သတင်း

၂၀၂၄ ခုနှစ်အတွင်း ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာမယ်လို့ KIO ဥက္ကဌပြော

၂၀၂၄ ခုနှစ်အတွင်း ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာမယ်လို့ KIO ဥက္ကဌပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၁၊ ၂၀၂၄
 
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပါအဝင် တော်လှန်ရေး အင်အားစုများရဲ့ ၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေး အောင်မြင်မှုဟာ တနိုင်ငံလုံး နေရာအနှံ့ တော်လှန်ပြည်သူများရဲ့ တက်ညီလက်ညီ စစ်ကောင်စီကို တော်လှန်နေတာဖြစ်လို့ စစ်ကောင်စီက ခုခံနိုင်စွမ်း မရှိတော့ဘဲ စစ်ရေးအရ ကြီးမားတဲ့ ရှုံးနိမ့်မှုများကြုံနေရတာကို တွေ့နေရတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူရဲ့ နှစ်သစ်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။
 
အဲဒီလို စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု ဖြစ်ရပ်များကြောင့် ၂၀၂၄ ခုနှစ်မှာတော့ ကြီးမားပြီး ထူးခြားတဲ့ အပြောင်းအလဲကြီး ဖြစ်လာမယ်လို့ KIO ဥက္ကဌက ပြောလိုက်တာပါ။
 
ဒါ့ကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေး တိုက်ပွဲကို အောင်မြင်စွာ တော်လှန်နိုင်ိဖု့ တော်လှန် ပြည်သူများအကြား လက်တွဲညီညာ ဖေးမကူညီကာ ဘုံရန်သူကို အားမန်အပြည့်ဖြစ် အတူတကွ တိုက်ထုတ် သွားကြဖို့ KIO ဥက္ကဌက တိုက်တွန်းလိုက်ပါတယ်။
 
ဒါ့အပြင် ဘုံရန်သူကို တိုက်ထုတ်စဉ်အတွင်း တော်လှန်ပြည်သူများအကြား၊ လူမျိုးစု တစုနဲ့တစုကြား ဖြန့်ဖြေဖို့ ခက်ခဲစေမယ့် ပြဿနာများ မဖြစ်အောင် ကြိုတင်ရှောင်ရှား ဖို့ကိုလည်း လိုအပ်ကြောင်း သတိချပ်စေဖို့ ဒီကနေ့ ကျရောက်တဲ့ ၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ် သတင်းစကား မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုကာ တိုက်တွန်း လိုက်ပါတယ်။
 
ဓါတ်ပုံ – ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (ပုံဟောင်း)

Related Articles

Back to top button