ကဗျာ

“တိုင်းရင်းတော်လှန်”

“တိုင်းရင်းတော်လှန်”
——

လူမျိုးစွဲမတိုက်ဘူး

ဒေသစွဲမတိုက်ဘူး

သူတို့တိုက်တာ စနစ်တစ်ခု…။

တောင်တန်းမခွဲဘူး

မြေပြန့်မကွဲဘူး

သူတို့တိုက်တာ စနစ်တစ်ခု…။

မြစ်ဧရာအစ

ချင်းတွင်းအဆုံး

သံလွင်မြစ်စီးသံ တအုံးအုံးနဲ့…။

အနောက်ဘက် ချင်း

အရှေ့ဘက် တိုင်းရင်းအစုံ

မြောက်ဘက်ကုန်းမှာ ကချင်တွေ ဆော်လို့…။

တောင်ဘက် ကရင်

ရှေ့တောင် ကရင်နီ

ဒီခေတ်ဆိုးကြီးကို လွန်ချင်နေကြ…။

ဖက်ဒရယ်အိပ်မက်

ပြည်ပျက်ကြီးကိုပြင်

အာဏာရှင်နေဝင်ချိန်နီးနေပြီ…။

မိုင်းအဘန်း

Related Articles

Back to top button