သတင်း

New Year လက်ဆောင်အဖြစ် စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်

New Year လက်ဆောင်အဖြစ် စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်

ဖက်ဒရယ်ဂျာနယ်၊မြန်မာ
ဒီဇင်ဘာ ၃၁၊ ၂၀၂၃

မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များမှ New Year လက်ဆောင်အဖြစ် ခမရ- ၅၈၃ နှင့် ခမရ – ၅၉၁ တို့ကို တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားပါတယ်။

နံနက် ၅ နာရီ ၄၅ မိနစ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးများ။ ဒရုန်းများဖြင့် စတင်တိုက်ခိုက်ခဲ့ကြပြီး ၆ နာရီ ၃၀ တွင် တိုက်ခိုက်မှု ပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်းနှင့်ပူးပေါင်ဖြစ်တဲ့ MSRF၊ ‌ABSDF၊ ဒေါနစစ်ကြောင်း တပ်ခွဲ(၃) YGF၊ ဒေါနစစ်ကြောင်းတပ်ခွဲ(၅)၊ MSRO၊ YDF နှင့် YAF တို့မှ ပြုလုပ်ခဲ့ကြပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်း ၂ စီးထိခိုက်ပျက်စီးခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာလာနိုင်ကြောင်း သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်များမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုများကြောင့် အရပ်သားနေအိမ်တချို့ ထိခိုက်မှုများ ရှိတယ်လို့ သိရပါတယ်။

Photo – ဒေါနစစ်ကြောင်း

Related Articles

Back to top button