သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စက်သုံးဆီဝယ်ယူနိုင်ဖို့ ခက်ခဲနေ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စက်သုံးဆီဝယ်ယူနိုင်ဖို့ ခက်ခဲနေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၆၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ မြို့နယ်အားလုံးလိုလို ဒီကနေ့ဒီဇင်ဘာလ ၆ရက်မှာ စက်သုံးဆီ ဝယ်ယူနိုင်ဖို့ ခက်ခဲနေတာကြောင့် အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဟိုပုံး၊ ပင်းတယ၊ ရပ်စောက်၊ နမ့်စန်စတဲ့ဒေသတွေမှာ စက်သုံးဆီတွေမှာ စက်သုံးဆီဆိုင်အများစု ပိတ်ထားကြတယ်လို့ သိရပါတယ်။

ဖွင့်လှစ်နေတဲ့ စက်သုံးဆီအရောင်းဆိုင်အနည်းစုမှာလည်း တန်းစီကာ အလုအယက်ဝယ်ယူနေရပြီး ကား၊ ဆိုင်ကယ်တွေကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

“ကား၊ ဆိုင်ကယ်တွေအများကြီးတန်းစုစောင့်နေရတယ်။ ပြီးတော့ ပုံးတွေ၊ ပီပါတွေနဲ့ မရောင်းပေးဘူး၊ ကားဆိုကား၊ ဆိုင်ကယ်ဆိုဆိုင်ကယ်တွေထဲကိုပဲ ထည့်ပေးတယ်”လို့ တောင်ကြီးဒေသခံတစ်ဦးက FJMM ကို ပြောပါတယ်။

ကရင်နီပြည်နယ်နဲ့ထိစပ်နေတဲ့ ပင်လောင်း၊ ဆီဆိုင်၊ ဖယ်ခုံစတဲ့ဒေသတွေမှာလည်း ဓာတ်ဆီဝယ်ယူရ အလွန်ခက်ခဲနေပြီး တစ်လီတာကို ၇၀၀၀ ကျပ် ဝန်းကျင်ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ်ဖက်ကို စက်သုံးဆီဝင်ရောက်မှုမရှိစေဖို့အတွက် ဂါလံပုံး၊ ပီပါတွေနဲ့ ရောင်းချတာကို ဒီလအစပိုင်းကတည်းက တားမြစ်ထားတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button