
FJMM ကဗျာ – ပြောဆိုကျင့်ဆောင်လုပ်ရမည်
အောက်ချင်းငှက် (မင်းတပ်)
ဘယ်သူကြားကြား
မကြားကြား
ဘယ်သူမှားမှား
မမှားမှား
စကားမှန်တာ
ဆိုရမှာ။
ဘယ်သူပျက်ပျက်
မပျက်ပျက်
ဘယ်သူအမှားဖက်
အလုပ်ဆက်
မပျက်သိက္ခာ
ကျင့်ရမှာ။
ဘယ်သူတရား
မတရား
ဘယ်သူမှန်မှား
မမှားမှား
တရားမှန်တာ
ဆောင်ရမှာ။
ဘယ်သူသိသိ
မသိသိ
ဘယ်သူရှိရှိ
မရှိရှိ
အသိမှန်တာ
လုပ်ရမှာ။
အောက်ချင်းငှက် (မင်းတပ်)