သတင်း

နေ့စဉ်သတင်းအကျဉ်း

#Photo_Credit

#Federal_Journal

၂၈ – အောက်တိုဘာ – ၂၀၂၁

 

အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့်ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ သေဆုံးသူ (၁၂၁၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ဖမ်းဆီးခံခဲ့ရသူ (၉၃၄၅)နှင့် ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၄) ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

 

  • အင်တာနက်ဖြတ်တောက်ခံထားရသော ဖားကန့်ပြည်သူများ “KIA နှင့် PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ” ဟု ကြွေးကြော်ခဲ့ကြကာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် သပိတ် ယနေ့ ပြုလုပ်ခဲ့ကြပါသည်။

 

  • တော်လှန်ကျောင်းသားပြည်သူများအား မတရား ဖမ်းဆီးထားပြီး လွှတ်ပေးလိုက် ထပ်မံဖမ်းဆီးလိုက် ပြုလုပ်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီအား လုံးဝအယုံအကြည်မရှိကြောင်း လောင်းလုံးမြို့နယ်အတွင်းရှိ အ.က.သ ကျောင်းသားများက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

 

  • ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးလက်ဒေသတွင် ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့က ထားဝယ်မြို့တွင် ကျဆုံးခဲ့ရသည့် သူရဲကောင်းလေးဦး ၈ လ ပြည့်နေ့အဖြစ် အကြမ်းဖက် စစ်အာဏာ ရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အောက်တိုဘာ ၂၆ ရက်က “❝တော်လှန်စစ်ကို ထောက်ခံကြ” ၊”ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်❞ ဆိုတဲ့ခေါင်းစဉ်နဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ Paper Strike ပြုလုပ်ခဲ့တဲ့အပြင် အိုးဝေစာစောင်တွေလည်း ဝေငှခဲ့ပါတယ်။

 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မိုးပေါင်းကျေးရွာအနီး စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA တပ်မဟာ ၁၊ တပ်ရင်း ၃၊ တပ်ခွဲ ၁ တပ်ဖွဲ့တို့ အောက်တိုဘာလ ၂၇ ရက် နံနက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရသွားကြောင်း သိရှိရပါတယ်။

 

  • မန္တလေးမြို့တွင် စစ်အာဏာရှင်စနစ်ကို အလိုမရှိသည့် မန္တလေးပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများဖြစ်သည့် စိန်ပန်းသပိတ်စစ်ကြောင်း နှင့် မဟာအောင်မြေမြို့နယ်စုပေါင်း သပိတ်စစ်ကြောင်းများက “မြန်မာပြည်ကို ငွေမပေး စစ်ကောင်စီကို ငွေမပေး”ကြွေးကြော်သံများဖြင့် စိန်ပန်းလမ်းမကြီးပေါ်တွင် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ နံနက်အစောပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

 

  • ရန်ကုန်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် “ပြည်သူနဲ့လက်တွဲ ရေဘဝဲ ဖက်ဆစ်တပ်ကို အမုန်းဆွဲ” ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး ညသပိတ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ‘မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး’ ဟု ကြွေးကြော်ပြီး မန္တလေးမြို့တစ်နေရာတွင် ပြည်ကြီးတံခွန်ဆရာတော်မှ ဦးဆောင်ကာ အောက်တိုဘာလ ၂၈ ရက်၌ ဖက်ဆစ်စစ်တပ်ဖြုတ်ချရေး ဆန္ဒပြကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရေးအတွက် ‘စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို ကျနော်တို့ ဖြိုချရလိမ့်မယ်’ ဟု ကြွေး ကြော်ပြီး မုံရွာပင်မသပိတ်စစ်ကြောင်းမှ ဦးဆောင်ကာ အောက်တို ဘာလ ၂၈ ရက်တွင် မီးတုတ်များရှို့ ချီတက်ဆန္ဒပြကြသည်။

 

  • တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် “မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်ရှိ ကျေးရွာလူထု စုပေါင်း၍ အကြမ်းဖက်ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ၂၃၂ရမြောက်နေ့တွင် “မြန်မာပြည်ကိုကယ်တင်ရေးစစ်ကောင်စီကို ငွေမပေး” စာတန်းများ ကိုင်ဆွဲကာ အောက်တိုဘာ ၂၈ တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • “PDF တပ်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ ” စတဲ့ ကြွေးကြော်သံတွေနဲ့ ရွှေဘိုမြို့ပြည်သူများက အောက်တိုဘာ ၂၈ ရက်မှာ ဆက်လက် ဆန္ဒပြခဲ့ပါတယ်။ ဒါ့အပြင် ရွှေဘိုမြို့ရှိ ကျေးရွာ တစ်ရွာတွင်လည်း ပြည်သူများ ဦးဆောင်ကာ “သိက္ခာမရှိတဲ့ ခွေးတပ် အမြစ်ပြတ် ဝင်ငွေ စီးဆင်းမှုတွေဖြတ်” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဝက်လက်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ စုပေါင်း၍ အောက်တိုဘာ ၂၈ တွင် အကြမ်းဖက်ဖက်ဆစ်စစ်အာဏာရှင်တော် လှန်ရေးညနေခင်းသပိတ်စစ်ကြောင်းချီတက်ခဲ့သည်။

 

  • ဆားလင်းကြီးမြို့ ကံကုန်းကျေးရွာတွင် ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် ကျေးရွာလူထုက ‘မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး’ စာတန်းကိုင်ဆွဲကာ အကြမ်းဖက်ဖက်ဆစ်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့အောက်တိုဘာလ ၂၈ရက်နေ့တွင် “မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး” အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ပခုက္ကူတွင် ပြည်သူများက အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ငွေမပေးရေး လှုံ့ဆော်သည့် သပိတ်စစ်ကြောင်း ချီတက်မှု ည သပိတ်ကို ယနေ့ အောက်တိုဘာ ၂၈ တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင် မြို့နယ် ကျေးစာကျကျေးရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ အလားတူ ရေကြည်ပင်ရွာတွင်လည်း ကျေးရွာလူထုက ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြ‌ ကြောင်းသိရပါသည်။

Related Articles

Back to top button