ဖက်ဒရယ်လစ်ဇင်အကြောင်း

အပြိုင်ကျင့်သုံးသောအာဏာများ (Concurrent Powers)

အပြိုင်ကျင့်သုံးသောအာဏာများ (Concurrent Powers)

ဉာဏ်ကျယ်လေးဖော်တို့က ကိတ်မုန့်ဖုတ်သင်တန်းလည်း ဆင်းပြီးသွားပြီဆိုတော့ အခုဆိုမုန့်ဖုတ်တဲ့နေရာမှာ ဆရာကြီးတွေဖြစ်သွားကြပြီ။ ဒီနေ့တော့ အစွမ်းပြတဲ့အနေနဲ့ မာဘယ်ကိတ်နဲ့ လေယာကိတ် ဖုတ်ကြဖို့ ပြင်နေကြပါတယ်။

ခဏကြာတော့ ရလာတဲ့ ကိတ်နှစ်မျိုးကို အစိတ်လေးတွေစိတ်ပြီး ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်ထားလိုက်ကြတာ ကိတ်မုန့်ဆိုင်ရဲ့ မှန်ဗီရိုထဲက မုန့်လေးတွေအတိုင်းပါပဲ။

ပိုပိုကတော့ ထုံးစံအတိုင်း ကိတ်တွေကို ကြည့်ပြီး ဖက်ဒရယ်သင်ခန်းစာ ပို့ချနေပါတော့တယ်။ သူပို့ချချင်တာလည်းမပြောနဲ့လေ။ ကိတ်သားလွှာ အထပ်အထပ်နဲ့ ဆင့်ထားတဲ့ လေယာကိတ်က လုပ်ပိုင်ခွင့်အာဏာနဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရအဆင့်တွေအကြား တိတိကျကျသတ်မှတ်ထားတဲ့ “သီးခြားအာဏာရှိတဲ့ ဖက်ဒရယ်စနစ်” နဲ့ တူတယ်လေ။

ကနုတ်လေးတွေလို ထွေးရောယှက်နေတဲ့ ကိတ်သားလွှာနဲ့ မာဘယ်ကိတ်ကျပြန်တော့လည်း အစိုးရအဆင့်တွေကြား “ပူးပေါင်းညှိနှိုင်းဆောင်ရွက်တဲ့ ဖက်ဒရယ်စနစ်” နဲ့ တူနေပြန်ရောလေ။ အဲ့ဒါတင်မက တစ်ဆင့်တက်ပြီး အဲ့လို လုပ်ပိုင်ခွင့် အာဏာတွေကို မျှဝေတာကို “အပြိုင်ကျင့်သုံးတဲ့ အာဏာတွေ” လို့ ခေါ်တယ်လို့လည်း ပိုပိုက အဆစ်သင်ပေးလိုက်ပါတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်

ဧပြီ ၂၂၊ ၂၀၂၂

f

Related Articles

Back to top button