ဖက်ဒရယ်လစ်ဇင်အကြောင်း

ပြင်ပရေးရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (External Self-determination)

ပြင်ပရေးရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (External Self-determination)

ဒီနေ့ ဉာဏ်ကျယ်လေးဖော်တို့ အပြင်ထွက်တုန်း  သူတို့သူငယ်ချင်းဟောင်း ဝမ်းဝမ်းကို လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့မှာ မထင်မှတ်ဘဲ လှမ်းတွေ့လိုက်တယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကို ပြန်တွေ့လိုက် ရတော့ ဝမ်းသာအားရနဲ့ အော်ခေါ်နှုတ်ဆက်ကြတော့တာပေါ့။ ဆလိုင်းတို့ ရှန်တို့လည်း ဝမ်းဝမ်းတစ်ယောက် ဒီနောက်ပိုင်း သူတို့နဲ့ ဘာလို့လာမဆော့တော့လဲဆိုတာ သေချာသိချင်တာနဲ့ ကြုံတုန်းမေးလိုက်ကြတယ်။

အဲ့ဒါနဲ့ ဝမ်းဝမ်းလည်း ဉာဏ်ကျယ်လေးဖော်နဲ့ လာကစားတုန်းက သူဘယ်လိုတွေခံစားခဲ့ရကြောင်း တစ်ခါတည်း ရင်ဖွင့်ချလိုက်တယ်။ ဝမ်းဝမ်းတစ်ယောက် ကစားချင်တာမကစားရဘဲ အပယ်ခံဘေးလူတစ်ယောက်လိုဖြစ်နေတဲ့ ခံစားချက်ကို သူတို့သတိမထားမိတဲ့အတွက် သူတို့အဖွဲ့ကနေ ဝမ်းဝမ်း ခွဲထွက်ဖို့ ဆုံးဖြတ်လိုက်တာကို နားလည် သွားတော့တယ်။

ပြင်ပရေးရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာလည်း နိုင်ငံတစ်နိုင်ငံမှာ အုပ်စုတွေအနေနဲ့ အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ အခြေအနေမျိုး မရှိတဲ့အခါ ဝမ်းဝမ်းကိစ္စလိုပဲ သီးသန့်ရပ်တည်နိုင်ခွင့်ရှိကြတယ်ဆိုတာကို ပိုပိုက ပြန်သုံးသပ်ပြီး ရှင်းပြနေပါတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂

Related Articles

Back to top button