တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကရင်နီပြည်တွင်းနဲ့နယ်စပ်အခြေအနေကို KNPP အရေးပေါ်သတင်းထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၉၊ ၂၀၂၂

ကရင်နီပြည် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု အခြေအနေ၊ ဇန်နဝါရီလ ၇ ရက်နေ့ ထိုင်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းမှ ပြည်တွင်းဒုက္ခသည်အခြေအနေ၊ ဇန်နဝါရီလ ၈ ရက်နေ့အထိ ဆက်တိုက် တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုအခြေနေကို မနေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) မှ အရေးပေါ် သတင်းထုတ်ပြန်ပါတယ်။

အပြစ်မဲ့ပြည်သူလူထုများအား တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းအား နိုင်ငံတကာအဖွဲ့အစည်းများမှ အမြန်ဆုံးအရေးယူဆောင်ရွက်မှု ပြုလုပ်ဆောင်ရွက်သွားနိုင်ရန် နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက် အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ KNPP မှ လေးလေးနက်နက် တောင်းဆိုလိုက်ပါတယ်။

အခုလိုစစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းတိုက်နေတဲ့အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေနဲ့ ၂ဝ၂၂ နှစ်ကုန်အထိ အပစ်အခတ် ရပ်စဲသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုထားသည်။

Photo - Kayan Region Leftist Youths - KRLY Facebook Page

Related Articles

Back to top button