မနေ့က ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းမှာ လေးကေ့ကော်ဒေသ သောင်းရင်းမြစ်ကမ်းဖလူးအထိ တိုက်ပွဲတွေပြင်းထန်လာပြီး မြဝတီမြို့တောင်ဘက်က စစ်ရှောင်ဒေသခံထောင်ချီနေထိုင်နေရတဲ့ ဖလူးကြီး၊ ဖလူးလေးကျေးရွာတွေအထိ လက်နက်ကြီးတွေ ကျရောက်ခဲ့ပါတယ်။
လက်နက်ကြီးကျလို့ ဖလူးမှာနေတဲ့ ဒေသခံထောင်ချီဟာ သောင်းရင်းမြစ်ကို ဖြတ်ကူးပြီး တစ်ဖက်ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေကြရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
ဓါတ်ပုံ – ဒေသခံ (CJ)
ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၀၊ ၂၀၂၁