ကဗျာ

FJMM ကဗျာ | ခေါင်းစဉ်မဲ့ငိုသံ

ခွန်ခမ်းသွောင်း(ချယ်ရီမြေ)

FJMM ကဗျာ | ခေါင်းစဉ်မဲ့ငိုသံ

*ကန္တရတိုင်း ကရင်နီနယ်က

သေနတ်သံ၊ ဗုံးဆံ တဒိုင်းဒိုင်းညံ

ကမ္ဘောဇတိုင်း တောင်ကြီးနယ်က

အိုးစည်၊ ဂီတ မြူးကြွလို့ညံ

ဤနှစ်သံကြား ခါးသီးလှတဲ့

ဒုက္ခသည်စခန်း စည်ကားနေရောပေါ့။

 

*အမှန်တရားဆိုတာ ရုပ်မရှိ/နာမ်မသိ

ကြားနေတော့လည်း အိုးမရှိ/အိမ်မရှိ

နတ္တိကိုသာ ပိုင်ဆိုင်ထားတဲ့….

တို့ပြည်သူရဲ့ အိမ်ပြန်ချိန်ဟာ

အရှေ့ဖက်နေဝင်မှလား၊ နောင်ဘဝမှလား….?

 

ဆိုတော့……

တမ်းတနေတုန်းမှာပဲ…..နောက်ထပ်

ဝဝကစ်ကစ် ပေါင်(၅၀၀)ဗုံးတစ်လုံး

တို့ရဲ့ရွက်ဖျင်တဲ့ တည့်တည်ပေါ်ကို

ယမ်းငွေပန်းငွေ့လေးနဲ့အတူ

အနမ်းလာပေးသွားပြန်ပြီလေ။

ခွန်ခမ်းသွောင်း(ချယ်ရီမြေ)

Related Articles

Back to top button