သတင်း

ပထမအကြိမ် ပြည်သူ့ ညီလာခံ ရလဒ် NUCC ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၃၀၊ ၂၀၂၂
NUCC ဦးဆောင်သည့် ပထမအကြိမ် ပြည်သူ့ ညီလာခံကို ဇန္နဝါရီလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
ပထမအကြိမ် ပြည်သူ့ညီလာခံတွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာ စာတမ်း အစိတ်အပိုင်း ၁ နှင့် အစိတ်အပိုင်း ၂ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အစီအမံအဖြစ် အတည်ပြုထားသည်။
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ကို အစုအဖွဲ့ ၅ ဖွဲ့အား ကိုယ်စားပြု သည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုထားသည်။
၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ၏ အဆိုပြုချက်ဖြင့် အမျိုးသား ညီညွတ်ရေး အတိုင်ခံကောင်စီ NUCC က ဖွဲ့စည်းပေးခဲ့သော အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဤပြည်သူ့ညီလာခံရှေ့မှောက်၌ ထပ်လောင်းအတည်ပြုကြောင်း ထုတ်ပြန်ထားသည်။
ညီလာခံကြီးတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့ ဝန်ထမ်း CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည် နယ်/ ဖက်ဒရယ်ယူနစ်/ လူမျိုး ကိုယ်စားပြုကော်မတီများမှ ကိုယ်စား လှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ နိုင်ငံတကာ ဧည့် သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း (၃၈၈)ဦး တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

 

Related Articles

Back to top button