သတင်း

ရိခေါ်ဒါရ်မြို့ တောင်ကုန်းပေါ်က စစ်တပ်စခန်းတစ်ခု ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

မြန်မာ-အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့ တောင်ကုန်းပေါ်က စစ်တပ်စခန်းတစ်ခု ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၂၊ ၂၀၂၃
 
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့ တောင်ကုန်းပေါ်က စစ်တပ်စခန်း တစ်ခုကို ချင်းတော်လှန် ရေး ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါ တယ်။
 
အဲဒီ စခန်းသိမ်းတိုက်ပွဲကိုတော့ ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-Chinland Defense Force – Hualngoram ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာလို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
“မနေ့ည ၆ နာရီလောက်ကစပြီး CNA နဲ့ CDF- Hualngoram ချင်းပူးပေါင်းအဖွဲ့တွေက အဲဒီစစ်တပ်ကုန်း စခန်းကို ဒရုန်းနဲ့ ညပိုင်းမှာ ချပြီး စပြီး တိုက်ခိုက်ခဲ့တယ်။ ဒီကနေ့ မနက် ၅ နာရီလောက်ကတော့ ရဲဘော်တွေက အဲဒီ စခန်းကို ဝင်စီး တိုက်ပြီး အပြီး သိမ်းလိုက်ကြတယ်” လို့ သတင်းရင်းမြစ် တဦးက ပြောပါတယ်။
 
စခန်းသိမ်းတိုက်ပွဲအတွင်း အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ ထွက်ပြေးခဲ့ကြပြီး တချို့သုံ့ပန်း တွေကိုလည်း အရှင်ဖမ်းဆီးခံခဲ့ရတာတွေလည်း ရှိနေသလို ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေဘက်က ၄ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
 
နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာပြီးနောက် ရိခေါ်ဒါရ်မြို့ဒေသခံ ထောင်နဲ့ချီတဲ့ အရပ်သားတွေကတော့ ဘေးလွတ်ရာ မြန်မာ-အိန္ဒိယနယ်စပ် ချောင်းနဲ့သာခြားတဲ့ မီဇိုရမ်ပြည်နယ် ဇိုခေါ်သာရ်ကျေးရွာဘက်သို့ ထွက်ပြေး တိမ်းရှောင်ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြချိန် အိန္ဒိယဘက် ဇိုခေါ်သာရ်ကျေးရွာထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲ လာတာကြောင့် မြန်မာစစ်ဘေးရှောင် ၂ ဦး ဖြစ်တဲ့ (၇၆ နှစ်) အရွယ် အမျိုးသမီး တဦး လက်မောင်း ဒဏ်ရာ ရရှိခဲ့သလို (၁၃နှစ်)အရွယ် အမျိုးသား ကလေးငယ် တဦး လက်ဖမိုးအရိုး ထိမှန်ဒဏ်ရာရရှိ ခဲ့ကြတယ်လို့ သိရပါတယ်။
 
အခု မနက်ပိုင်းက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး ပစ်ကူတိုက်ခိုက်မှု ရှိခဲ့သလို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
 

ဓါတ်ပုံ – CJ

Related Articles

Back to top button