ကဗျာ

တောင်းပန်ခြင်း ဖက်ဒရယ်ကဗျာ

“တောင်းပန်ခြင်း ဖက်ဒရယ်ကဗျာ”

စကားဝဲပေမယ့်

အမှားနည်းတဲ့သူတွေပါ။

အာဏာရှင် ငရဲခွေးကြောင့်

သွေးကွဲရတာ။

မင်းတို့မုန်းတဲ့ လူမျိုးငါ

ဗမာ ခေါ် (မြန်မာ) တစ်ယောက်ဖြစ်နေခဲ့။

တိုင်းရင်းသားစုံ ညီညွှတ်ကြောင်းမို့

တောင်းပန်စာဖွဲ့။

အရေးတော်ပုံ ဒီကာလ

ညီညွတ်ကြ ကွယ်တို့ရေ။

အောင်သပြေ ဒီမိုပန်း

လှမ်းယူစို့လေ။

ဖက်ဒရယ်အစစ်ရဖို့လေ

တို့တစ်တွေ ဘဝရင်း။

လူငယ့်မာန် ဇာတိသွေးနဲ့

ကြွေးကြော်ခဲ့မင်း။   ။

 

ဧရာဝဏ်(မအူပင်)

ဩဂုတ် -၂၈ ရက်၊ ၂၀၂၁။

Related Articles

Back to top button