ထွမ်းဗွမ်(ခ)ကနေဒီ စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူးအပါအဝင် ၁၂ ဦး ဖမ်းမိကြောင်း PDF- Zoland ထုတ်ပြန်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၂၊ ၂၀၂၃
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ထွမ်းဗွမ်(ခ)ကနေဒီ စစ်ကောင်စီစခန်းကို PDF- Zoland က ယမန်နေ့နို၀င်ဘာလ ၂၁၊ ၂၀၂၃ ခုနှစ် နံနက် ၄ နာရီခန့်မှာ တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေစဉ် စစ်ကောင်စီ တပ်သား (၃)ဦး သေဆုံးပြီး ဗိုလ်မှူးတစ်ဦးအပါအ၀င် တပ်သား(၁၂)ဦးကို အရှင်ဖမ်းမိထားတယ်လို့ PDF- Zoland က အသိပေး ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အဲဒီ ထွမ်းဗွမ်(ခ)ကနေဒီ စစ်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင် စီ တပ်ဖွဲ့ရဲ့ Jammer အပါအ၀င် လက်နက်မျိုးစုံ (၂၄) လက်၊ 60mm (၁)လက် နှင့် ကျည်များ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – PDF- Zoland