တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသတင်း

စစ်ကောင်စီ၏ (၅)လတာ စစ်ရေးလှုပ်ရှားမှုရပ်စဲကြောင်း ကြေငြာချက်ထွက်ပြီးနောက် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ကေအဲန်ယူ ဗဟိုထုတ်ပြန်

ဓါတ်ပုံ_ကေအဲန်ယူ
ဖက်ဒရယ်ဂျာနယ် ( နိုဝင်ဘာ – ၉)
စစ်ကောင်စီ၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊အောက်တိုဘာ လ(၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ (၅)လကြာ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း ကြေငြာချက်ထုတ်ပြန်ပြီးနောက် ပထဆုံးလဖြစ်သည့် အောက်တို ဘာလ အတွင်းမှာပင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများ အတွင်းတွင် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့သည် စစ်ရေးလှုပ်ရှားမှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုတိုးမြှင့်လုပ် ဆောင်လာသည်ကို သိသာထင်ရှားစွာမြင်တွေ့ရပါသည်။
စစ်ကောင်စီ၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက် ပထမဆုံးလဖြစ်သည့် အောက်တိုဘာလအတွင်းတွင် ကေအဲယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း အာဏာ သိမ်းစစ်ကော်စီတပ်ဖွဲ့နှင့် နယ်ကြားစောင့်တပ် BGF တို့မှ စစ်ရေးလုပ်ရှားမှုပိုမိုတိုးမြင့်လာပြီး လူ့အခွင့်ရေးချိုးဖေါက်မှုလုပ်ရပ်များကို ပိုမိုလုပ်ဆောင်လာတာကို တွေ့ရှိရပါသည်။အေက်တိုဘာလ တွင် ကေအဲန်ယူ-ကရင်အမျိုးသားထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲအရေအတွက် စုစု ပေါင်း(၂၇၅)ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုများစွာပိုမိုဖြစ်ပွားခဲ့ပါသည်။
စစ်ကောင်စီ၏ စစ်ရေးလှုပ် ရှားမှုများအတွက် ရွာသူ ရွာသားများကို လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအား အတင်းအဓမ ပေါ်တာဆွဲခြင်း၊ ရွာသူ ရွာသားများအား သူတို့၏ စစ်စခန်းများတွင် စစ်ကောင်စီတပ်များကိုယ်စား ကင်းစောင့်စေခြင်း။ ရွာသူ ရွာသားများ၏ ကျွဲ၊နွား၊ဆိတ်၊ကြက်၊ဘဲများကို အတင်းလုယူ သတ်စားခြင်း၊ ရွာသူရွာသားတို့၏ အိမ်၊ ဈေးဆိုင်များကိုမီးရှို့ဖျက်ဆီးခြင်း လုပ်ရပ်တို့ကို ကျူးလွန်သွားသည်ကိုတွေ့ရှိရပါသည်။
စစ်ရေးလှုပ်ရှားမှုများ ပိုမိုများလာပြီးနောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNLA) ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့နဲ့ တိုက် ပွဲဖြစ်တိုင်း စစ်ကောင်စီတပ်ဖက်မှ လူနေထိုင်ရာရွာများသို့၊ ရွာသူရွာသားများ လုပ်ကိုင်စားသောက်ရာနေ ရာများသို့ လက် နက်ကြီးပစ်ချကာ ရွာသူရွာသားများ အလွန်ကြောက်နေရပါသည်။ ရွာသူရွာသားများကို လဲခေါ်ယူခြိမ်းခြောက်ခြင်းများလည်းရှိခဲ့ပါ သည်။
ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး၊ သထုံခရိုင်-တပ်မဟာ(၁)၊ ဖားအံမြို့နယ် နယ်မြေအတွင်း နယ်ခြားစောင့်တပ် တပ်ရင်း-၁၀၁၄ ဒု-တပ်ခွဲမှူး ဗိုလ်တင်ဝင်း နှင့် တပည့် ဖားကနူ၊ မိုးဟိန်း တို့သည် ကျေးရွာပေါင်း (၂၀) ၏ ကျေးရွာလူကြီးများကို ဆင့်ခေါ်ပြီး (၃)လ သူကြီး လုပ်ရန် ခန့်အပ် ခိုင်းစေခဲ့ပါသည်။
ကျေးရွာကြီးများအတွက် ရွာသူကြီး (၃) ဦး ခန့်အပ်ပေးရမည် ဖြစ်ပြီး၊ ကျေး ရွာငယ်များအတွက် ရွာသူ ကြီး(၂) ဦး ကို ခန့် အပ်ပေးရမည် ဖြစ်ပါ သည်။ ထို့ အတူ ရွာသား (၂)ဦးစီကို တပ်စခန်းတွင် အလှည့်ကျ သွားနေရန် ပေးပို့ရမည် ဖြစ်ပြီး အခြား (၂)ဦးမှာ ကျေးရွာတွင် ကျန်နေခဲ့ကာ ၎င်းတို့ထံ သတင်းပေးပို့ရန် စေခိုင်း ခဲ့ပါသည်။
စစ်ကောင်စီတပ်များ သည် ကျေးရွာများ အတွင်းသို့ ဝင်ရောက်ပြီး ရွာသူရွာသားများ ၏ ဥစ္စာပစ္စည်းများ ဖြစ်သော ဖုန်း၊ ဆိုလာ၊ ဓါတ်မီး၊ ကော်ဖီမစ်၊ ဘက်ထရီ၊ ထမင်းစားပန်းကန်၊ ကျောပိုးအိတ်၊ အင်္ကျီအဝတ် အစားများ စသည်တို့ အပြင် ရွာသားများ၏ စျေးဆိုင်များ သို့ သွားရောက်ပြီး ဆိုင်ပိုင် ရှင်၏ ငွေများ၊ စားသောက်ဖွယ်ရာများဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန်၊ ငရုတ်သီး၊ ရွှေဖရုံသီး နှင့် ကြက်၊ ဘဲ၊ ဆိတ် များ နှင့်အတူ ကျွဲတစ်ကောင် ကို လည်း ပစ်သတ်ယူဆောင်သွားခဲ့ပါ သည်။ ၎င်းတို့ မတရားယူ ဆောင် သွားခဲ့သော ပစ္စည်းများ၊ အစား အသောက်များ ၏ တန်ဖိုးသည် မြန်မာငွေ ကျပ်သိန်း(၁၀၀) ခန့် တန်ဖိုးရှိပါသည်။
ဖားအံမြို့နယ် နယ်မြေအတွင်း စစ်ကောင်စီတပ် တပ်ရင်း(၂၀၈) တပ်ဖွဲ့ မှ ဝေါ်တမို ရွာသား စောတင်လေး ကို အကြောင်းမဲ့ ပစ်သတ်ခဲ့ပါသည်။ သထုံမြို့နယ် နယ်မြေအတွင်း စစ်ကောင်စီတပ် တပ်ရင်း (၄၀၆ နှင့် ၂၀၈) တပ်သားများ မှ နယ်မြေစိုးမိုးရေး လှုပ်ရှားဆောင်ရွက်ရင်း မောကလိုးကျေးရွာ သို့ ရောက်ရှိကာ နော်အယ်ဖော ၏ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်တွင်းပစည်းများဆုံးရှုံးခဲ့သည်။
စစ်ကောင်စီတပ်များသည် ကျေးရွာများ အနီးအနား နှင့် လယ်ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း ကြောင့် ခလေးငယ် (၂)ဦး အပါအဝင် ရွာသား (၄)ဦး ကို ထိမှန် ဒဏ်ရာ ရ ရှိပြီး အိမ် (၂) လုံး လည်း ထိမှန် ခဲ့ပါသည်။
ဘီးလင်းမြို့နယ် နယ်မြေအတွင်း တပ်ပေါ တပ်စခန်းတွင် နေထိုင်သော စစ်ကောင်စီတပ်များ ဖြစ်တဲ့ စကခ (၈) ခမရ (၄၀၆) စစ်ကြောင်း (၂) စစ် ကြောင်းမှူး ဗိုလ်မှူး ကျော်ထွန်းငြိမ်းနှင့် နယ်ခြားစောင့်တပ် BGF 1013 ဗိုလ်ဝါသိုး ဦးဆောင်သော တပ်ဖွဲ့မှ စစ်ကြောင်း ထွက်ရာတွင် တပ်ပေါင်းကျေးရွာ နှင့် ကားမဲ ကျေးရွာ ရှိ အမျိုးသမီး(၄)ဦး၊ အမျိုးသား(၉)ဦး စုစု ပေါင်း(၁၅) ဦး ကို အတင်း အဓမ္မခေါ်ဆောင်ဘသွားခဲ့ပါသည်။ ထို ရွာသူ ရွာသားများကို လမ်းပြအဖြစ် အသုံးပြုရန် နှင့် ပေါ်တာ အဖြစ် အသုံး ပြုရန်ဖြစ်သည်။ ၎င်းတို့ ခေါ်ဆောင် သွားခဲ့သော ရွာသူ ရွာသားများ ထဲ မှ တစ်ဦးမှာ တိုက် ပွဲ ဖြစ်ချိန်တွင် ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။
ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး၊ မူတြော်ခရိုင်-တပ်မဟာ(၅)၊ ဒွယ်လိုးမြို့နယ် နှင့် ဘူးသိုမြို့နယ် နယ်မြေများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ခြိမ်း ခြောက်ခြင်းများကို ပြု လုပ်ကြသော စစ်ကောင်စီ ၏ တပ်များ မှာ (စကခ-၈) လက်အောက်ခံ ခမရ(၄၀၃၊ ၄၀၅၊ ၄၀၆၊ ၄၀၇၊ ၄၀၈)၊ ခလရ(၁၉) နှင့် နယ်ခြားစောင့်တပ် တပ်ရင်း (၁၀၁၁၊ ၁၀၁၃၊ ၁၀၁၄) တို့ ဖြစ်ပါသည်။ တစ်လအတွင်း စစ်ကောင်စီတပ်များ နှင့် နယ်ခြားစောင့်တပ်များ ၏ ကျေးရွာအနီး အနား၊ လုပ်ငန်းခွင်များ သို့ လက်နက်ကြီး အချက်ပေါင်း (၆၃) ချက် ကို ပစ်ခတ်ခဲ့ခြင်းဖြင့် လူနေအိမ် (၅၂)လုံး ထိမှန် ပျက်စီးခဲ့ပါသည်။ နွား(၉) ကောင် လည်း ထိမှန် သေဆုံးခဲ့ပြီး (၂) ကောင် မှာမူ ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။ ထို့အပြင် ရွာသားများ၏ ဆိုင်ကယ် (၃) စီး နှင့် ကား(၁) စီး လည်း ထိမှန် ပျက်စီးခဲ့ရပါသည်။
ဒွယ်လိုးမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ် ခမရ (၄၀၅) မှ ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုအစီအစဉ်များ တွင် လမ်းပြပေးရန် နှင့် ပေါ်တာထမ်း ပေးရန် ရွာ(၄)ရွာ ရဲ့ ရွာသူရွာသား ၊အသက်မပြည့် သောခလေးများ စုစုပေါင်း (၄၃) ဦးကို အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပါသည်။ ထိုသို့ ခေါ်ဆောင်သွားခဲ့သော ရွာသား (၄၃) ဦး ထဲမှအသက် (၆၀) ရှိ အမျိုးသမီး (၁) ဦးမှာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
ဘူးသိုမြို့နယ် နယ်မြေအတွင်း လှုပ်ရှားနေသော စစ်ကောင်စီတပ် ခမရ (၄၀၆) နှင့် ခလရ(၁၉) တပ်ဖွဲ့ဝင်များ သည် ဖာပွန်မြို့၊ ရပ်ကွက်(၂) ရှိ နေအိမ် (၄၈)လုံး ကို အတင်းဝင်ရောက်ရှာဖွေခဲ့ပါသည်။ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်- တပ်မဟာ(၅) မှ ၎င်းတို့အား ပစ်ခတ်မည် ဆိုပါက ဖာပွန်မြို့တွင်းသို့ လက် နက်ကြီးများဖြင့် ပစ်ချမည် ဟု ခြိမ်းခြောက် ခဲ့ပါသည်။ ထို့အပြင် အပြစ်မဲ့ ရွာသား (၆) ဦး ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသည်။
နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၁ နှင့် ၁၀၁၄) တပ်ဖွဲ့မှ ရွာသားများ၏ ရော်ဘာခြံအတွင်း ဘုန်းကြီးကျောင်းဝင်း အနားတဝိုက် နှင့် ကျေးရွာများ အနီးတွင် မိုင်းများ လိုက်ထောင်ထားခဲ့ပါ သည်။ ဒေသခံများအနေ ဖြင့် ၎င်းတို့၏ တပ်စခန်း ရှေ့တွင် ဖြတ်လျှောက်သွားပါက ခေါင်း ငုံ့သွားရန်အ မိန့် ထုတ်ပြန်ထားပါသည်။ ခေါင်း ငုံ့ မသွားသောသူ များကို တပ်မဟာ (၅) ၏ ထောက်လှမ်းရေးများအဖြစ် သတ်မှတ်မည်ဟုပြောပါသည်။ မဲ့ပရီးကျေးရွာ ရှိ နော်မူဆိ သည် ကမမောင်းဆေးရုံသို့ မီးဖွားရန် စက်လှေဖြင့် စီးသွားရာတွင် ဖောထီးခူ အရောက်တွင် ဖောထီးခူ စခန်းတွင် နေ ထိုင်သော နယ်ခြားစောင့်တပ် (၁၀၁၄) တပ်ရင်းမှူး မောင်ချစ် ၏ တပည့် ဖားသဘဲ မှ လက်နယ်ငယ်ဖြင့် ပစ်ခတ်ခြောက်လှန့်ပြီး စက်လှေကို ကမ်းသို့ ကပ်ပေးရန် ခေါ်ယူပြီးနောက် ကမမောင်း သို့ သွား မွေး ခွင့်မပြုခဲ့ဘဲ နောက်ပြန်လှည့်သွားစေခဲ့ပါသည်။
နယ်ခြားစောင့်တပ် တပ်ရင်း(၁၀၁၁ နှင့် ၁၀၁၄) တို့သည် ဘူးသိုမြို့နယ် နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များကို ထောက်ပံ့ ကူညီနေပြီး စစ်ရေးလှုပ်ရှားမှုအစီအစဉ်များ တွင်လည်း ပါဝင်ပေးခြင်း၊ ဒေသခံလူထု ကို ခြိမ်းခြောက်ခြင်းများကြောင့် တပ်စခန်းများ နှင့် နီးကပ်နေသော ရွာသူရွာ သားများ အနေဖြင့် စိုးရိမ် ထိတ်လန့်နေကြရပါသည်။ ရွာသူရွာသားများ သာမက ဘုန်းတော်ကြီးများပင်လျှင် ကြောက်ရွံ့နေရပါသည်။
ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး၊ ဒူးပလာ ယာခရိုင်- တပ်မ ဟာ(၆)၊ ကော့ကရိတ်မြို့နယ် နယ် မြေအတွင်း စစ်ကောင်စီတပ်များမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ် (၅) လုံး ထိမှန်ခဲ့ပြီး ရွာ သား(၂)ဦး နှင့် နွား (၃) ကောင်ကို ထိခိုက် ဒဏ် ရာ ရစေခဲ့ပါသည်။ ထို့အ ပြင် ကျပ်ငွေ (၁၀) သိန်းခန့် တန်ဖိုးရှိသော ရွာ စျေးဆိုင်ငယ်ကိုလည်း စစ်ကောင်စီ တပ်ရင်းမှူး နိုင်နိုင်လွင် ဦး ဆောင်သောတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။ ထိုသို့ လူ့ အခွင့် အရေးချိုးဖောက်ခြင်း၊ ခြောက်လှန့်ခြင်းများ ကို (စကခ-၁၃) လက်အောက် ခံ ခမရ (၅၅၆၊ ၅၆၀)၊ (ခလရ- ၂၃၁)၊ လက်နက်ကြီး တပ် ရင်း(၃၁၂) တပ်ဖွဲ့တို့မှ ပြု လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ကျေးရွာအတွင်းသို့ လက် နက်ကြီး ပစ်ခတ်ရန် အမိန့်ပေးသူမှာ ရတခ ၏ ပထမတန်း စစ်ဦးစီး အရာရှိ ‌ ‌ နေယု ဆိုသူ ဖြစ်ပါသည်။

Related Articles

Back to top button