သတင်း

ဖယ်ခုံမြို့နယ် တိုက်ပွဲသတင်း KNDF ထုတ်ပြန်ခြင်း

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၆

ဖယ်ခုံမြို့နယ် ကုန်းဆုံနှင့် လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လွယ်ပသာ ကုန်းစခန်းနှင့် ရွှေပြည်အေးအနီးရှိ ကုန်းစခန်းများကို ဇူလှိုင်လ (၄) ရက်နေ့၊ နံနက် (၀၅း၀၀) နာရီအချိန်၌ ပူးပေါင်းတပ် ကရင်နီ တပ်မတော် (KA)၊ KNDF PDF (Phekhon)၊ SSRY အဖွဲ့တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ကာ၊ စစ်ကာင်စီ၏ လွယ်ပတာ စခန်းကို သိမ်းပိုက်ရရှိလုနီးပါးဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြစ် အဆမတန် အသုံးပြု တိုက်ခိုက် ခဲ့ကာ သာလွန်စစ်ကူအင်အားတို့ဖြင့် တိုက်ခိုက်မှတို့ကြောင့် ကရင်နီ ပူးပေါင်း တပ်များက နေ့လည် ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုထားသည်။
ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ် ဘက်မှ (၄၀) ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်မှု များပြားခဲ့ သည်ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။
ထို့အတူ စစ်ကောင်စီ၏ အဆမတန် လက်နက်ကြီးပစ်ခတ်မှုနှင့် သာလွန်စစ်ကူအင်အားတို့ကြောင့် တပ်စခန်း များကို ဝင်ရောက်စီးနှင်းမှုအတွင်း ကရင်နီပူပေါင်း တပ်ဖက်မှ ရဲဘော် (၁၁) ဦးကျဆုံးခဲ့ရသည် ဟု KNDF ဘက်က ဆိုသည်။

စစ်ကောင်စီနှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့တို့ကြား ဇွန်လ အတွင်းမှာလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှုများလည်း ရှိခဲ့ကြောင်း ထုတ်ပြန်ထားသေးသည်။ 

Related Articles

Back to top button