သတင်း

စစ်ကောင်စီက ကလေးမြို့နယ်ရှိ ကဗ္ဗနီစခန်းကို စွန့်ခွါထွက်ပြေး

စစ်ကောင်စီက ကလေးမြို့နယ်ရှိ ကဗ္ဗနီစခန်းကို စွန့်ခွါထွက်ပြေး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

နိုဝင်ဘာ ၂၄၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကဗ္ဗနီတပ်စခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ စစ်ကောင်စီ တပ်က စခန်းစွန့်ခွါ ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်က စခန်းစွန့်ခွါသွားခဲ့ပြီးနောက် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက် ပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီတပ်သားတွေက စခန်းကို မနေ့က စွန့်ခွါထွက်ပြေးသွားကြတာပါ၊ ဒီနေ့ ကျနော်တို့ CDF-KKG တပ်ရင်း ၄ က ရဲဘော်တွေ နယ်မြေရှင်းလင်းရေး အားလုံးလုပ်ပြီးပါပြီ” လို့ CDF-KKG သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ကဗ္ဗနီ စခန်းစွန့်ခွါသွားကြတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ဂန့်ဂေါနယ် မြောက်ခင်ရန်း တပ်စခန်း ဘက်ကို သွားရောက် ပူးပေါင်းခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ဓါတ်ပုံ – CDF-KKG

Related Articles

Back to top button