တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း (No. 20, March 8, 2024)

၁။    ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်

၂။    ဗန်းမောက်ရွာတွင် စစ်ကောင်စီလာရောက်တပ်စွဲလို့ ဒေသခံနှင့် စစ်ဘေးရှောင်များ ထွက်ပြေးရ

၃။    ပင်လောင်းတွင် မိမိရပ်ရွာအပြင် အခြားတင်းထက်ကျေးရွာသို့လည်း အလှည့်ကျဂိတ်စောင့်နေရ

၄။    ဘီလူးချောင်းအတွင်း သွားလာမှု PDFတွေ ပိတ်ပင်

၅။    ပအိုဝ်းဒေသမှာ စစ်ကောင်စီက ၄၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၅၀၀ ကျော်အထိ ပြုလုပ်

၆။    တောင်ကြီးမြို့ခံ နိုင်ကျဉ်းလူငယ်တစ်ဦးရဲ့ အကောင့်တုတွေ အသုံးပြုပြီး လိမ်လည် အလှူခံမှုတွေ ကြုံနေရ

၇။    ရှမ်းအရှေ့မြို့တွေမှာ မီးခိုးမြူတွေကြောင့် လေထုညစ်ညမ်းမှု အနီရောင်အဆင့် ရောက်နေ

၈။    ညောင်ရွှေစျေးမှ စျေးသည်တွေ မီးသတ်သင်တန်းတက်ရမယ်လို့ ဆို

၉။    စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်း KIA နဲ့ တိုက်ပွဲမှာ သေဆုံး

၁၀။  ဟားခါးတွင် ဂိုဒေါင်စောင့် ရဲတပ်ဖွဲ့ဝင် (၅)ဦးကို CDF က ဖမ်းဆီးရမိ

၁၁။  ကချင်တိုက်ပွဲအတွင်း AA က KIA နှင့် ပူးပေါင်းထိုးစစ်အပြင် သီးခြား ထိုးစစ်များလည်း ဖော်ဆောင်

၁၂။  ကချင်မှာ ဒဏ်ရာရသူများနေသဖြင့် ဗန်းမော်မြို့ရှိ တပ်ဆရာဝန်များကို ဆေးရုံပြင်ပထွက်ခွင့်ပိတ်

၁၃။  မွန်မှာ စစ်ကူမပို့နိုင်လို့ ကတုတ်ကျင်းတူး၍ ခံစစ်သာပြင်ထားရန် စစ်ကောင်စီညွှန်ကြား

၁၄။  TNLA သိမ်းပိုက်ထားသည့် မြို့(၃)မြို့တွင် တရားစီရင်ရေးပါလုပ်မည်ဟု စစ်ကောင်စီကြေညာ

၁၅။  တာချီလိတ်က ဖမ်းဆီးခံ အသက်မပြည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ အချို့ ပြန်လွတ်ပေးမည်

၁၆။  SSPP လှုပ်ရှားနယ်မြေဆီသို့ စစ်ကောင်စီတပ်မှ အင်အား အလုံးအရင်း ဖြန့်ကျက်နေ

၁၇။  သျှမ်းမြောက်၌ အပြိုင်အဆိုင်စစ်ပြင်

၁၈။  ကျောက်မဲ စစ်ကောင်စီတပ်မှ ပတ်ဝန်းကျင်ရွာများသို့ လမ်းလျှောက်ပြီး စစ်အင်အားဖြန့်ကျက်နေ

၁၉။  TNLA နှင့် စစ်ကောင်စီတို့၏ မာရှယ်လောအကြား ဒေသခံများ ဒွိဟဖြစ်၊ လုံခြုံရေး စိုးရိမ်

၂၀။  ထိုင်းနယ်စပ်သွားလမ်းတလျှောက် လူငယ်များကို လက်နက်ကိုင်များ စစ်ဆေး ဖမ်းဆီးမှုပြုလုပ်

၂၁။  ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ငွေချေးငှားပြီး ရေဝယ်ယူသုံးစွဲနေရ

၂၂။  ဘောလခဲPDF ( BPDF ) ရဲ့ နှစ်နှစ်တာတိုက်ပွဲလှုပ်ရှားမှုအတွင်း ရဲဘော် ၃ဦးကျဆုံး

၂၃။ ဖားဆောင်းမြို့မှာ ရဲတပ်ကြပ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ဦး ဘက်ပြောင်းခိုလှုံလာ

၂၄။  လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ဝန်ထမ်း ၅ ဦးကို ထောင်ဒဏ် ၂ နှစ် နဲ့ ငွေဒဏ် ၉ သိန်း အမိန့်ချမှတ်

၂၅။  အောင်မြေ(၁) အင်လုန်ခပြည်သူ့စစ်တပ်စခန်းကို KIA အပြီးသတ်ရှင်းလင်း

၂၆။  မှော်စီဆာနဂါးရေကန်အနီး မိုးကာတဲနဲ့ နေထိုင်ကြသူတွေကို ဖယ်ဖို့ ကျောက်စိမ်းကုမ္ပဏီတွေ ပြောဆို

၂၇။  ဗန်းမော်တက္ကသိုလ်ဝန်ထမ်းများအားလုံး နေရာပြောင်း ရွှေ့ စစ်တပ်ကတပ်စွဲနေရာယူ

၂၈။  မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတစ်ချို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်

၂၉။  ဘိုးဘွားရိပ်သာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်

၃၀။ မြန်မာရွှေ့ပြောင်းများထပ်တိုးလာနိုင်သဖြင့် မဲဆောက်တွင် လုံခြုံရေးဇုန်ပြင် ဆင်ထားသင့်ဟု ကျွမ်းကျင်သူပြော

—————

၁။   ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်

        March 8၊ 2024

ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတု အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြုတိုက်ခိုက်နေကြောင်း ပအိုဝ်း အမျိုးသား လွှတ်မြှောက်ရေးတပ်မတော်PNLAက ယနေ့တွင် ထုတ်ပြန်ထားသည်။ ယင်းအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခြင်းကြောင့် PNLA မှ ရဲဘော်များ အရေပြားယားယံခြင်း ၊မူးဝေ့ခြင်း၊ အသက်ရှူမြန်ဆန်ခြင်း ၊မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှုမြန်ဆန်ခြင်း၊ မေားပန်းခြင်းနှင့် အောက်စီဂျင် ကျခြင်းတို့ ခံစားခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Read More

၂။   ဗန်းမောက်ရွာတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်များ လာရောက်တပ်စွဲသဖြင့် ဒေသခံနှင့် စစ်ဘေးရှောင်များ ထွက်ပြေးရ

   March 7၊ 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊ ဗန်းမောက်ကျေးရွာတွင် ယမန်နေ့နှင့် ယနေ့ တွင်စစ်ကောင်စီအင်အား များစွာနှင့် လာရောက်တပ်စွဲ ခြင်းကြောင့် ရွာသားများ ရွာထဲမနေရဲပဲ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။

“စာသင်ကျောင်းမှာရော ၊ဘုန်ကြီးကျောင်းရော ၊ရွာထဲရော လူအင်အားအရမ်းများတယ်။ပြီးရင်ရွာ တောင်ဖက်မှာ PDF လည်းရှိနေတော့ ရွာသားတွေကြောက်လို့ ထွက်ပြေးကြတာပါ။ ရွာမှာ လူနည်းနည်းဘဲကျန်တယ်”ဟု ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။  Read More

၃။   ပင်လောင်းတွင် မိမိရပ်ရွာအပြင် အခြားတင်းထက်ကျေးရွာသို့လည်း အလှည့်ကျဂိတ်စောင့်နေရ

      March 7၊ 2024

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းတောင်ဖက်ကျေးရွာတချို့ရှိ လူငယ်များအား PNO ပြည်သူ့စစ်က တခြားကျေးရွာရှိဂိတ်တွင် စောင့်ခိုင်းနေကြောင်း ဒေသခံကခမ်းသားငေါဝ်း သို့ပြောသည်။

မိမိတို့ကျေးရွာမဟုတ်သည့် တင်းထက်ဘက်ရှိဂိတ်တွင် နေ့စဉ် နှစ်ယောက်တစ်ဖွဲ့အနေဖြင့် အလှည့်ကျ ကင်းသွားစောင့်ခိုင်းနေပြီး လူငယ်အများစုက မသွားချင်ကြသော်လည်းအမိန့်အရ သွားနေရသည်ဟုဆိုသည်။ Read More

၄။   ဘီလူးချောင်းအတွင်း သွားလာမှု PDF တွေ ပိတ်ပင်

      March 8၊ 2024

ရှမ်းပြည်တောင်ပိုင်း၊ အင်လေးကန်မှ ဖယ်ခုံမြို့ကို စီးဆင်းနေတဲ့ ဘီလူးချောင်းအတွင်း အများပြည်သူ တွေ ညအချိန်သွားလာတာတွေကို ပိတ်ပင်လိုက်တယ်လို့ အင်းလေး ၁၀၀၉ IPDF ၊ ဖယ်ခုံ တပ်ရင်း ၁၀၀၂/၁၀၀၆နဲ့ ရှမ်းတောင်ဗျူဟာတပ်ရင်းတွေက ဒီနေ့ မတ် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖယ်ခုံနယ်စပ်နဲ့ ပင်လောင်းနယ်စပ်တွေမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှု ရှိလာတာတွေကြောင့် အများပြည်သူ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဘီလူးချောင်းအတွင်း စက်လှေတွေ သွားလာတာနဲ့ ညအချိန်ငါးရှာတာတွေကို ည ၆နာရီကနေ မနက် ၆ နာရီအထိ ပိတ်ပင်တယ်လို့ ဆိုပါတယ်။ Read More

၅။   ပအိုဝ်းဒေသမှာ စစ်ကောင်စီက ၄၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၅၀၀ ကျော်အထိ ပြုလုပ်

      March 8၊ 2024

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလ ၄၂ ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ပေါင်း ၁၅၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(Pa-O Youth Organization) PYO က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

PYO က အခုထွက်ရှိထားတဲ့ သတင်းအချက်အလက်တွေဟာ ဒေသခံဆီကနေ အဓိက တိုက်ရိုက်ယူထားတာဖြစ်ပြီး သတင်းမီဒီယာကနေ တက်လာတဲ့ သတင်းအချက်များကိုလည်း မြေပြင်မှာ ပြန်လည်အတည်ပြု ရယူသုံးစွဲထားတယ်လို့ ဆိုပါတယ်။ Read More

၆။   တောင်ကြီးမြို့ခံ နိုင်ကျဉ်းလူငယ်တစ်ဦးရဲ့ အကောင့်တုတွေ အသုံးပြုပြီး လိမ်လည် အလှူခံမှုတွေ ကြုံနေရ

      March 8၊ 2024

ရှမ်းပြည်တောင်ကြီးမြို့မှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသား လူငယ်တစ်ဦးရဲ့ အမည်နဲ့ လူမှုကွန်ယက် စာမျက်နှာ (Facebook)မှာ အကောင့်တုတွေ ဖွင်ပြီး လိမ်လည်အလှူခံတဲ့သူတွေ ထွက်ပေါ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

တောင်ကြီးမြို့နေ အသက် ၂၁ နှစ်အရွယ် ကိုမင်းခန့်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်း ဖမ်းဆီးခံထားရတာဖြစ်ပြီး ဒီနေ့အထိ မလွတ်မြောက်သေးပေမယ့် လတ်တလောမှာ လွတ်မြောက်လာသယောင် လိမ်လည်အလှူခံနေတာပဲ ဖြစ်ပါတယ်။ Read More

၇။   ရှမ်းအရှေ့မြို့တွေမှာ မီးခိုးမြူတွေကြောင့် လေထုညစ်ညမ်းမှု အနီရောင်အဆင့် ရောက်နေ

        March 8၊ 2024

ရှမ်းပြည်အရှေ့ပိုင်းမြို့တွေဖြစ်တဲ့ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်တွေမှာ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှု အနီရောင်အဆင့် အန္တရာယ်အမှတ်ရောက်နေတယ်လို့ သိရပါတယ်။

အဲဒီမြို့တွေမှာရှိတဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆင့် အနီရောင်အဆင့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတည်းက ရောက်ရှိခဲ့တာမှာ ယခုအခါ ပိုမိုမြင့်မားလာတယ်လို့ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ လေထုအရည်အသွေးတိုင်းစက်နဲ့ တိုင်းတာချက်အရ သိရပါတယ်။ Read More

၈။   ညောင်ရွှေစျေးမှ စျေးသည်တွေ မီးသတ်သင်တန်းတက်ရမယ်လို့ ဆို

        March 7၊ 2024

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေစျေးအတွင်းက စျေးသည်တွေကို မီးသတ်သင်တန်းတက်ဖို့ ဈေးခေါင်းက အစည်းအဝေးမှာ ပြောတယ်လို့ သိရပါတယ်။

အဲ့ဒီ့ မီးသတ်သင်တန်းတက်ကို လူ ၂၀ ပေးဖို့နဲ့ လူမပေးနိုင်က ငွေပေးရမယ်လို့ စျေးခေါင်းက မတ်လ ၂ ရက်နေ့က ပြောတယ်လို့ သိရပါတယ်။ Read More

၉။   စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်း KIA နဲ့ တိုက်ပွဲမှာ သေဆုံး

        March 7၊ 2024

ကချင်ပြည်နယ်၊ ဝိုင်းမော် ဌာနေ ပြည်သူ့စစ် အဖွဲ့ရဲ့ ခေါင်းဆောင် သီရိပျံချီဘွဲ့ရ လီဆူ ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်းဟာ ဒီနေ့ မတ်လ ၇ ရက်နေ့ မနက်ပိုင်း ဝိုင်းမော်မြို့ အနီး ဖြစ်ပွားတဲ့ တိုက်ပွဲမှာ သေဆုံးသွားကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဦးရွှေမင်းဟာ ဒူးလေး ပါတီရဲ့ ဥက္ကဌဟောင်း ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကာ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး နေရာရရှိခဲ့တာ ဖြစ်ပါတယ်။ Read More

၁၀။  ဟားခါးတွင် ဂိုဒေါင်စောင့် ရဲတပ်ဖွဲ့ဝင် (၅)ဦးကို CDF က ဖမ်းဆီးရမိ

        March 7၊ 2024

ချင်းပြည်နယ်အတွင်း ဟားခါးမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင် (၅)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ CDF ဟားခါးက ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဟားခါးမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် လုံခြုံရေးယူထားသော ရဲအုပ်တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်(၅)ဦးကို ၂၀၂၄ခုနှစ် မတ်လ(၆)ရက်နေ့တွင် ခြောက်လုံးပြူး တစ်လက်အပါအဝင် လက်နက်(၆)လက်နှင့်အတူ ဖမ်းဆီးရမိထားပြီး ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း CDF ဟားခါးက ယနေ့ မတ်လ(၈) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ Read More

၁၁။  ကချင်တိုက်ပွဲအတွင်း AA က KIA နှင့် ပူးပေါင်းထိုးစစ်အပြင် သီးခြားထိုးစစ်များလည်း ဖော်ဆောင်

        March 7၊ 2024

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)သည် ၎င်း၏ ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီး နှင့် မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိင့်(၂၅၉) လေ ယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချိုတိုကို မတ်လ (၇)ရက်နေ့ နံနက်ပိုင်းကစတင်၍ တစ်ပြိုင်နက်တည်း တိုက်ခိုက် နေခြင်းဖြစ်သည်။ အဆိုပါထိုးစစ်များတွင် မဟာမိတ် KIA နှင့် ပူးတွဲစစ်ရေးလှုပ်ရှားနေသည့်အပြင် သီးခြားတာဝန်ယူပြီး ထိုးစစ်များကိုလည်း ရက္ခိုင့်တပ်တော်က ဆင်နွှဲနေသည်ဟု ဆိုသည်။ Read More

၁၂။  ကချင်ပြည်နယ်တိုက်ပွဲအတွင်း ဒဏ်ရာရသူများနေသဖြင့် ဗန်းမော်မြို့ရှိ တပ်ဆရာဝန်များကို ဆေးရုံပြင်ပထွက်ခွင့်ပိတ်

        March 7၊ 2024

ကချင်ပြည်နယ် ဝိုင်းမော်၊ မိုးမောက်နှင့် လိုင်ဇာမြို့အနီးရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူများနေသဖြင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီ တပ်ဆရာဝန်များကို တပ်ဆေးရုံအတွင်းမှ အပြင်မထွက် ခိုင်းဘဲ အဆင်သင့်ပြင်ခိုင်းထားကြောင်း ဒေသခံများနှင့် တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။ လိုင်ဇာမြို့အနီးနှင့် မိုးမောက်၊ ၀ိုင်းမော်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA) က တိုက်ခိုက်နေရာ အဆိုပါ တပ်စခန်းများမှ ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ဗန်းမော်ဆေးရုံသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ကပြောသည်။ Read More

၁၃။  မွန်ပြည်နယ်အတွင်းရှိ တပ်စခန်းများကို စစ်ကူပို့နိုင်မည်မဟုတ်ဘဲ ကတုတ်ကျင်းတူး၍ ခံစစ်သာပြင်ထားရန် စစ်ကောင်စီညွှန်ကြား

        March 7၊ 2024

မွန်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား စစ်ကူပို့နိုင်မည်မဟုတ်ဘဲ ခံစစ်သာပြင်ဆင်ထားကြရန် စစ်ကောင်စီက တပ်များအားလုံးကို ညွှန်ကြားထားကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်းရှိ စစ်တပ်စခန်းများ၊ မြို့များတွင် ခံစစ်အတွက် ကတုတ်ကျင်းများကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီး မဆုတ်တမ်းပစ်ခတ်ရန်နှင့် မည်သည့်စစ်ကူမှ ပေးနိုင်မည်မဟုတ်ကြောင်း အထက်ကညွှန်ကြားထားသည်ဟု ၎င်းကဆိုသည်။ Read More

၁၄။  TNLA သိမ်းပိုက်ထားသည့် မြို့(၃)မြို့တွင် တရားစီရင်ရေးပါလုပ်မည်ဟု စစ်ကောင်စီကြေညာ

        March 6၊ 2024

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်များအတွင်း အုပ်ချုပ်ရေးအပြင် တရားစီရင်ရေးများကိုပါ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို အပ်နှင်းကြောင်း ထုတ်ပြန်သည်။ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ် နှင့် နမ္မတူမြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ အပ်နှင်းသည်ဟု ၂၀၂၄ခုနှစ် မတ်လ(၄)ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။ Read More

၁၅။  တာချီလိတ်မြို့ ဖမ်းဆီးခံထားရသည့် အသက်မပြည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ အချို့ ပြန်လွတ်ပေးမည်

        March 8၊ 2024

ထိုင်း-မြန်မာနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့ 1G1 ဟိုတယ်အနီးတွင် ဖမ်းဆီးခံရသည့် အွန်လိုင်း လောင်းကစား လုပ်ကိုင်သူများထဲမှ အသက်မပြည့်သေးသည့်လူငယ်အချို့ ယနေ့ (မတ်လ ၈ ရက်)တွင် ပြန်လွှတ်ပေးမည်ဟု စုံစမ်းသိရသည်။ Read More

၁၆။  SSPP လှုပ်ရှားနယ်မြေဆီသို့ စစ်ကောင်စီတပ်မှ အင်းအား အလုံးအရင်း ဖြန့်ကျက်နေ

        March 8၊ 2024

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေဆီသို့ ဦးတည်ပြီး စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် ဖြန့်ကျက်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ စစ်အင်အားများသည် ယမန်နေ့ (မတ်လ ၇ ရက်) ညနေပိုင်းတွင် SSPP/SSA လှုပ်ရှားနယ်မြေ မိုင်းနောင်-မိုင်းရယ်ဘက်သို့ ဦးတည်ပြီး အလုံးအရင်း အင်အားဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ Read More

၁၇။  သျှမ်းမြောက်၌ အပြိုင်အဆိုင် စစ်ပြင်

        March 8၊ 2024

အပစ်အခတ် ရပ်စဲထားသည့် သျှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေသကဲ့သို့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်များ အပါအဝင် ဒေသတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များ အပြိုင်အဆိုင် စစ်ပြင်ဆင်နေကြသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၇ ရက်နေ့) တွင် ပြောသည်။

“အပစ်ရပ်ပြီးတာနဲ့ စစ်ကာင်စီက လားရှိုးကို လေကြောင်းကနေ တောက်လျှောက် အင်အားဖြည့်နေတာ အခုအထိပဲ။ လားရှိုးကို အခြေခံပြီး ခံစစ်ပြင်နေတာ။ အခုမတ်လ ပထမအပတ်ကစပြီး တပ်တွေ စဖြန့်နေပြီ။ သေချာတာကတော့ စစ်ကောင်စီတပ်က အင်အားထောင်ချီ တပ်ဖြန့်နိုင်တဲ့ အနေအထားတော့ ရှိနေပြီ” စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။ Read More

၁၈။  ကျောက်မဲ စစ်ကောင်စီတပ်မှ ပတ်ဝန်းကျင်ရွာများသို့ လမ်းလျှောက်ပြီး စစ်အင်အားဖြန့်ကျက်နေ

        March 7၊ 2024

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပတ်ဝန်းကျင် ကျေးရွာများသို့ လမ်းလျှောက်ပြီး စစ်အင်အား ဖြန့်ကျက်နေကြောင်း စုံစမ်းသိရသည်။

မတ်လ ပထမပတ်အတွင်း ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ-(၁)၊ ခမရ-၅၀၁/၅၀၂ နှင့် အမြောက်တပ်များမှ စစ်ကောင်စီတပ်သား အများအပြားသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ စစ်အင်အားဖြန့်ကျက်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။ Read More

၁၉။  TNLA နှင့် စစ်ကောင်စီတို့၏ မာရှယ်လောအကြား ဒေသခံများ ဒွိဟဖြစ်၊ လုံခြုံရေး စိုးရိမ်

        March 7၊ 2024

သျှမ်းပြည် မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်နိုင်ခဲ့သည့် မြို့များတွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့၏ မာရှယ်လောကြောင့် ဒေသခံများ ဒွိဟဖြစ်ပြီး လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

၎င်းမြို့များတွင် နေထိုင်သည့် ပြည်သူများသည် TNLA တပ်ဖွဲ့၏ ညမထွက်ရ ရုတ်သိမ်းသည့် ကြေညာချက်နှင့် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး မာရှယ်လောအကြား ဒွိဟဖြစ်ပြီး လုံခြုံရေးစိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။ Read More

၂၀။  ထိုင်းနယ်စပ်သွားလမ်းတလျှောက် လူငယ်များကို လက်နက်ကိုင်များ စစ်ဆေး ဖမ်းဆီးမှုပြုလုပ်

        March 6၊ 2024

သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ်သို့ သွားသည့်လမ်းတလျှောက်တွင် လက်နက်ကိုင်များက လူငယ်များကို စစ်ဆေး၊ဖမ်းဆီးမှုများ အပြိုင်အဆိုင်များ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုယ်နယ်စပ်သို့ သွားသည့်လမ်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးပိတ်မှ စ၍ လက်နက်ကိုင်များ စစ်ဆေး ဖမ်းဆီးမှုများလာသဖြင့် လူငယ်များ၊ ခရီးသွားပြည်သူများက စိုးရိမ်နေကြပြီး ကားသမားများလည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ Read More

၂၁။  ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ငွေချေးငှားပြီး ရေဝယ်ယူသုံးစွဲနေရ

        March 8၊ 2024

ရင်နီပြည်၊ ဒီး‌မော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ နွေရာသီရောက်လာတာနဲ့အမျှ ရေရှားပါးမှု ပြဿနာကို ကြုံတွေ့လာကြပြီး လက်ရှိမှာ ရေသုံးစွဲနိုင်ဖို့ ငွေ ချေးငှားပြီး ဝယ်ယူဖြေရှင်းနေ ရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

စစ်ရှောင်စခန်းတိုင်းမှာ ရေသိုလှောင်နိုင်ဖို့ အများသုံးရေလှောင်ကန်တွေ ကြိုးစားလုပ်ထားကြပေမဲ့ လူဦးရေများတဲ့အတွက် လုံလောက်မှု မရှိဘူးလို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ Read More

၂၂။  ဘောလခဲPDF( BPDF ) ရဲ့ နှစ်နှစ်တာတိုက်ပွဲလှုပ်ရှားမှုအတွင်း ရဲဘော် ၃ဦးကျဆုံး

        March 8၊ 2024

ကရင်နီပြည်၊ ဘောလခဲမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တပ်ရင်းအမှတ် ၁၁၀၅ တပ်ရင်း ၊ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF )ရဲ့ ၂ နှစ်တာကာလ တိုက်ပွဲ လှုပ်ရှားမှုအတွင်း ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ ယမန်နေ့ မတ်လ ၇ ရက်နေ့မှာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) က ထုတ်ပြန်ထားပါတယ်။

ဘောလခဲမြို့တွင်းတိုက်ပွဲမှာ ၂ ဦးနဲ့ လွိုင်ကော်မြို့၊ ပြည်နယ် ရဲစခန်းတိုက်ပွဲမှာ ၁ ဦး ကျဆုံးသွားတာဖြစ်တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF )မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။ Read More

၂၃။ ဖားဆောင်းမြို့မှာ ရဲတပ်ကြပ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ဦး ဘက်ပြောင်းခိုလှုံလာ

        March 7၊ 2024

ကရင်နီပြည်၊ ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဖားဆောင်းမြို့မရဲစခန်းမှ  ရဲတပ်ကြပ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ဦး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကစ ဖားဆောင်းမြို့ပေါ် နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့ဝင် ၅ဦးဟာ တိုက်ပွဲဖြစ်ပွားတဲ့အစောပိုင်းမှာပဲ လက်နက်ခဲယမ်းနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ Read More

၂၄။ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ဦးကို ထောင်ဒဏ် ၂နှစ်နဲ့ ငွေဒဏ် ၉သိန်း အမိန့်ချမှတ်

        March 7၊ 2024

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ်  ၉ သိန်း အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

တရားရုံးတွင်းစစ်ဆေးချက်နဲ့ ကာယကံရှင်တွေရဲ့ ထွက်ဆိုဝန်ခံချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ စီရင်ချက် အမိန့်ချမှတ်လိုက်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC)ရဲ့ ပြည်နယ်တရား သူကြီးချုပ် ခူးပိုးရယ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ Read More

၂၅။  အောင်မြေ(၁) အင်လုန်ခပြည်သူ့စစ်တပ်စခန်းကို KIA အပြီးသတ်ရှင်းလင်း

        March 8၊ 2024

စစ်ကောင်စီလက်အောက် ဦးရွှေမင်းပြည်သူ့အဖွဲ့တွေ အခြေစိုက်ထားတဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာ အင်လုန်ခ ပြည်သူ့ စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက အပြီးသတ်ရှင်းလင်းပြီး ထိန်းချုပ်ထားနိုင်ပြီလို့သိရပါတယ်။

မတ်လ ၇ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်မှာ KIA ပူးပေါင်းတပ်တွေက အင်လုန်ခပြည်သူ့စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်း ၁ နာရီလောက်မှာ တပ်စခန်းအတွင်းဝင်ရောက် နိုင်ခဲ့ပြီး အပြီး သတ်ရှင်းလင်းခဲ့ကြတယ်လို့ အောင်မြေ(၁) ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ Read More

၂၆။  မှော်စီဆာနဂါးရေကန်အနီး မိုးကာတဲနဲ့ နေထိုင်ကြသူတွေကို ဖယ်ဖို့ ကျောက်စိမ်းကုမ္ပဏီတွေ ပြောဆို

        March 8၊ 2024

ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာထဲက ဒေသအခေါ် (နဂါးရေကန်) အနီးဝန်းကျင်မှာနေထိုင်တဲ့ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့မိုးကာတဲတွေ အမြန်ဆုံးရွေ့ပေးဖို့ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေကပြောဆိုထားတယ်လို့ ရေမဆေးသမားတွေဆီကနေ သိရပါတယ်။

အဲဒီ မိုးကာတဲတွေထိုးတဲ့နေရာတွေဟာ လုပ်ကွက်နဲ့မလွတ်တာကြောင့် လက်ရှိနေတဲ့နေရာကနေ တစ်လအတွင်းပြောင်းရွေ့ခိုင်းနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး က KNG ကို ပြောပါတယ်။ Read More

၂၇။  ဗန်းမော်တက္ကသိုလ်ဝန်ထမ်းများအားလုံး နေရာပြောင်း ရွှေ့ စစ်တပ်ကတပ်စွဲနေရာယူ

        March 7၊ 2024

ဗန်းမော်မြို့ တက္ကသိုလ်ဝင်းထဲမှာနေထိုင်တဲ့ ဝန်ထမ်းအားလုံးအပါအဝင် ကျောင်းသား၊သူ‌တွေကို စစ်တပ်က နေရာပြောင်းရွှေ့ပေးပြီး တက္ကသိုလ်ဝင်းထဲ တပ်စွဲနေရာယူနေပြီလို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီကနေ့ည ၇ နာရီဝန်းကျင်ကနေ ဗန်းမော်မြို့ နန့်ဖားသက္ကသိုလ်က ဆရာ၊မနဲ့ ကျောင်းသား၊သူအားလုံးကို နန့်ဖားတက္ကသိုလ်ကနေ ၃မိုင်နည်းပညာသက္ကသိုလ်ကို ပို့ဆောင်ထားတဲ့အပြင် တစ်ချို့ကိုတော့ နေရပ်ပြန်ခိုင်းပြီး တက္ကသိုလ်ဝင်းထဲ တပ်စွဲနေကြပြီလို့ မြို့ခံတစ်ယောက်က KNG ကိုပြောပါတယ်။ Read More

၂၈။  မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတစ်ချို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်

        March 7၊ 2024

မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာမှာကိုစိုးရိမ်ကြတဲ့ အတွက် မြို့ခံပြည်သူအများအပြားဟာ ရိက္ခာတွေပြေးဝယ်နေကြပြီး တစ်ချို့မြို့ပြင်ဘက်ကို တိမ်းရှောင်သွားကြတာတွေရှိတယ်လို့သိရပါတယ်။

မိုးမောက်မြို့နဲ့နီးတဲ့ ဒါဆိုင်းနဲ့ ၁၇ မိုင်ဘက်တွေမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် တိုက်ပွဲ ဖြစ်ပွားလာမှာစိုးရိမ်တဲ့အတွက် မိုးမောက်ပြည်သူအချို့ဟာ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ Read More

၂၉။  ဘိုးဘွားရိပ်သာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်

        March 8၊ 2024

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်နှင့် ကုန်သွယ်ရေးဇုန်ကြား ရွာသစ်ရွာတွင် တည်ရှိသည့် ဘိုးဘွားရိပ်သာအား စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ရိပ်သာရှိ အဘိုး ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ မတ်လ ၈ ရက် နံနက် ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်သည် ဘိုးဘွားရိပ်သာအား လေကြောင်းဖြင့် ဗုံးသီး ၂ လုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။ Read More

၃၀။  မြန်မာရွှေ့ပြောင်းများထပ်တိုးလာနိုင်သဖြင့် မဲဆောက်တွင် လုံခြုံရေးဇုန်ပြင် ဆင်ထားသင့်ဟု ကျွမ်းကျင်သူပြော

        March 8၊ 2024

မတ်လနှင့် ဧပြီလအတွင်း မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ရွှေ့ပြောင်းလာမည့် မြန်မာရွှေ့ပြောင်းအရေအတွက် ထပ်တိုး လာနိုင်သဖြင့် ထိုင်း – မြန်မာနယ်စပ် မဲဆောက်ခရိုင်တွင် လုံခြုံရေးဇုန် သို့မဟုတ် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာစင်္ကြံတစ်ခု ထိုင်းအစိုးရက ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု ထိုင်းနိုင်ငံ၏ လုံခြံရေးဆိုင်ရာကျွမ်းကျင်သူ ၁ ဦးက ယမန်နေ့ မတ်လ ၇ ရက်တွင် ပြောဆိုလိုက်သည်။ Read More

(မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။)

Related Articles

Back to top button