
နွေဦးတော်လှန်ရေးထဲက တရားဥပဒေစိုးမိုးရေးအခြေအနေ(စကားဝိုင်း)
အခုစကားဝိုင်းမှာတော့ အာဏာသိမ်းမှုအလွန် နွေဦးတော်လှန်ရေး ၄ နှစ်ကျော် ကာလအတွင်းမှာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ် နယ်မြေတွေက ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးက ဘာတွေ ဘယ်လို ကွာခြားမှုတွေရှိနေလဲ။
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍကလည်း ဒီနွေဦးတော်လှန်ရေးရဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဘယ်အတိုင်းအတာအထိ အရေးပါလဲ စတဲ့အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
– ပါဝင် ဆွေးနွေးမည့်သူများ
၁။ မိဆုတဂျို (တရားရေးကော်မတီဝင်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC)
၂။ ဆရာမနိုရာ (ရှေ့နေ)
၃။ ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)
၄။ ထိန်မောင်နော်တောင် (FJMM / Moderator)
– အစီအစဉ်
ရက်စွဲ – မေ ၁၆၊ ၂၀၂၅
အချိန် – ညနေ ၆ နာရီ(မြန်မာချိန်)
——–
၁။ အခု စကားဝိုင်း အစီအစဉ်ကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများရဲ့ သတင်း ကွန် ရက် ဖေ့စ်ဘုတ် စာမျက်နှာများကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက်နေတာ ဖြစ်ပါတယ်။
၂။ အခု စကားဝိုင်း အစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။
#နွေဦးတော်လှန်ရေး #တရားဥပဒေ_စိုးမိုးရေး #စကားဝိုင်း
#FJMM #May_TalkShow_2025 #မိတ်ဖက်မီဒီယာ #မိတ်ဖက်အဖွဲ့အစည်းများ