သတင်း

ရခိုင်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ

ရခိုင်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၈၊ ၂၀၂၃

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်ပြည်သူဟာ သိန်းချီမြှင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီတပ်မှ ရက္ခိုင်ပြည်အတွင်း ကုန်စည်စီးဆင်းမှုတွေ‌ကို ဖြတ်တောက်ထားတဲ့အတွက် ဒေသတွင်း ကုန်စည်ဈေးနှုန်းတွေမှာလည်း အဆမတန် ထိုးတက်လျက်ရှိနေပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက်လည်း နိုင်ငံတကာ အကူအညီပေးမှုတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိ‌စစ်ဘေးရှောင်‌တွေအတွက် စားနပ်ရိက္ခာတွေအပြင် စောင်၊ အနွေးထည်၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေအပြင် ထမင်း၊ဟင်းချက်ပြုတ်ဖို့ လောင်စာတွေ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်မှ အရပ်တွေကို ဖမ်းဆီးတာတွေ၊ လူနေကျေးရွာတွေနဲ့ မြို့တွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ပြီး မီးရှို့မှုတွေကို ပြုလုပ်လာနေပါတယ်။

ဓါတ်ပုံ – CJ (ရခိုင်စစ်ဘေးရှောင်များ)

Related Articles

Back to top button