တိုက်ပွဲဖြစ်ပွားမှု တစ်စုံတရာမရှိတဲ့ ရခိုင်ဒေသရှိ စီးပွားရေး ဘဏ်တစ်ခုမှ ငွေတွေကို စစ်ကောင်စီ တပ်သားတွေ သိမ်းယူ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၅၊ ၂၀၂၃
ရခိုင်ဒေသအတွင်း တစ်ကြိမ်တစ်ခါမှ တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့တဲ့ ပေါက်တောမြို့ စီးပွားရေးဘဏ်မှ ငွေတွေကို စစ်ကောင်စီတပ်သားတွေ သိမ်းဆည်းသွားတယ်လို့ သတင်းရရှိပါတယ်။
ဒီနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်မှာ စစ်ကောင်စီရဲ့ ဇက်သင်္ဘောတစ်စီးဟာ ပေါက်တောမြို့၊ သင်္ဘောဆိပ်သို့ ဆိုက်ကပ်လာခဲ့ပြီး ငွေတွေကို သိမ်းယူသွားတယ်လို့ မျက်မြင်တစ်ယောက်က ပြောပါတယ်။
” စစ်ကောင်စီသင်္ဘောရောက်လာတဲ့အချိန်မှာ ဒီက ရဲငါးယောက်က လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး ယူထားတယ်။ ပြီးတော့ သတ္တာသုံးလုံးကို ထည့်ပေးလိုက်တယ်။ အဲဒီသေတ္တာတွေကတော့ စီးပွားရေး ဘဏ်က ငွေတွေထည့်ထားတဲ့ သေတ္တာတွေပါ။ ဇက်မှာပါလာတဲ့ စစ်ကောင်စီ တပ်သား တွေကတော့ ကုန်းပေါ်ကို တက်လာတာတွေမရှိဘူး” လို့ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ငွေသေတ္တာတွေကို သယ်ယူသွားပြီးနောက် နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သူကဆက်ပြောပါတယ်။
ဒီလိုမျိုး ငွေတွေကို စစ်ကောင်စီတပ်သားတွေက လာယူသွားတာဟာ ကြောက်လန့်နေရတဲ့အတွက် ယူသွားတာဖြစ်တယ်လို့ နောက်ထံမြို့ခံတစ်ယောက်က သုံးသပ်ပြောဆိုပါတယ်။
ရခိုင်ပြည်ရှိ ပေါက်တောဒေသဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေမှအပ စစ်ကောင်စီ တပ်စခန်းတွေ တပ်စွဲအခြေစိုက်ထားမှုလည်း မရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
ဓါတ်ပုံ – CJ