သတင်း

မြောင်မြို့နယ်၏ အဝင်အထွက်ဂိတ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်

မြောင်မြို့နယ်၏ အဝင်အထွက်ဂိတ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်၍၊ စစ်တပ်ပိုင် သင်္ဘော ၂ စီးကို ဖမ်းဆီးသိမ်းဆည်းထားကြောင်း ထုတ်ပြန်လာပါတယ်။ 

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၄၊ ၂၀၂၁

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ မြိုအဝင်/အထွက် အသီးသီးများတွင် ဂိတ်များထားရှိပြီး မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM က ဦးဆောင်၍ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

ဒီဇင်ဘာ (၃)ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်းကိုအသုံးပြု၍ မန္တလေးမှ မုံရွာသို သယ်ယူပို့ဆောင်နေသော စစ်ကောင်စီပိုင် ရွှေဂျိုးဖြူဆီသင်္ဘောနှင့် B သင်္ဘောတို့ကို “နှလုံးလှဂိတ်”က ထိန်းသိမ်းလိုက်ပြီး ဖြစ်ကြောင်း၊ ထိန်းသိမ်း ထားသည့်ပစ္စည်းများကို ထုတ်ပြန်ထားသည့်စည်းကမ်းချက်တွက်တွေ အတိုင်းဆက်လက် လုပ်ဆောင် သွားမည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOMက တရားဝင် အသိ ပေးချက် ထုတ်ပြန်ထားသည်။

မြောင်မြို့အဝင်အထွက် စစ်ဆေးမှုများပြုလုပ်ရာတွင် စစ်ကောင်စီနှင့် ဆက်နွယ်ပက်သက်နေသော ထုတ်ကုန် ပစ္စည်းများအား ပြည်သူပိုင် အဖြစ် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ထိန်းသိမ်းပစ္စည်းများအား ပြည်သူ့ကာကွယ်ရေး အသုံးစရိတ်နှင့် မြို့နယ်သူ/သားများ ၏အသုံးစရိတ်များအဖြစ်ခွဲဝေသုံးစွဲသွားမည်ဖြစ် ကြောင်း၊ ယင်းစစ်ဆေးမှုကို ငြင်းဆန်နေပါက ထိရောက်စွာ အရေးယူဆောင် ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း CDSOM ၏ ကြေညာချက် တွင် ဖော်ပြထားသည်။

မြို့အဝင်၊အထွက် ဂိတ်များ၏အမည်များမှာ စစ်ကိုင်းဘက်မှလာသော မြောင်မြို့အဝင်ဂိတ်ကို “နတ်မြင်းဂိတ်” ၊မြောင်အရှေ့ဘက်ပိုင်းကို “မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်” ၊မြောင်တောင်ပိုင်းကျွန်းထဲအရပ်ကို “ဗိုလ်ကျားသစ်ဂိတ်” ၊ မြောင်အနောက်ခြမ်း ကုန်းမြေကို “ခြ‌သေ့်မင်းဂိတ်” နှင့် ချင်းတွင်းမြစ်ကြောင်းကို “နှလုံးလှဂိတ်” ဟု အသီးသီး ဂိတ်များစီစဥ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း တရားဝင်ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းများ လုံးဝ(လုံးဝ) ဆောင်ရွက်မည် မဟုတ်ကြော်ငး၊ စစ်တပ်ထုတ်ကုန်နှင့် စစ်တပ်အကျိုးစီးပွား ဖြစ်မည့်လမ်းကြောင်းမှန်သမျှ ပိတ်ပင်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီအားပေး ပစ္စည်းများရောင်းချခြင်းနှင့်သယ်ယူပို့ဆောင်ခြင်းတွေ့ရှိပါက သိမ်းဆည်းသွားမည် ဖြစ်ကြောင်း လိုအပ်လျှင် လိုအပ်သလိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ဓာတ်ပုံ- မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သော စစ်ကောင်စီပိုင် ရွှေဂျိုးဖြူ ဆီသင်္ဘောနှင့် B သင်္ဘော။

Related Articles

Back to top button