တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်

(No. 91, November 12, 2024)

၁။ မင်းတပ်မြို့က စစ်ကောင်စီစခန်းများကို ချင်းညီနောင်ပူးပေါင်းတပ် ထိုးစစ်ဆင်၊ ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေ
 November 11, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF – မင်းတပ် ၊ ချင်းညီနောင် ပူးပေါင်းတပ်တို့ကြား ၃ ရက် ဆက်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း မင်းတပ်မြို့နယ်-ပအဖမှ ကိုယောမာန်နှင့် ဒေသခံများက ပြော သည်။ နိုဝင်ဘာလ ၉ ရက်မှစတင်၍ မင်းတပ်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့အထိတိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းအထန် ခုခံနေသည်။“မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတာ ၃ ရက်ရှိသွားပြီ။ စစ်ကောင်စီ က နေ့တိုင်း လာဗုံးကြဲနေတယ်။ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့တာတွေ ရှိနေတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့ပေါ်က နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်စီးမှုများကြောင့် အိမ်ခြေ ၃၀ ခန့် ပျက်စီးသွားသည်ဟု ခန့်မှန်း ရကြောင်း ကိုယောမာန်က ပြောသည်။  မင်းတပ်မြို့စစ်ဆင်ရေးနှင့် ပတ်သက်၍ ချင်းညီနောင် အနေဖြင့် ပြည့်ပြည့်စုံစုံ စာထုတ်သွားရန် ရှိကြောင်းသိရသည်။

မင်းတပ်မြို့ပေါ် တိုက်ပွဲများသည် ခလရ – ၂၇၄ တပ်ရင်းနှင့် ရဲစခန်းအပါအဝင် စစ်ကောင်စီ ထိန်းချုပ်ရာ နေရာတဝိုက်တွင် ဖြစ်ပွားနေပြီး Y- 12 ဗုံးကြဲလေယာဉ်ဖြင့် မင်းတပ်မြို့ပေါ်နေရာများကို ၄ လုံး တစ်တွဲ ဗုံးများနှင့် အလုံး ၃၀ ကျော် ကြဲချတိုက် ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။“စောစောကပဲ မြို့ပေါ်ကို ပတ်နေပြီးတော့ လေယာဉ်နဲ့ ပစ်သွားသေးတယ်။ မြို့ အနီးအနား တဝိုက်နဲ့ မြို့ပေါ် ပတ်လည်ပေါ့။ ဒီနေ့လည်း လေကြောင်းတိုက်ခိုက်မှုက တော် တော်များတယ်” ဟု မင်းတပ် ဒေသခံ မြို့မိမြို့ဖတစ်ဦးက ပြောသည်။ ယနေ့ နံနက်ပိုင်း မင်းတပ်မြို့အခြေစိုက် ခလရ – ၂၇၄ တပ်ရင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် လည်း မင်းတပ်မြို့အရှေ့ပြင်က နေအိမ်တချို့ မီးလောင်နေကြောင်း၊ မင်းတပ်ရဲစခန်း တောင်ဘက်ခြမ်း မြို့ပတ်လမ်းပေါ်က နေအိမ်တချို့ကိုလည်း စစ်ကောင်စီက ဓါတ်ဆီလောင်ပြီး မီးရှို့နေကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးထံမှ သိရသည်။ လက်ရှိ တွင် ထန်တလန်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ချင်းပြည်အစိုးရ ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေသ ကဲ့သို့ ဖလမ်းမြို့ပေါ်က စစ်ကောင်စီစခန်းများကိုလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF၊ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။  Read in Full

၂။ လွိုင်ကော်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ
 November 11, 2024
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ကျေးရွာများကို   ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ တွင် စစ်ကောင်စီက  လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် အသက် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဘေးရှောင်များပါ နေထိုင်နေသည့် နိုးကိုးစံပြ ကျေးရွာ နှင့် သရက်ပင် ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား နှစ် ဦး၊ အမျိုးသမီး တစ် ဦးနှင့် ကလေးငယ်တစ်ဦး တို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “နိုဝင်ဘာ ၈ ရက်နေ့၊ နေ့ခင်း ၃ နာရီခွဲမှာ လွိုင်ကော်မှ နိုးကိုး နှင့် သရက်ပင်ရွာကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် နိုးကိုးရွာမှ သုံးဦးသေဆုံးပြီး ခြောက် ဦးထိခိုက်ဒါဏ်ရာရတယ်။ သရက်ပင် ရွာမှာတော့ တစ်ဦး သေဆုံးခဲ့တယ်” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ပြောသည်။

လက်ရှိတွင် လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ် ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ် ခြင်းများပြုလုပ်နေပြီး တစ်လေးလုံး(၁၁၁၁) စစ် ဆင်ရေး နှစ်ပတ်လည်နေ့အတွက် စစ်အင်အားတိုးမြှင့်ချထားခြင်းများကို ပြုလုပ်လျက်ရှိကြောင်းသိရသည်။ ထို့ပြင် စစ်ကောင်စီ သည်  နိုဝင်ဘာလ ၈ ရင်နေ့တွင်ပင်  ရှမ်း-ကရင်နီနယ်စပ်ရှိ၊ ဖယ်ခုံမြို့နယ်၊ ကာလရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခဲ့မှုပြုလုပ်ခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ Read in Full

၃။ ဖလမ်းမြို့တွင်းမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရ
 November 11, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ဒီကနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(CNDF) အကြားတိုက်ပွဲတွေ ဆက်လက်ပြီးပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ စစ်ရေးအခြေအနေသိရှိတဲ့ ဒေသခံတစ်ဦး ကပြောပါတယ်။ စစ်ရေးအခြေအနေ သိရှိတဲ့ဒေသခံတစ်ဦးပြောတာက “ လက်ရှိမြို့တွင်း တိုက်ပွဲတွေပြင်းထန်နေတယ်။ ခလရ ၂၆၈ ကို မရသေးဘူးတိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့ အခြေအနေမှာရှိတယ်။ နောက် ပြီး မြို့တွင်းမှာ ကျန်တဲ့ဟာတွေလည်းမရှိတော့ပါဘူး”လို့ပြောပါတယ်။ ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့က စလို့ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)နဲ့ မဟာ မိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပြီး စစ်ကောင်စီကဘက်ကလည်း အပြင်းအထန်ခုခံနေတယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့အနီးနားရွာမှာ စစ်ဘေးရှောင်နေတဲ့ ဖလမ်းဒေသခံတစ်ဦးပြောတာက “ လက်ရှိထိ ပစ်ခတ်သံတွေဆက်ရှိနေ တယ်။ မနေ့ညနေပိုင်းလောက်မှာဆိုရင် လေယာဉ်နဲ့ဗုံးကြဲတာမျိုးရှိခဲ့တယ်။ ဒီနေ့လည်း ဘယ်လိုဖြစ်မလဲမသိရသေးဘူး။ မြို့ခံ အားလုံးနီးပါးကတော့ ထွက်ပြေးကြမှာပါဘဲ ဒါပေမယ့် လုံခြုံမယ်ထင်တဲ့ နေရာကတချို့မှာတော့ ကျန်ကောင်းကျန်နိုင်ပါတယ် လက်ရှိမြို့တွင်းဝင်လို့လည်း မရသေးတော့ အတိအကျမသိသေးဘူး”  လို့ပြောပါတယ်။ လူဦးရေ ၁ သောင်းဝန်းကျင်နေထိုင်တဲ့ ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၂၈ ရက်အထိ နေ့စဉ် ရက်ဆက်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ပစ် ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိလာတဲ့နောက်ပိုင်း ဖလမ်းမြို့က ဒေသခံ တွေဟာ အိန္ဒိယနိုင်ငံနဲ့ ကလေးမြို့ဘက်တွေကို မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။ Read in Full

၄။ ဖယ်ခုံတွင် စစ်ကောင်စီတပ်က စစ်ကား အစီး ၅၀  ဖြင့်အင်အားဖြည့်တင်းနေ
 November 12, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအတွင်း နိုဝင်ဘာ ၁၀ ရက်က  စစ်ကား အစီး ၅၀ နဲ့ စစ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ပင်လောင်းကနေ ဖယ်ခုံမှာရှိတဲ့ တပ်စခန်းကို ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ စစ်သားတွေ တင်ဆောင်လာတဲ့ စစ်ကား အစီး ၅၀ ဟာ ဖယ်ခုံက ခမရ ၄၂၁ တပ်တွင်းကို ရောက်ရှိနေ တယ်လို့ဆိုပါတယ်။ မြေပြင်သတင်းရင်းမြစ်တယောက်က “သူတို့နယ်မြေရှင်းလင်းရေးတွေ လုပ်လာနိုင်တယ်။ ဒီဘက်ကိုလည်း အင်အားတိုးထားတယ်။ လွိုင်ကော်ဘက်လည်း အင်အားတိုးတာတွေရှိနေတယ်။ ဖယ်ခုံဘက်ကနေ မိုးဗြဲဘက်တိုးပြီး ပြင်ဆင် တာရှိတယ်။ အင်အားတိုးပြီး ဝိုင်းတဲ့ သဘောမျိုးလုပ်ချင်တာ”လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ဖယ်ခုံမြို့ကနေ မိုးဗြဲနဲ့အနီးတဝိုက်ကို စစ်အင်အားဖြန့်ကြက်ဖို့အတွက် အခုလို အင်အားတိုးနေတယ်လို့ ဆိုပါတယ်။ မိုးဗြဲက ခမရ ၄၂၂ တပ်ဘက်မှာ စစ်အင်အား ၅၀၀ ကျော်ရှိပြီး ဖယ်ခုံက ခမရ ၄၂၁ ထဲမှာ လည်း အင်အား ၁၀၀၀ ကျော် ၂၀၀၀ လောက်ရှိနိုင်တယ်လို့ ပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါ တယ်။ စစ်တပ်က ပင်လောင်း၊ ဖယ်ခုံကနေတဆင့် မိုးဗြဲနဲ့ လွိုင်ကော်ဘက်ကို အင်အားတိုးကာ ပြည်ထောင်စု လမ်းမတလျှောက် နယ်မြေရှင်းလင်းရေး လုပ်နိုင်တဲ့အတွက် လမ်းမအနီး နေထိုင်ကြတဲ့ ပြည်သူတွေ ရွှေ့ပြောင်းဖို့ကို တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။ Read in Full

၅။ မာန်အောင်မှာ ဆေးဝါးသယ်ယူရေး စစ်ကောင်စီ ကန့်သတ်
 November 11, 2024
ရခိုင်ပြည် မာန်အောင်မြို့နယ်သို့ စားသောက်ကုန်ပစ္စည်းများအပါအဝင် လူသုံးကုန်ပစ္စည်းများကုန်သွယ်ရေးကို အာဏာသိမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက တင်းကျပ်စွာ စစ်ဆေးနေပြီး ဆေးဝါးသယ်ယူခွင့် လုံးဝမပြုတော့ကြောင်း ဒေသခံ များထံမှ သိရသည်။ မာန်အောင် ဒေသခံတစ်ဦးက “ဒီလထဲ အရင်ကထက် ပိုပြီး အစစ်အဆေး တင်းကျပ်တယ်။ စစ်ဆေး တာက ကုန်တင်သင်္ဘော အဝင်အထွက်တွေ အဓိက ပါတယ်။ အထုပ်တွေ အကုန်ဖြေချပြီးတော့ကို စစ်တာ။ အရင်ကလည်း စစ်ဆေးတာ တွေရှိပေမယ့် အခုလောက်မဆိုးဘူးပေါ့နော်။ ဆေးဝါးဆို လုံးဝယူလို့ မရတော့ဘူး။ ပါလာလို့တွေ့ရင် သူတို့ ယူထား လိုက်ကြ တယ်” ဟုပြောသည်။ မာန်အောင်မြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လကစ၍ စစ်ဆေးရေးဂိတ်များနှင့် အင်အားကို နှစ်ဆအထိ တိုးချထားကြောင်းနှင့် ရမ်းဗြဲကျွန်းနှင့်နီးကပ်သည့် ဇေယျကုန်းခင်၊ အနောက်ဇီးတော၊ ခအုန်းမော် ဒေသများတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ တိုးချထားကြောင်း ဒေသခံများက ပြောသည်။

စစ်ဆေးရေးပိုတင်းကျပ်လာခြင်းနှင့်အတူ မာန်အောင်ကျွန်းက ဒေသခံပြည်သူများကို ပင်လယ်ပြင်သို့ ငါးဖမ်းခွင့်မပြု တော့ဘဲ တစ်ပိုင်တစ်နိုင် ငါးရှာစားနေသော ရေလုပ်သားများကို စစ်ကောင်စီ နေဗီများက သေနတ်ပစ်ဖောက် ခြိမ်း ခြောက်နေကြောင်း မြို့ခံများကပြောသည်။ အမည်မဖော်လိုသည့် ရေလုပ်သားတစ်ဦးက “အခုတလော ငါးဖမ်းလှေတွေမြင်ရင် ပစ်တယ်။ အသေပစ်သတ်တဲ့ သဘောနဲ့ကိုပစ်တာ။ ဒါကြောင့် ငါးဖမ်းလည်း မထွက်နိုင်ကြတော့ဘူး။ ကမ်းနီးဝန်းကျင်တစ်လျှောက်ဆို အသွားအလာတွေ ပိုဂရုစိုက်လာကြရတယ်” ဟု ပြောသည်။ မာန်အောင်ကျွန်းတွင် အာဏာသိမ်းစစ်ကောင်စီက စစ်ရေးပြင်ဆင် လျှက်ရှိနေပြီး လေဆိပ်ပြေးလမ်းကိုလည်း တိုးချဲနေကာ ခြံစည်းရိုးကာရံသည်အထိ ပြင်ဆင်မှုများရှိကြောင်း သိရသည်။ မာန်အောင်မြို့နယ်သည် အခြားမြို့နယ်များကဲ့သို့ စစ်ကောင်စီတပ်၏ ပိတ်ဆို့ကန့်သတ်ချက်များကို ခံနေရခြင်းဖြစ်ပြီး လက်ရှိ တွင် အင်တာနက်လိုင်းဖြတ်တောက်ခံထားရခြင်းနှင့် ဖုန်းလိုင်းများ မကြာခဏ ဖြတ်တောက်ခံနေရသည်။

၆။  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖားဆောင်းမြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်၊ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ
 November 11, 2024
ကရင်နီပြည် ဘောလခဲခရိုင် ၊ ဖားဆောင်းမြို့နယ်အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က နှစ်ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ခန့် ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် (KA) ၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန် နဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “၁၁ နာရီကနေ ၁၂ နာရီခွဲအထိ ဗုံးလာကြဲတယ်။ ဒီမနက်လည်း (၇)နာရီကနေ (၉)နာရီခွဲ အထိ ထပ်ကြဲတယ်။ စုစုပေါင်း (၁၁) ကြိမ် လာကြဲတယ်”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောပါတယ်။ ဖားဆောင်းမြို့နယ်အတွင်းက ဝမ်အောင်း (ကယားပိုင်း)၊ ဖားဆောင်းမြို့တွင်း၊ ပါပု၊ နန်းကစ်၊ သံလွင်တံတားထိပ်၊ ၅ မိုင် စတဲ့ နေရာတွေကို ဗုံးကြဲခဲ့တာဖြစ်ပါ တယ်။ ယခုရက်ပိုင်းအတွင်း ဖားဆောင်းမြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းကနေ ကျေးရွာကနေအိမ်ကို ပြန်ကြည့်တဲ့ ဝမ်အောင်းဒေသခံအမျိုးသားတစ်ဦးကို ထိမှန်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

“ဝမ်အောင်း(ကယားပိုင်း) တစ်ယောက် ရှပ်ထိသွားတယ်။ မစိုးရိမ်ရဘူး။ ကျန်တဲ့ နေရာတွေတော့ မထိဘူး။ အကုန် လုံး စစ်ရှောင်ကြတယ်။ ထိတာက အမျိုးသား။ သူက စစ်ရှောင်နေတယ်။ အိမ်ပြန်ကြည့်တယ်လို့ ယူဆရတယ်” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ စတင်တဲ့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲဟာ ၉ လဝန်းကျင်ရှိနေ ပြီး စစ်ကောင်စီအခြေစိုက်တပ်ရင်း ၂ ခုသာ ကျန်ရှိတော့တဲ့ ခလရ ၁၃၄ ၊ ခလရ ၁၃၅  ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက် နိုင်ဖို့ ကြိုးစားနေတာပါ။ စစ်ကောင်စီတပ်က အဆိုပါ တပ်ရင်းနှစ်ခုကို ရဟတ် ယာဉ်နဲ့ စစ်အင်အားဖြည့်တင်းတာ၊ လက်နက် ခဲယမ်းပစ္စည်းပို့ဆောင်တာ ပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။  ပြီးခဲ့တဲ့ နိုဝင်ဘာလအစောပိုင်းမှာ လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖားဆောင်းမြို့နယ်အတွင်းက ၃ နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါ သေးတယ်။ Read in Full

၇။ ကချင်အထူးဒေသ(၁)၌ KIA သိမ်းရန်ကန်ပိုက်တီသာကျန်ပြီး တရုတ်ဖိအားကြောင့်အခက်တွေ့နေဟုသတင်းရင်းမြစ်ပြော
 November 11, 2024
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ ထိန်းချုပ်ရာ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က (နိုဝင်ဘာ ၁၀ ရက်) နံနက်တွင် သိမ်းပိုက်ပြီးဖြစ်၍ ကချင်အထူးဒေသ(၁)၌နယ်စပ်မြို့ ကန်ပိုက်တီသာကျန်တော့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ ” လန်ဆယ်သိမ်းလိုက်ပြီ။ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးသွားတယ်။ ကံပိုက်တီပဲကျန်တယ်။ အထူးဒေသ(၁) ကုန်ပြီ။ တရုတ် ဖိအားကြောင့် ကံပိုက်တီသိမ်းလို့မရဖြစ်နေတယ်။ စကစအစိုးရ ကျရှုံးသွားမှာကို တရုတ်မလိုလားဘူးဆိုတာ ရှင်းနေတယ်။ အခုက စွက်ဖက်တာထက်ပိုတယ်။ ခြိမ်းခြောက်နေတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ KIA က တရုတ် – မြန်မာနယ်စပ်မြို့ ပန်ဝါကို သိမ်းပိုက်ခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင် တရုတ်အစိုးရသည် KIA နယ်မြေနှင့် ဆက်စပ်နေသည့် နယ်စပ်ဂိတ်အများစုကိုလည်း ပိတ်ပင်ခဲ့သေးသည်။ ထို့ပြင် KIA ခေါင်းဆောင်များအား ခေါ်ယူတွေ့ ဆုံပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းမပြုရန် ဖိအားပေးမှုများ ရှိနေသည်ဟုလည်း ကချင်သတင်းရင်းမြစ်က ပြောသည်။

တရုတ်အစိုးရသည် KIA သာမက ရှမ်းမြောက်ရှိ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော် (TNLA) တို့ကို လည်း စစ်ကောင်စီကို မတိုက်ခိုက်ရန် ဖိအားပေး ခြိမ်းခြောက်မှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေလျက်ရှိသည်ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောပြသည်။ ယခု သိမ်းပိုက်ရန်ကျန်နေသည့် ကန်ပိုက်တီမြို့သည်  တရုတ်နယ်စပ်ရှိ တရား ဝင် နယ်စပ်ဂိတ်ဖြစ်ပြီး အထူးဂရုစိုက်လျက်ရှိကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။ KIA သည် ၂၀၂၄ ဇွန်လတွင် ကချင်အထူးဒေသ(၁)နယ်မြေကို ထိုးစစ်ဆင်ခဲ့ရာ ဆဒုံးဒေသ ရှိ စစ်ကောင်စီဗျူဟာ စခန်း၊ ပြည်သူ့စစ်စခန်း၊ BGF စခန်းများကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ ဆဒုံးမြို့ကို သိမ်းပြီးနောက် သုံးလကျော် အကြာတွင် ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါမြို့၊ ဖီမောမြို့ အပါအဝင် ကချင်အထူးဒေသ(၁) နယ်မြေရှိ စစ်ကောင်စီ၊ BGF၊ ပြည်သူ့ စစ်များ၏ တပ်စခန်းကြီးငယ်များစွာကို သိမ်းပိုက်ရရှိခဲ့သည်။ Read in Full

 ၈။  ဘူးသီးတောင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ဆရာတော်တစ်ပါးအပါအဝင် စစ်ဘေးရှောင် ၅ ဦး ဒဏ်ရာရ
 November 11, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ကို (နိုဝင်ဘာ ၁၀ ရက်)၊ နံနက် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဆရာတော်တစ်ပါးနှင့် ကလေးငယ်တစ်ဦးအပါအဝင် စစ်ဘေးရှောင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ စစ်ဘေးရှောင်များနေထိုင်နေသော မြစိမ်းရောင်ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ လမ်းမဘုန်းတော်ကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒဏ်ရာရသွားခြင်းဖြစ်သည်။“မြစိမ်းရောင်ကျောင်း နဲ့ လမ်းမကျောင်းကို ဗုံးကြဲသွားတာက သိပ်မကွာဘူး။ မိနစ်ပိုင်းလောက်ပဲကွာတယ်။ ဗုံးကြဲခံရလို့ ဆရာတော်တစ်ပါးနဲ့ ဘုန်းကြီး ကျောင်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေ ဒဏ်ရာရသွားတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဗုံးကြဲခံရမှု ကြောင့် မြစိမ်းရောင်ကျောင်းမှ အရှင်ဦးဇဝန သက်တော် (၆၂) နှစ်၊  ဟိန္ဒူလူမျိုး ဦးဖော်တီ (၄၅) နှစ်နှင့် သားဖြစ်သူ မောင်မိုးခန့် (၁၁) နှစ်အပါအဝင် လမ်းမကျောင်းမှ ဒေါ်ချစ်စုမ (၄၂) နှစ်နှင့် ကိုအောင်သူ (၃၁) နှစ် တို့မှာ ဒဏ်ရာရရှိသွားသည်။

ယင်းအထဲမှ ဆရာတော်တစ်ပါးအဝင် ဟိန္ဒူသားဖနှစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသွားသူများမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ဗုံးကြဲခံရမှုကြောင့် မြစိမ်းရောင်ကျောင်းနှင့် လမ်းမကျောင်းရှိ ဓမ္မာရုံတို့မှာလည်းထိခိုက်ပျက်စီးသွားခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်နေ့ တစ်ရက်တည်းတွင် သံတွဲမြို့ကိုလည်း စစ်ကောင်စီ လေ ကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရသလို တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာကိုလည်း ဗုံးကြဲမှုကြောင့် နေအိမ် အချို့နှင့် စာသင်ကျောင်းဆောင်အချို့ ပျက်စီးသွားခဲ့သည်။ စစ်ကောင်စီသည် အရပ် သားနေထိုင်သည့်  မြို့၊ရွာများ၊ ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းစသည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ မှတ်ပစ်ထားတိုက်ခိုက်နေ၍ အရပ်သား ထိခိုက်သေဆုံးမှုမှာ လည်း နေ့စဉ်နှင့်အမျှ ရှိနေသည်။ ရခိုင်လွှတ်တော်အမတ်ဟောင်းတစ်ဦးက “ အခုနောက်ပိုင်းမှာ စစ်ကောင်စီက အရပ်သားကို ပိုပြီးပစ်မှတ်ထား တိုက်ခိုက်လာတာကို မြင်တွေ့ရတယ်။ စစ်ရှံးမဲ မဲပြီး မြင်ရာကို ရန်သူလို့ သတ်မှတ်ပြီးတော့ တိုက်ခိုက်နေတာ။ ပြည်သူတွေအနေနဲ့ သတိဝိရိယနဲ့ နေထိုင်ဖို့တော့ လိုအပ်တယ်” ဟု ပြောသည်။ Read in Full

၉။ နန့်မွန်းတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန် လက်နက်ကြီးထိမှန်ပြီး နေအိမ်နှစ်လုံးမီးလောင်ပျက်စီး
 November 11, 2024
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့တွင် ယမန်နေ့နံနက်ပိုင်းက SNA တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ SNA တပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် နန့်မွန်းမြို့ရှိ ဆနွင်းကုန်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာချိန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နန့်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။“နန့်မွန်းက လမ်းကြောင်းနှစ်ခုကနေ စစ်ကြောင်းထိုးလာလို့ အလန့်တကြားပစ်ခတ်ကြတာ။ အိမ်ကို တကူးတကမီးရှို့တာတော့ မဟုတ်ပါဘူး။ ဆနွင်းကုန်းမှာ ပစ်ခတ်ကြလို့ နှစ်အိမ်လောက် လက်နက်ထိပြီး မီးလောင်သွားတယ်လို့တော့ကြားတယ်”ဟုပြော သည်။ နံနက် ၅ နာရီခန့်မှ ၁၀ နာရီအထိ ပစ်ခတ်သံများကြား ခဲ့ရခြင်းဖြစ်ကြောင်း သူကပြောသည်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန် SNA တပ်ကဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်သော ကြောင့် နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး လမ်းမပေါ်တွင် SNA တပ်ဖွဲ့ဝင်လေးဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ခရီး သွားပြည်သူတစ်ဦးက ပြောသည်။

“ဒရုန်းနဲ့ ပစ်ချတာတဲ့၊ နှစ်အိမ်လောင်သွားတယ်၊ အလစ်ဝင်တိုက်တာ ရှမ်းနီတွေက၊ မနေ့က ဆနွင်းကုန်းမှာ ကထိန်ပွဲ ရှိတာ၊ အဲဒီတော့ ဒေသခံတွေ ဘုန်းကြီးကျောင်းထဲပိတ်မိကြတာပေါ့။ ရှမ်းနီ လေးယောက်သေသွားတယ်တဲ့၊ ကတ္တရာလမ်းပေါ် မှာ ပစ်ထားတယ်။ အခုထိအလောင်းကောက်၊ မကောက်တော့ မသိရသေးဘူး” ဟုပြောသည်။ အဆိုပါ SNA စစ်ကြောင်းက နန့်မွန်းမြို့ရှိ SNA တပ်စခန်း ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဆနွင်းကုန်းကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ နန့်မွန်းမြို့၊ ဆနွင်းကုန်းကျေးရွာကို ကချင်လွတ်မြောက်ရေးတပ် (KIA) က စိုးမိုးထား ပြီး ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိ ရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင်လည်း ညောင်ပင်၊ နန့်မောက်ကန်စသည့် ကျေးရွာများမှ အမျိုးသမီး များအပါအဝင် ဒေသခံ ၄၀ ဦးထက်မနည်းကို ရှမ်းနီ SNA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး မိုးညှင်းမြို့အတွင်းရှိ စစ်ကောင်စီတပ် စခန်းသို့ခေါ်ဆောင်သွားကြောင်း သိရသည်။ Read in Full

၁၀။ ပင်လောင်းမှာ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းပြီး စစ်မှုထမ်းခေါ်ယူ
 November 11, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ကျေးရွာမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေကို ပအိုဝ်းပြည်သူ့စစ် (PNA)က ဖိအားပေးပြီး နေရပ်ပြန်ခိုင်းနေတယ်လို့ ပအိုဝ်းဒေသတွင်း သတင်းအရင်း အမြစ်တွေက ပြောပါတယ်။ ဗန်းမောက်ကျေးရွာမှာ အသက် ၁၈ ကနေ ၄၀ ကြားအရွယ်ရှိ အမျိုးသား ၃၀ ကို နိုဝင်ဘာလ ၉ ရက် က နေရပ်ပြန်ခိုင်းပြီး (နိုဝင်ဘာ ၁၀) ပြန်ရောက်လာတဲ့အချိန်မှာ စစ်မှုထမ်းခေါ်ယူသွားတယ်လို့ ဗန်းမောက်ရွာနဲ့ နီးစပ်သူ တစ်ဦး က ပြောပါတယ်။“အဲဒီရက်က အဆက်သွယ်ရတာတော့ PNO ဖက်က အားလုံးပြန်ခိုင်းတာ၊ ဘယ်သူမှလည်း မပြန်ရဲဘူး၊ စစ်လည်း ဖြစ်နေသေးတယ်လေ၊ အဲဒါနဲ့ ညှိကြတော့ တစ်အိမ်တစ်ယောက် ယောင်္ကျားလေးတွေ ပြန်လာပေါ့၊ နောက်တော့ ၃၀ နဲ့ သတ်မှတ်ပေးလိုက်တယ်ပြောတယ်” ဗန်းမောက်ကျေးရွာ အနီး တစ်ဝိုက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်သလို PNA ဖက်က ရွာလုံခြုံရေးအကြောင်းပြကာ စစ်မှုထမ်း ခေါ်ယူတာဖြစ်ပြီး လက်ရှိ‌ခေါ်ဆောင်သွားတဲ့ ၃၀ ကစစ်သင်တန်း နှစ်ပတ် (သို့မဟုတ်) တစ်လကျော် တက်ရောက်ရမယ်လို့ သိရပါတယ်။

“ပအိုဝ်းရွာတွေက အဲလိုခေါ်ရင် မသွားလို့ မရဘူး၊ အိမ်ကို မီးရှို့မယ်၊ ပြီးတော့ ရွာကနေ ဖယ်ကျဉ်ထားမယ်၊ အဲလိုခြိမ်း ခြောက်တယ်၊ အရင်ကတော့ မအလထဲပါမှာစိုးလို့ မိဘတွေကိုယ်တိုင်ထည့်ကြတယ်၊ အခုက ဆက်တိုက်သေနေကြတော့ PNO ကိုမယုံကြတော့ဘူး” လို့ စစ်မှုထမ်းပါဝင်သွားသူတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ အကြိမ်တွေတုန်းက ပြည်သူ့စစ် ခေါ်ယူထားသူတွေကို တောင်ကြီးမြို့နယ်၊ အထူးဒေသ ၆၊ ရန်ကင်းစစ်ဒေသ (ပေါမူရွာ)မှာ သင်တန်းပေးခဲ့ပေမယ့် ဒီတစ်ကြိမ်မှာ တော့ မသိရသေးဘူးလို့ဆိုပါတယ်။ ဗန်းမောက်ကျေးရွာမှာ နေထိုင်သူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက တိုက်ပွဲ တွေကြောင့် တောင်ကြီး၊ ညောင်ရွှေ၊ ဆီဆိုင်မြို့နယ်တွေကို တိမ်းရှောင်နေရပြီး လက်ရှိမှာလည်း ကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်နေဆဲပါ။ အောက်တိုဘာလ ၃၁ ရက်ကလည်း ဗန်းမောက်ကျေးရွာကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေ ကို စစ်ကောင်စီက ဒရုန်းနဲ့ လိုက်လံတိုက်ခိုက်ခဲ့ရာမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦး သေဆုံးခဲ့ ပြီး ခုနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ Read in Full

၁၁။စစ်ကောင်စီ လေယာဉ်တစ်စီးကို ပစ်ချပြီး အမ်း ပဲပဒုံစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်
 November 11, 2024
မြန်မာစစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသော အာရက္ခတပ်တော် AA က အမ်းမြို့အဝင် ဌာနပေါင်းစုံ ပဲပဒုံစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာလ ၁၁ ရက် နံနက်အစောပိုင်းက သိမ်းပိုက်လိုက်ပြီဟုသိရသည်။  ပဲပဒုံစစ်ဆေးရေးဂိတ်အနီးက BE တပ်ကို ပြီးခဲ့သည့်အပတ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့မှာ စစ်ဆေးရေးဂိတ် ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသော စစ်ရေးသတင်းရင်းမြစ်က ပြော သည်။ “ဒီနေ့ မနက် အာရုံလောက်မှာလို့ တော့ ပြောပါတယ်။ ပဲပဒုံစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်လိုက်ပြီလို့။ ကိုယ့်လူတွေ စစ်ဆေးရေးဂိတ်သို့ ရောက်သွားပြီလို့ ပြောပါ တယ်။ စစ်ကောင်စီက ပဲပဒုံစစ်ဆေးရေးဂိတ်အနီးနဲ့ BE တပ်အနီးဝန်းကျင်ကို နေ့လယ် ၁၂ နာရီလောက်ကနေ အခုအချိန်အထိ ဗုံးကြဲတိုက်ခိုက်နေတယ်။ ထိခိုက်သေဆုံးမှုတော့ ကျနော်လည်းမသိဘူး။” ဟု ပြောသည်။  အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ် သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက ရိက္ခာနှင့် အင်အားအချို့လာပို့သော စစ်ရဟတ်တစ်စီးကို AA က ပစ်ချနိုင်ခဲ့သည်ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

“AA ဘက်တော့ တရားဝင်မထုတ်ပြန်သေးဘူးပေါ့နော်။ စစ်ကောင်စီဖက်ကတော့ စစ်အင်အား၊ ရိက္ခာတွေ ဒီနေ့လည်း လေယာဉ်တွေနဲ့ လာချတာရှိပါတယ်။ မနေ့ကဆို Y12 နှစ်စီးရယ်၊ ရဟတ်ယာဉ် ၄ စီးရယ်ပစ္စည်းလာချတယ်။ နောက် ပြီး ဂျက်ဖိုက်တာ ၃ စီးလောက်နဲ့လည်း AA ရှိရာနေရာတွေကို ပစ်ခတ်နေတယ်။ AA ကလည်း စစ်ကောင်စီလေယာဉ်တွေကို ပြန်ပစ်ခတ်တာရှိ ပါတယ်။ သတင်းအရကတော့ မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ AA က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ရဟတ်ယာဉ်တစ်စီး ထိသွားတယ်။ မီးခိုးတွေထွက်ပြီး မကွေးဘက်သို့ ပျံသန်းသွား တယ်။ ပျံအားက ဒရုန်းပျံအားလောက်တောင် မရှိဘူးလို့ မြင်ရတယ်လို့ ပြောတယ်။ အလုံးစုံပျက်လား၊ ဘယ်နားကျသွားလဲတော့ အတိအကျ မသိရသေးဘူး”ဟု ပြောသည်။ AA ဖက်က ပစ်ခတ်၍ ပျက်စီးသွားသော စစ်ကောင်စီ ရဟတ်ယာဉ်အမျိုးအစားကို မသိရသေးသော်လည်း အချို့သော သတင်း မီဒီယာအချို့တွင် Mi17 လေယာဉ်အမျိုးအစားဖြစ်ကြောင်း ဖော်ပြနေကြသည်။  လက်ရှိတွင် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် ဗျူဟာကုန်းအများစုကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ခမရ ၃၇၁ တပ်ရင်း၊ တပ်ထိန်းတပ်ရင်းနှင့် တိုင်းဌာနချုပ်တို့သာ မသိမ်းရသေးဘဲကျန်ကြောင်း သိရသည်။  Read in Full

၁၂။ မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရပြီး လူနှစ်ဆယ် သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ
 November 12, 2024
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက် ခိုက်တာကြောင့် လူနှစ်ဆယ် သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး လေးဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၃ ဦးထဲမှာတော့ ကလေး တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ လယ်ဦးရပ်ကွက်၊ လူးထရပ်ကွက်နဲ့ မြို့ဦးရပ်ကွက်တို့ကို ရုရှားနိုင်ငံထုတ် တိုက်ခိုက် ရေးရဟတ်ယာဉ်နဲ့ မိနစ် သုံးဆယ်နီးပါး လှည့်ပတ်ပစ်ခတ်တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများခဲ့တာလို့ TNLA ပြောခွင့်ရ သူ လွေးယေဦးက ပြောပါတယ်။“နှစ်ဆယ်ဦး သေဆုံးသွားပါတယ်။ တော်တော်လေး ထိခိုက်တယ်လို့ ပြောရမှာပေါ့နော်။ စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်ပါတယ်” လက်ရှိမှာ TNLA တာဝန်ရှိသူ တွေက ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာတွေကို ရှင်းလင်းရေးလုပ်တာနဲ့ ဒဏ်ရာရသူတွေကို ဆေးကုသတာတွေ လုပ်ဆောင်ပေးနေ ပြီး မြို့ခံတွေကတော့ လေကြောင်းကနေ ထပ်မံပစ်ခတ်ခံရမှာ စိုးရိမ်ထိတ်လန့်နေတယ်လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

“လေယာဉ်လာမယ်လည်း မထင်တော့ ပုံမှန်အတိုင်း နေနေကြတာပေါ့နော်။ အဲဒါကို လူနေရပ်ကွက်တွေကို တည် တည့် လာပစ်သွားတာပေါ့။ အကုန်လုံးကတော့ အခုထိ ကြောက်နေကြတုန်းပဲ” လတ်တလော အခြေအနေအရ သေဆုံး၊ ဒဏ်ရာ ရသူတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အခုလေကြောင်းတိုက်ခိုက်မှုမှာ လူသေဆုံးထိခိုက် မှုတွေအပြင် နေအိမ် ဆယ်လုံးခန့် ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။  မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ကာလ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ TNLA နဲ့ ပူးပေါင်းတပ်က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။ Read in Full

၁၃။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ လက်နက်နှင့်တကွ အလင်းဝင်
 November 12, 2024
မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ဦးတန်ဂွန်းတန် ဦးဆောင်သည့် ခေါင်လန်ဖူးဒေသ ဌာနေပြည် သူ့စစ်အဖွဲ့က တပ်ဖွဲ့ဝင်အချို့သည် ကချင်လွတ်လပ်ရေးတပ်မတော်- KIA နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-KPF တပ်ဖွဲ့ ဝင်များထံသို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသည်ဟု KPF ထံက သိရသည်။ အဆိုပါ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များ သည် ဆော့လော်မြို့နယ်၊ လန်ဆယ်မြို့ရှိ ၎င်းတို့ပြည်သူ့စစ်စခန်းကိုစွန့်ခွာသွားသည့်တပ်ဖွဲ့ဝင်များဖြစ်ပြီး ယမန်နေ့ထိလက်နက် နှင့် အလင်းဝင်ရောက်လာသူ ၁၀ ဦးခန့် ရှိပြီဟု  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KPF ၏ ပြန်ကြားရေးတာဝန်ခံက ပြော သည်။“ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ် ဖြစ်တဲ့အတွက်တော့ ခါကာဘိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း ပူတာအိုခရိုင်မှာ မှီတင်းနေထိုင်တဲ့ ရဲဘော်တွေပဲဆိုတော့ ဒါကို သွေးထွက် သံယိုမဖြစ်အောင် KPF က ချိတ်ဆက်လုပ်ဆောင်သွားတာ ဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးလည်း ဆက်လုပ်နေဆဲပါ” ဟု ပြောသည်။

လန်ဆယ်မြို့ရှိ ပြည်သူ့စစ်စခန်းသည် ချီဖွေခရိုင် ဆော့လော်မြို့နယ်တွင် တစ်ခုတည်း ကျန်ရှိသည့် ဌာနေပြည်သူ့စစ် စခန်းဖြစ်ပြီး ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသနှင့် အနီးဆုံးနေရာတွင် တည်ရှိသည့် တပ်စခန်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုမြို့သည် ရဝမ်အမျိုးသား ဦးတန်ဂွန်းတန် ဦးဆောင်သည့် ခေါင်လန်ဖူးဒေသ ဌာနေပြည်သူ့စစ်အဖွဲ့က စစ်ရေးလှုပ်ရှားသည့် ဒေသ ဖြစ်သည်။ ထို့ပြင် လန်ဆယ်မြို့တွင်ရှိသည့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၀ ရက်က စခန်းစွန့်ခွာသွားခြင်းဖြစ်ပြီး KIA နှင့် KPF တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၀ ရက် နံနက် ၇ နာရီခန့်က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။ Read in Full

၁၄။ ပုလောမှာတိုက်ပွဲဆက်ဖြစ်နေပြီး အိမ်တွေမီးရှို့ခံရ
 November 11, 2024
ပုလောမြို့နယ်ထဲက ရွာငါးရွာခန့်မှာ တိုက်ပွဲဖြစ်နေပြီးအိမ်တွေလည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ အခုလ ၈ ရက်နေ့ကစပြီး ဒီကနေ့အထိ နန်းတောင်၊ တောင်ယာကမ်း၊ ခုနစ်မိုင်၊ ငါးမိုင်ရွာနဲ့ ပုလောမြို့ရဲစခန်းအနီးမှာ  တိုက်ပွဲတွေဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။ အခုလ ၈ ရက်နေ့က  ငါးမိုင်နဲ့ ပဝတ်ကုန်းရွာတွေမှာ စစ်ကောင်စီတပ် တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ခဲ့ပြီးနောက် အိမ်တွေမီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်သားတွေဟာ ငါးမိုင်ရွာတစ်ရွာတည်းမှာအိမ်ရှစ်ဆောင်ခန့်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အိမ်အရေအတွက် အတိ အကျကိုတော့ တနင်္သာရီတိုင်းမ်က စုံစမ်းနေဆဲ ဖြစ်ပါတယ်။“ဈေးဆိုင်နဲ့တွဲဖွင့်ထားတဲ့အိမ်တစ်လုံးပါသွားတယ်။ ကျန်တဲ့ အိမ် တွေကတော့ စစ်တပ်ရှိနေလို့ ဝင်မကြည့်ရသေးဘူး။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မနေ့ညကလည်း နန်းတောင် နဲ့ တောင်ယာကမ်းရွာက စစ်‌ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဝင်ပစ်ပြီး နှစ်ဖက်ပစ်ခတ် မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ခုနစ်မိုင်ရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ပစ်ဖို့သွားတဲ့အချိန် ဂိတ်အနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ် သားတွေနဲ့ တိုးပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။“လက်နက်ကြီးနဲ့ ရမ်းပစ်နေတာ မနည်းဘူး။ ခုနစ်မိုင်တဝိုက်ကို ပဲ ပတ်ပတ်ပြီးပစ်နေတာ။ (နေ့လည်)၁၂ နာရီလောက်မှငြိမ်ကျသွားတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်းမှာတော့‌ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်၊ ကျဆုံးရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။ လက်ရှိမှာ တော့ ပြည်ခြားရွာနဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီက သိရပါတယ်။ ပုလောမြို့နယ်၊ ကြဲရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ခဲ့တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ ကစပြီး တောက်လျှောက်စစ်ကြောင်းထိုးနေတာပါ။ စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ပုလောမြို့နယ်က ပြည်သူထောင်ချီ ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။ Read in Full

၁၅။ ကျိုက်ထိုမှာ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦး PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ
 November 12, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖြစ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။ အဲဒီ လူငယ်နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF  ရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းထားသူတွေ ဖြစ်တယ်လို့ စစ်ကောင်စီဘက် က စွပ်စွဲထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အရေးယူသွားမယ်လို့ ဆိုပါတယ်။ PDF စွပ်စွဲ ချက်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်နှစ်ဦးဟာ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ဇလုပ်ကြီးကျေး ရွာနေ အသက် ၁၅ နှစ်အရွယ် မောင်ခန့်ကိုဇင်နဲ့ အသက် ၁၆ နှစ်ရွယ် မောင်ထက်အာကာဖြိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။ သထုံခရိုင် PDF တာဝန် ခံ ကိုအေးမင်းထွန်းက အသက်မပြည့်သေးတဲ့ လူငယ်တွေကို သင်တန်းပေးတာမရှိသလို အခုဖြစ်စဉ်ဟာ အမှုဆင်ဖမ်းဆီးမှု ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို PDF စွပ်စွဲ ချက်နဲ့ မကြာခဏဖမ်းဆီးလေ့ရှိပြီး ငွေမပေးနိုင်တဲ့သူတွေကို PDF ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်ပုဒ်မနဲ့အမှုဖွင့်အရေးယူတာတွေ ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာအရ အာဏာသိမ်း သုံးနှစ်ကျော် ကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ အမျိုးမျိုးပြဖမ်းဆီးမှုကြောင့် လူပေါင်း ၂၇၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။ Read in Full

၁၆။ နှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိ ကူးဆိပ်စခန်းကို KNLA သိမ်းပိုက်ရရှိ
 November 12, 2024
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဖာပွန်-ကမမောင်းလမ်း၊ ကူးဆိပ်ရွာအနီး၌ ၁၉၅၀ ခုနှစ်ဝန်းကျင် ကစ၍ အထိုင်ချနေ သည့် ကူးဆိပ်စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်း ပိုက်လိုက်ကြောင်းသိရသည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၈) လက်အောက်ခံ ရေဖြူအခြေ စိုက် ခြေမြန်တပ်ရင်း ခမရ (၄၀၆)မှ စစ်ကောင်စီတပ်သားများအထိုင်ချနေသည့် ကူးဆိပ်စခန်းကို KNLA ပူးပေါင်းတပ်များက နိုဝင်ဘာလ ၆ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၉ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် နယ် မြေရှင်းလင်း သိမ်းပိုက်ခဲ့ခြင်းဟု သိရ သည်။“ဟိုး ၁၉၅၀ ဖာပွန်မှာ စခန်းတွေစတည်ကတည်းက တည် ထားတဲ့စခန်း၊ သက်တမ်း တော်တော်ကြာပြီ။ အဲဒီစခန်းမှာ နေထိုင်တာက စကခ(၈)ခမရ(၄၀၆)ပေါ့”ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ (၅) ပြောရေးဆိုခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။ စခန်းသိမ်းဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား ရှစ်ဦး၏အလောင်းများရရှိခဲ့ပြီး ကျန် တပ်သားများထွက်ပြေးလွတ် မြောက်သွားခဲ့ကာ KNLA ပူးပေါင်းတပ်မှ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ(၅)ပြောရေး ဆိုခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

စစ်ကောင်စီပိုင်ဆိုင်သည့် လက်နက်ကြီးများနှင့် ကျည်များ၊  သေနတ်များနှင့် ကျည်များ၊ အခြားခဲယမ်း များ၊ ဆက်သွယ်ရေးလှိုင်းဖြတ်စက်(Jammer)သုံးခုပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ စခန်းသိမ်းခံရသည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ကူးဆိပ်စခန်းအနီးတဝိုက်ကို ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းရှိသည်ဟု KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်ရင်း၊ စခန်းပေါင်း ၇၂ ခုရှိသည့်အနက် အာဏာသိမ်းကာလ လေးနှစ်နီးပါးအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ မြေပြင်ထောက်ပို့လမ်းကြောင်း များ ပိတ်ဆို့တိုက်ခိုက်မှုတို့နှင့် ၎င်းတို့၏ အခက်အခဲများကြောင့် စခန်းစွန့်ခွာခြင်းကြောင့် စခန်းပေါင်း ၆၀ ကျော်လက်လွှတ်ခဲ့ ရပြီး တပ်စခန်း ၁၁ ခုသာကျန်တော့သည်ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောကြားထားသည်။ ယခု ကူးဆိပ်စခန်း ကိုပါ တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်၍ မူတြော်ခရိုင်တခုလုံး၌ စစ်ကောင်စီအထိုင်ချတပ် ရင်း၊ စခန်း ၁၀ ခုသာ ကျန်တော့ပြီး KNLA ပူပေါင်းတပ်များ၏ မြေပြင်ထောက်ပို့ရေးလမ်းကြောင်းများ ပိတ်ဆို့ထားမှုကြောင့် လေကြောင်းမှသာ ထောက်ပို့ရေးလုပ်နိုင်ကြောင်း သိရသည်။ Read in Full

၁၇။ ဖားကန့်ဗျူဟာကုန်းကို စစ်ကောင်စီ လေကြောင်းမှလက်နက်ခဲယမ်းဖြည့်တင်းပြီး ဗျူဟာဝန်းကျင်ကို ဗုံးကြဲ
 November 11, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းရိက္ခာများချပေးပြီး ဗျုဟာကုန်းဝန်းကျင်နေရာအချို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ စစ်ကောင်စီတပ် ဗျူဟာ ကုန်းကို နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းတွင် လေကြောင်းမှ လက်နက်ခဲယမ်းများဖြည့်တင်းခဲ့ခြင်းဖြစ်သည်။ “ရဟတ် ယာဉ်တစ်စီးကအောက်ကိုဆင်းတယ်။ လက်နက်ခဲယမ်းတွေချပေးသွားတယ်။ နောက်တစ်စီးကလုံခြုံရေးယူပေးတယ်။ ပြီးတော့ ဗျူဟာပတ်ဝန်းကျင်ကို ဗုံးကြဲတယ်”ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် နီးစပ်သည့်သတင်းရဲမြစ်တစ်ဦးကပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ၊ မရှိကို မသိရသေးပေ။ လက်ရှိတွင် KIA နှင့် PDF ပူးပေါင်းတပ်များက ဆိုင်းတောင် ကျေးရွာ ထိန်းချုပ်ထားပြီး မြို့ခံများနှင့် ဒေသခံများအတွက် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပေးထားသည်။

ဆိုင်းတောင်ကျေးရွာအတွင်းရှိ Lucky Man ဟိုတယ်၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့် ဆိုင်းတောင်ရဲစခန်းကို ပြီးခဲ့ သည့် စက်တင်ဘာလဆန်းတွင် KIAနှင့် PDF ပူးပေါင်းတပ်က စတင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။ စစ်ကောင်စီက ဖားကန့်ဒေသ၌ လက်နက်နှင့် လူအင်အားဖြည့်တင်းနေ၍ စစ်ရေးသတင်းများ နားစွင့်နေရန်နှင့် လုံခြုံရေးသတိပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလကုန်ကလည်း  ဖားကန့်မြို့ပေါ်တွင် လေယာဉ်ဖြင့် ကင်းထောက်ခဲ့ပြီး KIA တပ်မဟာ(၉)ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါလေကြောင်း တိုက် ခိုက်မှုအတွင်း ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖားကန့်ဒေသ၌ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ မဖြစ်ပွားသော် လည်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ကြားစောင့်တပ် ထိန်းချုပ်ထားသည့်မြို့များကို KIAနှင့်PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နေသည်။ Read in Full

၁၈။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားဈေးမြင့်လာပြီး စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေ
 November 11, 2024
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားခစျေးတွေ အဆမတန် မြင့်တက်လာတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေ့နေတယ်လို့ ကာယကံရှင်တွေနဲ့ အိမ်ခြံမြေအကျိုး ဆောင်တွေက ပြောကြပါတယ်။ တောင်ကြီး၊ အေးသာယာ၊ ညောင်ရွှေ၊ အောင်ပန်း၊ ရွှေညောင်နဲ့ ဟဲဟိုးတို့မှာ စျေးတွေတက်လာတာဖြစ် ပြီး တောင်ကြီးကတော့ စျေးအကြီးဆုံးဖြစ်နေတာလို့ ဟဲဟိုးကနေ တောင်ကြီးကို ရွှေ့ဖို့ကြိုး စားနေတဲ့ မမော်လေး (အမည်လွှဲ) က ပြောပါတယ်။ “အရင်တုန်းကဆို ဟဲဟိုးမှာ အိမ်ငှားသိပ်မရှိဘူးလေနော်။ အရင်တုန်းကဆိုရင် တစ်သိန်းခွဲ၊ နှစ်သိန်းဆို ရတာ က အခုက နှစ်သိန်းခွဲ၊ သုံးသိန်းလောက်ထိ တက်သွားတာပေါ့။ သူက (ဟဲဟိုး) နှစ်ဆလောက် တက်ပေမဲ့ တောင်ကြီးက သုံးဆ လောက်တက်တာ။ အရင်က နှစ်သိန်းဆို လုံးချင်းရတာက အခု ခြောက်သိန်း၊ ရှစ်သိန်း၊ ဆယ်သိန်း အဲဒီလို ဖြစ်သွားတယ်။ တောင်ကြီးက အဆမတန် တက်တာ။ သူဌေးတွေအတွက် မသိသာပေမဲ့ မရှိမဲ့ရှိမဲ့ ခြစ်ခြုတ်ပြီးပြောင်းလာရတဲ့သူကျ အရမ်းဒုက္ခ ရောက်ရတာလေ” ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်‌ဘေးဒုက္ခသည်တွေ ရှမ်းပြည်နယ် တောင်ပိုင်းကို အများအပြား ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ အခုလို စျေးမြင့်တက်လာတာလို့ ပြောပါတယ်။ တောင်ကြီးမြို့မှာ ရှမ်းပိဋကတ်ကျောင်း၊ ရှမ်းစာပေယဉ်ကျေးမှုရုံး၊ ဝေဠုဝန်ကျောင်းတိုက်နဲ့ ရှမ်းလူမှုအခြေပြုအဖွဲ့ရုံးခန်းမမှာဖွင့်ထားတဲ့ စခန်းတွေ မှာ စစ်ဘေးရှောင်တဲ့လူတွေရှိပေမဲ့ နေရာမလုံလောက်တဲ့အတွက် ရပ်ကွက်တွေထဲ ရွှေ့ပြောင်းပြီး အိမ်ငှားနေထိုင်ကြတာလည်း ရှိနေတာပါ။

အခုနှစ် ဇွန်လကနေစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ၊ သီပေါနဲ့ နောင်ချိုဘက်ကနေ ထွက်ပြေးလာတဲ့ဒေသခံတွေနဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ မိုးဗြဲမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ ငှားရမ်း နေထိုင်နေကြတာ ဖြစ်ပါတယ်။ စစ်ပွဲကြာလာတာနဲ့အမျှ အလုပ်အကိုင်မရှိဖြစ်လာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် နေထိုင် ရေး ခက်ခဲလာတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “နေရာသစ်မှာ ငှားလိုက် ရတယ်ဆိုပေမဲ့လည်း လူဦးရေ ထူထပ်ပြီး အလုပ်အကိုင်က ရှားပါးလာတော့ အလုပ် အကိုင်မရှိဘဲနဲ့ နေရင်းနေရင်းနဲ့ အဲဒီလိုမျိုး လူတွေကပိုပြီးတော့ ဒုက္ခရောက်ကြတာပေါ့။ ထပ်ပြီးငှားဖို့အတွက် အဆင် မ ပြေမှုတွေ ဖြစ်တာပေါ့။ ပထမလာတုန်းကတော့ နှစ်သိန်းလောက်တန် ငှားနိုင်တဲ့လူက တဖြည်းဖြည်းနဲ့ အလုပ် အကိုင်ရှားပါးလာတဲ့ အချိန်ကျတော့ နောက်ဆုံးဗျာ လိုင်းခန်း၊ သွပ်မိုးသွပ်ကာလိုင်းခန်းမှာ သွားပြီးတော့ နေကြရတယ်။ အလုပ်မဖြစ်တာလည်း ကြာလာတော့ပေါ့” အခန်းတန်းလျားပုံစံဆိုရင် အရင်က ငါးသောင်းအောက်ပဲ ပေးရပေမဲ့ လက်ရှိမှာတော့ တစ်သိန်းခွဲဝန်းကျင်အထိ ပေးနေရတာပါ။ အိမ်ငှားဖို့ ရှာဖွေတဲ့အခါမှာ လည်း အရင်က ပွဲစားခကို အိမ်ရှင်က တစ်ဝက်ပေးရတာ ဖြစ်ပြီး အခုကတော့ အိမ်ရှင်တစ်ဝက် အိမ်ငှားတစ်ဝက် ပေးနေရတယ် လို့ ဆိုပါတယ်။ Read in Full

၁၉။ မိုးမောက်စစ်မျက်နှာပြင် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ
November 11, 2024
 ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ တင့်ကားကြီးတွေနဲ့ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီ တပ်တွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြန်ရဖို့ ဩဂုတ်လကစပြီး ဗန်းမော်မြို့ဘက်ကနေ တစ်ပတ် ၂ ကြိမ် တင့်ကားကြီး တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဗန်းမောက်နဲ့ မိုးမောက်ကြားမှာရှိတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ နေ့တိုင်းလိုလို တိုက်ပွဲ ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေ ပြောပါတယ်။“တိုက်ပွဲက ပုံမှန်ဖြစ်နေတာ မနေ့ကဖြစ်တဲ့ တိုက်ပွဲ က ၆ မိုင်အနီး စစ်တပ်ရဲ့ ထောက်ပို့လမ်း နောက်ကြောဘက်မှာ လမ်းပိတ်ဆို့ပြီး သွားရောက် တိုက်ခိုက်ခဲ့တယ်။ ပြောက်ကျား စနစ်နဲ့ သွားတိုက်တာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ သေနတ် ၄၊ ၅ လက်နက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ပြောရ ရင် ၆ မိုင်၊ ၇ မိုင်နေရာမှာက နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာပေါ့”လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး ခုလိုပြောပါ တယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ မနေ့က ဗန်းမော်နဲ့ မိုးမောက်ကြား စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ၆ မိုင်ရှိထောက်ပို့ လမ်းနေရာကို KIA ပူးပေါင်းတပ်ဘက်က ပိတ်ဆို့ပြီး သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး ၄ ရက်ခန့်အကြာမှာ စစ်ကောင်စီတပ်တွေက မိုးမောက်ကို ပြန်လည်ရရှိဖို့ တင့်ကားကြီးအသုံးပြုပြီး ဗန်းမော်မြို့ဘက်ကနေ ထိုးစစ်ဆင် တန်ပြန်တိုက် ခိုက်နေတာ ခုဆိုရင် သုံးလဝန်းကျင် ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်နဲ့ မိုးမောက်ကြား ၆ မိုင်နဲ့ ၇ မိုင် အောင်မြေ ကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်က စစ်အင်အား ၄၀၀ ဝန်းကျင် စစ်အင်အားတိုးချဲ့ထားပြီး မိုးမောက်မြို့နယ်ဘက်ကို ထိုးတက်နိုင်ဖို့ရန်အတွက် တင့်ကားအပါ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာ KIA တပ် တွေလည်း  မိုးမောက် ခမရ ၄၃၇ တပ်ရင်း သိမ်းပြီးနောက် စစ်အင်အားအလုံးအရင်းသုံးပြီး စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကို လမ်းကြောင်း ပိတ်ဆို့ပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ မိုးမောက်စစ်မျက်နှာပြင်ဘက် ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုဆက်ပြောပါတယ်။“တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်နေတာကကြာပြီး လေကြောင်းနဲ့ကော မြေပြင်နဲ့ပါ ထိုးဆင်နေတာ။ ပြီးရင် ဒရုန်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ သူတို့ရဲ့ အခြေအနေက သူတို့လက်လွတ်လိုက်ရတဲ့ ခမရ ၄၃၇ တပ်ရင်းတွေကို ပြန်လည် ရရှိအောင် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။ Read in Full

၂၀။လှိုင်းဘွဲမြို့နယ်အတွက် စစ်မှုထမ်းသင်တန်းတက်ရန် လူဦးရေ(၁၀၀) စုဆောင်းပေးရေး စစ်ကောင်စီညွှန်ကြား
 November 11, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရန် အမျိုးသား အယောက် (၁၀၀) စုဆောင်းထားရှိရေး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများသို့ ပြီးခဲ့သည့်နိုဝင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီကညွှန်ကြားကောက်ခံလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ စစ်မှုထမ်းအပတ်စဥ် (၇) သင်တန်းအတွက် တပ် သားသစ်များစုဆောင်းရန် စစ်ကောင်စီက ညွှန်ကြားထားခြင်းဖြစ်ပြီး လက်ရှိတွင်မဖြစ်မနေပေးဆောင်ရမည်ဟု စစ်ကောင်စီ က ဆိုထားသည့် လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်(၄)ခုအတွက် လူ(၄)ယောက်သာ ကောက်ခံပို့ဆောင်ပေးနိုင်ခဲ့သည်ဟု ကြားသိရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းအမျိုးသမီးက “မြို့နယ်ထဲက ရွာတွေ အကုန်လုံးအတွက် လူအယောက် (၁၀၀) တောင် မှ ပေးရမယ်လို့ကြားတယ်။ ရွာတွေမှာတော့ ဘယ်သူမှ မသွားချင်ကြတော့ပေးရမယ့် လူလည်းမရှိဘူး။ မြို့ပေါ်ရပ်ကွက်ကျတော့ မဖြစ်မနေ ပေးရမယ်ဆိုတော့ သူ့အပိုင်းနဲ့သူ လိုက်စည်းရုံးရတာပေါ့။ အခု မြို့ပေါ်မှာပဲ ပေးပြီး ရွာဘက်မှာက မပေးသေးဘူး။ လှိုင်းဘွဲမြို့ထဲမှာတော့ လေးယောက်ပဲ ရတယ်။” ဟု ပြောသည်။

နိုဝင်ဘာလဆန်းပိုင်းက မြို့ပေါ်ရပ်ကွက်နေ အမျိုးသား(၄)ဦးကို စစ်သင်တန်းတက်ရမည့် လှိုင်းဘွဲစစ်ဗျူဟာသို့ပို့ ဆောင်ပေးလိုက်ပြီ ဖြစ်သလို သက်ဆိုင်ရာ ရပ်ကွက်အလိုက် ၎င်းအမျိုးသား(၄)ဦး အတွက် ထောက်ပံ့ပေးရန် လစဥ်ကြေးငွေပေး နိုင်ရေးစီစဥ်နေသည်ဟုလည်း ဖော်ပြပါအမျိုးသမီးနှင့် မြို့ခံအချို့ကဆိုသည်။ လူသစ်စုဆောင်းရာတွင် စစ်မှုထမ်းမည့်သူများအား မြေကွက်တစ်ကွက်နှင့် ငွေကြေးသိန်းဆယ်နှင့်ချီ ပေးဆောင်မည်ဖြစ်ကြောင်း မြို့နယ်ကော်မတီ ဥက္ကဋ္ဌ အဖွဲ့ဝင်တချို့က မက်လုံး ပေးပြီး လိုက်လံစည်းရုံးသိမ်းသွင်းနေကြောင်း ဒေသတွင်းသတင်းအရင်း အမြစ်များ၏ပြောပြချက်အရသိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လှိုင်းဘွဲမြို့နေဒေသခံများအား ကရင်သတင်းဌာန-ကေအိုင်စီက အတည်ပြုမေးမြန်းရာတွင် (က)ရပ်ကွက် အုပ်ချုပ် ရေးမှူးကသာ ၎င်းရပ်ကွက်အတွင်း ထိုသို့မက်လုံးပေးစည်းရုံးနေခြင်းဖြစ်ပြီး မြေကွက်နှင့်ငွေပေးမည့်သတင်းမှာလည်း မမှန်ကန် ဟုဆိုသည်။“ဒီမှာညမထွက်ရအမိန့်ကိုချထားတာကြာပါပြီ။ ထွက်တာကများသောအားဖြင့် လောင်းကစားဝိုင်းသွားမယ့်သူတွေ များတယ်။ အခု စစ်တပ်ကတောင်းတာနဲ့ရတာနဲ့က လူမပြည့်တော့ မြို့ထဲညပိုင်းထွက်တဲ့လူတွေကို ဖမ်းဖို့ရှိတယ်လို့ကြားတယ်။ မြို့ကလူတွေ သတိထားစေချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ Read in Full

၂၁။ အမ်းမြို့ထဲမှာ အရပ်သား ၃,၀၀၀ ကျော် ပိတ်မိနေ
 November 12, 2024
နေ့စဉ်တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် အမ်းမြို့ထဲမှာ နောက်ဆုံးသတင်းအချက်အလက်အရ ပိတ်မိနေသော အရပ် သားပြည်သူ ၃,၀၀၀ ကျော်ရှိကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ပြီးခဲ့သည့်လက စာအရင်းအရ အမ်းမြို့ထဲမှာ အရပ်သား ၁,၀၀၀ ကျော်ပိတ်မိနေကြောင်း ပြောဆိုခဲ့သော်လည်း ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံး သတင်းအရ ပိတ်မိနေသူ ၃,၀၀၀ ကျော်ရှိကြောင်း အခိုင်အမာပြောဆိုကြသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အမ်းမြို့ထဲမှာ ပိတ်နေတဲ့ အရပ်သား ၃၀၀၀ ကျော်ရှိမယ်ထင်ပါတယ်။ မြို့သစ်ရပ်ကွက်၊ မြို့ဟောင်း၊ လေယာဉ်ကွင်းမှာ ပိတ်မိနေတဲ့ပြည်သူ တွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြပြီး ရပ်ကွက် ၁, ရပ်ကွက် ၂, ရပ်ကွက် ၃ နဲ့ အောက်ရွာဘက်တွေ မှာ ပိတ်နေကြပါ တယ်။ အများစုက အမ်းမြို့အနီး ကျေးရွာတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိမ်လည် စည်းရုံးခေါ်ထားတဲ့သူတွေဖြစ်ပါတယ်။ မင်းတို့နေတဲ့ရွာတွေကို AA က ဖျက်ဆီးနေတာဆိုပြီး လိမ်လည်စည်းရုံးကာ အမ်းမြို့ထဲကို ဆွဲခေါ်သွားတာဖြစ်တယ်။ မဟုတ်က ဟုတ်ကတွေပြောပြီး ခေါ်သွားတာ။ အခုတော့ ပိတ်လှောင်ထားပြီး ဓါးစားခံအနေနဲ့ အသုံးချနေတယ်” ဟု ပြောသည်။

အမ်းမြို့အနီးက ကျောက်စားကွဲ၊ မီးကျောင်းချောင်း၊ လုံရွာ၊ စပ်စီ စသည့်ကျေးရွာများမှ အပြစ်အရပ်သားပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့များက လိမ်လည်စည်းရုံးကာ အမ်းမြို့ထဲသို့ ခေါ်ယူထားခြင်းဖြစ်သည်။ လက်ရှိတွင် အမ်းမြို့ထဲ ပိတ်မိနေသူ များကို အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များကို တိုက်ထုတ်ရင်း အရပ်သားပြည်သူများကိုလည်း ကယ် ထုတ်ပေးနေသည်ဟု ဒေသခံ ကိုမျိုးလွင်က ပြောသည်။ “တိုက်ပွဲတွေကတော့ နေရာအစုံမှာ ဖြစ်နေကြတော့ ပိတ်မနေသူတွေ လည်း ပြေးစရာ၊ တိမ်းရှောင်စရာမရှိတော့ဘူး။ အခုတော့ AA က ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးနေတာရှိတယ်။ အမ်းမြို့ထဲ သိမ်းပိုက်ထားတဲ့ နေရာတွေက သူတွေကို ဦးစားပေး ကယ်ထုတ်ပေးနေတာ ရှိပါတယ်။ ဘယ်လောက် ကယ်ထုတ်ထားပြီးဆို တာကိုတော့ မသိဘူး” ဟု ပြောသည်။ မြို့ခံအများစုက အမ်းတိုက်ပွဲစဖြစ်ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မြို့ခံအနည်း စု နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိမ်လည်ခေါ်ယူထားသည့် ကျေးလက်ဒေသက အရပ်သားတို့မှာ ပိတ်မိနေကြခြင်းဖြစ်သည်။ အမ်းမြို့ထဲ ပိတ်မိနေသူများကို စစ်ကောင်စီတပ်ရင်းများက လူသားဒိုင်းကာအဖြစ် အသုံးပြုထားကြောင်းနှင့် ၎င်းတို့အတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။  Read in Full

၂၂။ အေးသာယာတွင် တည်းခိုသူများကို စစ်ကောင်စီက ဓာတ်ပုံရိုက်ယူပြီး ဖမ်းဆီးနေ
 November 12, 2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တည်းခိုခန်းနဲ့ ဟိုတယ်တွေမှာ တည်းခိုနေသူတွေကို အခန်းငှား တာနဲ့  စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေက ဓာတ်ပုံရိုက်ယူထားပြီး  လူငယ်တချို့ကို ဖမ်းဆီးနေတယ်လို့  မြို့ခံတွေက ပြော ပါတယ်။  နိုဝင်ဘာ ၈ ရက်၊ ညပိုင်းက နယ်မြေ ၅၊ အမှတ် ၃ ရပ်ကွက်၊ အေးသာယာအဝေးပြေးကွင်း ၁ လမ်း၊ ပစောက်ကွေ့မှာ ဖွင့်လှစ်ထားတဲ့ တည်းခိုခန်းတခုမှာ တည်းနေတဲ့ စစ်ဘေးရှောင်လူငယ် အမျိုးသား ၂ ယောက်ဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဓာတ်ပုံအရိုက်ခံခဲ့ရပါတယ်။ ည ၁၀ နာရီကျော်လောက်မှာတော့ ဧည့်စာရင်းဝင်စစ်ချိန်မှာ အေးသာယာရဲစခန်းကို ဖမ်းဆီးခေါ် ဆောင်သွားခံရပြီး အတူပါ ဆိုင်ကယ်ပါ သိမ်းဆည်းခံခဲ့ရတာကြောင့် မိသားစုဝင်တွေက နောက်တနေ့မှာ လိုက်လံထုတ်ခဲ့ရသလို ငွေကျပ် ၄ သိန်းပေးခဲ့မှ ပြန်လွှတ်ပေးခဲ့ပါတယ်။

အေးသာယာမြို့ခံတယောက်က “ရုပ်ရှင်ရုံအရှေ့လမ်းက တည်းခိုခန်းမှာ။ လူငယ်နှစ်ဦးပဲ။ စစ်ရှောင်ပြောတာတောင် မရ ဘူး ဖမ်းသွားတာ။ ဒီရက်ပိုင်း အေးသာယာရော၊ တောင်ပေါ်‌မှာရော ဟိုတယ်တို့ တည်းခိုခန်းတို့ တည်းတဲ့သူတွေ ဓာတ်ပုံအရိုက်ခံ မှ အခန်းရတယ်။ ဟိုနှစ်ယောက်က ပြန်တော့လွှတ်ပြီ။ ၄ သိန်းပေးခဲ့ရတယ်လို့ပြောတယ်”လို့ ပြောပါတယ်။ လူငယ် ၂ ယောက် ဖမ်း ဆီးခံရမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တည်းခိုခန်းကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။ နိုဝင်ဘာ ၄ ရက်က အေးသာယာမြို့သစ်ရှိစက်မှုဇုန်က လွိုင်ကော်မြို့ခံအမျိုးသမီးတယောက်ပိုင်ဆိုင်တဲ့ပြောင်းအခြောက်ခံစက်ရုံဂိုထောင် မှာ လက်နက်အများအပြားကို စစ်ကောင်စီဘက်က သိမ်းဆည်းသွားခဲ့ပြီး မြို့သစ်တဝိုက်နဲ့ ရွှေညောင်၊ တောင်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အစစ်အဆေး တင်းကျပ်ခဲ့ပါတယ်။  Read in Full

၂၃။ မော်လမြိုင်မြို့ရှိ နေအိမ်ခြံစည်းရိုးတွေကို တူညီဆေးရောင်သုတ်ရန် စစ်ကောင်စီညွှန်ကြား
 November 12, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့အတွင်းနေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကိုတူညီအရောင်သုတ်ရန် စစ်ကောင်စီ လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကညွှန်ကြားလာတယ်လို့ မြို့ခံတွေကပြောပါတယ်။ ခြံစည်းရိုးတွေကို ဆေး သုတ်ရာမှာ တစ်မြို့လုံးကိုသတ်မှတ်ထားတဲ့ အရောင်အနေနဲ့ ခြံစည်းရိုးကို မီးခိုးရောင်၊ ခြံစည်းရိုးအကာမျက်နှာ ပြင်ကိုတော့ အဝါနုရောင်သုတ်ရမယ်လို့ နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားလာတာပါ။ ဒါ့အပြင် နေအိမ်အဆောက်အအုံနဲ့ ဝင်းနံရံတွေ ကိုလည်း သပ်ရပ်စွာထားရှိရမှာဖြစ်ပြီး ထုံးဒါမှမ ဟုတ် ဆေးသုတ်ဖို့ ညွှန်ကြားထားသလို နေအိမ်အဆောက်အအုံကိုတော့ မိမိတို့ နှစ်သက်တဲ့ အရောင်သုတ်နိုင်တယ်လို့ ဆိုပါတယ်။ နေအိမ်ရှေ့မျက် နှာစာနဲ့ လမ်းနယ်နမိတ်အတွင်းမှာရှိတဲ့ မြက်တွေကို သန့်ရှင်း ရေးလုပ်ရမှာဖြစ်ပြီး ဖော်ပြထားတဲ့ လုပ်ငန်းအားလုံးကိုတော့ သတ်မှတ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ အပြီးလုပ်ဆောင်ရ မယ်လို့ ညွှန်ကြားလာတာပါ။

မြို့ခံတစ်ဦးကတော့ စစ်ကောင်စီဘက်က မြို့တော်သာယာလှပရေးလို့ အကြောင်းပြထားပေမယ့် ယတြာချေတာ ဒါမှ မဟုတ် လုံခြုံရေးနဲ့ စီးပွားရေးပါတနာတွေ အဆင်ပြေဖို့ လုပ်ဆောင်တာ ဖြစ်နိုင်ပြီး စီးပွားရေး အဆင်မပြေသူတွေအတွက် အများကြီးအခက်အခဲဖြစ်နိုင်တယ်လို့ ပြောပါတယ်။“သူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း ယတြာတွေဘာတွေညာတွေ အဲဒီကိစ္စက နံပတ်တစ်ဦးစားပေး။ နံ ပတ်နှစ်က သူတို့ရဲ့ ပါတနာစီးပွားရေးသမားတွေအတွက် အဆင်ပြေဖို့ လုပ်ပေးတာရယ်။ နောက် တစ်ခု က လုံခြုံရေးအရပေါ့နော်။ ခြံစည်းရိုးတစ်ခုကို ကြည့်လိုက်လို့ရှိရင် ဘယ်အရာပဲဖြစ်ဖြစ် သိသာထင်ရှားစွာ မြင်နိုင်ရမယ့် အနေ အထားမျိုးပေါ့။ ပိုက်ဆံမရှိတဲ့ သူကဘယ်လိုလုပ်မလဲ။ ဒါတွေကတော့ သက် သက်ဒါလူရော စိတ်ရောပင်ပန်းအောင် ပညာပေး နေတယ်လို့ပဲ ကျွန်တော်တို့က ခံယူတာပေါ့”လို့ ဆိုပါတယ်။ အခုလိုစစ်ကောင်စီက ဖိအားပေးပြီး ခြံစည်းရိုးတွေကို တူညီအရောင် သုတ်ခိုင်းတာဟာ အရင်ခေတ်အဆက်ဆက်က မရှိခဲ့ဖူးသလို လက်ရှိအာဏာရှင်တွေရဲ့ သဘောအတိုင်း ပြည်သူတွေကို လိုက် လုပ်ခိုင်းတာဟာ မဖြစ်သင့်ဘူးလို့ သူကဝေဖန်ပါတယ်။ မော်လမြိုင်မြို့ကို မြို့တော်အင်္ဂါရပ်နဲ့ညီအောင် လုပ်ဆောင်နေတယ်လို့ ပြောဆိုနေပေမယ့် လမ်းတွေ ပျက်စီးနေတာ၊ လမ်းမီးတွေ အချိန်မှန်မပေးနိုင်တာ၊ မီးပ္ပိုင့်တချို့ ပုံမှန် မီးမလင်းတာအပြင် အမှိုက် ကားတွေကအစ အရင်လိုလာရောက်တာ မရှိဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။ Read in Full

၂၄။  ဝယ်ယူသူနည်းပါး၍ ရခိုင်က မြို ရိုးရာရက်ကန်းလုပ်ငန်းများ ရပ်တန့်ထားရ
 November 11, 2024
မြိုရိုးရာအဝတ်အထည်များကို ဝယ်ယူသူနည်းပါးလာ၍ ရခိုင်ပြည်အတွင်း မြိုရိုးရာ ရက်ကန်းလုပ်ငန်းများရပ်တန့်ထားရ ကြောင်း မြိုအမျိုးသမီးများထံမှသိရသည်။ မြိုရိုးရာလက်ရက်ကန်းထည်များကိုဝယ်ယူသူမရှိသလောက်နည်းပါးနေပြီး ရက်ကန်း လုပ်ငန်းများအားရပ်တန့်ထားသည်ဟု မြောက်ဦးမြို့က မြိုရိုးရာရက်ကန်းထည်များဖန်တီးသူ မြိုအမျိုး သမီးတစ်ဦးကပြောသည်။ “အဝယ်မရှိတော့ အလုပ်မဖြစ်ပါဘူး။ အထည်တွေ ဒီအတိုင်းပဲတင်ကျန်နေတယ်။ အရင်ကဆိုဝယ်သူတွေရှိတော့ ရက်ကန်းခတ် တဲ့ သူတွေလည်း အလုပ်ဖြစ်တယ်။ အခုတော့သူတို့တတွေလည်း အလုပ်လက်မဲ့ဖြစ်နေကြရတယ်”ဟု ပြောသည်။ မြိုရိုးရာ လက်ရက်ကန်းထည်များကို ယခင်က နိုင်ငံခြားသားဧည့်သည်များ၊ တစ်ခြားတိုင်းဒေသပြည်နယ်များမှ လာရောက်ကြသည့် ဧည့်သည်များအပြင် ရခိုင်ပြည် မြို့နယ်အသီးသီးမှ လာရောက်ဝယ်ယူသူများရှိခဲ့ပြီး ရက်မလောက်သည့်အနေအထားဖြင့် ရောင်း အားကောင်းခဲ့ကြောင်း မြိုအမျိုးသမီးများက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲအခြေနေများကြောင့် ဒေသတွင်းခရီးသွားဝင်ရောက်မှုမရှိရာမှ ရက်ကန်းထည်များ ရောင်းအားကျ ဆင်းခဲ့ရကာ ရက်ကန်းလုပ်ငန်းများ ရပ်တန့်ထားရသည်အထိဖြစ်လာဟု နောက်ထပ် မြိုအမျိုးသမီးတစ်ဦးက ပြော သည်။ “အရင် ကဆို နိုင်ငံခြားဧည့်သည်တွေ အမြဲလာဝယ်ကြတယ်။ ရက်ကန်းလုပ်ငန်း အဆင်မပြေတာ ၃ နှစ်လောက်တောင်ရှိပြီ။ ဒါပေမယ့် တိုက်ပွဲမဖြစ်ခင်ကဆို ရန်ကုန်က အမှာရှိလို့အလုပ်ဖြစ်သေးတယ်။ အခုက လမ်း ကြောင်းတွေ ပိတ်ထားခံရတော့ ရန်ကုန်ဘက်ကို လည်း မပို့နိုင်ဘူး။ ဒီအတိုင်းပဲ ရပ်ထားကြရတယ်”ဟု ဆိုသည်။ မြိုရိုးရာ ရက်ကန်းထည်များမှာ ထဘီ၊ ရင်ကတ်၊ ခေါင်းပေါင်း၊ အမျိုးသားဝတ်အင်္ကျီ၊ ခြုံပဝါ၊ လက်ကိုင်အိတ်၊ လွယ် အိတ် စသည်များကို ဒီဇိုင်းများဖော်ကာ ရက်ကန်းစင်ပေါ်တွင် လက်ဖြင့် ရက်လုပ်ကြခြင်းဖြစ်သည်။ မြိုရိုးရာ ရက် ကန်းလုပ်ငန်းကို ရခိုင်တွင် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင် လုပ်ကိုင်ကြပြီး အဆိုပါလုပ်ငန်းမှာ မြိုအမျိုး သမီးငယ်များ၏ အလုပ်ကိုင်အခွင့်အလမ်းတစ်ခုအဖြစ်လည်း ရှိနေခြင်းဖြစ်သည်။

၂၅။ ရေဖြူတွင် ရော်ဘာခြံသွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးဒဏ်ရာရ
 November 11, 2024
ရေဖြူမြို့နယ်၊ ရလိုင်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦး နိုဝင်ဘာလ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ရော်ဘာခြံ ၌ မိုင်းနင်းမိပြီး ခြေထောက်တွင် ဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၄၀ ဝန်းကျင်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးသည် ရလိုင်ကျေးရွာမှ ၎င်းပိုင်ရော်ဘာခြံရှိသည့် ကျောက်ကညာ ကျေးရွာသို့သွားပြီး အခြားရော်ဘာခြံတွင် ရော်ဘာ သွားဝယ်ရာမှ စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။“ကျောက်ကညာရွာ မှာ သူတို့ (ရော်ဘာ) ခြံရှိတယ်။ အဲဒီမှာ ကော်‌ချီးသွားဝယ်ရင်း ရော်ဘာတောထဲမှာပဲ မိုင်းနင်းမိတယ်လို့ ကြားတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။ ဒေသခံ အခြားအမျိုးသားတစ်ဦးကလည်း ရလိုင်ရွာခံ ကလေးမိခင်တစ်ဦး မိုင်းနင်းမိသဖြင့် ထားဝယ် ဆေးရုံ သို့ တင်ပို့လိုက်ရသည်မှာ မှန်ကန်ကြောင်း ပြောဆိုသည်။“ရော်ဘာပြားကျန်ခဲ့လို့ ပြန်သွားယူတဲ့အချိန် မိုင်းနင်းတယ်လို့ကြား တယ်။ အဲဒီနေရာကို မသွားဖို့ စစ်တပ်က တားထားတယ်လို့လည်း ပြောနေကြတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ဒေသခံများသွားလာတတ်သည့် လမ်းများ၊ ဥယျာဉ်ခြံများထဲတွင် မိုင်းများထောင်ထားလေ့ ရှိ ကြောင်း ရေဖြူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ လ ၂၉ ရက်ကလည်း ပုလောမြို့နယ်၊ တပို့ကျေးရွာအနီးတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းပေါက်ကွဲသဖြင့် လူငယ် နှစ်ဦးဒဏ်ရာရခဲ့သလို အောက်တိုဘာလ ၁၇ ရက်ကလည်း ပုလောမြို့အနီးတွင် ကားသမားတစ်ဦး မိုင်းနင်းမိခဲ့သဖြင့် ဒဏ်ရာရခဲ့သည်။ တိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် တနင်္သာရီ၊ ထားဝယ်၊ သရက်ချောင်းမြို့နယ်တို့တွင်လည်း ပြည်သူများမကြာခဏမိုင်းနင်းမိသဖြင့် သေဆုံးဒဏ်ရာရမှုများရှိနေသည်။ Read in Full

၂၆။ တရုတ်ခရီးစဉ်နောက်ပိုင်း မိုင်းရယ်မြို့ဘက် စစ်ကောင်စီ ဆက်တိုက်အင်အားဖြည့်နေ
 November 11, 2024
သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်မှာ စစ်တပ်မှ ဆက်တိုက်အင်အားဖြည့်တင်းလာနေကြောင်း ဒေသခံများ ပြောပြ ချက်အရသိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ နိုဝင်ဘာလ( ၆ ရက်)တွင်  တရုတ်ခရီးစဉ်ကို သွားရောက်ခဲ့ပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်များကို စစ်တပ်မှ အပြည့်ဝစီမံခန့်ခွဲခွင့်ရရေးဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က မင်းအောင်လှိုင် ကိုပြောသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို စစ်ခေါင်းဆောင်ကိုသာလျှင် အသိမှတ်ပြုကြောင်း တရုတ်ဝန်ကြီးချုပ်ကပြောသည်။ အဆိုပါခရီးစဉ်အပြီးတွင် စစ်တပ်မှ ကိုးကန့် တပ်ဖွဲ့(MNDAA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSAA)တို့ တပ်စွဲထားသည့် တန့်ယန်းနှင့်မိုင်းရယ်ဖက်တွင် စစ်ကောင်စီ အင်အား သုံးထောင်ကျော် ထပ်ဖြည့်လာကြောင်း ဒေသခံများက ပြောသည်။“ ဒီလအစကနေ ခုထိ စစ်တပ်က မိုင်းရယ်ဘက်ကို အင်အားဖြည့်လာတာ ငါးရာ တစ်ထောင် လောက်ရှိပြီ။ အခုဆို မိုင်းရယ်နဲ့ တန့်ယန်းဖက်မှာ စစ်အင်အား သုံးထောင်လောက် ရှိပြီ။” ဟု မိုင်းရယ်ဒေသခံ တစ်ဦးက ပြောသည်။

စစ်အင်အား ဆက်တိုက်ဖြည့်တင်းလာမှုကြောင့် ဒေသခံများ စိုးရိမ်မှုများရှိနေပြီး ကောက်ပဲသီးနှံများကို အလျှင်မြန်ရိတ် သိမ်းကာ သိုလှောင်မှု မလုပ်ပဲ အမြန်ရောင်းချနေသည်ဟု ခြံပိုင်ရှင် အမျိုးသား တစ်ဦးက ပြောသည်။“ ဒေသခံအချင်းချင်း ကြား မှာတော့ သီးနှံတွေကို အမြန်ရိတ်သိမ်းပြီး ရောင်းဖို့ ပြောကြတာပေါ့။ အရင်ဆို သီးနှံတွေကို သို လှောင်တယ်။ အခုက အမြန် ရောင်းဖို့ လုပ်နေကြတယ်။ စိတ်ပူတာပေါ့။ တိုက်ပွဲတော့ ထပ်မဖြစ်စေချင်ဘူး။ စစ်ဖြစ်ရင် ကလေးတွေ ပညာဆက်မသင်ရဘူး။ ထပ်ပြီးတော့ စစ်ရှောင်ရမှာ။ အစကတည်းက စားဖို့တောင် ခက်ခဲနေတာ။ စစ်ဖြစ်ရင် မလွယ်ဘူး။” ဟု အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။ သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ညီနောင်မဟာမိတ်များ မသိမ်းပိုက်ရသေး သည့် မြို့သည် မိုင်းရယ်တစ်ခုသာ ကျန်ရှိတာကြောင့် ပွင့်လင်းရာသီရောက်ချိန်တွင် စစ်ပွဲ ဆက်လက် ဖြစ်ပွားနိုင်ခြေ ရှိသည်ဟု ၎င်းအမျိုးသားက ထပ်လောာင်းပြောသည်။ ယခုလက်ရှိသျှမ်းမြောက်တွင် တရုတ်-မြန်မာနယ်စပ်ရှိ ကုန်ုသွယ်ရေးဂိတ်များကို တရုတ်ဖက်မှ ကန့်သတ် ပိတ်ဆို့ထားပြီး စစ်ကောင်စီအပြည့်ဝထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောသည်။ Read in Full

၂၇။ ပင်လောင်း စစ်တပ်ဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူ၊ ထိပါးနှောင့်ယှက်မှုများရှိနေ
 November 11, 2024
သျှမ်းပြည် ပင်လောင်းမြို့ နယ် နောင်တရားမြို့ စစ်ကောင်စီဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူထား ပြီး ထိပါးနှောင့်ယှက်မှုများ လုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလမှစပြီး နောင်တရားမြို့ စစ်ကောင်စီ ဂိတ်တွင် ကရင်နီနှင့် တခြားသော ပအိုဝ်းဒေသမှ ဖြတ်သန်းသွားလာသည့် စစ်ရှောင်များ အမျိုးသမီးများကို ဓာတ်ပုံများရိုက်ယူ ထားကြောင်း စစ်ဘေးရှောင်များကပြောသည်။ ထို့အပြင် ခန္ဓာကိုယ် အသားယူ ထိပါးနှောင့် ယှက်မှုများပါ လုပ်ဆောင်နေပြီး စစ်ရှောင် အမျိုုးသမီးများအနေဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအပြင် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပါ မရှိတော့ဟု ပင်လောင်းမြို့ စစ်ဘေး ရှောင် တစ်ဦးက ပြောသည်။“ ကျမက စစ်ရှောင်ရာကနေ ခနအိမ်ပြန်ကြည့်တာပေါ့။ နောင်တရားဂိတ်မှာ စစ်တပ်သားတွေက မိန်းကလေးတွေဆို အကုန်ဆင်းခိုင်းတယ်။ ပြီးရင် တန်းစီခိုင်းပြီး ဓာတ်ပုံတွေ ရိုက်ယူထားတာ။ ဘာလို့လဲ မေးတော့ လုံခြုံရေး အရလို့ ပြောတယ်။ ပြီးတော့ အမျိုးသမီး ငယ်ငယ်လေးတွေဆို အသားယူပြီး ခန္ဓာကိုယ် အကိုင်ခံရတာ။ ကြာတော့ ဘာမှ လုံခြုံမှု မရှိတော့ဘူး” ဟု ပအိုဝ်းအမျိုးသမီး စစ်ရှောင်တစ်ဦးက ပြောသည်။

အဆိုပါထိပါးနှောက်ယှက်မှုများတွင် အမျိုးသမီးငယ်များကိုပို၍ထိပါးနှောင့်ယှက်နေပြီး အသက်ကြီးရွယ်အမျိုးသမီးများ ကို ပုံသာလျှင် ရိုက်ယူထားကြောင်း ၎င်း အမျိုးသမီးက ထပ်လောင်းပြောသည်။ ထိုသို့ စစ်တပ်ဂိတ်တွင် ထိပါးနှောင့်ယှက်မှုရှိနေ သဖြင့် အမျိုးသမီးများ အနေဖြင့် သွားလာရ အဆင်မပြေဖြစ်ပြီး စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြသည်။“အခုက နောင်တရား ဂိတ်ကို ဖြတ်ရမယ်ဆို လန့်နေပြီ။ အရေးကြီး သွားဖို့လိုရင်တောင် အဖော်ပါမှ သွားရဲတာ။ ခေတ်ကလည်း လုံးဝဆိုးနေပြီ။ ဒီပုံအတိုင်းဆို မုဒိန်းပါကျင့်ခံရမလားမသိဘူး။ ကြောက်နေရတယ်။ ကိုယ့်အိမ်မှာနေတာတောင် မလုံခြုံတော့တဲ့ အခြေနေဆိုတော့ သတိနဲ့နေရတာပေါ့”ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးကပြောသည်။ ယခုလို ထိပါးနှောင့်ယှက်ခံရသူမှာ စစ်ဘေးရှောင် သွားသည့် အမျိုးသမီးများကို ပိုမိုလုပ်ဆောင်နေပြီး အမျိုးသမီးများအနေဖြင့် တစ်ယောက်တည်းမသွားလာဖို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက အကြံပေးပြောဆိုသည်။ Read in Full

၂၈။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တရားဝင်လုပ်ငန်းလိုင်စင် လျှောက်ထားဖို့ IEC လုပ်ဆောင်ပေး
 November 11, 2024
ကရင်နီပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တရားဝင်ကုမ္ပဏီမှတ်ပုံတင်နဲ့လုပ်ငန်းလိုင်စင်တွေကို လျှောက်ထားနိုင်အောင် ပြုလုပ်ပေးနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။ IEC နဲ့ လုပ်ငန်းရှင် တွေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အစိုးရတစ်ရပ်အသွင်ဆန်တဲ့ အပြန်အလှန်တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ယုံကြည်မှုတွေကို တည်ဆောက်သွားနိုင်မှာဖြစ်တယ်လို့ IEC ရဲ့ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ် ရေးဌာန- ဌာနမှူးကြီး ဦးအယ်လ်‌ဖောင်းရှို က ပြောပါတယ်။“ပြည်သူတွေလည်းပဲဒီလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာယုံကြည်မှုတွေ၊ခွန်အား တွေရရှိမယ်။ တရားဝင် မှတ်ပုံတင်ပြီးမှ လက်ရှိ ကိုယ့်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားတွေကို လုပ်ခွင့်ရလာတဲ့ အနေအထားမျိုး အာမခံချက်တွေရှိတဲ့ အနေအထားမျိုးဖြစ်လာမှာပေါ့နော” လို့ ဦးအယ်လ်‌ဖောင်းရှို က ပြောပါတယ်။ ကုမ္ပဏီ မှတ်ပုံတင် လျှောက်လိုသူတွေဟာ နိုင်ငံခြားကုမ္ပဏီ ဖြစ်နေပါက ပထမဦးစွာ နေထိုင်ခွင့် လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါ တယ်။ ကူးသန်းရောင်းဝယ်ရေး၊ ဒေသထွက် ပြောင်း၊ ဆန် စပါး ရောင်းဝယ်ရေး၊ သားသတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ဆောက် လုပ်ရေးစသဖြင့် လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားဖို့ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

လုပ်ငန်းလိုင်စင် ပြုလုပ်ခြင်းအားဖြင့် အစိုးရကို အခွန်ငွေပေးဆောင်ရတော့မှာဖြစ်တဲ့အတွက် ကုန်စျေးနှုန်းကိုပိုမို ထိန်း ပေးနိုင်လိမ့်မယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာနေထိုင်တဲ့ ဆန်၊စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။“အာမခံချက်ရှိတယ်လို့ ယူဆရမှာပေါ့။ ဆန်၊ စပါးရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး စျေးကို ပိုပြီးထိန်းနိုင်လိမ့်မယ်။ ဆန်စက်တိုင်းက အခွန်ပေါ်မှာမူတည်ပြီး ကြိတ်ခကိုတပြေးညီကောက်ခံသွားမယ်ဆိုရင် တောင်သူတွေအတွက်လည်း အဆင်ပြေမယ်လို့ထင် တယ်”လို့ သူကပြောပါတယ်။ ကုမ္ပဏီမှတ်ပုံတင်လျှောက်လိုသူအတွက် သတ် မှတ်ချက်အရ ကုမ္ပဏီမှာပါဝင်သူအနည်းဆုံး သုံးဦး ရှိ ရမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ၊ အစည်းအဝေးမှတ်တမ်း၊ အဖွဲ့ဝင်တွေနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းကုမ္ပဏီတွေရဲ့ အချက် အလက်တို့ကို ပူးတွဲ တင်ပြရမယ်လို့ ဆိုပါတယ်။ လက်ရှိကာလဟာ ပဋိပက္ခကာလလည်းဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ မဖြစ် မနေမှတ်ပုံတင်ရမယ်လို့ သတ်မှတ်ထားခြင်း မရှိသေးပေမဲ့ အတူတကွ လုပ်ဆောင်နိုင်အောင် စည်းရုံးရေးတွေ လုပ်ဆောင်သွား မှာဖြစ်တယ်လို့ IEC က ပြောဆိုထားပါတယ်။ Read in Full

၂၉။ လားရှိုးမှာ စစ်ကောင်စီသတင်းပေးလို့ ယူဆရသူတွေကို MNDAA ဖမ်းဆီးစစ်ဆေး
 November 12, 2024
ရှမ်းမြောက်က MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီ သတင်းပေးသူတွေကို ဖမ်းဆီးစစ်ဆေးရုံမျှသာ ဖြစ်တယ်လို့ တာဝန်ရှိသူက FB လူမှုကွန်ရက်မှာ ရှင်းလင်းချက်ထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်း စစ်ကောင်စီထံ သတင်းပေး သူတွေကို MNDAAကဖမ်းဆီးကာ သေဒဏ်ပေးတဲ့အထိ အရေးယူကြောင်း FB လူမှုကွန်ရက်မှာရေးသားနေကြတာတွေနဲ့ ပါတ်သက်ပြီး ဒီနေ့မနက်(နိုဝင်ဘာ၁၂)မှာပဲ ရုပ်သံဖိုင်နဲ့တကွ အခုလို ပြန်လည်ရှင်းချက်ထုတ်တာဖြစ်ပါတယ်။ ဖမ်းခဲ့တဲ့ ၂၆ ဦး ထဲမှာ လုပ်ငန်းရှင်တချို့လည်းပါဝင်ပြီး အပြစ်မရှိကြောင်းထင်ရှားသူကိုပြန်လွှတ်ပေးမှာဖြစ်တယ်လို့ ရှင်းလင်းချက်မှာဖေါ်ပြ ထားပေမယ့် အပြစ်ရှိကြောင်းထင်ရှားသူကို ဘယ်ပုံဘယ်နည်းအရေးယူမယ်ဆိုတာကိုတော့ ဖေါ်ပြထားတာမရှိပါဘူး။ ဖြစ်စဉ် အကြမ်းဖျဉ်းဖေါ်ပြချက်မှာ လားရှိုးမြို့တွင်းမှာ ဖုန်းလိုင်းမမိတာကြောင့် ဖုန်းလိုင်းမိတဲ့မြို့ပြင်ကိုထွက်ပြီး ဖုန်းပြောသူတစ်ဦးကို MNDAA ကအောက်တိုဘာ ၂၆ ရက်မှာဖမ်းဆီးစစ်ဆေးတဲ့အခါ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူနဲ့ ဖုန်းပြောထားတာတွေ၊ စာပို့ထားတာတွေကိုတွေ့ရှိခဲ့ပါတယ်၊ ဖုန်းကိုထောင့်ပေါင်းစုံ စစ်ဆေးတဲ့အခါမှာ စစ်ကောင်စီသတင်းပေးသူဖြစ်ကြောင်း MNDAA အတည်ပြုလိုက်ပါတယ်။

ဖမ်းဆီးခံရသူရဲ့ထွက်ဆိုချက်အရ ပြီးခဲ့တဲ့လ အောက်တိုဘာ ၂၇ ရက်မှာ လူ၂၀ ဦးနဲ့ အောက်တိုဘာ ၂၈ ရက်မှာလူ ခြောက်ဦး၊ စုစုပေါင်း ထွက်ဆိုချက်အရဖမ်းဆီးခဲ့ ၂၆ဦးကို ထပ်မံဖမ်းဆီးစစ်ဆေးပါတယ်။ အဲ့ဒီ ၂၆ ဦးထဲမှာ တချို့တွေကို ပုဂ္ဂိုလ် ရေးမုန်းတီးမှုနဲ့ မှားယွင်းသတင်းပေးခဲ့တာလို့ ကနဦးဖမ်းမိသူကိုယ်တိုင် ဝန်ခံထွက်ဆိုတာလို့ဖေါ်ပြထားပါတယ်။ လက်ရှိ လားရှိုး အဝင်အထွက်အခြေအနေနဲ့ပါတ်သက်ပြီး မန္တလေး- လားရှိုးလိုင်းကားဆရာက” တစ်ဦးကလည်း’လိုင်းပြေးဆွဲခွင့်နဲ့ နေထိုင်ခွင့် ကပ်တွေ သိန္နီကိုးကန့်ရုံးမှာ ကျပ်နှစ်သောင်းနဲ့လုပ်ရတာပဲရှိတယ်။ အေးအေး ဆေးဆေးပါပဲ” လို့ ပြောပါတယ်။ လက်ရှိ လားရှိုး အခြေအနေကို ထောင်ဖောက်ပြေးတဲ့ စစ်သုံ့ပန်းတွေကြောင့် စစ်ဆေးမှု တင်းကြပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒေသခံတွေဆီကတော့ လေယာဥ်ဗုံးလာကြဲမှာ ကြောက်နေရတာကလွဲလို့ ပုံမှန်အတိုင်း ရှိနေတယ်လို့ပြောပါတယ်။ Read in Full

၃၀။ ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင်နှစ်ဦး အသတ်ခံရမှု စုံစမ်းနေဟု ကျွန်းစု ပကဖပြော
 November 11, 2024
 ကျွန်းစုမြို့နယ် ကျောက်ပိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော် နှင့် ဘုတ်ပြင်းမြို့နယ် ရွှေဂဲညိုရွာသား ဦးကြောင်ခေါင်း အသတ်ခံရမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ရန် ကြိုးစားနေကြောင်း ကျွန်းစု ပကဖက ပြောဆိုလိုက်သည်။ ၎င်းတို့နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ပြည်သူများ၏ သတင်းပေးပို့မှုနှင့်အတူ စုံစမ်းထောက်လှမ်းမှုများ လုပ် ဆောင်နေကြောင်း ကျွန်းစုပကဖ ပြန်ကြားရေးတာဝန်ခံ ကိုငမန်းက ဆိုသည်။ ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာ အုပ်စုရှိ ကျောက်ပိတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်နှင့် ဦးကြောင်ခေါင်းကို ကျောက်ပိတ်ရွာရှိ နာရေးအိမ်တွင်ရှိနေချိန် အမည်မသိလက်နက် ကိုင် လူတစ်စုက အောက်တိုဘာလ ၂၆ ရက် ည ၉ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထိုနောက် ဦးအောင်ဇော်ကို ကျောက်ပိတ်ကျေးရွာ တံတားတွင် သေနတ်ဖြင့် ၁၄ ချက်တိတိ ပစ်သတ်ပြီး ထားခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ၏ထုတ်ပြန်ချက်အရ သိရသည်။ နောက်တစ်ဦးဖြစ်သည့် ဦးကြောင်ခေါင်း၏ အလောင်းကိုလည်း အောက်တိုဘာလ ၂၉ ရက်နေ့တွင် မဲတောကျေးရွာရေပိုင်နက်တွင် ပြန်လည်တွေ့ရှိကြောင်း ဒေသခံများကဆိုသည်။

အဆိုပါ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်မှုက ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း နိုဝင်ဘာလ ၅ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ ဦးကြောင်ခေါင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးနေသူဖြစ်ကြောင်း လည်းထုတ်ပြန်ချက်တွင်ပါရှိသည်။“ကျွန်တော်တို့က အားလုံးတိကျခိုင်မာတဲ့အချက်အလက်တွေစုံပြီး ရပြီဆိုရင်လုပ်တဲ့သူတွေ ကို အရေးယူမယ်။ လက်ရှိကတော့ စုံစမ်းဖော်ထုတ်နေဆဲပေါ့”ဟု ကျွန်းစု ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုငမန်းက ပြောသည်။ လက်ရှိ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျေးရွာအုပ်စုနှင့် မဲတောကျေးရွာအုပ်စု၊ ဘန္ဒနဲကျေးရွာအုပ်စုတို့တွင် ‘ဒေါင်းနက်’(BLACK PEACOCK) စစ်ခွေးလက်ပါးစေ သုတ်သင်ရှင်းလင်းရေးအဖွဲ့’ဟု အမည်ပေးထားသည့် အင်အား ၁၀ ဦးခန်းရှိ အဖွဲ့တစ်ခုပေါ်နေ ပြီး ဒေသခံအချို့ကို ခြိမ်းခြောက်စာပို့ခြင်း၊ သေနတ်ပစ်ဖောက်ပြီး ငွေတောင်းခြင်းများရှိနေကြောင်း ကျွန်းစုပကဖက နိုဝင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။ အထက် ပါ လူသတ်မှုဖြစ်စဉ်က ဒေါင်းနက်အဖွဲ့နှင့် ဆက်စပ်မှုရှိ မရှိကိုမူ မသိရသေးပေ။ Read in Full

၃၁။ တစ်လေးလုံး စစ်ဆင်ရေး ကရင်နီ ၇ မြို့နဲ့ စစ်ကောင်စီ စခန်းအားလုံးနီးပါး KNDF သိမ်းပိုက်နိုင်ခဲ့
 November 12, 2024
(၁၁၁၁) တစ်လေးလုံးစစ်ဆင်ရေးအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ကရင်နီတပ်ရေးပူးပေါင်း တပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲဟာ ၂၀၂၄ နိုဝင်ဘာလ ၁၁ရက်နေ့က တစ်နှစ်တင်းတင်းပြည့်သွားခဲ့ပါပြီ။ ဒီ(၁၁၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ လေကြောင်းခုခံတိုက်ခိုက်မှုကြောင့် ကရင်နီတပ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဆုံးရှုံးမှု တွေ ရှိသလို အောင်မြင်မှုတွေလည်း အများကြီးရရှိခဲ့ကြတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ကပြောပါ တယ်။ (၁၁၁၁) စစ်ဆင်ရေးအတွင်း ကယားပြည်နယ် ဒေသအခေါ်ကရင်နီဒေသက မြို့ပေါင်း ၇ မြို့ နဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေး အရ အရေးပါတဲ့ ရှေ့တန်းတပ်စခန်း အားလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးကပြောပါတယ်။“တစ်လေးလုံးစစ်ဆင်ရေး နောက်ပိုင်းမှာမြို့ ၇ မြို့လောက်ကို တော် လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နိုင်ခဲ့တယ်ပေ့ါနော်။ စစ်ကောင်စီရဲ့ တပ်စခန်းတွေ တော်တော်များများကိုလည်း သိမ်းပိုက်နိုင်ခဲ့ တာပေါ့နော်။” ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါင်း ၇ မြို့ ကတော့ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ရှားတော၊ ရွာသစ်၊ မော်ချီးနဲ့ မိုးဗြဲမြို့ တွေဖြစ်ပြီး လက်ရှိ ဒေသအုပ်ချုပ်ရေးလုပ်ငန်းနဲ့ ယန္တယားလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(ICE) ရဲ့ အတွင်းရေးမှူး(၂) ကိုဗညားက ပြောထားပါတယ်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဒီမြို့ ပေါင်း ၇ မြို့ကို နယ်မြေစိုးမိုးနိုင်တဲ့ အပြင် စစ်ကောင်စီတပ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ရှေ့တန်းတပ်စခန်း အားလုံးနီးပါးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စားနပ်ရိက္ခာနဲ့စစ်အင်အားဖြည့်တင်းပေးတဲ့ထောက် ပို့လမ်းကြောင်းတွေ အားလုံးဖြတ်တောက်သွားအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ KNDF ဗဟိုပြန်ကြား ရေး တာဝန်ရှိသူ တာအယ်စိုး က ပြောပါတယ်။“အထူးသဖြင့် စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းတွေ အားလုံးနီးပါးကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်ပေါ့ နော်။ အခုတော့ စစ်ကောင်စီဘက်က မြို့အခြေစိုက် တပ်စခန်းတွေပဲ ကျန်တော့တဲ့ အနေအထားမျိုးဖြစ်တယ်။ မြို့နဲ့ အနီး တဝိုက်မှာပဲ စစ်ကောင်စီတပ်စခန်းအနီးတဝိုက် လောက်ကိုပဲ စစ်ကောင်စီက လှုပ်ရှားနိုင်တော့တဲ့အနေအထားမျိုးဖြစ်တယ်။ စစ်ကောင်စီရဲ့ ထောက်ပံ့လမ်းကြောင်းတွေ အားလုံးကို ကျနော်တို့ ဖြတ်တောက်နိုင်ခဲ့တယ်ပေါ့နော်။ အထူးသဖြင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်း အဲ့ဒီထောက်ပို့လမ်းကြောင်းတွေ အားလုံးကို ဒါကျနော်တို့ ဖြတ်တောက်နိုင်ခဲ့တယ် ပေါ့နော်။” KNDF ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ (၁၁၁၁) စစ်ဆင်ရေးအတွင်းမှာ ကာကင်းစခန်းတွေ ကုန်းစခန်းတွေ စတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်း ၆၅ ခု ထက်မနည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီဘက်က မြေပြင်ထောက် ပို့ရေးလမ်းကြောင်း ဖြတ်တောက်သွားတဲ့အတွက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရွာခံနဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့နေရာတွေ ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေက ဆက်တိုက်လုပ်လာနေတာမို့ စိုးရိမ်ကြောက်လန့်နေကြတဲ့ အကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(ICE)က ပြောပါတယ်။ Read in Full

၃၂။ ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ
 November 12, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ  ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်တာလည်း မတွေ့ရဘူးလို့ စုံစမ်းသိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင် မှော်စီစာရွာ တင်အောင်ကြိုင်လုပ်ကွက်ဟောင်း မြေနေရာပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင်တယ်လို့သိရပေမယ့် ကယ် ဆယ်ရေးလုပ်ဆောင်တာမတွေ့ရဘူးလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ဒေသခံတစ်ဦးက ပြောပါတယ်။“မြေပြိုတဲ့ထဲ ကား နှစ်စီးပါသွားတယ်။ ကုမ္ပဏီဝန်ထမ်း ၃ ယောက် ကားမောင်းတဲ့ ၂ ယောက်ရယ် ယာဥ်နောက်ပါတစ်ယောက်ရယ် ၃ ယောက်ပါ သွားတယ်လို့သိရတယ်။ ရေမဆေးသမားတွေက ကားနှစ်စီး မြေစာသွန်တဲ့အားနဲ့ဆိုရင် ခန့်မှန်းခြေနဲ့ကြည့်ရင်တောင် လူက ၂၀ ထက်မနည်းရှိနိုင်တယ်”လို့ပြောပါတယ်။ ဖားကန့်ပြည်သူတွေပြောတာကတော့ မြေစာပုံပြိုကျမှုအဓိက ဖြစ်စဉ်ဟာ မြေစာတင် ကားနှစ်စီး မြေစာသွန်ရာကနေ ပြိုကျမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။

ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေး သမားတွေနှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ ဝှေခါရွာ မြေပြိုမှုမှာ အရပ်သား ၂၀၀ အထိ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့ လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ Read in Full

၃၃။ အမ်းတိုက်ပွဲမှာ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချအလင်းဝင်
 November 11, 2024
ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အာရက္ခတပ်တော် AA ထံသို့ လက်နက်ချ အလင်းဝင်လာသူ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် တပ်သား ၃၀၀ နီးပါးရှိကြောင်း ခိုင်မာသော သတင်းရင်းမြစ်ထံမှသိရသည်။ မဲတောင် ဗျူဟာကုန်း သိမ်းပိုက်ခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့ကစ၍ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ လက်နက် ချအလင်းဝင်ကြသည့် စစ်ကောင်စီတပ်သား အရေအတွက်ဖြစ်သည်ဟု ပြောသည်။ “မဲတောင်တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီတပ်သား လက်နက်ချ အလင်းဝင် အရေအတွက်ဟာ ၃၀၀ နီးပါးရှိပါတယ်။ တပ်ရင်းမှူးအဆင့်ပါမယ်။ ဗိုလ်မှူးတွေပါမယ်၊ ရာထူးကတော့ အစုံပါပဲ။ မိသားစုဝင်တွေလည်းပါမယ်။ တိုက်ပွဲဖြစ်နေချိန်မှာ လက်နက်ချတာရှိသလို လက်နက်ချပြီး အလင်းဝင်ဖို့ ကမ်းလှမ်းလာတဲ့ သူတွေလည်းပါတယ်”ဟု ပြောသည်။ စစ်ရေးသတင်းလုံခြုံရေး အရ အလင်းဝင်လာသူများ၏ တပ်ရင်းတပ်ဖွဲ့အမည်များနှင့် သုံ့ပန်းထိန်းသိမ်းရေးစည်းကမ်းအရ အသက်အရွယ် အမည်နာမည်များကိုလည်း စစ်ရေးသတင်းရင်းမြစ်က ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။ အမ်းမြို့သိမ်းတိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားများထဲတွင် ရခိုင်ပြည်အတွင်းက ခေါ်ယူပြီး ၄၅ ရက်သင်တန်း ပေးထားသော မွတ်ဆလင်များလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“အမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား မွတ်ဆလင်တွေ အသေအပျောက်များနေပါတယ်။ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ ဒုက္ခသည်စခန်းတွေ၊ ရွာတွေက ခေါ်ယူထားတဲ့သူတွေဖြစ်ပါတယ်။ အခု စစ်ကောင်စီဖက်က ကျဆုံးတပ်သားတွေ ထဲမှာ မွတ်ဆလင်တွေ များပါတယ်။ ” ဟု ပြောသည်။ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်ဖက်က  ၄၅ ရက်သင်တန်းဆင်း မွတ်ဆလင် တပ်သား ၁၀၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်း ဆည်းရရှိခဲ့ကြာင်း အဆိုပါ AA ၏ စစ်ရေးဆိုင်ရာ သတင်းရင်းမြစ်က  ဆက်လက် ပြောဆိုသည်။ အမ်းမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တပ်ရင်း ၁၇ ခုရှိပြီး အာရက္ခတပ်တော် AA က တပ်ရင်း ၁၅ ခုနီးပါးကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နပခ ခြံဝန်းထဲ၌ အင်အားလုံးအရင်းများဖြင့် ခံစစ်ပြင်ဆင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button