သတင်း

စစ်ကောင်စီနှင့်တွေ့ဆုံမှုအပေါ် မစိုးရိမ်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့အသိပေး

စစ်ကောင်စီနှင့်တွေ့ဆုံမှုအပေါ် မစိုးရိမ်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့အသိပေး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၃၊ ၂၀၂၃

အာဏာသိမ်းစစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး ပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြဖို့အသိပေးလိုက်သလို ဘုံရည်မှန်းချက်များ ပြည့်ဝသည် အထိ လုပ်သင့် လုပ်ထိုက် သည်များကို လူထုတရပ်လုံးနှင့်အတူ လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန် နေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာ အသိပေးလိုက် ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ “ စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တခုပြီး တခုခံစားခဲ့ ကြရသော မြန်မာပြည်သူ လူထုတရပ်လုံး မျှော်လင့်တောင့်တနေသည့် နိုင်ငံရေး ရည်မှန်း ချက်များကို မိမိတို့ အနေဖြင့် မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ်သည့်အပြင် နောက်လှည့် သွားမည့်သူများ မဟုတ်ကြောင်း အသိပေးလိုက်ပါသည်” လို့ ပြောထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့သည် တရုတ်အစိုးရ၏ကြားဝင်မှုဖြင့် တရုတ်နိုင်ငံ၌ ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြတယ်လို့ စစ်ကောင်စီနဲ့ တရုတ်ဘက်က သတင်းထုတ်ပြန်ချက်အရ သိရပါ တယ်။

အဲဒီတွေ့ဆုံမှုတွင် ကိုးကန့်ဒေသအတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ကြား ယာယီ အပစ်အခတ်ရပ်စဲရန် သဘောတူ ညီမှု များရှိခဲ့ တယ်လို့ သတင်းများလည်း ထွက်ပေါ်လျက်ရှိနေပေမယ့် အသေးစိတ် ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်မြို့နယ်တို့တွင်လည်း စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား ယမန်နေ့ထိ တိုက်ပွဲ များ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး “၁၀၂၇ စစ်ဆင်ရေး”ဖော်ဆောင်မှု ၄၇ ရက်တာ အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသရှိ အရေးပါသောမြို့များနှင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ များ အပါအဝင် စစ်ကောင်စီ တပ်စခန်း အကြီး အသေး ၂၈၀ ကျော်သိမ်းပိုက် နိုင်ခဲ့ပြီလို့ ညီနောင် မဟာမိတ်အဖွဲ့က အသိပေး ထားပါတယ်။

ဓါတ်ပုံ – ညီနောင်မဟာမိတ် သုံးဖွဲ့

Related Articles

Back to top button