သတင်း

ရှမ်းမြောက်က စစ်တပ်စခန်းနှစ်ခုကို TNLA ထပ်မံသိမ်းပိုက်

ရှမ်းမြောက်က စစ်တပ်စခန်းနှစ်ခုကို TNLA ထပ်မံသိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၆၊ ၂၀၂၃

ရှမ်းပြည်နယ် မြောက်ပိုင်း ကျော်မဲမြို့နယ် အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ မိုင်းလုံ တပ်စခန်းနဲ့ နမ့်ခမ်းမြို့ အခြေစိုက် မိုင်းဝီးတပ်စခန်းတို့ကို တအောင်း တပ်မ တော်(TNLA) က ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်း တို့မှာ ထပ်မံတိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့နယ်က စစ်ကောင်စီ မိုင်းလုံတပ်စခန်း ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်း ၈ နာရီခန့်မှာ သိမ်း ပိုက်ခဲ့တာဖြစ်ပြီး နမ့်ခမ်းမြို့နယ်က စစ်ကောင်စီ မိုင်းဝီး တပ်စခန်း ကိုတော့ ညသန်းခေါင် ၁၂ နာရီ ကျော်မှာ သိမ်းခဲ့တာပါ။

မိုင်းလုံတပ်စခန်း စစ်ကောင်စီတပ်ရဲ့ 80/60MM လက်နက်ကြီးအပါအဝင်၊ လက်နက် (၁၃ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့သလို မိုင်းဝီးတပ်စခန်းကတော့ 60 MM လက်နက်ကြီး အပါအဝင် လက်နက် (၁၀) လက်၊ ခဲယမ်းများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ တအာင်းဒေသ အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃ )ခုကို ရှင်းလင်းသိမ်းပိုက် နိုင်ခဲ့ တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – TNLA

Related Articles

Back to top button