သတင်း

စစ်ကောင်စီ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်း ထုတ်ပြန်

ဓါတ်ပုံ - Cobra Column

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၁၂
ကရင့်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၆) ၊ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်​ကွေ့နှင့် သရက်တစ်ပင်ရွာကြား နေရာတစ်ခုတွင် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်းတို့ ဇူလိုင် (၁၂) ရက်နေ့ ယနေ့ မနက် (၆) နာရီ မိနစ် (၂၀) ခန့်မှ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ဘက်က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီတိုက်ပွဲအတွင်း “စစ်‌ကောင်စီ၏ ခလရ (၈) စစ်ကြောင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး တို့အပါအဝင် အရာရှိများ၊ တပ်သား အများအပြား သေဆုံးပြီး ” တပ်ရင်း ဖွဲ့စည်းပုံ ပျက်သည်” အထိ သေကြေ၊ ပျက်စီးကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြတယ်လို့ ကော်ဘရာ စစ်ကြောင်း ဘက်က ဆိုထားပါတယ်။
အဲဒီတိုက်ပွဲအတွင်းတော့ ကော်ဘရာစစ်သည် (၃)ဦး အသေးစား ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကနေဦး အနေဖြင့် ဖော်ပြပါ လက်နက်ခဲယမ်းများနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိတယ်လို့ ကော်ဘရာ စစ်ကြောင်း ဘက်က ထုတ်ပြန်ထားပါတယ်။
RPG အသီး - ၂၆ လုံး
RPG ပို့ယမ်း - ၂၁ တောင့်
ရှေ့ထွက်မိုင်း - ၁လုံး
နင်းမိုင်း - ၂၁ လုံး
လက်ပစ်ဗုံး - ၁၇ လုံး
စကုတ် - ၂ ခု
မိုင်းရှာစက် - ၁ ခု
၄၀ မမ - ၃၁ လုံး
အမျိုးအမည်မသိ 79 - ၃ လုံး
မိတ်ကပ် - ၂ဘူး
ဖြိုခွင်းရေး ယမ်းမဲ - ၇ချောင်း
၆၀ မမ -၂၉ လုံး
အီနာဂါ - ၂၂လုံး
ကီးပတ်ဖုန်း - ၇လုံး
Touch screen ဖုန်း - ၄လုံး
ငွေ - သိန်း၂၀
၅.၅၆ ကျည် - ၅၀၀၀
စက်လတ်ကျည် - ၃၀၀၀
MA - 1 - ၁လက်
ဂျန်ဘာစက် - ၁ခု
ဓား၊ ပေါက်တူး၊ ပေါက်ပြား၊ ဂေါ်ပြားများ၊ စစ်အသုံးအဆောင် ပစ္စည်းများပြားစွာ သိမ်းဆည်းရမိပါသည်။

Related Articles

Back to top button