
KIO နှင့် PSLF တို့ နှစ်ဖက်ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေး စတင်ပြီလို့ KIO အသိပေး
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၉၊ ၂၀၂၅။
KIO နှင့် PSLF တို့ နှစ်ဖက်ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများအဖွဲ့တွေက စတင်နေပြီလို့ ကချင် လွတ်လပ်ရေးကောင်စီ KIC ဒု – ဥက္ကဋ္ဌ – ၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော် ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် အသိပေး ပြောဆိုလိုက်ပါတယ်။
အဲဒီနှစ်ဖက်ဆွေးနွေးပွဲအတွက် ဒေသတွင်းက မိဘပြည်သူများ နားလည်ကူညီပေးကြဖို့နှင့် လူမှုကွန်ရက် (အွန်လိုင်း) သုံးစွဲသူများ၊ မီဒီယာများ၊ အကြံပေးထောက်ပြလိုသူများထံဆီကလည်း အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုများကို ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်က မေတ္တာရပ်ခံထားပါသေးတယ်။
ဖေ့စ်ဘုတ် လူမှုကွန်ရက် သုံးစွဲတဲ့ ပြည်သူများကတော့ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်နိုင်ရေးအတွက် ဆုတောင်းမေတ္တာပို့ပေးကြသလို ရှမ်း၊ ကချင် ၊ပလောင် ၊ကိုးကန့် ဌာနေ တိုင်းရင်းသားများ အရေးလည်း ဖြစ်လို့ ဌာနေပြည်သူများ၏ သဘော ဆန္ဒသာကို မဆန့်ကျင်ဖို့နှင့် ပြည်သူ့ စစ်တမ်းအကြံပြုချက်များအပေါ် ဦးစားပေး ထည့်သွင်းဖို့ စဉ်းစားနိုင်ဖို့ အကြံပြု ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
ဓါတ်ပုံ – Getty Images, Gunmaw Sumlut (Facebook)