလို ထုတ်တာလို့ပဲ မြင်ပါတယ်”ဟု ပြောသည်။

တပ်မတော် အနေဖြင့် COVID-19 အတွက် ကူညီရန် အပစ်ရပ်ဆိုင်းပေးပါသည်ဟု ပြောဆိုသော်လည် ၎င်းတို့လှုပ ရှားသည့် နယ်မြေအတွင်းမှ ဒေသခံများထံသို့ လာရောက်ကူညီပေးခြင်းများ တစုံတရာမရှိသေးပါဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြော သည်။ ထို့ပြင် အပစ်ရပ်ဆိုင်းသည့်ထဲတွင် တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားနေသည့် ၎င်းတို့၏ မဟာမိတ် ရက္ခုင်စစ်တပ် (AA) လှုပ်ရှားရာ ဒေသများကို ချန်လှပ်ထားခဲ့ခြင်းကလည်း အမှန်တကယ် အပစ်ရပ်ဆိုင်းလိုခြင်းမရှိကြောင်းကို ပြသနေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့က မေ ၁၀ ရက်ကလည်း တပ်မတော်၏ အပစ်ရပ်စဲကြောင်း ကြေညာချက် အပေါ် ဝေဖန်သည့် ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်တွင်း တပ်မတော်က လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ဟုသည့် စွပ်စွဲ ချက်များဖြင့် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုကြောင့် ICJ တွင် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။ ထိုထဲတွင် တပ်မတော် ဘက်မှ အပစ်ရပ်သည်ဟု ကြေညာသော်လည်း MNDAA လှုပ်ရှားရာ ကိုးကန့်ဒေသတွင် စစ်ရေးတင်း မာမှုများနှင့် တိုက်ပွဲများ ရှိနေဆဲ ဖြစ်ကြောင်း၊ AA လှုပ်ရှားရာ ဒေသများကို ချန်လှပ်ထားခဲ့သည့်အပေါ်တွင် ထောက်ပြ ဝေဖန်ချက်များလည်း ထည့် သွင်း ရေးသားထားသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “ကျနော်တို့ ရှောင်နေလို့ တိုက်ပွဲက မဖြစ်တာ။ မဟုတ်ရင် နေရာတကာမှာ ဖြစ်နိုင်တဲ့ အနေအထား ရှိတယ်။ သူတို့နဲ့က မိုင်အားဖြင့် ၄ မိုင်၊ ၅ မိုင်ကနေ ၁၀ မိုင် ဝန်းကျင်ကို ပတ်ပတ်လည် လှုပ်ရှားမှုတွေ ရှိနေတာ။ ရွာ တွေမှာ လည်း ဝင်နေတာ ရှိတယ်။ နည်းနည်း ထပ်လှုပ်ရှားလိုက်တာနဲ့ တိုက်ပွဲ အမြဲတမ်း ဖြစ်မယ့် နေရာတွေပဲ ဖြစ်ပါတယ်”ဟု ပြော သည်။ https://burma.irrawaddy.com/news/2020/05/12/222470.html

*************

၆။        ကိုဗစ်-၁၉ ကာလ အတွင်း လားရှိုးမြို့နယ်တွင် အစိုးရတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု များပြုနေ

May 12, 2020

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း မြန်မာ့တပ်မတော်သည် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်သည့် ကာလအတွင်း စစ်အင်းအားတိုးချဲ့မှုများပြုလုပ်ကာ ရွားသားများကိုအတင်းအဓမ္မခိုင်းစေမှုများပြုလုပ်နေကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် က ထုတ်ပြန်ထားသည်။

မေ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်သော SHRF ၏ အဆိုပါကြေငြာချက်သည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း အစိုးရ တပ်များ လားရှှိုးမြို့နယ်အတွင်း စစ်ရေး အရှိန်မြင့်ခြင်း၊ လယ်သမားများအား ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း နှင့် ရွာသားများ အား အတင်းအဓမ္မ ခိုင်းစေခြင်းတို့ပြုလုပ်နေသည်ဟု ရေးသားထားသည်။ ဧပြီ ၂၄ ရက် က အစိုးရတပ်မ ၉၉ မှ တပ်သား များ သည် လားရှိုးမြို့နယ် ဝမ်ဟိုဆေ ကျေးရွာသား တဦးသည် နွားကျောင်းပြန်လာသည်ကို ဖမ်းဆီး ရိုက်နှက်ကာ ပစ်သတ်လိုက်ကြောင်း သိရသည်။ တပ်မတော် မှ သေနတ်ပစ်သတ်ခံရသည့် အသက် ၂၇ နှစ် အရွယ် အဆိုပါ အမျိုးသားကို ဧပြီ ၂၆ ရက် မှ မိသားစုဝင်များက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း SHRF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့ပြင် လားရှိုးမြို့ နယ် မိုင်းကျက် ကျေးရွာအုပ်စုနေ ရွာသားများကိုလည်း မြန်မာ့တပ်မတော်က ဧပြီလက လုပ်အား စေခိုင်းခြင်း တို့ကို ပြုလုပ် သေးကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ ကျနော်တို့ အနေနဲ့က ဒီလို ကာလမှာ မြန်မာ့တပ်မတော်အနေနဲ့ ဒေသခံ ပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အတင်းအဓမ္မစေခိုင်းတာ၊ သတ်ဖြတ်တာတွေကို ရှုံ့ချပါတယ်။ ဒါက မဖြစ်သင့်တဲ့အရာပါ” ဟု SHRF ၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့် သို့ပြောသည်။ သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အနေဖြင့် အစိုးရစစ်တပ်၏ အပြစ်မဲ့ ပြည်သူ များအား ဆက်တိုက် နှိပ်စက် ညှင်းပန်းခြင်း၊ တရားမဲ့ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မစေခိုင်းမှုကို ရှုတ်ချကြောင်း၊ အထူးသဖြင့် လက်ရှိ ကိုဗစ်-၁၉ အချိန် စစ်တပ်မှ ကပ်ရောဂါအန္တရာယ်ကို ကာကွယ်ထောက်ပံ့ကူညီပေးသင့်ကြောင်းလည်း ဝေဖန်ထောက် ပြလိုက်သည်။ https://burmese.shannews.org/archives/16520

**************

၇။        စစ်ရေယာဉ်ပေါ် ညှဉ်းပန်းနှိပ်စက်သည့် တပ်မတော်သားများကို အရေးယူမည်

May 12, 2020

လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့နေသော လူငါးဦးကို ရိုက်နှက်စစ်ဆေးနေသည့် ဗီဒီယိုဖိုင်ပါ တပ်မတော်သားများကို စစ်စည်းကမ်းဥပဒေနှင့်အညီ အရေးယူသွားမည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမကို ပြောသည်။ ” ပုဏ္ဏကျွန်း ကျောက်ဆိပ်ကျေးရွာမှာ အေအေ နဲ့ ပါတ်သက်တဲ့ လူငါးဦးဖမ်းဆီးခဲ့တယ်။ သူတို့ကို စစ်ဆေးမေးမြန်းခဲ့တယ်။ စစ်ဆေးမေးမြန်းပြီးတော့ ဒီလူတွေကို တရားစွဲတင်နိုင်ရေးအတွက် စစ်တွေ ရဲစခန်းကို ပို့ဖို့ ဆောင်ရွက်တယ်။ စစ်တွေကို ပို့တဲ့အခါမှာ စစ်ရေယာဉ်နဲ့ပို့ခဲ့တယ်။ အဲ့ဗီဒီယိုဖိုင်မှာ တွေ့ရတာကတော့ စစ်ရေယာဉ်မှာ အစောင့်လိုက်ပါသွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ကို တရားဥပဒေနဲ့မညီတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါ တယ်။ တရားဥပဒေနဲ့မညီတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းအရ အရေးယူသွားမှာ ဖြစ်ပါ တယ်။ အရေးယူနိုင်ဖို့ ဆောင်ရွက်ထားပြီးလည်းဖြစ်ပါတယ်။”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

အရေးယူခံရမည့် တပ်မတော်သားအရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် တပ်မတော်မှ ဧပြီလ ၂၁ ရက်နေ့တွင် AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်သည်ဟုဆိုကာ ဒေသခံ များကို ဖမ်းဆီးပြီး စစ်တွေမြို့မ ရဲစခန်းသို့ တပ်မတော်စစ်ရေယာဥနှင့် ပို့ဆောင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက် စစ်မေးနေသည့် ဗီဒီယိုဖိုင်တခု မေလဆန်းတွင် လူမှုကွန်ယက်ပေါ်ရောက်ရှိလာခြင်း ဖြစ်သည်။

“ဘယ်နှစ်ဦးရှိလဲဆိုတာတော့ မပြောနိုင်သေးဘူး။ အဲ့ဒီမှာ ပါသွားတဲ့ လုံခြုံရေးတပ်မတော်သားတွေ အကုန်ကိုတော့ ထိန်းသိမ်း ထားပြီးဖြစ်တယ်။ အကုန်လုံးကို ထိန်းသိမ်းထားပြီး အရေးယူရမယ့် သူကို ထပ်မံစစ်ဆေးနေတယ်။ စစ်စည်းကမ်းအရ အရေး ယူသွားမယ်။” ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ရခိုင်တပ် အေအေ နှင့် တပ်မတော်တို့ကြား တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်မှုများရှိကာ အရပ်သားသေဆုံးမှုများလည်း ရှိသည်။ http:/ /www.mizzimaburmese.com/article/69780

************

၈။        အွန်လိုင်းပညာရေးစနစ်အတွက် ကချင်ပြည်နယ်တွင် အင်တာနက်မရနိုင်သည့် မြို့နယ် ၇ ခုရှိ

May 13, 2020

ကချင်ပြည်နယ်ရှိ အခြေခံပညာ စာသင်ကျောင်းများတွင် စနစ်သစ်သင်ရိုးညွှန်းတမ်းကို အွန်လိုင်းစနစ်ဖြင့် သင်ကြားမည် ဆိုပါ က အင်တာနက်မရနိုင်သည့် မြို့နယ် ၇ ခု ရှိသည်ဟု သိရသည်။

အွန်လိုင်းစနစ်သင်ကြားနိုင်ရန်အတွက် အခြေခံပညာရေးဦးစီးဌာန(နေပြည်တော်)မှ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဆရာ/မ များအား မေလ ၁၁ ရက်နေ့မှစတင်ကာ စမ်းသပ်သင်ကြားနေပြီးဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ ပြည်နယ် ဒု ညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းဦး ပြောသည်။ “ခုလောလောဆယ်တော့ ဆရာမခြောက်ယောက်ကို အရင်ဆက်သွယ်ပြီးမှ လုပ်ကြည့်မှာပေါ့။ ဒီ ဆရာမ ခြောက်ယောက် အဆင်ပြေတယ်ဆိုရင်တော့ ဆရာမတွေအားလုံးက မှတ်ပုံတင်ရမယ်။ ခုလော လောဆယ်တော့ ၂ ရက်ဆက်တိုက် စမ်းသပ်နေပြီဖြစ်တယ်။ မနေ့ကထက်ဆိုရင် ဒီနေ့တော့ အဆင်ပြေတယ်။ ဒါပေမယ့် ကချင်ပြည်နယ်မှာ တစ်ကမ်းတမ်း ဒီစနစ်သစ် သင်ရိုးညွှန်းတမ်းကို သင်ကြားမယ်ဆိုရင် အင်တာနက်မရတဲ့နေရာတွေက  ဆရာ/မတွေအတွက် ခက်ခဲတွေရှိမယ်” ဟု ဒုညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းဦးက ပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် အင်တာနက်မရသေးသော မြို့နယ် ၇ ခုမှာ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊အင်ဂျန်ယာန်၊ ခေါင်လန်ဖူး၊ နောင်မွန် နှင့် ဆွမ်ပရာဘွမ် စသည့်တို့ဖြစ်သည်။

စနစ်သစ် သင်ရိုးညွှန်းတမ်းသစ်ပို့ချရန်နှင့် ပတ်သက်ပြီး နောက်ဆက်တွဲလုပ်ဆောင်ရမည့် အစီအစဉ်များအား တိတိကျကျ ညွှန်ကြားချက်မရှိသေးသည့်အပြင် အခြေခံစာသင်ကျောင်းများ ဖွင့်လှစ်မည့်ကိစ္စများနှင့် ပတ်သက်ပြီး ညွှန်ကြားချက်တစ်စုံ တစ်ရာမရှိသေးကြောင်း ဆက်လက်ပြောဆိုသည်။ https://burmese.kachinnews.com/2020/05/13/%e1%80%a1%e  1%80%bd%e1%80%94%e1%80%ba%e1

*************

၉။        ပြည်သူ့လိုအပ်ချက်များအတွက် လှူဒါန်းမှုများပြုလုပ်သွားရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ စီစဉ်

May 12, 2020

ကရင်ပြည်နယ်ရှိ ပြည်သူများ၏ လတ်တလောတွေ့ကြုံနေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို တဖက် တလမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDPက ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးသွားရန် စီစဉ် နေကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် ပြည်နယ်အတွင်း တိုက်ပွဲရှောင် ပြည်သူများ၊ COVID-19 ကာကွယ်ထိန်းချုပ်ရေး စီမံ ချက်များအပြင် လက်ရှိပြည်နယ်အတွင်း နေရာတော်တော်များများတွင် ကြုံတွေ့နေရသည့် ရေပြတ်လပ်မှု အခြေအနေများအတွက် ကူညီနိုင် ရန် ပါတီအနေဖြင့် ယခုလို ဆုံးဖြတ်ခြင်းဖြစ်ကြောင်း KNDP ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။ “မေလ ၉ ရက်နေ့ မှာ (ပါတီတွင်း)သီးသန့် အရေးပေါ်အစည်းအဝေးခေါ်ပြီးတော့ ပါတီအတွက် ဇောင်းပေးတာ မျိုးမဟုတ်ဘဲ တကယ့်စေတနာနဲ့ နိုင်သလောက် စုကြဆောင်းကြတာပေါ့။ ဒီတစ်ခေါက်က တစ်သောင်းကစ ၅ သိန်းအထိ လှူကြတာ ရှိတယ်လေ။ ဆက်လက် ပြီး လှူဒါန်းသွားဖို့လည်း ရှိပါတယ်။” ဟု ကေအိုင်စီသို့ ယနေ့ (မေလ ၁၂ ရက်)တွင် ပြောသည်။ လိုအပ်သည့် နေရာများတွင် လှူဒါန်းရန်အတွက် ကောက်ခံရရှိသည့် ရံပုံငွေ ကျပ်သိန်း(၃၀) ကျော်အား မေလ ၁၀ ရက်နေ့တွင် ကမမောင်းမြို့နယ်ခွဲ၊ ဝါသိုခို ရွာရှိ တိုက်ပွဲရှောင်များအတွက် ဆန်အိတ်များ၊ ၁၁ ရက်နေ့တွင် ပြည်နယ်ကျန်းမာရေးမှူးမှတဆင့် COVID-19 ကာကွယ်ထိန်း ချုပ်ရေးစီမံချက်၊ ၁၂ ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်နှင့်အဝတ်အထည်များ လှူဒါန်းခဲ့ပြီဖြစ်သည်ဟု မန်းအောင်ပြည်စိုးက ဆက်ပြောသည်။

ထို့အပြင် ရေရှားပါးနေသည့် ဖားအံမြို့နယ်ရှိ အနောက်ဖက်ကမ်း၌ ရသေ့ပျံ၊ ဘားကပ် ကျေးရွာအုပ်စုများနှင့် အရှေ့ဖက်ခြမ်း၌ သာမညဒေသများသို့ လာမည့်ရက်ပိုင်းအတွင်း ရေများသွားရောက်လှူဒါန်းသွားရန် စီစဉ်ထားကြောင်းလည်း KNDP တာဝန်ရှိ သူများထံမှ သိရသည်။ ဖားအံမြို့နယ်ရှိ အင်းအိုင်၊ ရေတွင်းများမှ ရေများမည်းနက်သည့် အရောင်ပြောင်းလဲသည့် ကိစ္စဖြစ်ပေါ် ပြီးနောက်ပိုင်း ရေပြဿနာပူပန်ခဲ့ရသည့် ဒေသခံများအတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ-KNDP မှ ဦးဆောင်၍ သောက်ရေနှင့်သုံးရေများကို သွားရောက် လှူဒါန်းခဲ့ဖူးသည်။ http://kicnews.org/2020/05 /%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%9e%e1%80

***************

၁၀။      ပလက်ဝ စစ်ရှောင်များအတွက် မိုးမတိုင်မီ ရိက္ခာပေးပို့ရန် ပြည်နယ်အစိုးရ စီစဉ်

May 13, 2020

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာရသည့် ပလက်ဝ စစ်ရှောင်များအတွက် မိုးတွင်း ကာလမတိုင်မီ ချင်းပြည်နယ်အစိုးရက ဆန်အိတ် ၃၅၀ဝ ပို့ပေးရန် စီစဉ်နေသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်ဝန်ကြီး ဦးစိုးထက် က “ဆန်အိတ် ၃၅၀ဝ နဲ့ စားစရာတွေ အကုန် ပို့ဖို့ တော့လုပ်နေတယ်။ ဆန်အိတ်က ၃၅၀ဝ ဆိုတော့တလစာလောက်တော့ရမှာပေါ့။ ပို့ဖို့ကလမ်းမှာတိုက်ပွဲကလည်း ဆက်တိုက် ဖြစ်နေတော့ လုံခြုံရေးကောင်းမှ ပို့လို့ရမယ့် အခြေအနေပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထို ရိက္ခာဆန်များကို ဆမီးမြို့အပြင် ပလက်ဝမြို့ပေါ်နှင့် ရှင်းလက်ဝ၊ မီးဇာအထက်ပိုင်းရှိ စစ်ဘေးရှောင်များအတွက် ပို့ဆောင် သွားမည်ဖြစ်ပြီး မည်သည့်ရက်၊မည်သည့်လမ်းက ပို့ဆောင်မည်ကိုမူ လုံခြုံရေးအရမပြောလိုကြောင်း ၎င်းကဆိုသည်။ စစ်ရှောင် များအတွက် ပို့ဆောင်မည့် ဆန်အိတ် ၃၅၀ဝ အနက် အစိုးရ ဘတ်ဂျက်ဖြင့် ဝယ်ယူထားသော ဆန်အိတ် ၃၂၀ဝ ပါဝင်ပြီး ပြည်သူလူထုက ဝယ်ထားသည့် ဆန်အိတ်၂ ထောင်ကျော် ပါဝင်ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် နှစ်စဉ် ဖြစ်နေကျ မိုးများသည့်အခါ ကားလမ်းချော်ခြင်း၊ တောင်ပြို မြေပြိုခြင်းများရှိနိုင်ပြီး တိုက်ပွဲများ ကလည်း ပြင်းထန်နေဆဲ ဖြစ်ခြင်းကြောင့် မိုးမကျမီ ဆန်အိတ်များကိုအမှီ တင်ပို့သွားရန် စီစဉ်ထားကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်က ဆိုသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မိုင်နန်းဝေက “ကျမတို့အနေနဲ့ စစ်တပ်ကို မေတ္တာရပ်ခံချင်တာက ဆန်အိတ် ပို့တဲ့ကာလမှာ ကျမတို့ကို အကူအညီပေးဖို့၊ နောက်မို့ဆိုရင် စစ်ဘေးနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ လူထုကအခြေခံ စားသောက် ကုန် ရှားပါးတာကြောင့် တော်တော်လေး အဆင်မပြေကြဘူး” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် ၃၉၃ ရွာ ရှိသည့်အနက် ကျေးရွာတဝက်ကျော်က စစ်ဘေးသင့်နေရသလို ဆမီးနှင့် ပလက်ဝ မြို့ပေါ်တွင် ရောက်ရှိနေသည့် စစ်ရှောင်ကျေးရွာပေါင်း ၇၀ ခန့်ရှိနေပြီး အဆက်အသွယ်မရသည့် ကျေးရွာများစွာရှိနေသေးကြောင်း စည်ပင် ဝန်ကြီး ဦးစိုးထက်က ဆိုသည်။ https://burma.irrawaddy.com/news/2020/05/13/222561.html

***************

၁၁။      ဘူးသီးတောင်မှာ မိုင်းပေါက်ကွဲ၊ ကလေး နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

May 13, 2020

ခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းက သရက်ပြင်ရွာမှာ မိုင်းနင်းမိပြီး ရိုဟင်ဂျာ မွတ်စလင် ကလေး နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီမိုင်းဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။ ရိုဟင်ဂျာ မွတ်စလင် ကလေး ငယ် သုံးဦးဟာ ဘူးသီးတောင်မြို့နယ်တွင်းမှာရှိတဲ့ ချာကေရွာကနေ သရက်ပြင်ရွာကို အသီးသွားခူးရင်း မိုင်းနင်းမိခဲ့တာဖြစ် တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ချိန်မှာ သေဆုံးတာမှန်ကန်ကြောင်းနဲ့ ဘာသာစကား အခက် အခဲကြောင့် အသေးစိတ်ကို RFA က မေးလို့မရခဲ့ပါဘူး။ ရခိုင်အမျိုးသားပါတီ ANP က ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ သေဆုံးသွားတဲ့ ရိုဟင်ဂျာကလေး နှစ်ဦးမှာ ချာကေရွာက အသက် ၁၅ နှစ် အရွယ် အတူလာမီနဲ့ အသက် ၁ဝ နှစ်အရွယ် ရာဟတ်နာဟာတူတို့ ဖြစ်ကြပြီး၊ ဒဏ်ရာရခဲ့တဲ့ အသက် ၁ဝ နှစ်အရွယ် ကလေး ကတော့ ဖုန်ညိုလိပ်ရွာ ၁ဝ ရပ်ကွက်က ဟာဒေကာဘေဘီ တို့ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ “နှစ်ယောက်သေတယ်၊ နောက်တစ်ယောက်က ဟာဒေကာဘေဘီ အဖေနာမည်က အဘူဘိုရှော ၁၀ နှစ်၊ သူက ဖုန်ညိုလိပ် ၁၀ ရပ်ကွက်လို့ ပြော တယ်။ သူကတော့ ဒဏ်ရာရတယ်။ အခုအချိန်က သူ ဆေးရုံတင်ထားရတယ်လို့ ပြောတယ်။” ကလေး တစ်ဦးဟာ မိုင်းနင်း မိတဲ့နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ နောက်တစ်ဦးကတော့ ဆေးရုံကိုအသွားလမ်းမှာတင် သေဆုံးခဲ့တာဖြစ်ပါတယ်။

အသက်မသေဘဲ ဒဏ်ရာရခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးကတော့ ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ် လို့ ဖုန်ညိုလိပ်ရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ဒီနေရာမှာ မိုင်းဘယ်သူ ထောင်သလဲ ဆိုတာ သေဆုံးသွားတဲ့သူတွေရဲ့ ဆွေမျိုးတွေကို မေးရင် သိနိုင်ကြောင်း၊ ရခိုင်ရွာမှာ တပ်မတော်က မိုင်းထောင်ရင် မိုင်းထောင် နေပါတယ်လို့ ဝိုင်းဝန်းပြောကြမှာဖြစ်ကြောင်း၊ အဲဒီအနားက မွတ်စလင်ရွာမှာ အရင်ကလည်း ဖြစ်စဉ်တွေရှိခဲ့ဖူးကြောင်း၊ AA မိုင်းလာထောင်ရင်း ရွာသားတွေနဲ့ ပြဿနာဖြစ်ခဲ့ဖူးကြောင်း RFA ကို ပြောကြားပါတယ်။ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ကို ဆက်သွယ်မေးမြန်းရာမှာ – ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိကြောင်း၊ သရက်ပြင်ရွာဟာ ရွာဟောင်း ဖြစ်ပြီး အရင်ကတပ်မတော်ကနေ ထောင်ခဲ့တဲ့ မိုင်းတွေဖြစ်ကြောင်းနဲ့ မရှင်းလင်းရသေးတဲ့အတွက် လက်ကျန်မိုင်းတွေဖြစ် တယ်လို့ ပြောဆိုခဲ့ပါတယ်။ https://www.rfa.org/burmese/news/buthedaung-explosion-05132020061644.html

*************

၁၂။      မြဝတီမြို့တွင် BGF တပ်ဖွဲ့ ဗိုလ်မှူးဟောင်းတစ်ဦး နေအိမ်အား ကားစီးလာသည့် သေနတ်သမားများက ချောင်းမြောင်း ပစ်ခတ်

May 13, 2020

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ အာရှလမ်းနှင့် အနန္တဂုဏ်ရည်လမ်းထောင့်၊ မင်းပဒုမ္မာဝင်းရှိ BGF တပ်ဖွဲ့ ဗိုလ်မှူးဟောင်းတစ်ဦး၏ နေအိမ်အား ကားစီးလာသည့် သေနတ်သမားများ ချောင်းမြောင်းပစ်ခတ်သည့်ဖြစ်ရပ် မေလ ၁၂ ရက် ည ၉ နာရီ ၂၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် (၄)ရပ်ကွက်၊ အာရှလမ်းနှင့် အနန္တဂုဏ်ရည်လမ်းထောင့်၊ မင်းပဒုမ္မာဝင်း ဦးစောတင်မြင့် (၆၂) နှစ် (ဘ) ဦးမွန်ရှင်း၏ နေအိမ်ခြံဘေးသို့ Double Cap ယာဉ်တစ်စီး (စိစစ်ဆဲ) ရောက်ရှိလာပြီး ကားပေါ်မှ ဆင်းလာသည့် လူတစ်ဦးက ၉.မမ  ပစ္စတိုသေနတ်ဖြင့် ၂ ချက်ပစ်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။“ပစ်ပြီးတော့ ကားပေါ်တက် ထွက် သွားတာ၊ မြို့ပြင်ဘက်ခေါင်းလှည့်ပြီး ကျွန်တော် ထွက်လာမလား စောင့်နေတယ်၊ အရှည်ပါရင်လည်း ပါမှာပေါ့၊ ကျွန်တော် အပြင်ဘယ်ထွက်မလဲ၊ အရူးမှ မဟုတ်တာ၊ ကျွန်တော့် အိမ်ထဲဝင်လာ၊ တံခါးချက်ချင်းဖွင့်ပေးတယ်၊ ကျွန်တော့်မှာ ဓားပဲရှိတယ် ဆိုတော့ လိုက်လို့မှမရတာ၊ ကျွန်တော်မီးပါ ပြန်ဖွင့်ပေးတယ်။ လူအားလုံး ၈ ယောက်လောက်ရှိတယ်၊ ပြဿနာ ဖြစ်လာရင် တော့ ရင်ဆိုင်ရမှာပေါ့” ဟု ပစ်ခတ်ခံခဲ့ရသူ စောတင်မြင့်က ပြောကြားသည်။

အဆိုပါ နေအိမ်တွင် ဦးစောတင်မြင့်နှင့် အတူရှိနေသည့် ယောက်ဖဖြစ်သူ ကိုဘတိုက “သူတို့က မြို့ထဲဘက်ကလာတာ။ ကား ကနောက်ဖွင့်ကား၊ တစ်ချက်ပစ်သံကြားတော့ ထကြည့်တယ်။ ကျွန်တော်က အိမ်ထဲမှာ၊ နောက်တစ်ခေါက်ပစ်တော့ ခေါင်းငုံ့ နေလိုက်တယ်။ ကားပေါ်မှာတော့ လူဆယ်ဦးခန့် ရှိမယ်ထင်တယ်။ အရပ်ဝတ်နဲ့ပါပဲ။ မြို့ထဲဘက်ကလာပြီး မြို့ထဲဘက်ကို ပြန်မောင်းသွားတာ တွေ့ရပါတယ်”ဟုဆိုသည်။ BGF ဗိုလှ်မှူးဟောင်းတစ်ဦး၏ နေအိမ်တွင် ယခုဖြစ်စဉ်မှာ ဒုတိယအကြိမ် လုပ်ကြံခြင်း ခံရခြင်းဖြစ်ပြီး၊ ယခင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲ ခန့်ကလည်း မိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အာရှလမ်းမကြီးဘေးရှိ မင်းပဒုံမာဝင်း နေအိမ်တွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းအရ မြဝတီခရိုင် ရဲတပ်ဖွဲမှူး ဒုတိယရဲမှူး ကြီး သက်လင်းဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ တပ်မတော် ရှေ့တန်ရုံးမှ တပ်မ တော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ https: //news-eleven.com/article/173359

**************

၁၃။      RCSS/SSA အဖွဲ့ဝင် ၉ ဦး ထွက်ပြေး

May 11, 2020

RCSS/SSA ၏ တပ်ပြေး ၉ ဦး သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်းသို့ ရောက်ရှိလာရာ အစိုးရတပ်မှ ထိန်းသိမ်းထားပြီး စစ်ဆေးမှုပြုနေကြောင်းစုံစမ်းသိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင် ၉ ဦးသည် မေ ၉ ရက်တွင် မိုင်းတုံ မြို့နယ်သို့ လက်နက်မဲ့ဖြင့် ထွက်ပြေးခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။“ထွက်ပြေးသွားတာ ဟုတ်ပါတယ်။ ၉ ယောက်စလုံးက တပြိုင်တည်း တခါတည်းထွက်ပြေးသွားတာ မဟုတ်ဘူး။ ကျနော်တို့ အကြောင်းရင်းတွေ စစ်ဆေးနေတုန်းပဲ”ဟု RCSS/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ ကပြောသည်။ ထွက်ပြေးခဲ့သည့် တပ်ဖွဲ့ဝင် ၉ ဦးသည် တပ်စုမှူး အဆင့်ရှိသော သူ တစ်ဦး ပါဝင်နေကြောင်း စုံစမ်း သိရှိရသည်။

“ထွက်ပြေးရတဲ့ အကြောင်းကို အသေးစိတ် စုံစမ်းနေဆဲ”ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ ကပြောသည်။ ထွက် ပြေးလာသည့် တပ်ဖွဲ့ဝင် ၉ ဦးကို မိုင်းတုံမြို့နယ်ရှိ နယ်မြေခံ စစ်ဗျူဟာမှ စစ်ဆေးလျက်ရှိကြောင်း ကမ္ဘောဇတိုင်း သတင်းဌာန မှာဖော်ပြထားသည်။ https://burmese.shannews.org/archives/16507

**************

၁၄။      AA အဖွဲ့အကြောင်း သတင်းရေးသူတွေကို ခြိမ်းခြောက်တာတွေ ရပ်တန့်ဖို့ CPJ အဖွဲ့တောင်းဆို

May 14, 2020

မြန်မာ အာဏာပိုင်တွေအနေနဲ့ နိရဉ္စရာ သတင်း Website အယ်ဒီတာ ခိုင်မြတ်ကျော်ကို တရားစွဲဆိုထားတာကို ရုပ်သိမ်းပေး ဖို့နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA သတင်းတွေကို ရေးသားတင်ပြနေတဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်နေ တာတွေကို ရပ်ဆိုင်းဖို့ သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ( Committee to protect Journalists-CPJ) က ဗုဒ္ဓဟူးနေ့ က တောင်းဆိုလိုက်ပါတယ်။ မတ်လကုန် ၃၁ ရက်နေ့က အယ်ဒီတာခိုင်မြတ်ကျော်ကို AA အဖွဲ့ပြောခွင့်ရတဲ့ ဆက်သွယ် အင်တာဗျူး လုပ်ခဲ့တာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ စစ်တွေမြို့ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သလို သူ့ရဲ့ သတင်းဌာနကိုလည်း ရဲတပ်ဖွဲ့က စီးနင်း ဝင်ရောက်ခဲ့ပြီး ဝန်ထမ်း ၃ ဦးကို စစ်ဆေးမေးမြန်းဖို့ ခေတ္တ ထိန်းသိမ်းခဲ့တာကို CJP က သတင်းရရှိကြောင်းနဲ့ အဲဒီနောက် အယ်ဒီတာ ခိုင်မြတ်ကျော် ရှောင်ပုန်း နေခဲ့ ရကြောင်း သတင်းသမားတစ်ဦးကို ကိုးကားပြီး CJP က ပြောပါတယ်။

အကြမ်းဖက်ဥပဒေတွေနဲ့ သူ့ပေါ်တရားစွဲဆိုထားတာကို ချက်ချင်း ရုပ်သိမ်းသင့်ကြောင်းနဲ့ သတင်းသမားတွေကို အကြမ်းဖက် သမားအဖြစ် မသတ်မှတ်ဘဲ မြန်မာနိုင်ငံက ပဋိပက္ခ ဖြစ်ပွားရာနေရာတွေမှာ သတင်းယူဖို့ ခွင့်ပြုရမှာ ဖြစ်ကြောင်း CPJ ရဲ့ အရှေ့တောင်အာရှ ဒေသ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။မတ်လ ၃၁ ရက်နေ့တစ်နေ့တည်းမှာပဲ မြန်မာ အာဏာပိုင်တွေက အလားတူ စွဲချက်နဲ့ VOICE OF MYANMAR အယ်ဒီတာ ကိုနေလင်းကို AA ပြောခွင့်ရ ခိုင်သုခနဲ့ အင်တာဗျုးကို ထုတ်ဝေမှုအတွက် တရားစွဲဆိုခဲ့ပေမယ့် ဧပြီ ၁၀ ရက်နေ့မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ရိုက်တာ သတင်း တရပ်မှာ ပါရှိပါတယ်။ https://burmese.voanews.com/a/myanmar-media-cpj-/5418719.html

*************

၁၅။      မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ရှိ

May 12, 2020

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့ကျရင် ဗွီဒီယိုကတဆင့် ဆွေးနွေးရာမှာ ရခိုင်ပြည်နယ်မှာ   ဆက်လက် ဖြစ် ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေတွေကို အဓိက အာရုံစိုက်ကြလိမ့်မယ်လို့ သံတမန်အသိုင်း အဝန်းက ခန့်မှန်းထားပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကလည်း လတ်တလောကြုံနေရတဲ့ကပ်ရောဂါအပြင်၊ လုံခြုံရေး ကိစ္စတွေ ပါဝင်နိုင်ကြောင်း ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ သိသလောက်ကတော့ အစည်းအဝေးကတော့ Public မဟုတ်ဘူးခင်ဗျ။ သူတို့အချင်းချင်းပဲ တံခါးပိတ်ပေါ့။ ဒီ အစည်းအဝေးမှာ ကုသသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကနေ အခြေ အနေကို Briefing လုပ်ဖို့ပါ အဓိကကတော့ မြန်မာနိုင်ငံရဲ့ COVID-19 နဲ့ ပတ်သက်ပြီး သူတို့နိုင်ငံတွေကသိချင်လို့ Video Conferencing ခေါ်ပြီး လုံခြုံရေးကောင်စီက လုပ်မှာပါ။ လုပ်တော့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က Brief လုပ် မယ်၊ သူတို့က မေးချင်တာတွေမေးမယ်ပေါ့။ အဓိကကတော့ မြန်မာနိုင်ငံတွင်းက COVID-19 ကိစ္စ ဘာတွေလုပ်ထားလဲ။ နောက်စစ်ရှောင်စခန်းတွေအကြောင်း အရပ်သားတွေအခြေအနေ နောက် လုံခြုံရေးအခြေအနေတွေလည်း ပါမှာပေါ့ဗျာ။” အခု လို အထူးကိုယ်စားလှယ်ကို ခန့်ပြီးချိန်မှာ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်နဲ့ ခြောက်လတခါလောက် အသိပေးဖို့ ဆိုတဲ့ဟာ ရှိတယ် မြန်မာပြည်ရဲ့အခြေအနေ တိုးတက်မှုဆိုတာကလည်း အခုလာမယ့် ဇွန်လလောက်ဆို ပြည့်ပြီဆိုတော့ အဲ့ဒီ့တပိုင်း လည်း ဖြစ်သွားတာပေါ့လေ။ အထွေထွေညီလာခံက အခုမလုပ်ဖြစ်သေးတော့ အခု Brief လုပ်ရတာပေါ့ အခု ကိုဗစ် အခြေ အနေကလည်းဖြစ်နေတော့ ပေါင်းပြီးလုပ်လိုက်တယ်ထင်တယ်။

ရခိုင်ပြည်နယ်မှာ ဧပြီလနှောင်းပိုင်းတုန်းက COVID-19 ဓါတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကုသသမဂ္ဂ အမှတ်တံဆိပ်ပါကားတစ်စီး တိုက်ခိုက်ခံခဲ့ရလို့ မြန်မာနိုင်ငံသား ယာဉ်မောင်းသေဆုံးပြီး၊ ကျန်းမာရေးဝန်ထမ်း တစ်ဦးလည်း တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အပြင်းအထန် ရှုတ်ချခဲ့ပြီး ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးဖို့လည်း တောင်းဆိုထားတာပါ။ ဒီကိစ္စဟာလည်း လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါဝင်နိုင်ကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောပါ တယ်။ https://burmese.voanews.com/a/rakhine-conflicts-unsc/5416270.html

***************

၁၆။      ကျောက်တော်က မွတ်ဆလင်ရွာထဲ လက်နက်ကြီးကျကွဲ ၅ ဦး ဒဏ်ရာရ

May 12, 2020

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက မွတ်ဆလင်ရွာများဖြစ်သည့် ပိုက်သည်နှင့် လက်ဆောင်ကောက်  ကျေးရွာများ အတွင်း မေ ၁၁ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျမှန်ပေါက်ကွဲခဲ့သဖြင့် ရွာခံ ၅ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ ပိုက်သည် မွတ်ဆလင်ရွာမှ အမျိုးသမီးငယ် ၂ ဦးနှင့် အသက် ၁၆ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦး၊ လက်ဆောင်ကောက်ကျေးရွာမှ အမျိုးသား ၂ ဦးတို့ ဖြစ်ကြောင်း  ကျေးရွာသားများက ပြောသည်။ လက်ဆောင်ကောက် ကျေးရွာမှ ရာအိမ်မှူး ဦးမောင်ဖြူက “မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ လက်နက်ကြီးကျလို့ ကျနော်တို့ရွာက  မော်လဝီ ဆရာကြီး ၁ ဦးနဲ့ ကျောင်းဆရာ ၁ ဦး ဒဏ်ရာရပါတယ်။ နောက်ထပ် ပိုက်သည်ရွာက အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦး ဒဏ်ရာ ရပါတယ်။ ပစ်တာကိုတော့ ကျနော် မမြင်ဘူး။ ရွာသားတွေ ပြောတာက ကစ္စပနဒီတံတားပေါ်ကနေ အစိုးရတပ်မတော်က လှမ်းပစ်တာလို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကစ္စပနဒီ  တံတားအနီးရှိ မြို့ခံများက ယမန်နေ့က ညနေပိုင်းက တပ်မတော် ယာဉ် ၁ စီး တံတားပေါ်ဖြတ်သွားစဉ် ပေါက်ကွဲ သံကို ကြားရပြီးနောက် တပ်မတော်စစ်ကြောင်းက ထိုသို့လှမ်းပစ်ခြင်းဖြစ်ကြောင်းပြောသည်။ တပ်မတော်သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နေ့က  အဆိုပါ ကစ္စပနဒီတံတား အနီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီး ရေးအတွက် ဆေးပစ္စည်းသွားရောက် ထောက်ပံ့သော တပ်မတော် တပ်ဖွဲ့ဝင်များကို AA အဖွဲ့က မိုင်းခွဲတိုက်ခိုက်မှု တချို့ရှိ ကြောင်း ပြောသည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ နေ့ကလည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် ( AA ) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါး ကြာမြင့် လာပြီဖြစ်ရာ စစ်ဘေးရှောင် အရေအတွက်မှာ သိန်းချီရှိကာ ဒေသခံပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။ https://burma.irrawaddy.com/news/2020/05/12/222468.html

**************

၁၇။      မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်တွင် နယ်စပ်များ ပိတ်ထားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းများ                         ကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေ

May 14, 2020

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တွင် နယ်စပ်များ ပိတ်ထားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းများကြောင်း စားနပ်ရိက္ခာ ပြတ်တောက်နေကြောင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက The Daily Eleven သတင်းစာသို့ ပြောကြားသည်။ ခေါင်လန်ဖူးမြို့နယ်သည် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းပါဝင်ပြီး လမ်းပန်းဆက်သွယ် ရေး ခက်ခဲမှုကြောင့် ပူတာအိုမှ လေးရက်၊ ငါးရက်ခရီးလမ်းလျှောက်ရပြီး တရုတ်နိုင်ငံနှင့် တစ်ရက်၊ နှစ်ရက်ခရီးဝေးကွာသည့် မြို့နယ်တစ်ခု ဖြစ်ကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလေးက “အဓိက ဖြစ်သွားတာက တရုတ် ဘက်က COVID-19 ရောဂါကြောင့် နယ်စပ် မှတ်တိုင် ၃၀၊၃၁၊၃၅ ဝင်ပေါက်တွေကို နေ့ည ပိတ်လိုက်တယ်။ ပူတာအိုဘက်ကို ခြေကျင်ခရီးကလည်း လမ်းမှာ လေးငါးရက်လောက် သယ်ယူရတော့ ဒေသတွင်း ရိက္ခာပြတ်တာပေါ့။ တစ်လလောက် ကြာ သွားပြီ။ ဒီထက်ကြာရင်တော့ အခြေအနေဆိုးပြီး အရင်ကာလတွေက ကြုံရသလို တောထွက်ပြီး ရှာစားရမှာပေါ့။ အခုဒေသခံ တွေက အူလိုင်၊ အထေး၊ ဒိုင်ဂလယ်ပင်တွေကို အရည်စစ်၊ အပုပ်ခံပြီး စားနေကြတယ်။ အပင်ကိုထုချေပြီး အနှစ်ကို စားတာ ပေါ့။ ရိက္ခာပြတ်တာကြာရင် ဒေသခံတွေ ဒုက္ခရောက်မှာပေါ့။ လွန်ခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်က ဝါးတွေသီးတော့ ကြွက်တွေ ထပြီး ဒေသတွင်းက ရိက္ခာစိုက်ပျိုးရေးကို ထိခိုက်သွားတာလည်းပါတယ်။ ဒါတွေ အားလုံး ပြေလည်ဖို့ကတော့ လမ်းပန်းဆက် သွယ်ရေး ကောင်းအောင်လုပ်ဖို့ပါပဲ။ အစိုးရက နှစ်တိုင်းဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး”ဟု ပြောကြားသည်။

ယင်းဒေသသို့ ရိက္ခာများ ပို့ဆောင်မည်ဆိုပါက ခေါင်လန်ဖူးမြို့နယ် တောင်ခြမ်းဒေသအတွက် မြစ်ကြီးနား-ချီဖွေ-ဆော့လော် လမ်းပိုင်းနှင့် မြစ်ကြီးနား-ပူတာအို-ရီဒမ်း စသည့် လမ်းပိုင်းကို အသုံးပြုရမှာဖြစ်ကြောင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ဆိုပါသည်။ ခေါင်လန်ဖူးမြို့နယ်သည် ကျေးရွာအုပ်စု ၂၆ အုပ်စု၊ လူဦးရေ ၁၇၀ဝဝ ဝန်းကျင်ရှိပြီး ဒေသခံ တိုင်းရင်းသားများမှာ လီဆူနှင့် ရဝမ်တိုင်းရင်းသား နှစ်မျိုးသာရှိသည်။ https://news-eleven.com/article/173544

***************

၁၈။      ကျိုက်မရောမြို့နယ်တွင် လူစုလူဝေးဖြင့် ဘုရားထီးတော်ပင့်ဆောင်ရန် ဦးဆောင်သူ ပြည်ခိုင်ဖြိုးပါတီဝင် ထောင်ဒဏ် ၉ လ                      ချမှတ်ခံရ

May 14, 2020

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ လူစုလူဝေးဖြင့် ဘုရားထီးတော်ပင့်ဆောင်ရန် ဦးဆောင်သူ ကော့ခလိန်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဝင် ဦးဇော်မင်းကို မေလ ၁၂ ရက်နေ့တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၉ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။

ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းအောင်က “ထောင်ဒဏ် ၉ လ ချလိုက်ပါတယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) နဲ့ပဲ သူ့ကို အကျဉ်းထောင်ပို့ရတော့မှာပါ သူက ဒီလိုဗျ ရှေ့နေတွေပါ ငှားပြီးတော့ ကွန်ပလိန်းတက်တာ အဲဒါကြောင့် ကြာသွားတာ သက်သေတွေလည်းများတယ်”ဟု ဆိုသည်။ ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းသည် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်၌ ကော့ခလိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သလို ၎င်း၏ပြိုင်ဘက် လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးသည်လည်း NLD ပါတီဝင်အမာခံဖြစ်နေပြီး အုပ်စုတစ်ဖက်နှင့်တစ်ဖက် အတိမ်းအစောင်း မခံ ဖြစ်နေကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။ “ဘုရားထီးတင်ပွဲအတွက် ရွာလှည့်တဲ့ကိစ္စကို အခုအုပ်ချုပ် ရေးမှူးခွင့်မပြုဘူး တားထားတယ်၊ ဒါပေမယ့် ဦးဇော်မင်းက မြို့နယ်နဲ့ အထက်ကို သူပြောလို့ပြီးတယ်ဆိုပြီး လုပ်ချပလိုက်တာ ခုလိုအရေးယူခံရတာပေါ့”ဟု ၎င်းရွာသွားက ဆိုသည်။

COVID 19 ရောဂါကာကွယ်ထိန်းချုပ်သည့်ကာလအတွင်း ဆောင်းဘောက်စ်တင်ကားနှစ်စီး၊ ကျေးရွာသူ/သား ၁၅၀ ဦးကို  မော်တော်ယာဉ် ၁၈ စီးဖြင့်တင်ဆောင်၍ ဘုရားထီးတော်ပင့်ဆောင်ရန်  မတ်လ ၃၀ ရက်နေ့က လူစုလူဝေးလှည့်လည်ခဲ့သည့် အတွက် ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးက  ဧပြီလ ၁ ရက်နေ့တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ၃၀ (က) ဖြင့် ဦးဆောင်သူ ဦးဇော်မင်းကို   တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ Covid 19 နဲ့ ပတ်သက်ပြီး လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို မေ ၁၅ ရက်နေ့အထိ မပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိပါက ရာဇာသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် အရေးယူသွားမည်ဖြစ်သည်။ http://burmese.monnews.org/2020/05/14/%e1%80%80%e1%80%bb%e1%80%

*************

၁၉။      တနိုင်ငံလုံးအပစ်ရပ်ရေး ဖိအားပေးဖို့ အမေရိကန်ကို အရပ်ဘက်အဖွဲ့တွေတိုက်တွန်း

May 13, 2020

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ခုခံကာကွယ်နေရတဲ့အချိန်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည် နယ်မှာတော့ စစ်ပွဲတွေ ပြင်းထန်နေပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ပိုများနေတဲ့အတွက် မြန်မာအစိုးရနဲ့တပ်မတော်ကို သံတမန်နည်းတွေ သုံးပြီး ဖိအားပေးတိုက်တွန်းပေးပါဆိုပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက် ဂျူးအဖွဲ့တွေ၊ မြန်မာနိုင်ငံသားဟောင်းတွေရဲ့အဖွဲ့ တွေက နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေးယိုကို မေလ ၁၃ ရက်နေ့မှာ စာရေးသားတောင်းဆိုလိုက်ပါတယ်။

တကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရင်ဆိုင်နေရတဲ့အတွက် ပစ်ခတ်တိုက်ခိုက်နေတာတွေ ရပ်ဖို့ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ရဲ့ တိုက်တွန်းချက်အတိုင်း မြန်မာအစိုးရကလဲ တနိုင်ငံလုံးမှာ အပစ်ရပ်ကြောင်းကြေညာဖို့နဲ့ တပ်မတော်ကလဲ သဘော တူဖို့၊ ရခိုင်နဲ့ ချင်းပြည်နယ်မှာ ဖြတ်ထားတဲ့ အင်တာနက်လိုင်းတွေကို ချက်ချင်းပြန်ဖွင့်ပေးဖို့၊ သတင်းမီဒီယာတချို့ရဲ့ အင်တာ နက်ဝက်ဘ်ဆိုဒ် ပိတ်လိုက်တာတွေ ပြန်ဖွင့်ပေးပြီး၊ သတင်းထောက်တွေကို တရားစွဲတာရပ်ဖို့နဲ့ ကျန်းမာရေးစစ်ဆေးခွင့်ကို လူတိုင်းတန်းတူရပြီး၊ လူသားချင်းစာနာမှုအကူအညီတွေ အချိန်မှီရအောင် ဆောင်ရွက်ပေးဖို့ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။

ဒီလိုတောင်းဆိုရတာနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုကို ဦးဆောင်တဲ့ American Jewish World Service အဖွဲ့က အစီအစဉ် ရေးရာ မှူး Jeffery Stein က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရင်ဆိုင်နေရတဲ့အချိန်မှာ ရခိုင်နဲ့ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံသား အားလုံးအတွက် အထူးရိမ်ပါတယ်။ စစ်ရေးပဋိပက္ခတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းရယူခွင့်နဲ့ အရပ်ဖက်ဖွဲ့ တွေရဲ့ လွတ်လပ်တဲ့လုပ်ပိုင်ခွင့်တွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကို အမေရိကန်အစိုးရအနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန်ကူညီပေးဖို့ တိုက်တွန်းတာပါ။ ကိုဗစ်-၁၉ ဟာ လူ့လောကကြီးတခုလုံးကို ခြိမ်းခြောက်နေတဲ့အတွက် ဒီကာလမှာ အပစ်အခတ်မရပ်စဲရင်၊ သတင်းတွေ လွတ်လွတ်လပ်လပ်မရရင်၊ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်မရရင်၊ အင်တာနက်ဆက်သွယ်ရေးမရရင်၊ လူသားချင်း ကူညီမှုအထောက်အပံ့တွေမရရင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက မြန်မာနိုင်ငံ သားတွေကို အကြီးအကျယ်ဒုက္ခရောက်စေပါလိမ့်မယ်လို့ ပြောပါတယ်။

တိုက်တွန်းတဲ့အဖွဲ့တွေထဲမှာ Kachin Alliance ဆိုတဲ့ ကချင်မဟာမိတ်အဖွဲ့၊ Karen Organization of America ဆိုတဲ့ အမေရိ ကန်ရောက် ကရင်အဖွဲ့၊ Nationalities Alliance of Burma ဆိုတဲ့ မြန်မာအမျိုးသားများမဟာမိတ်အဖွဲ့တို့လဲ ပါဝင်ပါတယ်။ Kachin Alliance အဖွဲ့ ဥက္ကဋ္ဌ ဂမ်ဆမ်က – တကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ဖြစ်နေတဲ့အချိန်မှာ ပြည်တွင်းနိုင်ငံရေးက ပြည်သူလူထု ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တာ တကြောင်းပေါ့။ နောက်တခုက ဒီလို ပိတ်ဆို့မှုဆိုတာ ကျနော်တို့ မြန်မာ့သမိုင်းမှာ အရမ်းကြာလာပြီ။ ဒီလိုတိုင်းရင်းသားအချင်းချင်း ညီညွတ်မှုကို အင်မတန်ထိခိုက်နစ်နာစေတယ်။ နောက် စစ်ရာဇဝတ်မှုတွေကို မုန်းတီးမှုကို ပိုပွားစေတာပေါ့။ အဲဒါကြောင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေတာပါလို့ပြောပါတယ်။

ကျနော်တို့အဖွဲ့က ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာပါ။ အရပ်ဘက်အဖွဲ့တွေ၊ သတင်းမီဒီယာတွေအပါအဝင် မြန်မာ ပြည်သူတွေအနေနဲ့လဲ ငြိမ်းချမ်းရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရသင့်ပါတယ်။ ဒါကြောင့် ပထမဆုံးလုပ်ရမှာက စားပွဲဝိုင်းဆွေးနွေး ပွဲပါ။ အဲဒီထဲမှာ ရခိုင်နဲ့ ချင်းပြည်နယ်က လူ့အသိုင်းအဝိုင်းတွေ ပါဝင်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။ https://www. rfa.org/burmese/news/national-reconciliation-army-armed-ethnic-group-05132020191938.html

*************

၂၀။      ဖရူဆိုမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်၊ စာသင်ကျောင်းဆောင် ပျက်စီး

May 14, 2020

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီကျော်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မူလတန်း ကျောင်းဆောင်ဟောင်းတလုံး အမိုးလန် ပျက်စီးသွားခဲ့ပါတယ်။

ဖရူဆိုမြို့နယ် ညောင်ဇင်ရပ်ကွက် လွိုင်ကော် – ဘောလခဲ ကားလမ်းပေါ် ရွှေပြည်သာ အ.မ.က ကျောင်းဝင်းအတွင်းက ကျောင်းဆောင်ဟောင်းတခု အမိုးလန်ပျက်စီးသွားခဲ့တာလို့ ညောင်ဇင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ကြူကြူအောင်က ပြောပါ တယ်။“ဒီရွေပြည်သာကျောင်း အနောက်က စာသင်ကျောင်းဆောင် အမိုးလန်သွားတာပဲသိတယ်။ ရွာတွေဘက်မှာတော့ အတိအကျတော့ မသိသေးဘူး။ ဒါပေမယ့် ဒီလောက်တော့ မဖြစ်ပါဘူးလို့တော့ ပြောတယ်။

လေဆင်နှာမောင်းတိုက်ခတ်လို့  မြိုကအဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ထားရှိတဲ့  COVID – 19 ကျန်းမာရေးစစ်ဆေးတဲ့ တဲ အမိုးနဲ့ အကာ ပျက်စီးသွားခဲ့ပြီး လူတွေ ထိခိုက်သေဆုံးမှု မရှိပါဘူး။ http://burmese.dvb.no/archives/388017

**************

၂၁။      လွိုင်ကော်မြို့နယ်တွင် အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရပြီး  သေဆုံး

May 14, 2020

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လောကထုကျေးရွာအနီး မိုးကြိုးပစ်မှုကြောင့် အသက် ၄၅ နှစ် အရွယ် အမျိုးသား တစ်ဦး သေဆုံးသွားပါတယ်။

လောကထုကျေးရွာနေ ဦးပါရယ်ဟာ ဒီကနေ့မွန်လွဲပိုင်း ၂ နာရီခွဲလောက်က ဝက်စာခူးဖို့ နေအိမ်ကနေ ထွက်ခွာစဉ် ရွာအရှေ့ ဘက် ၅ ဖာလုံခန့်အကွာအရောက်မှာ မိုးထစ်ချုန်းရွာတဲ့အတွက် သစ်ပင်တပင်အောက်မှာ မိုးခိုနေစဉ် မိုးကြိုးလျှပ်စီးထိမှန် သေဆုံးခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သေဆုံးသူဦးပါးရယ်မှာ ယာဘက်တင်ပါးအောက် အရေပြားအပူလောင် စုတ်ပြဲဒဏ်ရာတစ်ချက် ခါးမှာညိုမဲဒဏ်ရာနဲ့ မိုးကြိုး လျှပ်စီး စီးဝင်ပြီးသေဆုံခဲ့ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရတဲ့အတွက် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးနေတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မေလ ၁၁ ရက်နေ့မွန်းလွဲပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်မှာ မိုးသက်လေပြင်းကျ မိုးကြိုးပစ်လို့ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သုံးဦး မိုးကြိုးထိမှန်သ သေဆုံးသွားပါတယ်။ http://burmes e.dvb.no/archives/387821

**************

၂၂။       အင်းထဲ ကျန်းမာရေး စောင့်ရှောက်မှု ယခုထိ အားနည်းနေဆဲ

May 13, 2020

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ထဲရှိ အင်းခြံကေလာကျေးရွာအုပ်စုတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းနေဆဲဟု ဒေသခံများပြောပြချက်အရ သိရသည်။

အင်းလေးကန်ထဲရှိ အင်းခြံကလောကျေးရွာအုပ်စုတွင်း ရွာ ၆ ရွာပေါင်းမှ မိခင်နှင့် ကလေးဌာနခွဲတစ်ခုတည်းသာရှိပြီး၊ သားဖွား ဆရာမ နှင့် အကူတဦးသာရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဆွေဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။ အဆိုပါက သားဖွားဆရာမ နှင့် အကူ တဦး ကို အင်းခြံကလော ကျေးရွာအုပ်စု အိမ်ခြေ ၉၀ဝ ခန့၊ အိမ်ထောင်စုပေါင်း ၁၄၀ဝ ကျော်က အားကိုးနေရပြီး ကျေးရွာဆေးပေးခန်းမရှိသေးကြောင်းလည်း ဦးတင်ဆွေဦး က ပြောသည်။“ကျနော်တို့ ရွာမှာ ကျန်းမာရေးနဲ့ ပတ်သက်လာရင် မိခင်ကလေးဌာနခွဲ တစ်ခုပဲရှိတယ်။ အဲ့ဒီမှာလည်း သားဖွား ဆရာမတစ်ယောက် နဲ့ အကူ တစ်ယောက်ပဲ ရှိ တယ်။ ဆရာဝန် တောင် မရှိဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဆွေဦး ကပြောသည်။

ထို အင်းခြံကျေးရွာအုပ်စုထဲတွင် အရေးပေါ်နေမကောင်းလာပါက ကျန်းမာရေး ဆေးပေးခန်းမရှိ၊ ဆရာဝန်မရှိသဖြင့် အရေးပေါ် ဖြစ်လာပါက အခက်အခဲများစွာရင်ဆိုင်နေရကြောင်း၊ ညောင်ရွှေမြို့နယ်ရှိ တိုက်နယ်ဆေးရုံကို သွားရသည်မှာလည်း ခက်ခဲ ကြောင်း အင်းဒေသခံများပြောပြချက်အရသိရသည်။ အင်းခြံကေလာကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၆ ရွာရှိသည်။ https://burmese.shannews.org/archives/16533

**************

၂၃။      ဒေါ်လာအင်း မကြုံစဖူးရေခန်းခြောက်မှုနှင့်ကြုံရပြီး ငါးအမြောက်အမြားသေဆုံးမှုဖြစ်ပေါ်

May 12, 2020

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း ငါးမျိုးစိတ်များစွာကို ကာကွယ်ထိန်းသိမ်းထားသည့် မိရင်ရွာရှိ ဒေါ်လာအင်းတွင် ယခုနှစ် မကြုံစဖူး ရေခန်းခြောက်မှုများနှင့်ကြုံတွေ့နေရသည့်အပြင် ငါးအမြောက်အမြား သေဆုံးမှုဖြစ်ပေါ်နေကြောင်း ဒေါ်လာအင်း ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။

ယခုလမှစတင်ကာ နေ့အပူချိန်နှင့် ညအပူချိန် အလွန်မြင့်မားလာနေမှုနှင့်အတူ အင်းရေများ အဆမတန်ခန်း ခြောက်လာမှု များကြောင့် ၎င်းအင်းအတွင်းထိန်းသိမ်းထားသည့် ငါးများ ပိဿာချိန်ထောင်နှင့် ချီသေဆုံးမှုများ ဖြစ်ပေါ်ကြောင်း ဒေါ်လာအင်း ထိန်းသိမ်းရေးတာဝန်ရှိသူများက ပြောသည်။ “ ဒေါ်လာအင်းမှာ ဒီလိုရေခန်းခြောက်သွားတာ တစ်ခါမှမရှိဘူး။ ရေခန်းတော့ အင်းထဲကငါးတွေက တချို့သေ သွားတယ် ။ ကျန်တဲ့တချို့ကလည်း ရေကနည်းပြီး ငါးကများတော့ ငါးတစ်ချို့ကိုလည်း ဖမ်းပြီး အင်းထိန်းသိမ်း ရေးရံပုံငွေအဖြစ် ရောင်းလိုက်တယ်။ ငါးဦးစီးဌာနက ရေလာတိုင်းကြည့်တော့ ရေအောက်စီဂျင်က ၁ ပဲရှိတော့ ငါးတွေအသက်မရှင်နိုင်တော့ဘူးပြောတယ်။ အဲဒါကြောင့် ငါးတွေကို တစ်ဝက်ရောင်းလိုက်ရတယ်” ဟု အင်း ထိန်းသိမ်းရေး ကော်မတီ တာဝန်ရှိသူတစ်ဦးဖြစ်သည့် နော်မြဝင်းက ပြောသည်။

အင်းရေများ အဆမတန်ခန်းခြောက်လာမှုကြောင့် သေဆုံးသွားသည့် ငါးအမျိုးအစားများထဲမှ ငါးဘတ်ငါးမျိုး အစားမှာ အများ ဆုံးဖြစ်ပြီး ထိုအထဲတွင် အကြီးဆုံး ၁၀ ပိဿာ အလေးချိန်ရှိသည့် ငါးများလည်းပါဝင်သည်ဟု သိရသည်။ ဒေါ်လာအင်းသည် ဧကပေါင်း ၆,၅၀ဝ ကျော်အကျယ်ရှိပြီး မိကရင်၊ မုက္ကဒိ၊ ခဲတောက်၊ ကမ်းကြီး၊ ကမ်းကလေး စသည့် ကျေးရွာ ၅ရွာ၏ ဧရိယာထဲတွင် နယ်နိမိတ် ထိစပ်နေကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ပြည်နယ်အစိုးရမှ အင်းအား လေလံတင်ရန် ကြိုးပမ်းခဲ့မှုများရှိသည့်အတွက် ဒေသခံများမှ မလိုလားဘဲ သဘာဝအတိုင်းသာ ထားရှိစေချင်သောကြောင့် ၂၀၁၆ ခုနှစ်တွင် အင်းထိန်းသိမ်းရေးကော်မတီဖွဲ့ပြီး ပြန်လည် ထိန်းသိမ်းလိုက်ခြင်းလည်း ဖြစ်သည်။ http://kicnews.org/2020/05/%e1%80 %b1%e1%80%92%e1%81%9a%e1%80%9c%e1%80%ac%e1%80

**************

၂၄။      စစ်တပ်လမ်းပိတ်ဆို့မှု ရခိုင်စစ်ရှောင်စခန်း ရိက္ခာပြတ်

May 14, 2020

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြေပုံမြို့နယ် ဖက်မှာ ရှိတဲ့ စစ်ရှောင် စခန်းတချို့မှာ ရိက္ခာသယ်ယူခွင့်တွေ ပိတ်ပင်ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

လက်ရှိအချိန်မှာတော့ မြေပုံမြို့နယ်က ကိုင်းကြီးစစ်ရှောင်စခန်းမှာတော့ စားနပ်ရိက္ခာပြတ်လပ်နေသလို တခြားဒေသတွေက နေ ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားတာ ၃ လလောက်ရှိနေပြီလို့ ကိုင်းကြီးစစ်ရှောင်စခန်းတာဝန်ခံ ကိုရွှေစိုးက ပြောပါတယ်။ “စားနပ်ရိက္ခာကတော့ ပြတ်လပ်မယ့် အနေအထား ရှိနေပြီခင်ဗျာ။ နောက်ပြီးတော့ စားနပ်ရိက္ခာတွေ သယ်ယူခွင့်မရဘူးခင်ဗျ။ ကိုယ်တိုင်သွားယူမယ်ဆိုရင်လည်း မရဘူး။ လမ်းတွေမှာကျတော့ မြို့နယ်တွေ မကျော်ရတာရှိတယ်။တပ်မတော်က တားတာ COVID-19 ကြောင့်တော့ မဟုတ်ဘူးခင်ဗျာ။ တပ်မတော်က တားတာကတော့ နောက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတယ် ထင်လို့ တားတာဖြစ်မယ်။ ရိက္ခာမသယ်ရတာတော့ သုံးလလောက်တော့ ရှိနေပြီ။” အဲဒီကိုင်းကြီးစစ်ရှောင်စခန်းမှာ လူဦးရေ ၃၀ဝ ခန့်နေထိုင်ကြပြီး စားနပ်ရိက္ခာတွေ အပြင် မိုးရာသီရောက်တော့မှာ ဖြစ်တာကြောင့် နေထိုင်ဖို့အတွက် နေအိမ်တွေ လို အပ်နေတယ်လို့လည်း ကိုရွှေစိုးက ပြောပါတယ်။

စညင်းစစ်ရှောင်စခန်းဟာ အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ စခန်းမဟုတ်သလို စညင်းစစ်ရှောင်စခန်းကို လာရောက် ကူညီကြတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ထားတယ်လို့ ကိုယ်တော်သဘာဝနဒီက မိန့်ပါတယ်။ မြေပုံမြို့နယ်မှာ ရိက္ခာသယ်ယူခွင့်တွေကို တပ်မတော်ဘက်ကတားမြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပေမယ့် တပ်မတော်ဘက်ကတော့ တားမြစ်တာမျိုး မဟုတ်ဘဲ လုံခြုံရေးအရ ဆောင်ရွက်ရတာလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ပြောခွင့်ရ ဗိုုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။ အစိုးရအနေနဲ့လည်း တရားဝင်ခွင့်ပြုထားတဲ့ စစ်ရှောင်စခန်းတွေကို စားနပ်ရိက္ခာထောက်ပံ့တာတွေရှိနေပြီး ကိုယ်သဘောနဲ့ ကိုယ်ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေကိုတော့ စားနပ်ရိက္ခာ တစုံ တရာထောက်ပံ့ပေးတာမျိုး မရှိပါဘူး။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရကသတ်မှတ်ကြေငြာထားပြီးနောက်မှာ ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာသလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေလည်း နေ့စဉ်နဲ့အမျှနဲ့ ရှိနေတာပါ။ https: //burmese.voanews.com/a/rakhine-conflicts-idp-camp-military/5419455.html

*************

၂၅။      မူဆယ်မြို့ နှစ်ည ဆက်တိုက် ပေါက်ကွဲမှု ဖြစ်

May 12, 2020

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် ယနေ့ ( မေ ၁၂) ည ၁၀နာရီ ဝန်းကျင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ကြောင်း မူဆယ်ဒေသခံများပြောပြချက် အရသိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးသော်လည်း ဗုံးပေါက်ကွဲမှုအသံသည် စွမ်စော်ရပ်ကွက် ပန်းဆေး ပြည်သူ့စစ်များနေထိုင်သည့် နေရာဘက်မှ လာကြောင်းလည်း မူဆယ် ဒေသခံများ ကပြောသည်။“ဗုံးပေါက်ကွဲတဲ့ အသံ ၂ ချက် ကြားတယ်။ ၁၀ စက္ကန့်လောက်ပဲခြားတယ်။ သေနတ်သံလည်း ကြားတယ်။ သေချာတော့ မသိသေးဘူး” ဟု စိုင်းမောဝ် က ဆိုသည်။ ဆက်လက်ပြီး စွမ်စော်ဒေသခံ တဦး ပြောပြချက်အရ“ ပန်းဆေး ပြည်သူ့စစ်တွေရှိတဲ့နေရာဘက်က အသံပဲ။ ကျနော်တို့လည်း နေရာကို လိုက်ရှာနေတယ်။ ပန်းဆေး ဘက်ကလည်း တခါဖြစ်ပြီးဘူးတော့ အဲ့ဘက်လည်း လို့ ထင်တယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

ယနေ့ ဗုံးပေါက်ကွဲမှုသည် အလွန်ကျယ်လောင်သော်လည်း မည်သည့်နေရာတွင် ပေါက်သည်ကို တိကျစွာမသိရှိရပေ။ ထို ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မူဆယ်မြို့ ရဲစခန်းကို သျှမ်းသံတော်ဆင့်က ကြိုးစားဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။ ယမန်နေ့ည ၈ နာရီခွဲတွင်လည်း မူဆယ်မြို့အဝင် တိုးဂိတ်တွင်ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ https://burmese.shannews.org/archives/16527

**************

၂၆။      ရခိုင်မြောက်ပိုင်းတွင် အစိုးရနှင့် ကုလအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး သက်တမ်းတိုး

May 13, 2020

နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့်ဒေသတွင်း ဖွံ့ဖြိုးရေးစီမံချက်များပူးပေါင်းဆောင်ရွက်ရန် အစိုးရနှင့်ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) တို့အကြား တနှစ်သက်တမ်းတိုး နားလည်မှုစာချွန်လွှာအား မေလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။ နားလည်မှုစာချွန်လွှာအရ ပြန် လည်လက်ခံရေးလုပ်ငန်းများ အထောက်အကူပြုရေးနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များတွင်မြေပြင်ကွင်းဆင်းလေ့လာမှုများနှင့် ဖွံ့ဖြိုးရေးစီမံချက်များကို ၂၀၂၀ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့အထိ တနှစ်တာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ နှစ်နှစ်တာ ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင်လည်း မြေပြင်ကွင်းဆင်းလေ့လာမှု ၇ ကြိမ်နှင့် လက်ငင်းအကျိုးသက်ရောက်စေမည့် လုပ်ငန်းစီမံကိန်း ၄၅ ခုအား အစိုးရကခွင့်ပြုပေးခဲ့ပြီး ပြောင်းလဲလာသည့် အခြေ အနေများအပေါ်မူတည်ကာ ပိုမိုအကျိုးရှိမည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ က အဆိုပါအခမ်းအနားတွင် ပြောကြားထားသည်။ လက်ရှိ တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့တွင် စတင်လက်မှတ်ရေးထိုးကာ ဆောင်ရွက်လျှက်ရှိသော်လည်း ယနေ့အထိ နှစ်နိုင်ငံ သဘောတူညီ ချက်ဖြင့် ပြန်လည်ဝင်ရောက်သူမရှိသေးကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

UNDP နှင့် UNHCR တို့က “ဒုက္ခသည်များ မိမိဆန္ဒအလျောက် လုံခြုံစွာနှင့်ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ခြင်းအတွက် သေချာ သော အခြေအနေတရပ် ဖြစ်ပေါ်စေရန် ဖန်တီးပေးခြင်းနှင့် မြန်မာနိုင်ငံတွင်း နေထိုင်ဆဲလူများ၏ လူ့အခွင့်အရေးခံစားခွင့်များ တိုးတက်လာစေရန်မှာ မြန်မာနိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်ပြီး၊ ဤလုပ်ငန်းအတွက်ဆက်လက် ကူညီပံ့ပိုးပေးသွားမည်”ဟု ဆိုသည်။ ၂၀၁၇ ခုနှစ်တွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(ARSA) က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြန်မာ    လုံခြုံရေးစခန်းများအား အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းမှုများ ပြန်လည် ပြုလုပ်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ယင်ဖြစ်စဉ်များအတွင်း ရာဇဝတ်မှုကျူးလွန်ခဲ့သည့် လုံခြုံးရေး တပ်ဖွဲ့ဝင်များကိုလည်း ဥပဒေအရ အရေးယူနိုင်ရန် အစိုးရက ဆောင်ရွက်လျှက်ရှိသည်။ https://burma.irrawaddy.com /news/2020/05/13/222553.html

**************

၂၇။      အင်းခရမ်းချဉ်သီး စိုက်တောင်သူ ကိုဗစ်-၁၉ ကြောင့် အရှုံးများဖြင့် ရင်ဆိုင်နေရ

May 13, 2020

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းရှိ ခရမ်းချဉ်သီး စိုက်တောင်သူများသည် ယခုနှစ် ကိုဗစ် ကာလကြောင့် အရှုံး များဖြင့် ရင်ဆိုင်နေရကြောင်း တောင်သူများ ပြောချက်အရသိရသည်။ ခရမ်းချဉ်သီးစိုက်တောင်သူ အများစုသည် ယခုနှစ်တွင် ခရမ်းချဉ်သီး ဈေးအဆမတန်ကျသောကြောင့် ခြံသမားများ အရင်းမရကြကြောင်း သိရသည်။

“လက်ရှိ အခြေနေက ဒီနှစ်ဈေးဆိုရင် တအားပေါလာတယ်။ ခြံသမားတွေအရင်းမရကြဘူး။ ပြီးခဲ့တဲ့နှစ်က ဈေးကောင်းတယ်။ ဒီနှစ်က လူတစ်ရာမှာဆို ၉၀ လောက်က အရှုံးပြတယ်”ဟု ကေလောကျေးရွာနေ ခရမ်းချဉ်သီးခြံပိုင်ရှင် ဦးဝင်းနိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။ ယခုနှစ် ခရမ်းချဉ်သီး ဈေးနှုန်းများမှာ အစောပိုင်း ကာလတွင် တတင်း ( ပိဿာ ၃၀ ) လျှင် ၃၀ဝဝ ကျပ်နှင့် ၃၅၀ဝ ကျပ် ကြားသာရရှိပြီး၊ရင်းနှီးမြုပ်နှံထားသည့် အလုပ်သမားခသာ ရရှိကြောင်း၊ ဆေးဖိုး၊ ဓာတ်မြေသြဇာ ဖိုး မရကြောင်းလည်း ဦးဝင်းနိုင်က ပြောသည်။ သို့သော် ယခု ရက်ပိုင်းအတွင်း ခရမ်းချဉ်သီးဈေး ၁ တင်း ကျပ် ၉၅၀ဝ တက်လာသဖြင့် အမြတ်မရသော်လည်း အရင်း ပြန်ရရန် မျှော်လင့်နေရကြောင်း ဦးဝင်းနိုင် ကပြောသည်။

“အသီး တအားထွက်တဲ့ချိန်က ဈေးကမရှိဘူး ကျနော်တို့ တပန်းရှုံးတာပေါ့။ ခရမ်းချဉ်သီး ထွက်ကြိမ်များလေ အသီးလျှော့ လေ။ ဈေးကောင်းလာရင်လည်း အတင်းသိပ်မထွက်တော့ဘူး။ အဲ့မှာပဲ ကျနော်တို့က စရှုံးနေပြီ”ဟု ခြံပိုင်ရှင် တဦးကလည်း ထပ်လောင်းပြောသည်။ အင်းလေးကန်မှထွက်သည့် ခရမ်းချဉ်သီးသည် မြန်မာပြည်အနှံ့ကို တင်ပို့ရောင်းချသည့် ကုန်စိမ်းဖြစ် ပြီး ယခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လမ်းပန်း    ဆက်သွယ်ရေး ခက်ခဲမှု၊ ကုန်စည်ကားများ ပြေးဆွဲမှု ရှားပါးလာသဖြင့် အရှုံးပေါ်မှု ဖြစ်ပွားခဲ့သည်။ https://burmese.shannews.org/archives/16537

*************

၂၈။      စားသောက်ဆိုင်အမည်ခံပြီး လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်ဆောင်သည့်အိမ်အား ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီး

May 14, 2020

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ကြခတ်တောကုန်းဆင်း ဘုရင့်နောင်လမ်းမကြီးနံဘေးတွင် စားသောက်ဆိုင် အမည်ခံပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ဆောင်နေသည့်နေအိမ်အား ယမန်နေ့ (မေလ ၁၃ ရက်နေ့ ည ၁၀ နာရီခန့်က ပြည် သူမှ အသွင်ယူ သတင်းပေးတိုင်ကြားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Covid-19 အရေးပေါ်ကာလတွင် အခြားသော သာမန်စားသောက်ဆိုင်များ ပိတ်ထားသော်လည်း လူသွား လူလာ များသော လမ်းမကြီးနံဘေးရှိ အဆိုပါ ပြည့်တန်ဆာရုံ မပိတ်ဘဲ ဖွင့်ထားကြောင်းသိရှိရ၍ တာဝန်သိပြည်သူများ အနေဖြင့် ယခုလို အသွင် ယူပြီး သက်ဆိုင်ရာသို့ ကိုယ်တိုင်သွားရောက် တိုင်ကြားရခြင်းဖြစ်သည်ဟု မြဝတီမြို့ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူ ကိုထွန်းထွန်းက ပြောသည်။ “ဒီပြည့်တန်ဆာရုံ ဖွင့်ထားတဲ့သတင်း ရရှိတဲ့အတွက် မေလ ၁၃ ရက်နေ့ ည ၈ နာရီခွဲအချိန် လောက်မှာ ကိုရဲမင်း (AACအဖွဲ့ဝင်) အပါအဝင် ကျနော်တို့ ၅ ယောက်အဖွဲ့ထဲမှ ၂ ယောက်က အဲ့ဒီရုံထဲဝင်သွားပြီး အသွင်ယူ ကာ ဆက်ရှင်ကြေး တစ်ဦးကို ၁၅,ဝ၀ဝ စီ ပေးချေပြီး အခြေအနေအား စုံစမ်းခဲ့ပါတယ်။ အတွင်းဘက်က ပြည့်တန် ဆာဖမ်းဆီး ရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ သက်သေအခိုင်အမာယူပြီး ည ၉ နာရီအချိန်ခန့်မှာ အမှတ် ၄ ရပ်ကွက်ရုံးသို့ သွား ရောက်ပြီး အုပ်ချုပ်ရေးမှူးထံ သတင်းပေးတိုင်ကြားခဲ့ပါတယ်။”ဟု ကိုထွန်းထွန်းက ပြောသည်။

မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် မင်းမင်းထွန်း၊ အပိုင်နယ်ထိန်း ရဲတပ်ကြပ်ထွန်းမင်းလတ်အပါအဝင် ရဲတပ်ဖွဲ့ဝင် များနှင့်ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက အဆိုပါ အမှတ် ၄ ရပ်ကွက် ဘုရင်နောင်လမ်းမကြီးတွင် ဇာနည်စားသောက် ဆိုင် အမည်ခံပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းလုပ်ဆောင်နေသော နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်း၌ လိင်ဖျော် ဖြေရေးလုပ်ငန်း လုပ်ကိုင်ရန်အလို့ငှာ အခန်းငယ်များဖွဲ့ပြီး ခေါင်းအုံးနှင့် အိပ်ယာခင်းများထားရှိခြင်းတို့ကို တွေ့ရှိရသည့်အတွက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးအား မြဝတီမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဘုရင့်နောင်လမ်းမကြီးနံဘေး အမှတ် ၄ ရပ်ကွက် မြဝတီမြို့တွင် လိင်ဖျော်ဖြေရေးလုပ်ငန်းကို နေအိမ်၌ဖွင့်၍ လုပ်ငန်းအား စီမံခန့်ခွဲလုပ်ကိုင်သူ အမျိုးသားအား (ပ) ၃၇၉/၂၀၂၀ ပြည့်တန်ဆာအက် ၅ (၁)ဖြင့် လည်းကောင်း၊ လိင်ဖျော်ဖြေ ရေးလုပ်ငန်းလုပ်ကိုင်ရန်ရောက်ရှိနေသော အမျိုးသမီး ၃ ဦးအား (ပ)၃၈၀/ ၂၀၂၀ ပြည့်တန်ဆာအက် ၇(၁)ဖြင့်လည်းကောင်း မြဝတီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ http://kicnews.org/2020/05/%e1%80%85%e1%80 %ac%e1%80%b8%e1%80%b1%e1%80%9e%e1%80

**************

 

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

*** ပြီး ***

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button