သတင်း

ကွမ်းလုံမြို့ကို MNDAAနဲ့ ညီနောင်မဟာမိတ်အဖွဲ့က အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ထုတ်ပြန်

ကွမ်းလုံမြို့ကို MNDAAနဲ့ ညီနောင်မဟာမိတ်အဖွဲ့က အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ထုတ်ပြန်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၂၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ကို MNDAAနဲ့ ညီနောင်မဟာမိတ်အဖွဲ့က ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်၊ ညနေပိုင်းမှာ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီလို့ MNDAA က အသိပေး ထုတ်ပြန်ထားပါတယ်။

ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်တွေကို အပြီးသတ်တိုက်ခိုက်ချေမှုန်းကာ မြို့ကို အပြီးတိုင် သိမ်းပိုက် နိုင်ခဲ့တာဖြစ်တယ်လို့ MNDAAရဲ့ သတင်းနဲ့ ပြန်ကြားရေးစာမျက်နှာဖြစ်တဲ့ The Kokangက ရုပ်သံနဲ့ တကွထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တင့်ကားအပါအဝင် ကားများစွာကို သိမ်းဆည်း ရရမိခဲ့သလို လက်နက်ခဲယမ်းများစွာနဲ့ စစ်လက်နက်အသုံး အဆောင် ပစ္စည်းများစွာကို သိမ်းဆည်း ရမိခဲ့တယ်လို့ ရုပ်သံထဲမှာဖော်ပြထားပါတယ်။

ကိုးကန့်မြို့ရှိ နေရာအချို့ကို အခုနိုဝင်ဘာလအစပိုင်းမှာကတည်းက MNDAA နဲ့ ညီနောင် မဟာမိတ် အဖွဲ့က ထိန်းချုပ်ထားခဲ့ပြီး ဒေသတွင်းဆက်သွယ်ရေး ဖုန်းလိုင်းတွေ ပြတ် တောက်ကာ စစ်ကောင်စီ တပ်တွေနဲ့ ဆက်လက်တိုက်ပွဲနေခဲ့ပေမယ့် ဒီကနေ့မှာတော့ အပြီးတိုင်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့မနက်အစောပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဘောကြို ကျေးရွာအနီး၊ သီပေါ-ကျောက်မဲ ပြည်ထောင်စုလမ်းမကြီးရှိ ကျင်သီတံတား စစ်ကောင်စီ စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – The KoKang

Related Articles

Back to top button