သတင်း

မတူပီမြို့နယ် ဝေးလူကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက်မပြည့် ကလေး (၄)ဦးအပါအဝင်၊ ပြည်သူ ၁၂ ဦးသေဆုံး

မတူပီမြို့နယ် ဝေးလူကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက်မပြည့် ကလေး (၄)ဦးအပါအဝင်၊ ပြည်သူ ၁၂ ဦးသေဆုံး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၆၊ ၂၀၂၃
 
ချင်းပြည်၊ မတူပီမြို့နယ် ဝေးလူကျေးရွာကို ယမန်နေ့ နိုဝင်ဘာလ(၁၅)ရက်နေ့ ည ၆ နာရီခွဲ ဝန်းကျင် လောက်က စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက် ခဲ့တာကြောင့် ကျေးရွာရှိ အရပ်သား ပြည်သူ ၁၂ ဦးသေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးက FJMM ကို အတည်ပြု ပြောဆိုပါတယ်။
 
“မနေ့ည ၆ နာရီ ခွဲ ၇ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးလာကြဲသွားတာ အဲ့ဒီမှာ အသက်သေဆုံးသွားတာက ၁၂ ဦးရှိတယ်၊ အဲ့ထဲမှာမှ အသက်မပြည့်သေးတဲ့ ကလေး (၄)ဦး ပါတယ်၊ ပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိတယ်၊ နှစ်ဦးကတော့ ဒဏ်ရာ တော်တော် ပြင်းထန်ပါတယ်”
 
ယမန်နေ့က စစ်ကောင်စီဗုံးကြဲတိုက်ခဲ့တဲ့ ဝေးလူကျေးရွာဟာ အိမ်ခြေ ၈၀ နီးပါးရှိတဲ့ Dai (ဒိုင်း) လူမျိုး အများစုနေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၃၀ ကျော်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Getty Images (ပုံဟောင်း)

Related Articles

Back to top button