တိုင်းရင်းသားများသတင်း

အင်းလေးဒေသအတွင်း ဖယ်ဒရယ် အင်းသားလူငယ်များကွန်ယက် စတင်ဖွဲ့စည်း

Getty Images

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင် ညောင်ရွှေမြိုနယ် အင်းလေးဒေသအတွင်း အင်းသားလူမျိုးစု လူငယ်များ စုစည်း၍ ဖယ်ဒရယ် အင်းသားလူငယ်များ ကွန်ရက်ကို ဇွန် (၁)ရက်နေ့မှာ စတင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း ဆိုသည်။
အင်းတိုင်းရင်းသားတို့၏ အနာဂတ်နိုင်ငံရေး စီးပွားရေး လှုမှုရေး ပညာရေးကို ရှေ့ရှုလျက်ပြီး ဖွဲ့စည်းခဲ့တယ်လို့ အင်းသားလူငယ်တဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။
“ပါတီအခင်းအကျင်းဖြစ်လာဖို့ ဦးမတည်ဘဲ နိုင်ငံရေးလေ့လာစောင့်ကြည့်မှု အဖွဲ့ဖြစ် ဒေသခံတိုင်းရင်းသား တွေရဲ့ လိုအပ်ချက်အရနဲ့ လက်ရှိ ရှမ်းပြည်နဲ့မြန်မာပြည်နိုင်ငံရေးအခင်းအကျင်းအရ အင်းလူမျိုးစုအပေါ် နိုင်ငံရေးဦးဆောင်မှု အသိုက်အဝန်းတစ်ခု ဖန်တီးပေးနိုင်ရန်နှင့် အင်းလူငယ်တွေကိုယ်တိုင်ဦးဆောင်ပြီး ဖက်ဒရယ်နိုင်ငံရေးလမ်းကြောင်း ပေါ်ထွက်လာနိုင်ရန် အင်းတပ်နဲ့အတူတကွပူးပေါင်းလုပ်ဆောင်မယ်” ဟု ပြောသည်။
တချိန်တည်းတွင် “စစ်ရေးကိစ္စဝင်စွက်ဖက်မှာ မဟုတ်သလို နိုင်ငံရေးအတွေးအခေါ်နဲ့ နိုင်ငံရေးဦးဆောင်မှု စနစ်တကျ ဖြစ်စေဖို့ လက်နက်ကိုင်တပ်နဲ့ တိုင်ပင်လုပ်ဆောင်မယ် ပညာရေးမြှင့်တင်မှု အပါအဝင်နဲ့ သဘာဝ သယံဇာတ စီမံခန့်ခွဲမှုများနှင့် လူမှုစီးပွား တောင့်တင်းရေးအတွက် လူထုအခြေပြုပွင့်လင်း လူ့အဖွဲ့အစည်း တစ်ခုအနေနဲ့ ရပ်တည်သွားမယ်” ဟု ပြောသည်။
အင်းလူငယ်များသည် ယခင်အင်းပါတီများအပေါ် ယုံကြည်မှူကင်းမဲ့လာသလို ရှေးရိုးဆန်နိုင်ငံရေး အတွေးအခေါ်ဟောင်း နည်းလမ်းဟောင်းတွေကို စွန့်ပစ်ပြီး အတွေးအခေါ်အသစ်တို့ဖြင့် တည်ဆောက် ကြမည့် ကွန်ရက်ဖြစ်ကြောင်းလည်း သိရသည်။

Related Articles

Back to top button