သားမွေးပြီး ချွေးမရမယ်
မသေချာတော့တဲ့ခေတ်
ဒီမိုကရေစီ စာသားအစစ် ဖယ်ဒရယ်အတုကိုရတယ် ။
သမိုင်းတဲ့
အလောင်းဘုရား
ကျန်စစ်သား
ဘုရင့်နောင်
ကုန်းအော်ကျက်ခဲ့ရတဲ့ ပညာရေးစနစ်မှာ
မိဘချွေးနဲစာငွေအစစ်နဲ့ ငါတို့ ဘွဲ့အတုကိုရတယ် ။
မေတ္တာတရားအကြောင်းသိပ်ဟောတဲ့နိုင်ငံမှာ
ဘာသာရေး အဓိကရုန်းအတုတွေနဲ့
သောက်သောက်လဲ သေခြင်းတရားအစစ်ကိုရတယ် ။
အချင်းချင်း
အပြစ်တင်နေတဲ့လူမျိုးစု ဗိုလ်လုပွဲမှာ
ခေါင်းဆောင်အစစ် နောက်လိုက်အတုတွေရတယ် ။
ဆြာအောင်ဝေး စကားနဲ့ငှားပြောမယ်
ဒီတိုင်းပြည် ဆစ်ဖလစ်ဖြစ်နေတာကြာပြီ့
စစ်ပွဲအတုတွေဆီက
ဘယ်တော့မှငြိမ်းချမ်းရေးအစစ်ကိုမတောင်းပါနဲ့တဲ့
ငါဟာအတု ငါဟာအစစ်
သင့်အလိုတော်ပဲ
ပြောချင်တာက
ခင်များသောက်နေတဲ့အရက်အတု ဖိုးလောက်
ဒုက္ခသည်အစစ်တွေဆီ မျှစေချင်တဲ့ခံစားမှုအစစ်နဲ့
ကဗျာအတု အကြောင်းလေးပါပဲ ။ ။
ပန်စိုင်းလူ