တိုင်းရင်းသားများသတင်း

ဖားကန့်တွင် အချုပ်ထောင်တစ်ခုတိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွား

Getty Images

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၂၂  

စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် လုံးခင်းအုပ်စု မဇွတ်ယန်ကျေးရွာရှိ အချုပ်ထောင် ယနေ့နံနက် ၄ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသည် မဇွတ်ယန်ကျေးရွာ ဥရုချောင်းအနီးရှိ အချုပ်ထောင်တွင်တပ်စွဲထားသော တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ယမန့်နေ့မနက် လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အဖွဲ့တွေက ဖားကန့်အချုပ်ထောင်မှာရှိတယ်။ အဲဒီနေရာမှာ၊ သူတို့နေတဲ့စခန်းမှာ ဒီမနက်တိုက်ပွဲ ဖြစ်တယ်။ မွေးနေ့ပွဲမှာ အဲဒီအကျဉ်းထောင်စခန်းမှာနေတဲ့ စကစဘက်က လက်နက်ကြီးနဲ့ပစ်တယ်လေ။ အရပ်သားတွေ ဒဏ်ရာရတော့ ဒီနေ့မနက် ၄ နာရီမှာ KIA နဲ့ PDF က အဲဒီစခန်းကို လက်နက်ကြီးနဲ့သွားပစ်တယ်။ အထိခိုက် အကျဆုံးကတော့ မသိရသေးဘူး” ဟု ဒေသခံ တစ်ဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာတွင် ဇွန် ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပြုလုပ်နေတဲ့ လူအုပ်စုအတွင်း အချုပ်ထောင်စခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့သည်။

အဲဒီနောက်ဆက်တွဲအနေနဲ့ ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာ KIA နှင့် PDF တို့ပူးပေါင်းပြီးတော့ အချုပ်ထောင်စခန်းကို သွားရောက်ပြီးတော့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများပြောနေကြပေမယ့် ဖက်ဒရယ် ဂျာနယ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

Related Articles

Back to top button