သတင်း

နမခဒုတိုင်းမှူး၏ တပည့် ၂ ဦး သူတို့ ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံပြော၍ CDM လုပ်ဟု ချင်းလူ့အခွင့် အရေးအဖွဲ့ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၉၊ ၂၀၂၁


ဟားခါးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၏ ကိုယ်ရေးအရာရှိနှင့် ယဉ်မောင်းတို့ စစ်ကောင်စီတပ်မှ ထွက်ပြေးလာပြီး ပြည်သူ့ဘက်ကိုဘက်ပြောင်းခိုလှုံကာ CDM လုပ်သွားကြကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

၎င်းတို့နှစ်ဦးသည် ထွက်ပြေးခိုလှုံလာပြီးနောက် စစ်ကောင်စီတပ်တွင်း စိတ်ဓါတ်ပိုင်း ကျဆင်းနေမှုများ၊ အကြောက်တရားများ၊ အမိန့်မနာခံမှုများ ရှိနေပြီး ထိုသတင်းများ အပြင်မထွက်စေရန် တင်းတင်းကြပ်ကြပ်ဖုံးကွယ်ထားကြောင်း ဆိုသည်။

ယင်းအပြင် တပ်ရင်းအများအတွင်း၌ စစ်သားများ၏ ဇနီးမယားများအား လက်နက်တပ်ဆင်ထားကြောင်း၊ စစ်ကောင်စီခန့် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးငွန်ဆန်းအောင်ကိုလည်း လက်နက်တပ်ဆင်ပေးထားကြောင်း ထုတ်ဖော်ပြောဆိုသည်။

လုံလဲရ်စစ်ကောင်စီစခန်းအား CDF တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်လိုက်သည့်ဖြစ်စဉ်တွင်လည်း အဆိုပါ လုံလဲရ်စခန်းအား စစ်ကူများ ပို့ဆောင်ရေးနှင့်ပတ်သက်ပြီး ဒုတိုင်းမှူး၏ အမိန့်အား ထန်တလန်ရှိ စစ်ကောင်စီတပ်များမှ မနာခံမှုများ ရှိခဲ့ကြောင်းနှင့် ထိုကိစ္စနှင့်ပတ်သတ်၍ ဒုတိုင်းမှူး မျိုးထွဋ်လှိုင်မှ မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထံ သတင်းအချက်အလက် အတုများ ပေးပို့ခဲ့သည်ဟု ဒုတိုင်းမှူး၏ ကိုယ်ရေးအရာရှိနှင့် ယဉ်မောင်းတို့မှ ဝန်ခံထွက်ဆိုထားကြောင်း နှင့် မည်သည့်နေရာသို့ ထွက်ပြေးလာသည်ကို CHRO က အသေးစိတ်ဖော်ပြထား ခြင်းမရှိပါ။

နမခဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်သည် ချင်းပြည်နယ် ဟားခါးတွင် ကြီးကြပ်ကွပ်ကဲလျက်ရှိသည်ဟု စစ်ဘက်သတင်းရင်းမြစ်များအရသိရသည်။

Related Articles

Back to top button