သတင်း

ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သား ၂၃ ဦးလက်နက်ချခဲ့ကြောင်း NUG ထုတ်ပြန်

ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးလက်နက်ချခဲ့ကြောင်း NUG ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊မြန်မာ
နိုဝင်ဘာ ၁၃၊ ၂၀၂၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၂၂ မှ စစ်ကောင်စီတပ်သား ၂၃ ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ အညံခံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တပ်မ ၂၂ လက်အောက်ခံ အင်အား ၅၀ ဦးပါ စစ်ကြောင်းမှ ၂၃ ဦးသည် ချောင်းနှစ်ခွ ကျေးရွာသို့ စစ်ကြောင်းထိုးလာရမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ အညံခံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ထို့အပြင်တိုက်ပွဲအတွင်းမှာလည်း တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံး၊ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိပြီး နောက်ထပ် အရာရှိ ၁ ဦးအပါအဝင် ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက် အရသိရပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့မှ စပြီး ချောင်းနှစ်ခွကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းလျှက်ရှိပြီး နှစ်ဖက်ထိခိုက်ကျရှုံးမှုများလည်း ရှိနေကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရပါတယ်။
Photo – MOD

Related Articles

Back to top button