ပေါ့ကပ်စ်

လူမှုမီဒီယာကို နားလည်ခြင်း (အပိုင်း ၁)

လူမှုမီဒီယာကို နားလည်ခြင်း (အပိုင်း ၁)

လူမှုမီဒီယာကို နားလည်ခြင်း (အပိုင်း ၁)

ဒီတပတ် အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်မှာ လူမှုမီဒီယာကို နားလည်ခြင်း ဆိုတဲ့ ခေါင်းစဥ်နဲ့ လာရောက်ဆွေးနွေးပေးသူက လူမှုမီဒီယာသုတေသီ ကိုကျော်ကြီး (သာကေတ) ဖြစ်ပါတယ်။ ကိုကျော်ကြီး ဆွေးနွေးထားတာကတော့ “လူမှုမီဒီယာဆိုတာ မြန်မာနိုင်ငံမှာတော့ Facebook ကိုပဲ အဓိက လူတွေက မြင်နေကြတယ်။

လူမှုမီဒီယာပလက်ဖောင်းတွေမှာ လူတွေက အလုပ်တွေရှာကြတယ်။ ချစ်သူတွေရှာကြတယ်။ အနုပညာတွေလုပ်တယ်။ ဖျော်ဖြေရေးတွေ လုပ်ကြတယ်။

ဆိုရှယ်မီဒီယာဟာ ဘာတွေနဲ့ သွားနေလဲဆိုတော့ အဓိကက အကြောင်းအရာတွေ (Content) တွေနဲ့ သွားနေကြတယ်။ အဲဒီတော့ ဆိုရှယ်မီဒီယာပလက်ဖောင်းထုတ်တဲ့သူတွေက အသုံးပြုသူတွေကို Content တွေ များသထက်ပိုများများ ထုတ်အောင် လုပ်လာတယ်။ ချုပ်ရရင် ဆိုရှယ်မီဒီယာတွေကို ဘာနဲ့ဖန်တီးထားလဲဆိုတော့ လူတွေ (အသုံးပြုသူတွေ) နဲ့ ဖန်တီးထားတယ်။

အဲဒီအသုံးပြုသူတွေက ဘာတွေထုတ်လုပ်နေလဲဆိုတော့ Content တွေ ထုတ်လုပ်နေတယ်။​ ဒါကြောင့် ဆိုရှယ်မီဒီယာတွေကို Content တွေနဲ့ သွားနေပါတယ်။

အစီအစဉ် အစအဆုံးနားဆင်ရန် -
Spotify - Listen to Here

 

Related Articles

Back to top button