လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍ အပိုင်း ၁
အားလုံးပဲ အဓိကာရ ပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ အချို့ အခက်အခဲတွေကြောင့် ခဏတာ နားခဲ့ရတဲ့ လူ့အခွင့်အရေးပေါ့ကတ်ကို ဒီတပတ်မှာ ပြန်လည် ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်။
ဒီတပတ် အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၈ (Season 2, Episode 08) မှာ ဖိတ်ကြားထားသူကတော့ မြန်မာနိုင်ငံ Reuters သတင်းထောက်တဦးလည်းဖြစ်၊ သတင်းသမားသုတေသီတဦးလည်းဖြစ်တဲ့ မသူသူအောင် ဖြစ်ပါတယ်။
မသူသူအောင်နဲ့ အဓိကာရတို့ ဆွေးနွေးထားတဲ့ ခေါင်းဆောင်ကတော့ လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍပဲဖြစ်ပါတယ်။ ဒီအပတ် အပိုင်း ၈ ရဲ့ ပထမပိုင်းမှာတော့ သတင်းတယောက်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြောင်းကို သတင်းရယူ၊ ရေးသားရာမှာ ဘယ်လို စိန်ခေါ်မှု၊ အခက်အခဲ၊ ခြိမ်းခြောက်မှုတွေကို ကြုံရသလဲ၊ အမျိုးသားရေးအစွန်းရောက်ဝါဒကို အခြေခံတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို သတင်းရယူ၊ ရေးသားရာမှာ ဘယ်လို စိန်ခေါ်မှု၊ အခက်အခဲ၊ ခြိမ်းခြော်ကမှုတွေကို ကြုံရလဲ။
ဒါ့အပြင် အမျိုးသမီးသတင်းထောက်တဦးအနေနဲ့ အမျိုးသားတွေနဲ့ မတူတဲ့ ဘယ်လို စိန်ခေါ်မှု၊ စော်ကားမှုတွေကို ကြုံတွေ့ရသလဲဆိုတာကို မေးမြန်းဆွေးနွေးထားပါတယ်။
အစီအစဉ် အစအဆုံးကိုလည်း ဖော်ပြပါ လင့်ခ်တွေမှာ နားဆင်နိုင်ပါတယ်
Spotify – အပြည့်အစုံ နားဆင်ရန်လင့်ခ်
YouTube – အပြည့်အစုံ နားဆင်ရန်လင့်ခ်