(No. 90, November 10, 2023)
၁။ နှစ်ဖက်ထိခိုက် သေဆုံးမှုရှိခဲ့သည့် TNLA နှင့် SSPP ထိတွေ့မှုဖြစ်စဉ် ထိန်းညှိ ထိန်းသိမ်းသွားမည်ဟုဆို
November 9, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကာ ယင်းပြဿနာအားကြီးထွားမလာ စေရန် နှစ်ဖက်ခေါင်းဆောင်များမှ ထိန်းညှိထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာနေ ဒေသခံပြည်သူ စိုင်းမောဝ်အွန်ကို ယမန်နေ့ နိုဝင်ဘာ ၇ ရက်၊ နံနက် ၉ နာရီ ၄၀ နာရီခန့်က TNLA တပ်ဖွဲ့မှ ဖမ်းဆီးသွားခြင်း ကိစ္စ နှင့် ပတ်သက်၍ SSPP ၏ မူဆယ်မြို့နယ်မှူးဦးဆောင်သော လုံခြုံရေးတပ်သား ခုနစ် ဦးသည် အကျိုး အကြောင်းသိရှိရန်အတွက် သွားရောက်မေးမြန်းရာ TNLA ဘက်က စတင်ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြောင်း SSPP က ထုတ်ပြန်ခဲ့သည်။ နှစ်ဖက်တိုက်ပွဲအတွင်း TNLA ဘက်က ငါး ဦးထက်မနည်း သေဆုံးခဲ့သလို SSPP ဘက်ကလည်း တစ်ဦးသေဆုံး၍ မြို့နယ်မှူးအဆင့်ရှိသူတစ်ဦးနှင့် တပ်သားတစ်ဦးကို TNLA ဘက်က အရှင်ဖမ်းဆီး ပစ်သတ်ကာ အခြားသော ရဲဘော်များလည်း ပျောက်ဆုံးနေကြောင်း SSPP ၏ ထုတ်ပြန်ချက်အရ သိရသည်။ SSPP တပ်ဖွဲ့ဝင်များ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရချိန်တွင် လူကို ဖမ်းဆီးထားသော်လည်း လူသား ချင်းစာနာမှုအနေဖြင့် အသက်လွှတ် ငြိမ်းချမ်းသာခွင့်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ၎င်း၏အသံကို တစ်ဖက်လူကြီးထံ ဖွင့်ပြရန် SSPP ဒုစစ်ဦးချုပ် စဝ်ငေါဝ်းဖက Wechat မှတဆင့် တင်ပြပြောဆိုခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန် တွင်လည်း ပြဿနာပိုမကြီးထွားစေရန် TNLA စစ်ဦးချုပ် တားဟိုပရန်ထံ နှစ်ဖက်တပ်ဗဟိုလူကြီးများ ဝိုင်းဝန်းထိန်းသိမ်းသွား ကြရန် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း တားဟိုပရန်မှ အပြတ်ချေမှုန်းသွားရန် အမိန့်ချပြီးဖြစ်ကြောင်းပြောကာ ဆက်သွယ်မှုဖြတ် တောက်လိုက်ကြောင်း SSPP က ထုတ်ပြန် ပြောဆိုသည်။
အလားတူ TNLA ကလည်း ၁၀၂၇ စစ်ဆင်ရေးတွင် တာဝန်ယူနေကြသည့် ၎င်းတို့ တပ်စုတစ်စုကို နိုဝင်ဘာ ၇ ရက်က SSPP မှ တပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာပြီး စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွားကာ TNLA မှ တပ်ဖွဲ့ဝင် လေးဦး သေဆုံး၍ နှစ်ဦးဒဏ်ရာရရှိခဲ့သလို SSPP ဘက်ကလည်း တပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုအခင်းမဖြစ်ပွားမီ နိုဝင်ဘာ ၆ ရက်က မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့ နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းမကြီးအား တာဝန်ယူထာသည့် TNLA ၏ မိုင်းဆက်ရွာ၊ ဖိုင်ကျောင်းရွာ၊ မန်ဖာရွာလုံခြုံ ရေးစခန်းတို့ကို SSPP မှ နံနက်ပိုင်းတွင် (၃)ကြိမ်၊ မွန်းလွှဲပိုင်းတွင် (၅)ကြိမ် လာရောက်နှောင့်ယှက်ခြင်းနှင့် ဓာတ်ပုံမှတ်တမ်း ယူခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း TNLA က ဆိုသည်။ SSPP အဖွဲ့ဝင်များ ရိုက်ကူးထားသည့် ဓာတ်ပုံများအား TNLA က ပယ်ဖျက် စေပြီး နောင်တွင် ထိုကဲသို့ မပြုလုပ်ရန် သတိပေးကာ ပြန်လွှတ်ပေးခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်၊ နံနက်ပိုင်းတွင် SSPP ၏ တိုက် နယ်မှူးဖြစ်သူ စိုင်းမောင်အောင်မှ TNLA ၏ လုံခြုံရေးစခန်းအနီးသို့ ထပ်မံရောက်ရှိလာပြီး တပ်နေရာချထားမှုတို့ကို ဓာတ်ပုံ မှတ်တမ်း ရိုက်ကူးယူခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုကဲသို့ စစ်ဆင်ရေးကို အကြိမ်ကြိမ်အခါခါ လာရောက် နှောင့်ယှက်နေမှု အကြောင်း ရင်းအားသိရှိနိုင်ရန်အတွက် TNLA မှ “စိုင်းမောင်အောင်” အား ခဏတာခေါ်ယူမေးမြန်းနေစဉ် SSPP အရာရှိဖြစ်သူ စိုင်းလင်း နှင့်အဖွဲ့ ရောက်ရှိလာကာ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရကြောင်း TNLA က ထုတ်ပြန်ပြောဆိုသည်။ ယင်းပြဿနာအား မကြီးထွားလာစေရန် နှစ်ဖက် ခေါင်းဆောင်များမှ ထိန်းညှိထိန်းသိမ်းသွားမည်ဖြစ်ပြီး လက်ရှိပြဿနာအားနှစ်ဖက်၏ မဟာမိတ်ရေးရာရုံးမှ အပြန်အလှန် ဆက်သွယ်ကာဖြေရှင်းသွားမည်ဖြစ်သလို တစ်ချိန်တည်းမှာပင် ယခုပြဿနာအား အချိန်မှီထိန်းသိမ်းနိုင်ရန်နှင့် မဟာမိတ်အား ရှေးရှုသောအားဖြင့် စိုင်းမောင်အောင် ကိုလည်း ရပ်မိရပ်ဖထံ အပ်နှံပေးပြီးဖြစ်သည်ကို ပြည်သူများ သိရှိနိုင်ရန် TNLA က သတင်း ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=6664934989 53006&set=pcb.666493605619662
၂။ ဆောမြို့မှာ CDF ကန်ပက်လက် ဒုတပ်ရင်းမှူးနဲ့ ဖခင်ဖြစ်သူ ပစ်သတ်ခံရ
November 9, 2023
မကွေးတိုင်း၊ ဆောမြို့မှာ နိုဝင်ဘာလ ၇ ရက်နေ့က CDF ကန်ပက်လက်အဖွဲ့ တူမီးတပ်ရင်း ဒုတိယတပ်ရင်းမှူးနဲ့ ဖခင် ဖြစ်သူ ခရစ်ယာန်ဓမ္မဆရာ ဦးမန်ကွီးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆောမြို့ကို ရောက်နေတဲ့ ခရစ်ယာန်ဓမ္မဆရာ ဦးမန်ကွီးဟာ မိတ်ဆွေနဲ့အတူရှိနေချိန် အရပ်ဝတ်နဲ့ အမည်မသိသူ တစ်ဦးက ဦးခေါင်းကို အနီးကပ် ပစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် ဖခင်ဖြစ်သူရဲ့အလောင်းကို ပြန်ယူဖို့သွားတဲ့ CDF ကန်ပက်လက်အဖွဲ့ တူမီးတပ် ရင်း ဒုတပ်ရင်းမှူး ဆလိုင်းလှေမန်လည်း အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆရာက ဆောကို ရောက်နေချိန်မှာသိပ်မကြာဘူး။ သူ့မိတ်ဆွေတွေနဲ့ စကားပြောချိန်မှာ အရပ်ဝတ်နဲ့ လူတစ်ယောက် က အနီးကပ် ခေါင်းကိုပစ်သွားတာ။ အဲဒီနောက်မှာ စစ်သား နှစ်ဆယ်လောက်က အလောင်းနားမှာ ကင်းပုန်းဝပ်ကြပြီးတော့ နေကြတယ်။ အဲဒီအချိန်မှာ ဒုတပ်ရင်းမှူးက သူ့အဖေ သတင်းကြားတော့လာတယ်။ အဲဒီမှာ စစ်သားတွေကပစ်လိုက်တော့ ရင် ဘတ်ကို ထိသွားတယ်။ ပြန်တော့ ဆုတ်သွားပေမယ့် အသက်မရှင်ဘူး။ ပါစတာရဲ့ အလောင်းကိုတော့ တပ်ထဲကိုယူသွားတယ်” စစ်ကောင်စီတပ်သားတွေဟာ အနီးအနား ပတ်ဝန်းကျင်ကိုပါ ပစ်ခတ်ခဲ့ပြီး ဒေသခံတချို့ကိုပါ ဖမ်းဆီးဖို့ လုပ်ခဲ့တာ ကြောင့် အဲဒီ အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ ဆောမြို့မှာ စစ်ကောင်စီ တပ်နဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ စစ်ရေး တင်းမာနေတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်လို့ CDF ကန်ပက်လက်က ပြောထားပါ တယ်။ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အထိ နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ် ကြောင့် ခရစ်ယာန် ဘာသာရေး ဓမ္မအမှုတော်ဆောင် ငါးဦး၊ ခရစ်ယာန်သင်းထောက် သုံးဦး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ ချုပ်က ပြောထားပါတယ်။ https://www.facebook.co m/photo/?fbid=739605714867500&set=a.5836374 30464330
၃။ စစ်ကောင်စီစခန်းနှစ်ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်
November 9, 2023
ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေး ရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ကချင်ပြည် နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် ဆယ်ဇင်းကျေးရွာ တစ်ဖက်ကမ်းရှိ ဟုမ္မလင်းတွင် ယနေ့ နံနက် ၃ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု ဆယ်ဇင်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။“သံယောဇဉ် စခန်းကုန်း SNA စခန်းကို သိမ်းလိုက်ပြီ။ သုံးနေရာဝင်တိုက်တယ် ဒါပေမယ့်နှစ်ခုတော့သိမ်းလိုက်ပြီ။ ပင်ချယ်စစ်တပ်နဲ့ သံယောဇဉ် SNA စစ်တပ်။ PDF နဲ့ KIA စုပေါင်းတိုက်တာ။ မနက် ၃ နာရီကနေတိုက်တာ ၅ နာရီလောက်ကျတော့ သိမ်းနိုင် သွားပြီ။ ရွှေတွင်းမှာက တိုက်နေတုန်း။ ရွှေတွင်းက SNA စခန်း” ဟုပြောသည်။ လက်ရှိအချိန် ရွှေတွင်းကျေးရွာအနီးတွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဆယ်ဇင်းကျေးရွာအဝင် အထွက်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ပိတ်ထားသဖြင့် ဒေသခံ ပြည်သူ များ ပိတ်မိနေကြောင်း သူကဆက်ပြောသည်။ “ဆယ်ဇင်းရွာအဝင်အထွက်ကိုက ရဲတွေပိတ်လိုက်ပြီ။ ဆယ်ဇင်းကပြည်သူတွေ က မထွက်နိုင်တော့ဘူး။ ပြည်သူတွေက ပြေးလို့မရတာစိုးတာပေါ့။ ဖုန်းလိုင်းကလည်းအခုမှပြန်ပွင့်တယ်။ ဆိုင်ကယ်တွေ သုံးဘီး တွေကစ စက် မနှိုးခိုင်းဘူး။ ခြေချင်ပဲသွားခိုင်းတာ ရွာထဲမှာတောင်မှ” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် SNA တပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားသည့် ဆယ်ဇင်းကြိုးတံတားအနီးတွင်လည်း လက်နက်ကြီး ပစ်ခတ်ခံများကြားနေရသည်ဟု အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “လက်နက် ကြီး ပစ်သံကြားရတာတော့ ကြိုးတံတားရယ်၊ သံယောဇဥ်ကုန်းဘက်နားမှာရှိတဲ့စစ်ကောင်စီ စခန်းတွေနား ကြားရတယ်ဗျ။ ရှမ်းနီ (SNA) သီးသန့်နေတာလို့တော့မဟုတ်ဘူး စစ်ကောင်စီကလူတွေကောရှိတယ်” ဟုသူကပြောသည်။ သံယောဇဉ် စခန်း ကုန်းကို ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးသုံးလုံးကြဲချသွားကြောင်း ဒေသခံများက ပြောသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲအခြေအနေပြင်းထန်လျက်ရှိပြီး ပြီးခဲ့ သည့် နိုဝင်ဘာလ (၁) ရက်နေ့ကလည်း ဖားကန့်မြို့ နယ် ဘွမ်ရာယန်ကျေးရွာအနီးသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်း ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းဆွဲတိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ https://www.facebook.com/photo/?fbid=656375200023485 &set=a.535867405407599
၄။ မြောက်ဦးမှာ စစ်ကောင်စီ ရဲခြောက်ဦးနဲ့ ကားတစ်စီးကို ရက္ခိုင့်တပ်တော်ဖမ်းဆီးသွား
November 9, 2023
မြောက်ဦးမှာ စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ဝင်ခြောက်ဦးနဲ့ကားတစ်စီးကို နိုဝင်ဘာလ ၇ ရက်၊နေ့လည် ၃ နာရီအချိန်ခန့်က ရက္ခိုင့်တပ်တော် (AA)မှ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ မြောက်ဦးမြို့ ပေါ်မှာ ကားတစ်စီးနဲ့ကင်းလှည့်နေတာမို့ ထမ္မရာဇ်ဆင်းလမ်းအရောက်မှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာလို့ မျက်မြင်တွေက ဆိုကြပါတယ်။ ”ရဲတွေကိုအေအေကဖမ်းခေါ်သွားတော့ တမြို့လုံးတိတ်သွားပါတယ်။တချို့ကတော့ ဆိုင်တွေပိတ်ထားကြပါတယ်။မြို့ကလူတွေကတော့အခြေအနေကို စောင့်ကြည့်နေကြပါတယ်။”လို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။ အဲဒီလိုဖမ်းဆီးခေါ်ဆောင်သွားပေမယ့်စစ်ကောင်စီတပ်ဖက်က လှုပ်ရှားမှုတွေမတွေ့ရပေမယ့် ညဖက်တွေမှာ မြို့နေပြည်သူတွေကို ဝင်ရောက်ရှာဖွေဖမ်း ဆီးသွားမှာကို စိုးရိမ်နေကြရတယ်လို့မြို့ခံတွေက ဆိုကြပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ယာ ယီအပစ်ရပ်ထား ပေမယ့် စစ်ကောင်စီတပ်က စစ်ရေးလေ့ကျင့်တာတွေ၊ စစ်သည်၊ လက်နက်၊ ရိက္ခာဖြည့်တင်းတာတွေ ပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအပြင် စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတွေနဲ့အတူ စစ်ဆေးတာ၊ ကင်း လှည့်တာ၊ ဝင်ရောက်ရှာဖွေတာတွေပါ ပြုလုပ်နေကြတယ်လို့ ရခိုင်ပြည်သူတွေက ဆိုပါတယ်။ ”ခုနောက်ပိုင်း ရဲတွေကလည်း စစ်သားတွေလိုလုပ်နေပါတယ်။ အဲဒီတော့ ပြည်သူတွေကလည်း ရဲတွေကို သိပ်မကြိုက်ကြတော့ဘူး။ ဒါကြောင့် အေအေက ရဲတွေကို သတိပေးတဲ့အနေနဲ့ဖမ်းသွားတာထင်ပါတယ်။”လို့ ရခိုင်လွတ်တော်အမတ်ဟောင်းတစ်ဦးက ပြောပါတယ်။ ရခိုင်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတချို့မှာ ရဲတပ်ဖွဲ့ဝင်တွေကို အင်အားဖြည့်ချထားသလို စစ်ရေးလှုပ်ရှားမှုတွေမှာလည်း အသုံးပြု နေကြတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။ ရခိုင်မှာ တိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့် စစ်ကောင်စီတပ်က စစ်ရေးလှုပ် ရှားပြင်ဆင်မှုတွေ အရင်ထက် ပိုမိုများပြားလာနေတာကို တွေ့နေရတယ်လို့ညီနောင်မဟာ မိတ်တွေထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=66644634 5624388&set=a.583120797290277
၅။ တနင်္သာရီမှာတိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး
November 9, 2023
တနင်္သာရီမြို့နယ်မှာ၊ ကမ္မလိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွား ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ မနေ့က ညနေ ၅ နာရီနောက်ပိုင်းမှာ ခမရ (၅၅၈) ကို တော်လှန်ရေးပူးပေါင်းတပ်တွေသွားရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ မြိတ်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ(၂)ပြန်ကြားရေးတာဝန်ရှိသူက “အင်အားအလုံးအရင်းနဲ့ဝင်ပစ်တာမျိုးတော့မဟုတ်ဘူး။ ပြောက်ကျား သွားပစ်တာပါ။” လို့ ပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ ပြီး စစ်ကောင်စီဘက်ကလည်းထိခိုက်ကျဆုံးရှိခဲ့တယ်လို့ သိရပါတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ကမ္မလိုင်းရွာနဲ့ တမုတ်ချုံးရွာတွေဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက နေသိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း-၂ (တပ်ခွဲ ၂)နဲ့ တောင်ပံနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း-၂ (တပ်ခွဲ ၂)ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
တနင်္သာရီမြို့နယ်မှာ အခုလ ၄ ရက်နဲ့ ၆ ရက်တို့က တနင်္သာရီမြို့နယ်ထဲက ဘန်ကျုတ်ရွာ၊ ကျွဲထိန်းကုန်းရွာ၊ ဂဏန်းကွင်းရွာ တွေမှာ ရိက္ခာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း-၂ ကထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမှာ ၆၀ မမ ဗုံးသီး ၇ လုံးနဲ့ MA1 ကျည်အိမ် ၁ ခုရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ https://www.facebook.com/photo/?fbid=363640082 720414&set=a.196212682796489
၆။ မယ်စဲ့ကိုပြန်ရဖို့ အင်အားသုံးမဲ့စစ်ကောင်စီ ရှမ်းမြောက်တိုက်ပွဲအတွက် တပ် တချို့ကို ပြန်နုတ်ယူ
November 9, 2023
စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်တန်းဟာ အလုံးအရင်းနဲ့ ကရင်နီပြည်ကို ဝင်ရောက်လာနိုင်ခဲ့တာ နှစ်ကြိမ် ရှိပြီဖြစ်ပါ တယ်။ ယခင် ၂၀၂၂ ခုနှစ်မှာ ယာဉ်တန်း အစီး ၄၀ ဝင်ရောက်လာခဲ့တာ ရှိပါတယ်။ ယခုနှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာ ဒုတိယအကြိမ် ဝင်ရောက်လာနိုင်ခဲ့ပြီး အစီး ၇၀ နဲ့အထက် ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ခန့်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လပိုင်းက ကရင်နီပြည်ရဲ့ နယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့ကို လက်လွတ်လိုက်ရပြီးနောက်ပိုင်းမှာ နယ် မြေပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက တပ်အင်အားတွေ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ကုန်းကြောင်း၊ လေကြောင်းနဲ့ ပို့ဆောင် နေပါတယ်။ ထောက်ပို့ယာဉ်တန်းတွေကို ပို့ဆောင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းမှာ ဖားဆောင်း၊ ဘောလခဲ မြို့နယ် ဘက်ကို ဦးတည်ပြီးမြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ကရင်နီဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်နေတာကြောင့် ဖရူဆိုမြို့နယ် အတွင်းမှာ နေ့စဉ်ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ( နိုဝင်ဘာလ ၅ ရက်နေ့) နံနက်ပိုင်းမှာ ဒီးမော့ဆိုကနေ – ဖရူဆို လမ်းမကြီးကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ် တန်းကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကားလေးစီးကိုဖျက်ဆီးနိုင်ခဲ့ပြီး တစီးကိုသာမီးရှို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန် သုံးစီးကိုတော့ စစ်ကောင်စီတပ်သားတွေက ကရိန်းကားတွေနဲ့ လာရောက်ဆွဲယူ သွားခဲ့တယ်လို့ သိရပါတယ်။ ဖျက်ဆီးလိုက်တဲ့ ကားထဲမှာတော့ ဆန်ရိက္ခာတွေအပြည့်တင်ဆောင်ထားတယ်လို့ မြေပြင် မှာရှိနေ တဲ့ တော်လှန်ရေးရဲဘော်ဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ဝင်ရောက်လာခဲ့တဲ့ ယာဉ်တန်းကိုလည်း တော်လှန်ရေးအင်အားစုတွေက မီးရှို့ဖျက်ဆီးနိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်လည်း ရှိခဲ့ပါတယ်။ ကရင်နီပြည်ထဲကို ဝင်ရောက်လာနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်တန်း နှစ်ကြိမ်လုံးကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်တချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ယာဉ်ပျက်စီးမှုအရေအတွက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက အတည်ပြုနိုင်ခြင်း မရှိပါဘူး။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ပထမ အပတ်မှာ စတင်ဝင်ရောက်လာတဲ့ ယာဉ်တန်းကိုတော့ ကြားဖြတ်တိုက်ခိုက်လာခဲ့တာ သုံးလဝန်းကျင်အထိ ရှိနေပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။ ထောက်ပို့ယာဉ်တန်းမှာ စစ်ကောင်စီ တပ်သားအင်အား၊ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ပါရှိပြီး ဇွန်လအတွင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရယူနိုင် ခဲ့တဲ့ မယ်စဲ့မြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီက ကြိုးပမ်းနေတာ ဖြစ်တယ်လို့ စစ်ရေးချုပ် ခူးရီးဒူ က ပြောပါတယ်။ လက်ရှိမှာတော့ ယာဉ်တန်းတချို့ဟာ ဘောလခဲမြို့ကို ရောက်ရှိနေပြီး တချို့မှာ ဖရူဆိုမြို့က အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့် ရေးကျောင်းမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။“ဒီယာဉ်တန်းမှာကတော့ အဓိက ကတော့ တပ်မ ၅၅ ပေါ့လေနော။ ဒီ ၂၀၂၃ မှာ လာတဲ့ ယာဉ်တန်းက တပ်မ ၅၅ ဖြစ်တယ်။ ရိက္ခာပို့တာလည်း ပါတယ်။ လက်နက်ခဲယမ်းပို့တာလည်းပါတယ်။ အဓိကက တော့ ဘောလခဲဖက်ကို ဖြည့်တယ်။ ဘောလခဲကနေ တဆင့် ဖားဆောင်း မယ်စဲ့တို့ကို ဆုံးရှုံးသွားတဲ့ မယ်စဲ့မြို့ကို သူတို့ ပြန်သိမ်း ယူနိုင်ဖို့အတွက် ယာဉ်တန်းမှာကတော့ ရိက္ခာရော၊ လက်နက်ရော၊ လူအင်အားရော ဖြည့်တယ်လို့ ကျနော်တို့ သိရပါတယ်။” လို့ ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%99%e1%80%9a%e1%80% ba%e1%80%85%e1%80
၇။ ရှမ်းမြောက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ဘုရားဝင်းအတွင်း ပုန်းခိုစခန်းချနေသည့် နေရာအား မဟာ မိတ်အဖွဲ့ရှင်းလင်း၊ စစ်သုံ့ပန်း ၁၄ ဦးထက်မနည်း ဖမ်းဆီးရရှိ
November 9, 2023
စစ်ကောင်စီတပ်နှင့် ယင်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်များသည် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့လယ် ဘုရားဝင်း အတွင်းတွင် ပုန်းခို စခန်းချနေသည့် နေရာအား မဟာမိတ်အဖွဲ့က ရှင်းလင်းခဲစဉ် စစ်သုံ့ပန်း ၁၄ ဦးထက်မနည်း ဖမ်းဆီးရရှိ ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းမှစတင်၍ နမ့်ခမ်းမြို့တွင်၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်း ပုန်းခို စခန်းချနေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ကို တအာင်းတပ်မတော် PSLF/ TNLA က စတင်တိုက်ခိုက် ခဲ့သည်။ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် အပြီးသတ် ရှင်းလင်းခဲ့ပြီး ထို့မြို့လယ်ဘုရားအတွင်း စစ်ကောင်စီ တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ထံမှ လက်နက်မျိုးစုံ ၂၈၊ ပစ္စတို ၁ လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိ ခဲ့သည်။ နမ့်ခမ်းမြို့ ပြည်သူများနှင့် အချိတ်အဆက်ရှိနေသော ဒေသသတင်းရင်းမြစ်က နမ့်ခမ်းမြို့နေရာအများစုတွင် စစ်တပ်နှင့် ရဲများ မရှိတော့ဘဲ တော်လှန်ရေးတပ်ဖွဲ့များသာရှိပြီး လက်ရှိနမ့်ခမ်းမြို့သည် တော်လှန်ရေးတပ်ဖွဲ့များ၏ အပြည့်အ၀ ထိန်းချုပ်မှု အောက်ရောက်ရှိပြီဟု ဆိုသည်။
နိုဝင်ဘာလဆန်းပိုင်း တော်လှန်ရေးတပ်များ ဝင်ရောက်လာချိန်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီ ဝန်ထမ်းများ ရုံးများမှ ထွက်ပြေးသွားကြပြီး လက်ရှိတွင် စစ်တပ် တပ်စခန်းတစ်ခု ကျန်ရှိနေသေးကာ တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုသည်။နမ့်ခမ်းမြို့ ပြည်သူများနှင့်အချိတ်အဆက်ရှိနေသော ဒေသသတင်းရင်းမြစ်က “မြို့ထဲမှာတော့ တော်လှန်ရေးအဖွဲ့တွေလုံခြုံရေးယူတာမြင်ရတယ်။ မြို့သိမ်းတော့မယ့် အခြေအနေလို့ ပြောလို့ရတယ်။ စစ်တပ် စခန်းတစ်ခုတော့ရှိနေသေးတယ်။ တိုက်ပွဲလည်းဆက်ဖြစ်နေတယ်”ဟု ရှင်းပြသည်။ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုတည်း ကျန်ရှိနေသည့် နမ့်ခမ်းမြို့ရတွင် TNLA တပ်များနှင့် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ဆက်လက်တိုက်ခိုက်နေပြီး လက်ရှိ တွင် တိုက်ပွဲများ ပြင်းထန်နေဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။ https://www.facebook.com/photo/?fbid= 778591147613647&set=pcb.778591654280263
၈။ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းတွင် စစ်တပ်က နယ်ခြားစောင့်တပ်အသွင်ယူပြီး စစ်ရေးပြင်နေ
November 10, 2023
ကော့ကရိတ်- ကြာအင်းဆိပ်ကြီးလမ်းပိုင်းတလျှောက် စစ်ကောင်စီတပ်တွေက နယ်ခြားစောင့်တပ် အသွင်ယူပြီး စစ်ရေး ပြင်ဆင်တာတွေနဲ့ စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကော့ကရိတ်- ကြာအင်းဆိပ်ကြီး လမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီတပ်တွေက အင်အား ဖြည့်တင်းပြီး နယ်ခြားစောင့် (BGF) အသွင်ယူပြီး စစ်ရေးပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ လမ်းပိုင်းတလျှောက် ဂိတ်ကြေးကောက်ခံတာတွေ လုပ်ဆောင်နေတဲ့အပြင် ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးတာတွေပိုမို လုပ်ဆောင်လာပါတယ်။ ဒေသခံပြည်သူတဦးက “စစ်ရေးပြင်ဆင်တယ်။ လူအင် အားတိုးတယ်။ အယောင်ဆောင်တာတွေလုပ် တယ်။ အခု ကိုးတိုင်လမ်းဂွကနေ တောက်လျှောက်ရှိတယ်။ အခု စိုးရိမ်စရာရှိတယ်။ ပိုက်ဆံတွေ တောင်းတယ်။ သူတို့ မထင်ရင် မထင်သလိုအကုန်စစ်တယ်။ လွတ်လွတ်လပ်လပ်သွားလို့မရဘူး။ လမ်းတော့ဖွင့်ထားတယ်၊ အစစ်အဆေးကြမ်းတယ်”လို့ ပြော ပါတယ်။
ကော့ကရိတ်- ကြာအင်းဆိပ်ကြီး လမ်းပိုင်းတလျှောက်က ကိုးတိုင်၊ လှိုက်ကွယ်၊ တောင်ကြာအင်း၊ မြောက်ကြာအင်း၊ လောင်းကိုင်၊ ဖားကျ၊ ဝင်းက စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ထွက်လှုပ်ရှားနေတာကြောင့် ဒေသခံတွေဟာ လုံခြုံမှုမရှိတဲ့အတွက် စိုးရိမ်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်း နယ် ခြားစောင့်တပ်တွေ သီးခြားလှုပ်ရှားသွားလာတာကို ခွင့်ပြုထားပြီး စစ်ကောင်စီတပ်တွေနဲ့ ပူးတွဲစစ်ရေးလှုပ်ရှားလာရင် ပစ်ခတ် တိုက်ခိုက်မယ်လို့ KNU က အတိအလင်း ပြောဆိုထားပါတယ်။ စစ်ကောင်စီတပ်ပဲဖြစ်ဖြစ်၊ BGF တပ်ပဲဖြစ်ဖြစ် ဟန်ဆောင်ပြီး ဘယ်လိုလာလာ သတ်မှတ်ထားတဲ့ စည်းကိုကျော်လွန်လာရင် တိုက်ပွဲဖြစ်မှာပဲလို့ KNU တပ်မှူးတဦးက ပြောပါတယ်။ “သူတို့ ဘယ်လို ပုံစံမျိုးနဲ့ ပြင်ဆင်နေပါစေ၊ တိုက်ပွဲခွင်ထဲဝင်လာရင်တော့ တိုက်ပွဲဖြစ်မှာကတော့ သေချာတယ်။ BGF ကိုလည်း မဆိုလို ဘူး၊ ဘယ်သူကိုမှ မဆိုလိုဘူး။ တော်လှန်ရေးအောင်မြင်ဖို့က တိုက်ပွဲက ကြာလေ ကြာလေ ပြင်းထန်လာမှာကတော့ သေချာ တယ်။” လက်ရှိမှာလည်း ကော့ကရိတ်မြို့တွင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ရေးရင်ဆိုင်ထားဆဲဖြစ်ကာ နှစ်ဖက်စစ်ရေး တင်းမာနေပြီး နိုဝင်ဘာ ၇ ရက်နေ့ ညနေလောက်က တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ ဇိနသုခဘုန်းကြီးကျောင်းနေရာကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ ၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။ https://burmese.dvb.no/post/624301
၉။ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် တရက်တည်းမှာ အမျိုးသမီးနှစ်ဦး ထိမှန်သေဆုံး
November 10, 2023
ကရင်နီပြည်၊ လွိုင်လင်လေးမြို့အနီးက ကျေးရွာတရွာမှာ မနေ့က ( နိုဝင်ဘာလ ၉ ရက်နေ့) ည ၁၁ နာရီ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ လွိုင်လင်လေး အခြေစိုက် ခလရ ၅၃၀ တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက်ဆယ် နှစ်အရွယ် မိန်းကလေးငယ်တဦး ထိမှန်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ” ည ဆယ့်တစ်ခွဲလောက်မှာ လက်နက်ကြီးကျလာတယ်ပေါ့။ လေးလုံးကျလာတယ် ။ အိမ်တွေလည်းထိသွားတယ် ပြီးတော့ကလေးတယောက်ထိသွားတယ်။ အဲ့ထိသွားတဲ့ ကလေး ကတော့ ဆုံးသွားတယ်ပေါ့နော” လို့ ဒေသခံတဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်ဟာ ၁၀ နှစ်အရွယ်ရှိတဲ့ မသဉ္ဇာငြိမ်း ဖြစ်ပြီး မွေးချင်း ခြောက်ယောက်ထဲမှ အငယ်ဆုံးသမီးဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါပစ်ခတ်မှုမှာ ဒေသခံ နှစ်ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
စစ်ကောင်စီတပ်က လွိုင်လင်လေးမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျေးရွာတွေထဲကို လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူဘဲ မနေ့က ( နိုဝင်ဘာလ ၉ ရက်နေ့) ညအချိန်မှာလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်ရဲ့ ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ကနေ လက်နက် ကြီးတွေ ပစ်ခတ် ခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသမီးတဦး ထိမှန်သေဆုံးခဲ့တဲ့အပြင် ၂၂ နှစ်အရွယ် အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ လွိုင်လင်လေး အခြေစိုက် ခမရ (၅၃၀) တပ်ကနေ လွိုင်လင်လေးမြို့အနီးတဝိုက်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြီးခဲ့တဲ့ အောက်တိုလ ၃၁ ရက်နေ့မှာ ဒေသခံတွေက ညတွင်း ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာလည်း ရှိပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေနဲ့ စစ်ဘေး ရှောင်လူထုရှိရာကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ပစ်ခတ်နေတာ ဖြစ်ပါတယ်။ https://www.kantarawaddytimes.or g/s7yn
၁၀။ မြဝတီမြို့ ဝင်တိုက်မည့်သတင်းကြောင့် စစ်ကောင်စီနှင့်ပတ်သက်သူများ နေရာရွှေ့ပြောင်းမှုနှင့် စား သောက်စရာ ဝယ်ယူစုဆောင်းမှုများလုပ်နေ
November 9, 2023
မြဝတီမြို့ကို တော်လှန်ရေးပူပေါင်းတပ် ကော်ပရာစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်မည်ဟု ဆိုသည့် စစ်သတင်းများ နိုဝင်ဘာလ ၈ ရက် ညနေပိုင်းက မြို့ပေါ်နေဒေသခံများအတွင်း ပျံ့နှံ့ခဲ့ပြီးနောက် စစ်တပ်နှင့်ပတ်သက်သူများ နေရာရွှေ့ပြောင်း နေထိုင်ခြင်းနှင့် စားသောက်စရာဝယ်ယူ စုဆောင်းခြင်းများ လုပ်နေကြသည်ဟု မြို့ခံများက ပြောသည်။ “မနေ့က ညနေပိုင်းမှာ လမ်းထဲက စစ်တပ်အုပ်စုတွေ အိမ်ပြောင်းတာ၊ မိသားစုတွေ ဖားအံဘက် ဆင်းသွားတာတွေ လုပ်နေကြတာမြင်တော့ မေးကြည့် တာမှာ ဒီရက်ထဲ PDF ကော်ပရာအဖွဲ့တွေ မြို့ထဲဝင်တိုက်မယ့်သတင်းရထားလို့ ဆိုပြီးပြောလာတယ်။ ကိုယ်တွေကတော့ ပြေး ရှောင်စရာမရှိ၊ ဆန်ဝယ် ဆီဝယ်ဖို့လည်း ငွေမရှိဘူး။ ဒီအတိုင်းပဲ ဆက်နေရမှာပဲလေ။ သူများတွေတော့ အခြေအနေကြည့်နေ တုန်းပဲ ဒရုန်းဗုံးကြဲမှာ ကြောက်နေကြတယ် ”ဟု မြဝတီ ကျွန်းတောရပ်ကွက်သား တစ်ဦးက ပြောသည်။ ယခုရက်ပိုင်းအတွင်း အာရှလမ်းသစ်နှင့်ကော့ကရိတ်၊ ကိုးတိုင်၊ ကျုံဒိုးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတာ်-KNLA ပူးပေါင်းတပ်များ ပစ်ခတ်မှုရှိနေပြီး နိုဝင်ဘာလ ၇ ရက်ညနေပိုင်းက KNLA ပူးပေါင်းဒရုန်းတပ်ဖွဲ့ မှ ဒရုန်းဗုံးကြဲ တိုက်ခိုက် မှုကြောင့် ခြေလျင်တပ်ရင်း -ခလရ ၉၇ စစ်ကြောင်းတပ်စွဲထားသည့် ဇိနသုခ ဘုရားဝင်းအတွင်းက စစ်သား ၂ ဦး ထိခိုက် သေဆုံး မှုရှိခဲ့ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က “ကော့ကရိတ်က တောက် လျှောက်တိုက်နေ တယ်။ စစ်တပ်က အပြင်ထွက်မလာဘူး၊ အရပ်ထဲပဲ အလုံးကြီးပစ်ထုတ်နေလို့ အရပ်သားတွေထိတာကြောင့် ကရင်အဖွဲ့တွေ PDF တွေချိန်ချိန်ဆဆ လုပ်နေရတယ်။ သိပ်မကြာ တော့ပါဘူး၊ သူတို့ဝန်ထမ်းတွေလည်း မြို့ထဲမရှိတော့ဘူး။ အချုပ်သားတွေ လည်း တောင်ကလေး ထောင်ကို ရွှေ့ပို့လိုက်ပြီဆိုတော့ အဲ့ဒီနေရာတွေ အခြေအနေမကောင်းတော့ဘူး။ စစ်တပ်က မထိန်းနိုင် တော့ဘူး”ဟု ပြောသည်။ လက်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ မြဝတီဒေသအတွင်း စစ်တပ်စစ်စခန်းများ၊ လှုပ်ရှား စစ်ကြောင်းများအား KNLA ပူးပေါင်းတပ် စစ်ကြောင်းများ စစ်ဆင်တိုက်ခိုက်သည့် အခြေအနေကြောင့် ထိခိုက်သေဆုံးမှုများရှိ နေပြီး စစ်ကူအင်အား၊ လက်နက်ခဲယမ်းအင်အားဖြည့်တင်းမှုရရှိရန် လုပ်ဆောင် နိုင်ရန် ကရင်နယ်ခြားစောင့်တပ်-BGF များ၏ အကူအညီရယူလုပ်ဆောင်နေရကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။ https://kicnew s.org/2023/11/%e1%80%99 %e1%80%bc%e1%80%9d%e1%80%90%e1%80%ae%e1%80%99%e1
၁၁။ မယ်စဲ့က ကိုယ်ဝန်ဆောင်မိခင် သုံးဆယ်ကျော်အတွက် အစာအာဟာရ နဲ့ အသုံးဆောင်ပစ္စည်းတွေ လိုအပ်
November 10, 2023
ထိုင်း-ကရင်နီနယ်စပ် မယ်စဲ့မြို့နယ်က စစ်ရှောင်စခန်းတွေမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင် သုံးဆယ်ကျော်အတွက် အစာအာဟာရအပြင်၊ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီနေတဲ့ ကရင်နီအမျိုးသမီးအစည်း အရုံး (KNWO ) အဖွဲ့ဝင် မော်ပိုးပို က ပြောပါတယ်။“အဓိက လိုအပ်တာကတော့ သူတို့အတွက် အာဟာရ အစားအစာပေါ့နော်။ ပြီးတော့ ဆောင်းတွင်းဝင်တော့မယ်ဆိုတော့ သူတို့တွေအတွက် အနွေးထည်တွေ၊စောင်တွေ ပြီးတော့ သူတို့သုံးနေတဲ့ ခြင်ထောင် ယူလာထားတာကြာပြီဆိုတော့ ခြင်ထောင်တွေတချို့ ပြန်လိုတော့မယ်ပေါ့နော်။ အထူး သဖြင့် ဒီ အစာအာဟာရနဲ့ ပတ်သက်တာ ရယ်၊ သူတို့ရဲ့ အနွေးထည် သူတို့အတွက် လိုအပ်တော့မယ်ပေါ့နော်။” လို့ မော်ပိုးပိုက ပြောပါတယ်။ ကရင်နီအမျိုးသမီး အစည်း အရုံး (KNWO) အနေနဲ့ မယ်စဲ့ စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ထောက်ပံ့မှုတွေပေးထားပေမဲ့ လိုအပ်မှုရှိနေ ဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။
ကိုယ်ဝန်ဆောင် မိခင်တွေကို သာမန်လူထုတွေထက် ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်သလို၊ သူတိုရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်း ဆိုင်ရာလိုအပ်ချက်တွေကိုလည်း ကူညီထောက်ပံ့ဖို့လိုအပ်တယ်လို့ မော်ပိုးပိုက ဆက်ပြောပါတယ်။“အဓိက ကတော့ ဒီ မယ်စဲ့ ဘက်မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေက သူတို့က အခြားလူထုတွေထက် ပိုပြီးတော့မှ ကူညီထောက် ပံ့ဖို့လိုအပ်တယ်။ ပြီးတော့ သူတို့ရဲ ကျန်းမာရေးရော၊ စိတ်ပိုင်းရော ပေါ့နော် နှစ်ခုစလုံးက အရေးကြီးတာပေါ့နော်။ အဲ့တာကြောင့် သူတို့တွေ ကို ဖြစ်နိုင်ရင် အကူညီထောက်ပံ့တွေရှိရင် ဒီဘက်က ကိုယ်ဝန်ဆောင်မိခင်တွေကို ကူညီပံ့ပိုးခိုင်းစေချင်တယ်ပေါ့နော် “ လို့ သူက ပြောပါတယ်။ မယ်စဲ့မြို့နယ်အတွင်းမှာ ပြန့်ကျဲနေထိုင်တဲ့စစ်ရှောင်စခန်း ကိုးခုရှိနေပြီး လူဦးရေတသောင်းနီးပါး ရှိတယ်လို့ လူမှု ကူညီရေးအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ https://www.kantar awaddytimes.org/%e1%80%99%e1%80%9a%e1 %80%ba%e1%80%85%e1%80%b
၁၂။ မကွီအိမ်နူးမြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နှင့်အဆောက်အအုံ ၂၀ ခန့် ပျက်စီး
November 9, 2023
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ အပါအဝင် အဆောက်အအုံ ၁၉ ခု ပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မင်းတပ်က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ပြီး ဗုံး ၄ လုံး ကြဲချခဲ့လို့ လူနေအိမ် ၁၃ လုံး၊ ဘာသာရေးအဆောက်အအုံ ၄ ခု၊ စာသင်ကျောင်းဆောင် ၂ ဆောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ မကွီအိမ်နူးမြို့ဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရတဲ့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ CDF-မင်းတပ် တာဝန်ခံက ဆိုပါတယ်။
CDF-မင်းတပ် ပြောရေးဆိုခွင့်ရှိသူက “စစ်ရေးလှုပ်ရှားမှုလည်းမရှိ၊ တိုက်ပွဲလည်းမရှိတဲ့နေရာကို ဘာကြောင့် လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်သလဲဆိုတာတော့ မေးစရာဖြစ်လာတယ်။ ကျနော်တို့ဘက်က တပ်ဖွဲ့တွေလည်း မရှိဘူး။ ပြည်သူ လူထုကို သက်သက်မဲ့ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ပဲ ကျနော်ကတော့ သုံးသပ်မိတယ်” လို့ ပြောပါတယ်။ မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက CDF-မင်းတပ်က သိမ်းပိုက်ထားတဲ့မြို့ဖြစ်ကာ စစ်ရေး လှုပ်ရှားမှုမရှိတာ နှစ်နဲ့ချီကြာနေပြီး သာမန်အရပ်သားတွေသာ နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။ https://burmese.dvb.no/post/ 624229
၁၃။ ၁၀၂၇ စစ်ဆင်ရေးကို မနိုင်ပါက တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်ကြောင်း စစ်ကောင်စီ ယာယီသမ္မတ ပြော
November 9, 2023
ရှမ်းပြည် မြောက်ပိုင်းက 1027 စစ်ဆင်ရေးနှင့် စစ်ကိုင်းတိုင်းဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ တိုက်ခိုက် မှုကို မြန်မာစစ်တပ်အနေဖြင့် မစွမ်းဆောင် မတိုက်ခိုက်နိုင်ပါက တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်ကြောင်း စစ်ကောင် စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေက ပြောဆိုလိုက်သည်။ ရှမ်းပြည် မြောက်ပိုင်းဒေသများတွင် စစ်ကောင်စီတပ်များကို ညီနောင် မဟာမိတ်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့က 1027 စစ်ဆင်ရေးဖြင့် ဦးဆောင်ပြီး BPLA နှင့် PDF တို့ဖြင့်ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲအထိ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည်။ ယင်းအပြင် စစ်ကိုင်းတိုင်းဒေသများတွင်လည်း အမျိုးသားညီညွတ် ရေးအစိုးရ NUG လက်အောက်ခံ PDF တပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီက တပ်စခန်း များနှင့် မြို့အချို့ကို လက်လွှတ်ဆုံးရှုံးနေရ၍ ယမန်နေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူခဲ့ပြီး ယင်းအစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ နယ်စပ်ဒေသများတွင်ဖြစ်ပွားနေသည့် သောင်းကျန်းသူများကို စစ်တပ်ကစွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ် အမွှာမွှာ ကွဲသွားနိုင်၍ သေချာစနစ်တကျ ကိုင်တွယ်ရန် လိုအပ်ပြီး တစ်နိုင်ငံလုံးက ပြည်သူများအနေဖြင့်လည်း စစ်တပ်ကို ထောက်ခံပေးကြရန် ဦးမြင့်ဆွေက ပြောဆိုခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေ တို့တက်ရောက်ခဲ့ကြသည်။ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည် မြောက်ပိုင်းတွင် ကိုးကန့်တပ် MNDAA သည် ၎င်းတို့၏ အာဏာ ပြန်လည်တည်ဆောက်လို၍ မဟာမိတ်များဖြစ်သည့် TNLA , AA တို့နှင့်ပူးပေါင်းကာ “ဝ” နယ်မြေအတွင်း စစ်ဆင်ရေးကြိုပြင် ကာ အောက်တိုဘာလ ၂၇ ရက်နေ့က နမ့်တစ်တံတားမှ ချင်းရွှေဟော် သို့ဖြတ်ဝင်၍ တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။ စစ်ကောင်စီသည် ချင်းရွှေဟော၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (ကြူကုတ်)နှင့် သိန္နီတို့ကို လက်လွှတ်ဆုံးရှုံးထားရပြီး MNDAA က လောင်ကိုင်မြို့ကို ရရှိရေးအတွက် ပြင်းပြင်းထန်ထန် ဆက်လက်တိုက်နေသည်။ တစ်ဆက်တည်းမှာပဲ ပွဲလန့်တုန်းဖျာခင်းသည့် အနေဖြင့် NUG လက်အောက်ခံ PDF များက စစ်ကိုင်းတိုင်းဒေသတွင် ကောလင်းမြို့နှင့် ခါးပတ်မြို့တို့ကို သိမ်းပိုက်ထား ကြောင်းနှင့် ယင်းတိုက်ခိုက်မှုများတွင် KIA နှင့် AA တို့ကလည်း ပူးပေါင်းတိုက်ခိုက်ကြကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆိုသည်။ https://www.facebook .com/photo/?fbid=778547477618014&set=a.682731967199566
၁၄။ လားရှိုးမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးငယ် တစ်ဦးအပါအဝင် သုံးဦးသေ
November 9, 2013
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ကောင်းကံရွာမှာ နိုဝင်ဘာလ ၉ ရက်နေ့မနက် ခြောက်နာရီလောက်က ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ဆယ်နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေထဲ က အသက် လေးဆယ်အရွယ် အမျိုးသမီးဟာ ဒဏ်ရာပြင်းထန်လို့ ဆေးရုံကိုရောက်ချိန်မှာပဲ သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။“ရွာအိမ်ခြံဝန်းထဲကျတာ။ မနက်အစောပိုင်းပဲ ကလေးတစ်ယောက်သေသွား တယ်။ အသက် ငါးဆယ်ကျော် အမျိုးသမီး တစ်ယောက်လည်း သေသွားတယ်။ နောက်တစ်ယောက်က ဆေးရုံရောက်မှ ဆုံးသွား တာ။ စုစုပေါင်း သုံးယောက် သေဆုံးသွားတယ်” အလားတူ စစ်ဘေးဒုက္ခသည် တစ်ရာကျော် ခုံလှုံနေတဲ့ မိုင်းတင်းကျေးရွာ ဘုန်းကြီးကျောင်းမှာလည်း ဒီနေ့မနက်က လက်နက်ကြီးနှစ်လုံး ကျရောက်ခဲ့တယ်လို့ မိုင်းတင်းရွာခံတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိခဲ့ပါဘူး။ လားရှိုးမြို့ခံ အချို့ ကတော့ ဒီမနက်ပိုင်းကနေ နေ့လယ်ပိုင်း အထိ စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံကိုကြားနေရတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ကျေးရွာ အတွင်း ကျရောက်ခဲ့တဲ့ လက်နက်ကြီးတွေဟာ ဘယ်အဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးဆိုတာကိုတော့ မသိရှိရဘူးလို့ ဒေသခံ တွေကပြောပါတယ်။
မိုင်းတင်း၊ တာပုံကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရင်း အချို့ရှိနေပြီး မြောက်ပိုင်းအဖွဲ့တွေဘက်က ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်သလို စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ကျေးရွာတွေအနီး လက်နက်ကြီးကျည်ကျလို့ အရပ်သားတွေ မကြာခဏ ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိတယ်လို့ မိုင်းတင်း ကျေးရွာ ဒေသခံအချို့က ပြောပါတယ်။ မိုင်းတင်း၊ တာပုံ၊ ကောင်းကံ ကျေးရွာတွေဟာ လားရှိုးနဲ့ မိုင်ယော်တိုက်နယ် ကျေးရွာကို သွားတဲ့လမ်းမှာရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ကတည်း က အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ် နဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေဖြစ်တဲ့ TNLA၊ ကိုးကန့် MNDAA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတာပါ။ တိုက်ပွဲတွေကြောင့် မိုင်းတင်း၊ တာပုံ၊ မက်ချီနု၊ ကောင်းကံ၊ ဟိုနမ့်၊ ဆုံကွယ်၊ ကောင်းဖြူ၊ ကောင်းကြဲ၊ အောင်သစ္စာ စတဲ့ကျေးရွာတွေက ဒေသခံတွေ အပါအဝင် လားရှိုးမြို့အနီးတဝိုက် ကျေးရွာတွေက ဒေသခံ တစ်သောင်းနီးပါး လားရှိုးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန် ဘုရာကျောင်းတွေမှာ ခိုလှုံနေရပါတယ်။ https://www.facebook.com/photo/?fbid=740197458141659&set= a.583637430464330
၁၅။ ကရင်ပြည်နယ်၌ အဓမ္မဖမ်းဆီး လက်စဖျောက်ခံရသူပေါင်း ၁၆၀ ခန့်ရှိနေ
November 9, 2023
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်မှာ ပေါ်တာဆွဲခံရတာနဲ့ လူသားဒိုင်းအဖြစ် ခိုင်းစေခံရတာ အပါအဝင် စစ်ကောင်စီတပ်ရဲ့ အတင်းအကျပ် ဖမ်းဆီး လက်စဖျောက်ခံရသူပေါင်း ၁၅၉ ဦးလောက် ရှိတယ်လို့ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRG က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ‘ဌာနေအိမ်မှ ပျောက်ဆုံးသူ’ ဆိုတဲ့ အစီရင်ခံစာတစောင်ကို နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ အာဏာ သိမ်းမှုနောက်ပိုင်း စစ်ရာဇဝတ် မှုအမျိုးမျိုး ဖြစ်ပွားတဲ့အထဲမှာ အတင်းအဓမ္မ လက်စဖျောက်ခံရတာဟာ ဆိုးဝါးလာတဲ့ ရာဇဝတ်မှုထဲက တခုဖြစ်ပြီး ကျူးလွန်သူ အများစုက မြန်မာစစ်တပ်ဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ စောနန္ဒဆူးက ပြောပါတယ်။“အတင်းအဓမ္မ ပျောက်ဆုံးမှုကို အများဆုံးကျူးလွန်တဲ့ တရားခံက မြန်မာစစ်တပ်ဖြစ်တယ်ပေါ့နော်။ ဒီအာဏာရှင် ဗမာစစ်တပ် အများစုကနေပြီးမှ အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ၊ နောက် ရှေ့တန်းမြေပြင်ကို ထိုးစစ်ဆင်မှု ပြုလုပ်တဲ့အခါမှာ ကျေးလက်နေပြည်သူတွေကို သူတို့ကနေပြီး မတရားဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာ ပျောက်ဆုံးခဲ့ရတဲ့အမှု ကျနော်တို့ အများဆုံး တွေ့ရှိခဲ့ရတယ်ပေါ့။ နောက်တခါ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်းပဲ အတင်းအဓမ္မ ပျောက်ဆုံးခြင်း ရာဇဝတ်မှုကိုလည်း ကျူးလွန်တယ်ဆိုတာကို ကျနော်တို့တွေ့ရှိရပါတယ်။” ဒီလိုကျူးလွန်မှုတွေရှိပေမဲ့ အတင်းအဓမ္မ လက်စ ဖျောက်ခံရသူတွေအနေနဲ့ တရားမှုတမှုမရှိသလို ကူညီထောက်ပံ့ပေးမှုတွေမရှိဘဲ ဆင်းရဲခက်ခဲရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင် ကြရတယ်လို့လည်း ပြောပါတယ်။
“စစ်တပ်က ကျူးလွန်သော်လည်းကောင်း၊ တခြားလက်နက်ကိုင်က ကျူးလွန်သော်လည်းကောင်း ကျူးလွန်ခံရသူတွေ အနေနဲ့ အင်မတန်မှ တရားမျှတမှုနဲ့ အလှမ်းဝေးနေဆဲပဲ။ သူတို့တွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ထိခိုက်နစ်နာ ဆုံးရှုံးမှု တွေ အများကြီး ကြုံခဲ့ရတယ်။ ကူညီထောက်ပံ့မှုတွေနဲ့ အလှမ်းဝေးနေတယ်။ ပြီးလို့ရှိရင် ပျောက်ဆုံးသွားတဲ့ လူပုဂ္ဂိုလ်တွေကို ရှာဖွေတွေ့ရှိဖို့က အင်မတန်မှကို ခက်ခဲတယ်။ သက်ဆိုင်ရာ တာဝန်ရှိခေါင်းဆောင်တွေ အနေနဲ့လည်း ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ ပြည့်စုံလုံလောက်တဲ့ သတင်းအချက်အလက်တွေကို သူတို့က မရရှိကြဘူး။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုပုံစံနဲ့ ဖြစ်ပွားခဲ့လဲဆိုတာ သူတို့ ကောင်းကောင်းမွန်မွန် မသိရှိကြဘူးပေါ့နော်။ ဒီအခြေအနေပေါ်မှာ အတင်းအဓမ္မ ပျောက်ဆုံးခြင်းခံရတဲ့ ရွာသားတွေ၊ မိသားစုဝင်တွေဟာ ဒီဒဏ်ကို လုံးဝ ဆိုးဆိုးဝါးဝါး ခံစားနေရတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။” အတင်းအဓမ္မ ဖမ်းဆီးလက်စဖျောက်ခံရသူတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ ဘယ်လိုဖြစ် ခဲ့လဲ၊ ဘယ်လိုအခြေအနေတွေရှိလဲ၊ ဘယ်လိုပုံစံနဲ့ နိုင်ငံတကာအထိ သိခွင့်ရအောင် ဒီအစီရင်ခံစာကို ရေးသားထုတ်ပြန်ရတာလို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။ ဒီလို အတင်းအဓမ္မ ပျောက်ဆုံးမှု ဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းဟာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖြစ်ပွားတဲ့ အကြောင်းအရာတွေဖြစ်ပြီး အထူးသဖြင့် အပြစ်မဲ့ပြည်သူတွေကို စစ်အာဏာရှင်ဆန့်ကျင်မှုနဲ့ ပတ်သက် ဆက်နွှယ်လို့ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးပြီး ပျောက်ဆုံးရတဲ့အမှုတွေ များကြောင်းလည်း ဆိုပါတယ်။ ဒီလို ကျူးလွန်တာဟာ စစ်ကောင်စီတပ်တွေအပြင် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ကျူးလွန်တာတွေရှိကြောင်းလည်း ပြောပါ တယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကော်မရှင်ကနေ ပြုလုပ်တဲ့ အကြုံပြုချက်တွေကို လိုက်နာအကောင် အထည်ဖော်ဆောင်ဖို့ တိုက်တွန်းကြောင်းလည်းပြောဆိုခဲ့ပါတယ်။ https://burmese.dvb.no/post/624263
၁၆။ UEC မူဝါဒသစ်ကြောင့် လူနည်းစု မြိုတိုင်းရင်းသားပါတီ ဖျက်သိမ်း
November 10, 2023
ခိုင်တိုင်းရင်းသား လူနည်းစုမျိုးနွယ်စုဝင်ဖြစ်တဲ့ မြိုတိုင်းရင်းသားပါတီဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသစ်ပြဌာန်းထားတဲ့ သတ်မှတ်ချက်ကို ပြည့်မီအောင် လုပ်ဆောင်ဖို့ခက်ခဲတာကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ မြိုတိုင်းရင်းသားပါတီဟာ စစ်ကောင်စီကဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ကို ၂၀၂၃ မတ်လ ၂၄ ရက်နေ့မှာ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့ မှတ်ပုံတင်ခွင့် ရခဲ့တာပါ။ ဒါပေမဲ့ သတ်မှတ်ကာလအတွင်း မြို့နယ်ငါးခုမှာ ပါတီရုံးဖွင့်လှစ်ရမယ်ဆိုတဲ့ ပြဌာန်း ချက်အရ မြို့နယ် သုံးခုမှာသာ ရုံးဖွင့်လှစ်နိုင်ခဲ့တာကြောင့် ဖျက်သိမ်းလိုက်ရတာလို့ မြိုတိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးအေးထွန်းက ပြောပါတယ်။ “ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မှာ ရုံးမဖွင့်နိုင်။ ဒါကြောင့်မြို့နယ်တိုင်းက ကိုယ်စားလှယ်တွေကို အစည်းအဝေးခေါ်ပြီး အဲဒီအခက်အခဲကို မကျော် လွှားနိုင်တဲ့အခြေအနေမျိုးကို တင်ပြလာကြတယ်။ ဆိုတော့အားမတန်ရင်မာန်ကိုလျှော့ဆိုပြီး ထွက်လိုက်ကြတာပါ” မြိုတိုင်းရင်း သား ပါတီဝင်တွေဟာ ကျေးလက်ဒေသတွေမှာ အခြေချနေထိုင်ကြသူတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် မြို့ပေါ်မှာရုံးဖွင့်ဖို့ ငွေရေး ကြေးရေး အခက်အခဲကြောင့် အောက်တိုဘာ ၂၇ ရက်နေ့မှာ ပါတီဖျက်သိမ်းလိုက်ရတာဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးအေးထွန်းက ဆက်ပြောပါတယ်။
“ပါတီရုံးခန်း အနည်းဆုံး ငါးမြို့နယ်မှာ ငါးခုဖွင့်ပေးရမယ်ဆိုတဲ့အချက်မှာ ငြိတာပေါ့။ ငြိတယ်ဆိုတာ မြို့မှာ ကိုယ့်လူမျိုး တွေက မနေကြတော့ မြို့မှာရုံးမဖွင့်နိုင်။ မဖွင့်နိုင်တာက ဥပမာ မြို့မှာဖွင့်မယ်ဆိုရင် ငွေရေးကြေးရေး အများကြီးလိုအပ်တာကိုး” မြိုတိုင်းရင်းသားပါတီဟာ ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင်ခွင့်ရပါတီ ငါးခုအနက် တစ်ခုဖြစ်ပြီး မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ စစ်တွေ စတဲ့ မြို့နယ် ငါးခုမှာ ပါတီရုံးဖွင့်လှစ်ရမှာပါ။ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီး အရင်ကရှိနေတဲ့ပါတီတွေကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့ တာပါ။ အဲဒီဥပဒေသစ်ပြဌာန်းချက်တွေထဲမှာ ပြည်နယ်အဆင့်မှတ်ပုံတင်ခွင့်ရရှိထားတဲ့ ပါတီတွေအနေနဲ့ ပါတီရဲ့ရန်ပုံငွေ ကျပ် သိန်းတစ်ရာကို ပါတီမှတ်တင်လျှောက်ရာမှာ တစ်ပါတည်းတင်ပြရမယ်။ မှတ်ပုံတင်ခွင့်ကျပြီးနောက် နှစ်လအတွင်း ပါတီဝင် အင်အားတစ်ထောင်နဲ့ ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံးမြို့နယ်ငါးခုမှာ ရုံးခန်းတွေလှစ်နိုင်ရမယ်လို့ ပါရှိပါတယ်။ https://w ww.rfa.org/burmese/news/myo-ethnic-party-11092023060612.html
၁၇။ လီဒိုလမ်းမပေါ်ရှိ စစ်ကောင်စီ ခ.မ.ရ (၃၉၀) စခန်းကို KIA တိုက်ခိုက်
November 10, 2023
တနိုင်းမြို့နယ်၊ နန်ဖြတ်ယာန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၆ နာရီခန့်က ကချင်လွတ်မြောက်ရေး တပ် (KIA) က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မြစ်ကြီးနား – တနိုင်းလီဒိုလမ်းမပေါ်ရှိ အင်အား ၉၀ ခန့်ဖြင့်တပ်စွဲ ထားသော စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၉၀) တပ်စခန်းကို KIA တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။“တိုက်ပွဲကတော့ ပြီးပြီ။ နန်ဖြတ်ရွာက ရော်ဘာခြံမှာဟုတ် တယ်။ အဲ့ဒီစခန်းက လက်နက်ကြီး၊ သံချပ်ကာကားတွေ ရှိတာ၊ တပ်ရင်းဟုတ်တယ်။ အခြေအနေတော့ အတိအကျ မသိရသေး ဘူး” ဟု ပြောသည်။ KIA တပ်မဟာ ၂ တပ်ရင်း ၄၃ တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူ ၁၀၀ ကျော်ခန့်က နောင်းလုံကောင်ရာကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွား ပြီဖြစ်ကြောင်း အသက် ၄၃ နှစ်ခန့်အရွယ်ရှိ နောင်းလုံကောင်ရာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။“ဒီမနက်ရော်ဘာခြံ နားမှာ တိုက်ပွဲဖြစ်တော့ နှစ်ခြင်းအသင်းသူ၊ အသင်းသားတွေ တခြားအဖွဲ့အစည်းတွေရောအများကြီးပဲ။ အကုန်လုံး ဘုရား ကျောင်းထဲမှာ ရောက်နေပြီ။ မနက်စာစားဖို့ ပြင်ဆင်နေတာ” ဟုပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က တနိုင်းမြို့ နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ KIA ၏ ကနွယ်တူတပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=656925 349968470&set=a.535867405407599
၁၈။ စစ်ကောင်စီက မိုးဗြဲမြို့အနောက်ဘက်က စစ်ရှောင်စခန်းတွေဆီ သုံးရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်၊ အမျိုးသား တဦးထိမှန်
November 9, 2023
ကရင်နီနဲ့ ရှမ်းပြည်နယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေဆီကို စစ်ကောင်စီကသုံးရက်ဆက် တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် စစ်ရှောင်အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Mobye Local PDF ပြန်ကြားရေးအဖွဲ့ဝင် အမျိုးသမီးတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ကစပြီး နိုဝင်ဘာလ ၈ ရက်နေ့အထိ သုံးရက် ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်သွားတဲ့ အမျိုးသားကတော့ အသက်ခြောက်ဆယ်ဝန်းကျင် အရွယ်ရှိတဲ့ စစ်ရှောင်အမျိုးသားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က လက်မောင်းမှာ လက်နက်ကြီးစထိမှန်တာဖြစ်ပြီး ဒဏ်ရာ မစိုးရိမ်ရဘူးလို့ သိရပါတယ်။“၇ ရက်နေ့လောက်က စစ်ရှောင်တဲဘေးမှာဘဲ ကျတာရှိတယ်ပေါ့နော်။ ပစ်ခတ်တာတော့ သုံးည ဆက်တိုက်လောက်ရှိပြီ။ ၆ ရက်နေ့တုန်းကလည်း မိုးဗြဲမြို့ပေါ်ကိုပစ်တာ ပြည်သူတဦးထိသေးတယ်ရှင့်။ အဖိုးအရွယ်ပါ။ မြို့ပေါ် မှာပစ်တဲ့ညကျတော့ သေချာမသိရဘူး၊ မိုးဗြဲအနောက်ဘက်ခြမ်းမှာ ပစ်တာတော့ တခါပစ်ရင်နှစ်လုံး နှစ်ဆင့်ကွဲတွေပါ။ ဦးတည် ပစ်ခတ်တယ် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီ မိုးဗြဲအနောက်ဘက်ခြမ်း ကျတဲ့နှစ်ညလုံးက မနီးမဝေး ဧရိယာတခုတည်း ဘဲ။”လို့ Mobye Local PDF ပြန်ကြားရေးအဖွဲ့ ဝင် အမျိုးသမီးတဦးက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုက နေ့၊ ည မရွေး ပစ်ခတ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့လည်း လုံခြုံတဲ့ နေရာကို ပြောင်းရွှေ့နေထိုင်ကြဖို့လည်း Mobye Local PDFက နိုဝင်ဘာလ ၈ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားတာရှိပါတယ်။“ မထင် ရင်မထင်သလို ပစ်တာမျိုးပဲ၊ တခါတလေ ညဖက်၊ တခါတလေနေ့ဖက်ပေါ့။ သူတို့လှမ်းထုတာတော့ ထုတယ်၊ ဒါပေမဲ့ ပစ်တာ တော့ ဒီအနောက်ဖက်ခြမ်းမှာ ဦးတည်ပြီးပစ်တာမျိုးတော့ တွေ့ရတာပေါ့နော်” လို့ မိုးဗြဲဒေသခံ အမျိုး သားတဦးက ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၆ ရက်နေ့မှာ စစ်ကြောင်းသွားလာဖို့ ကြိုတင်လမ်းကြောင်းရှင်းတဲ့ အနေနဲ့ မိုးဗြဲမြို့ အတွင်းကို ပစ်ခတ်တာဖြစ်ပြီး၊ ၇ ရက်နေ့ နဲ့ ၈ ရက်နေ့တွေမှာ စစ်ရှောင်စခန်းတွေဆီကို လက်နက်ကြီး အချက်ရေ သုံးဆယ်ဝန်းကျင် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://ww w.kantarawaddytimes.org/%e1%80%85%e1%80% 85%e1%80%ba%e1%80%80%
၁၉။ အင်းသားအမျိုးသားနေ့ ပျော်ပွဲရွှင်ပွဲမထည့်သွင်းဘဲ အနှစ်သာရရှိရှိကျင်းပဖို့ အင်းသားအဖွဲ့အစည်းတွေတောင်းဆို
November 10, 2023
အင်းသားအမျိုးသားနေ့ကို ပျော်ပွဲရွှင်ပွဲတွေနဲ့မကျင်းပဘဲ အနှစ်သာရရှိရှိကျစ်ကျစ်လစ်လစ်သာကျင်းပဖို့ အင်းသား အဖွဲ့ အစည်းတွေ စုပေါင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့၊ နိုဝင်ဘာ ၁၃ ရက်မှာ ကျရောက်မယ့် (၈) ကြိမ်မြောက် အင်းသားအမျိုးသားနေ့ကို စစ်ကောင်စီထံမှတ်ပုံတင်ထားတဲ့ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီနဲ့ စစ်ကောင်စီ လက်အောက်ခံ အင်းအဖွဲ့အစည်းတွေ ဦးဆောင်ပြီး ညောင်ရွှေမြို့နယ်၊ ကျောက်တိုင်ကွင်းနဲ့ စံကားဒေသမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပဖို့ပြင်ဆင်နေပါတယ်။ ဒါကြောင့် အင်းအမျိုးသားနေ့ကျင်းပပါက ဆရာတော် သံဃာတော်များကို ပူဇော်ကန်တော့ ဩဝါဒ ခံယူပြီး ဟောပြောပွဲ အခမ်းအနားကဲ့သို့သာ ကျစ်လစ်စွာ အနှစ်သာရရှိရှိ ကျင်းပဖို့ လိုတယ်လို့ အင်းသားအဖွဲ့အစည်းတွေ ထုတ် ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဆရာတော်သံဃာတော်များအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကို ဉာဏ်ပညာ နဲ့ ရှူမြင်ပြီး အသုံးချခံမဖြစ်ဖို့လျှောက်ထားပါတယ်လို့လည်း အင်းသားအဖွဲ့စည်းများရဲ့ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားပါတယ်။
အင်းအမျိုးသားနေ့ကို အသိအမှတ်ပြု ထောက်ခံ ကြိုဆိုပေမယ့် အချိန်အခါအရ တိုင်းပြည်နဲ့ လူမျိုးတို့ရဲ့ အခြေအနေ အရပ်ရပ်ကို ထည့်တွက်ချင့်ချိန် လုပ်ဆောင်ရမယ်လို့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF၊ အင်းလေး ဖက်ဒရယ် ဒီမိုကရေစီ လှုပ်ရှားမှု-IFDM၊ အင်းလေး အမျိုးသမီးသမဂ္ဂ-IWU နဲ့ မြို့နယ်ရပ်မိရပ်ဖ တို့က စုပေါင်းထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုအချိန်ဟာ စစ်အာဏာရှင် တိုက်ဖျက်ရေး ရေချိန် မြင့်တက်နေတဲ့ ကာလဖြစ်ပြီး တိုင်ရင်းသား ပြည်သူ တွေ အထွေထွေ အကျပ်အတည်း ကျရောက်နေချိန် ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပပြီး မြူးတူးပျော်ပါးတဲ့ လုပ်ရပ်ဟာ အင်းသား လူမျိုး ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ IPDF၊ IFDM၊ IWU တို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် အင်းအမျိုးသား နေ့ကို ပျော်ပွဲ ရွှင်ပွဲတွေ ထည့်သွင်းကာ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ နိုင်ငံရေး အမြတ်ထုတ်ဖို့ ဆောင်ရွက်နေတာကို ပြင်းထန် စွာ ကန့်ကွက်တယ်လို့ စုပေါင်း ထုတ်ပြန်ချက်က ဆိုပါတယ်။ ပြည်သူလူထု အလိုနဲ့ ဆန့်ကျင်ပြီး အမျိုးသားနေ့ကို နိုင်ငံရေး အမြတ်ထုတ်ကာ ဦးဆောင်ကျင်းပ သူတွေကို မှတ်သားပြီး အရေးယူနိုင်တဲ့ အချိန်မှာ ထိရောက်စွာ အရေးယူမယ်လို့လည်း အင်းသား အဖွဲ့အစည်းတွေရဲ့ စုပေါင်းထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ https://www.facebook.com/photo?fbid=3 6652252240086 5&set=pcb.366522579067526
၂၀။ သထုံခရိုင်အတွင်း ကျေးရွာ ၂၄ ရွာမှ ဒေသခံပြည်သူများထံ BGF ငွေကြေးတောင်းခံမှုပြုလုပ်
November 10, 2023
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေ ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာ ၂၄ ရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေက နယ်ခြာစောင့်တပ် BGF ၁၀၁၄ တပ်ရင်း လက်အောက်ခံ တပ်ခွဲမှူး-ဗိုလ်တင်ဝင်းမှ ငွေကြေး တောင်းခံမှုများ ပြုလုပ်နေကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။ မိတ္ထီလာတပ်စခန်းရှိ BGF တပ်ခွဲမှူး-ဗိုလ်တင်ဝင်းသည် ဝဲပျံကျေးနယ်နှင့် တကောင်ဘိုးကျေးနယ်ရှိ ကျေးရွာများမှ ရွာလူကြီးများကို ခေါ်ယူတွေ့ဆုံကာ စခန်းအတွင်း ရှိ စေတီတော်ကို သိမ်တင်ရန်အတွက်ဆိုကာ ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံပြည်သူများထံ ငွေကြေး စုစုပေါင်း (တစ်ရာကိုး ဆယ့်လေးသိန်း)ကို အတင်းအဓမ္မတောင်းရမ်းရယူခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ BGF တပ် ငွေကြေးအဓမ္မတောင်းရမ်းခြင်းခံခဲ့ရသည့် ကျေးရွာများမှာ ဝဲပျံကျေးနယ်အုပ်စုရှိ ဝဲပျံရွာ ပေပင်ဆိပ်ရွာ၊ ဘုရားဆိပ်ရွာ၊ မိတ္ထီလာ ရွာ၊ မီးဇိုင်းရွာ၊ ဖားဘော်ရွာ၊ မီးဇိုင်းတောင်ခြေရွာ၊ တုက်ကြီးရွာ၊ တကောင်ဘိုး ကျေးနယ်အုပ်စုရှိ တကောင်ဘိုးရွာ၊ ကုန်းတန်းကြီး ရွာ၊ မီးပုံးရွာ၊ ဘောသပြုရွာ ၊ ဂျိုး ပင်ဆိပ်ရွာ၊ နိုးကွားရွာ၊ မဲလံရွာ၊ မဲလံချောင်းဝရွာ၊ ထီးဖိုးနက်ရွာ၊ နော်သရေးရွာ၊ ကွီးသခေ့ါရွာ ၊ လာခဲ့ ခေါ်ရွာ၊ စိမ့်ချောင်းရွာ၊ လက်ပံတန်းရွာ၊ ဝဲပျံချောင်းဝရွာ၊ မြိုင်ရွာတို့ဖြစ်ကြပြီး တစ်ရွာကို ကျပ် ၂ သိန်းမှ ၁၃ သိမ်းအထိ တောင်းခံခဲ့သည်ဟု KNU က ဖော်ပြထားသည်။
အဆိုပါ ဒေသခံပြည်သူများထံ ငွေကြေးတောင်းခံမှုနှင့်ပတ်သက်ပြီး BGF ၁၀၁၄ တပ်ရင်းမှ တပ်ခွဲမှူး-ဗိုလ်တင်ဝင်းအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။ ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၂ ရက်က လည်း ဖားအံမြို့နယ်၊ တံတားဦး၊ ညောင်ကုန်း၊ ဝဲပျံ ကျေးရွာဘက်တွင် ဗိုလ်တင်၀င်းဦးစီး BGF တပ်များက ဒေသခံများအား ဖမ်းဆီးခေါ် ဆောင်ပြီး တိုက်ပွဲ ဖြစ်နေသည့် ၀င်းတာပန် ၊ လေးကေရွာများဘက်သို့ ပေါ်တာခိုင်းစေခြင်း၊ စစ်သားစုဆောင်းခြင်း၊ ငွေကြေးကောက်ခံ ခြင်းများလုပ်ဆောင်ခဲ့သေးသည်ဟု ဒေသခံသတင်းအရင်း အမြစ်များထံမှ သိရသည်။ https://kicnews.or g/2023/11/%e1%80%9e%e1%80%91%e1%80%af%e1%80 %b6%e1%80%81%e1%80%9b%e1%
၂၁။ ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံအမူတော်ဆောင်များအဖွဲ့က ခရစ်စမတ်နဲ့နှစ်သစ်ကူးပွဲကို စည်ကားစွာပွဲမလုပ်ဖို့ ညွှန်ကြား
November 10, 2023
လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်အတွင်း ဟားခါးမြို့နယ်တွင်းမှာ ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်ကို စားပွဲတွေနဲ့ လူစည်ကားသိုက်မြိုက်စွာ ကျင်းပမှုကို မပြုဖို့ ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမူတော်ဆောင်များအဖွဲ့က နိုဝင်ဘာ လ ၁၀ ရက်မှာ ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံဆီ ညွှန်ကြားထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ဘေး ကာလဖြစ်ပြီး နောက်ပိုင်းအခုလို ပွဲမကျင်းပဖို့ထုတ်ပြန်ညွှန်ကြားတာ အခုဆိုရင် သုံးနှစ်မြောက်ဖြစ်ပါတယ်။ ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲ တော်ကို ဘုရားကျောင်းအတွင်းမှာပဲ ကျင်းပဖို့ ဟားခါး ခရစ်ယာန်ဂုဏ်းပေါင်းစုံအမှုတော်ဆောင်များအဖွဲ့က ၄ ရက်နေ့ နိုဝင်ဘာ လ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ ဘုရားကျောင်း၊ ရပ်ကွက်အလိုက်၊ တစ်သီးပုဂ္ဂလ ရဲ့အလှုနဲ့ဖြစ်ဖြစ် ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်ကို လူအစုလိုက်ပွဲတော်ကျင်းပခြင်း၊ စားသောက်ပွဲဆောင်ရွက်ခြင်းကို မပြုဖို့ထုတ်ပြန်တာဖြစ်ပါတယ်။
အဲဒီအပြင် ပွဲတော်အတွက် ဘုရားကျောင်းအလှဆင်မှုတွေကိုလည်း ဘုရားကျောင်းအတွင်းသာပြုလုပ်ပြီး ဘုရား ကျောင်းအပြင်ဖက် အလှဆင်မှုတွေကိုလည်း မပြုလုပ်ဖို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဟားခါးအသင်းတော်တစ်ခုက လူငယ် ခေါင်းဆောင်တစ်ဦးက “အရင်ကတော့ လူငယ်တွေအနေနဲ့ ဘုရားကျောင်းကော၊ ဘုရားကျောင်းပြင်ပတွေမှာ ခရစ်စမတ်ပွဲတော် အတွက်ည Carol Singing သွားပြီးရတဲ့ ရန်ပုံငွေနဲ့ အလှဆင်တာမျိုးလုပ်ကြတယ်။ စားပွဲတွေလည်း အတူစည်စည်ကားကားနဲ့ စားသောက်ပြီး ပွဲတော်ကိုချီးမွမ်းကြတယ်။ အဲလိုမလုပ်ဖြစ်တော့တာ ကိုဗစ်စဖြစ်ကတည်းကမလုပ်ဖြစ်တော့ဘူး” လို့ပြောပါ တယ်။ ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံအမူတော်ဆောင်များအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ မိသားစုအလိုက် ပွဲတော်ကျင်းပဖို့ အတွက် လည်း အိမ်တွင်းမှာသာပြုလုပ်ပြီး ရပ်ကွက်အလိုက်လူဖိတ်ကြားပြီး အစုအလိုက်မပြုလုပ်ဖို့တိုက်တွန်းထားပါတယ်။ https://w ww.facebook.com/photo?fbid=7372762617 68041&set=pcb.737277551767912
၂၂။ သရက်ချောင်းမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
November 9, 2023
သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေကပြောပါ တယ်။ ပစ်သတ်ခံရသူဟာ အသက်၅၇ နှစ်အရွယ် ဦးစိုးဝေဆိုသူဖြစ်ပြီး ဒီကနေ့မနက် ၉ နာရီအချိန်ခန့်က ဆင်စွယ်ချောင်းရွာမှာ ပစ်သတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။“သူကဆံပင်ညှပ်သွားတာ လမ်းမှာပစ်ခတ်ခံလိုက်ရတယ်။ ဒီရွာတစ်ကြောမှာ သူက ခေါင်းဆောင်ပဲ။ ပြည်သူ့စစ်တွေဆိုတာ သူ့အုပ်ချုပ်မှုအောက်မှာပဲရှိတယ်။ စစ်ကြောင်းတွေလာရင် လည်း အမြဲပါတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဦးစိုးဝေဟာ NLD အစိုးရလက်ထက်မတိုင်ခင်ကတည်းက ပဲဒက်ကျေးရွာ အုပ်ချုပ် ရေးမှူးဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ သူ့ကိုဘယ်အဖွဲ့ကပစ်သတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေး ပါဘူး။ ဦးစိုးဝေဟာ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တယ်လို့ နာမည်ကြီးသူဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က သတိပေး ခဲ့ဖူးတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီက အားကိုးအားထားရတဲ့သူ အသတ်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ကျေးရွာအတွင်း စစ်ကောင်စီတပ်က အကြမ်းဖက်လုပ်ရပ်တွေ လုပ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ပဲဒက်ကျေးရွာဟာ အစိုးရအဆက်ဆက် ပြည်ခိုင် ဖြိုးပါတီကို ထောက်ခံအားပေးမှုအများဆုံးမြို့နယ်ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲအခြေ ချနေတဲ့ ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလက ပဲဒက်ကျေးရွာက ပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်တွေဟာ ဝင် ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=363644246053331&set=a.19621 2682796489
၂၃။ မိုးမောက်မြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦးပစ်သတ်ခံရ
November 10, 2023
ကချင်ပြည်၊ မိုးမောက်မြို့ ကြံခင်းကျေးရွာ ရာအိမ်မှူး ယမန်နေ့နံနက် ၉ နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။ ကြေးနန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။“ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့အချိန် ပစ္စတိုနဲ့ဝင်ပစ်သွားတယ်လို့ကြားတယ်” ဟုပြောသည်။ ရာ အိမ်မှူး ဦးစိုးနိုင်မှာ ဦးခေါင်းတွင် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်းတစ်ဦးလည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကြေးနန်းရပ်ကွက် မန်ပုံ IDP Camp အရှေ့က လက်ဖက်ရည်ဆိုင်မှာပစ်သတ်ခံရတာ။ အပစ်ခံရတဲ့ ရာအိမ်မှူးကတော့သေသွားတယ်။ နောက်လက်ဘက်ရည်ဆိုင်မှာရှိတဲ့ အကူတစ်ယောက်ကတော့ ခြေထောက်မှန် သွားတယ်” ဟုပြောသည်။
လာရောက်ပစ်ခတ်သွားသူမှာ စစ်ကောင်စီတပ်ရှိရာသို့ ထွက်ပြေးသွားပြီး မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခံ ရခြင်းဖြစ်သည်ကို မသိကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ပစ်သတ်တဲ့သူက ဒီစစ်တပ်လမ်းဘက်ကို ထွက်ပြေးသွားတယ် လို့ပဲ သိရတယ်။ ဘာကြောင့်အသတ်ခံရတယ်ဆိုတာ အတိအကျတော့ မသိရသေးဘူး။ သူက စစ်ကောင်စီဘက်က လူတွေနဲ့ လည်း အရမ်းပေါင်းတယ်စကားတော့ အရမ်းပြောတာဟုတ်တယ်”ဟုပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ကလည်း ကြေးနန်းရပ်ကွက်နှင့် ကြံခင်းကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ https://www.facebook.com/photo/?fbid=6568885066 38821&set=a.535867405407599
၂၄။ ကော့ကရိတ်နှင့်ကရင်နီတွင် စစ်ကောင်စီတပ်၊ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရ
November 9, 2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေ ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းဒရုန်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး (တပ်ခွဲမှူး) အဆင့်အပါအဝင် ၃ ဦး သေဆုံး သွားပါတယ်။ နိုဝင်ဘာ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက် အောက်ခံ ခလရ ၉၇ တပ်ရင်း နေရာယူ တပ်စွဲထားတဲ့ ဇိနသုခဘုန်းကြီးကျောင်း နေရာကို မောင်းသူမဲ့လေယာဥ်တွေနဲ့ ၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ မြေပြင်ဒရုန်းရဲဘော်တဦးက နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။“သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး) သေဆုံးမှုကို ကျနော်တို့ရဲ့ မြေပြင်က အတွင်းသတင်း ယူပေးသူတွေက အတိအကျ ယူလာပေးတာ ပါ။ ကျနော်တို့က ဒရုန်း ၃ စင်းနဲ့ တက်ကြဲတာပါ။ သူတို့တိုက်ခိုက်ခံရပြီးပြီးချင်းမှာ ခလရ ၉၇ ထဲကို အားချင်း ပြန်ခေါ်သွားတယ် လို့ သိရတယ်ဗျ။” တိုက်ခိုက်မှုတွေကိုတော့ Justice Soldier PDF drone တပ်ခွဲ၊ Shar Htoo Waw နည်းပညာနဲ့ Kloud, Angry Bird Drone Ranger, Power of Ababil (POA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို နိုဝင်ဘာ ၅ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကား ၄ စီး ပျက်စီးခဲ့တယ် လို့ တပ်ရင်း ၁၁၀၁၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။ လွိုင်ကော်ဘက်မှ ဒီးမော့ဆိုဘက်ကို ဦး တည်လာတဲ့ စစ်ကား ၄ စီးပါ ထောက်ပို့ယာဉ်တန်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား နိုဝင်ဘာ ၅ ရက် မနက် ၁ နာရီမှ မနက် ၂ နာရီခွဲ အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ထောက်ပို့ကား ၄ စီးလုံး ပျက်စီးခဲ့ကာ ၁ စီးကိုတော့ မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ကရင်နီကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ စွန့်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်နဲ့ ဒီးမော့ဆို – ဖရူဆိုပြည်ထောင်စု လမ်းမကြီးတလျှောက်မှာ စစ်ရေးတင်းမာနေပြီး အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်နိုင်တဲ့အတွက် ပြည်သူတွေ စစ်ဇုန်အတွင်းသွားလာလှုပ်ရှားတာ၊ ဝင်ရောက် နေထိုင်တာ၊ နေအိမ်ပြန်ကြည့်တာနဲ့ ပစ္စည်းတွေ သယ်ဆောင်တာတို့ လုံးဝမပြုလုပ်ကြဖို့ လွိုင်ကော်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဗျူဟာ-၂ အပါအဝင် ကရင်နီတော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။ https://burmese.dvb.no/ post/624183
၂၅။ ရိုဟင်ဂျာပြန်ပို့ရေးအစီအစဉ် ရပ်တန့်ဖို့ လူ့အခွင့်ရေးအဖွဲ့တောင်းဆို
November 10, 2023
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီး ရိုဟင်ဂျာတွေ နေရပ် ပြန်ပို့ဖို့ လုပ်နေတယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ ဒီလို လုပ်ရပ်ကို ချက်ချင်းရပ်ဖို့လည်း တောင်းဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာ တရားမျှတမှုဖော်ဆောင်နိုင်ဖို့ ကြိုးစားနေပေမယ့် တစ်ဖက်မှာလည်း ရိုဟင်ဂျာတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေမပေးဘဲ ချိုးဖောက်နေတယ်လို့ Fortify Rights ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို စစ်သွေးကြွတွေ သတ်ဖြတ်နေတာ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာတွေကို ဥပဒေမဲ့ ဖမ်းဆီးနေတာ၊ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် မပေးတာတွေကို အစီရင်ခံစာမှာ ထောက်ပြ ထားပါတယ်။ လာမယ့် နို၀င်ဘာ ၁၃ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးဖို့ရှိနေပြီး၊ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ဆွေးနွေးနိုင်ဖို့ Fortify Rights အဖွဲ့က အကြံပြုချက် ၁၅ ချက်ပါတဲ့ အစီရင်ခံစာကို တင်သွင်းလိုက်တာဖြစ်ပါတယ်။ https://www.rfa.org/ burmese/news/demand-to-stop-rohing ya-repatriation-program-11092023071458.html
၂၆။ တွန်းဇန် မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ထံ ရဲတပ်သား (၄)ဦး အလင်းဝင်
November 9, 2023
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရဲစခန်း မှ ရဲတပ်သား(၃) ဦး နှင့် တမူးခရိုင် ခမ်းပတ်မြို့ အခြေစိုက် ရဲစခန်းမှ ရဲတပ်သား(၁) ဦးတို့သည် တွန်းဇန်မြို့ နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ထံသို့ လက်နက်မဲ့ အလင်းဝင် ခဲ့ကြသည်ဟု သိရသည်။ ၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ နှင့် အောက်တိုဘာအတွင်းက အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများပေးအပ်ခဲ့သည်ဟု တွန်းဇန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာ၀န်ရှိ သူ တစ်ဦးကပြောသည်။
“သူတို့ကတော့ ချင်းတွေပဲဆိုတော့ အပြစ်မဲ့ ပြည်သူတွေ သေနတ်နဲ့ မပစ်ချင်ဘူး။ ငွေရေးကြေးရေး နဲ့ တချို့ အခက်ခဲ ကြောင့် အထဲမှာနေနေကြတာလို့ပြောကြပါတယ်။ တကယ့် ပစ်ရတိုက်ရတဲ့ချိန်ဆိုလည်း ကိုယ့်အသက်ကိုကာကွယ်ရင်းနဲ့ မိုးပေါ် ထောင်ပြီးပဲ ပစ်တယ်လို့ပြောကြပါတယ်။ တပ်ထဲမှာ အရက်သမားအချို့နဲ့ ဆေးသမားအချို့သာ တာဝန်ထမ်းဆောင်နေပြီး လူ ကောင်းတွေ လုံးဝ မရှိတော့ဘူးလို့ဆိုကြပါတယ်”ဟု တွန်းဇန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာ၀န်ရှိသူတစ်ဦးက အာဏာ သိမ်း စစ်ကောင်စီလက်အောက်မှ ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံလိုသည့် ရဲတပ်ဖွဲ့ဝင်များအား တွန်းဇန် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ (ပအဖ-တွန်းဇန်) မှ အမြဲ လက်ကမ်းလက် ကြိုဆိုပါကြောင်း အသိပေးထုတ်ပြန်ထားပါသည်။ https://www.faceboo k.com/photo/?fbid=826723842790004&set =a.723151876480535
၂၇။ ကွမ်းလုံမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ ထပ်မံသိမ်းပိုက်
November 10, 2023
ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA၊ TNLA နဲ့ AA ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေဆင်နွှဲနေတဲ့ Operation 1027” ၁၀၂၇ စစ်ဆင်ရေးရဲ့ ၁၄ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကွမ်းလုံမြို့ကို သိမ်း ပိုက်နိုင်ခဲ့တယ်လို့ မဟာ မိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။ ကွမ်းလုံမြို့ကို မနေ့ကသိမ်းပိုက်ရရှိထားခဲ့ပေမဲ့ ကစဥ့်ကလျားဖြစ်ကာ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတဲ့အပြင် ကွမ်းလုံမြို့ကို အလုံးစုံသိမ်း ပိုက်၊ ထိန်းချုပ်ထားနိုင်ရေးတို့အတွက် အစွမ်းကုန်ကြိုးစားနေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ တာရွှေထန်အုပ်စု၊ နန်ကော် ကျေးရွာနဲ့ ဖုန်းချွေရှမ်ကြား ရှောက်ပယ်အိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ တုန်းရှမ်းဒေသ၊ ရှီယွင်ကြည်ကျေးရွာအနီးက ဟဲ့ဟုတ်တောင်ပေါ်ရှိ စစ်ကောင်စီရဲ့ အဓိကဗျူဟာကုန်းတွေနဲ့ အရန်စခန်းတွေအားလုံးကို အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးစတင်ချိန်ကနေ သီတင်း နှစ်ပတ်လောက်အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ချင်းရွှေ ဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တွေကို အပြည့်အဝသိမ်းပိုက်ခဲ့ပြီး သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တွေရဲ့ နေရာအားလုံးနီး ပါးကိုတော့ ထိန်းချုပ်ထားနိုင်ပေမဲ့ အဲဒီမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကာ၊ စစ်ကောင်စီ တပ်စခန်း ၁၂၈ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားတယ်။ ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ နိုဝင်ဘာ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူဆွေးနွေးခဲ့ကာ နယ်မြေတည်ငြိမ်ဖို့ အတွက်လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားပါတယ်။ https://burmese.dvb.no/post/624307
၂၈။ ဖမ်းဆီးခံ DMG သတင်းထောက် ကျန်းမာရေးမကောင်းသဖြင့် ဆေးကုခွင့်တောင်းဆို
November 9, 2023
ရခိုင်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Development Media Group (DMG) ရဲ့ သတင်းထောက် ကိုထက်အောင် ကျန်းမာရေးမကောင်းဖြစ်နေလို့ ဆေးကုသခွင့်ရလိုကြောင်း မိခင်ဖြစ်သူ ဒေါ်မအေးကြည်က တောင်းဆိုထားပါတယ်။ မိခင် ဒေါ်မအေးကြည်က“မနေ့က ကျမက ရဲစခန်းကိုသွားပြီး သူ့အဝတ်အထည်တွေ လျှော်ဖွပ်ဖို့ သွားယူပါတယ်။ လူချင်းတော့ တွေ့ခွင့်မရပါ။ ရဲတွေကပြောတယ်၊ ထက်အောင် နေမကောင်းဖြစ်နေတယ်လို့ ပြောပါတယ်။ အဝတ်ထုပ်မှာလည်း စာရေးလို့ ပါလာပါတယ်။ လည်ချောင်းနဲ့ ခန္ဓာတွေ နာတယ်။ ဖျားလည်းဖျားတယ်။ လျှာက အရေတွေကျွတ်တယ်။ ချောင်းဆိုးတယ်။ ဆေးဝယ်ထည့်ပေးပါလို့ ရေးထားတယ်။ အဲဒါကြောင့် ကျမသားလေးကို ဆေးကုသခွင့် အမြန်ဆုံးပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။ အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့က စစ်တွေမြို့ ဆွမ်းတော်ကြီးလောင်းပွဲမှာ သတင်းသွားယူတဲ့ ရခိုင်မီဒီယာ DMG သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး အောက်တိုဘာ ၃၁ ရက်မှာ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၅(ဃ) နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။ DMG သတင်းထောက် ကိုထက်အောင်မှာ ဒုတိယနှစ် မြန်မာစာမေဂျာ ကျောင်းသားတဦး ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်ကစပြီး ဖွင့်လှစ်သင်ကြားတဲ့ အဝေးသင်တက္ကသိုလ် အနီးကပ် သင်တန်းကို တက်ရောက်ခွင့်မရပဲ ဖြစ်နေတာပါ။
လုံခြုံရေးရယူပြီး ကိုထက်အောင် စာမေးပွဲဖြေဆိုခွင့်ရရှိအောင် ကာလုံအထိ စာပို့သွားမယ်လို့ အဝေးသင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းကိုအောင်က ပြောပါတယ်။“ကျနော်တို့က လက်ရှိမှာ ဆန်ပြဿနာနေ့ ပြုလုပ်တဲ့ကိစ္စနဲ့ ဆရာမ ဒေါ်ညိုအေးကို ဖမ်းဆီးထားမှုနဲ့ တိမ်းရှောင်နေကြတော့ ကိုထက်အောင် တက္ကသိုလ်အဝေးသင် တက်ခွင့်မရ ဖြစ်နေတာ ကို အချိန်မီ ကူညီခွင့်မရ ဖြစ်နေရတာ။ အခုတော့ စာမေးပွဲကို လုံခြုံရေးလိုက်ပါပြီး ဖြေဆိုခွင့်ရရှိဖို့ ကာလုံအထိ စာတင်သွားဖို့ ဆောင်ရွက်နေကြတယ်။ နောက် ကျောင်းသားသမဂ္ဂ အနေနဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်သွားမှာပါ။” ရခိုင်ရှိ မီဒီယာတွေ အားလုံးဟာ စစ်ကောင်စီရဲ့ စောင့်ကြည့်တာကို ခံနေကြရပြီး ဖမ်းဆီးဖို့ လိုက်ရှာနေတာကြောင့် Narinjara, Western News, BNA စတဲ့ သတင်းမီဒီယာသမားတွေလည်း ရုံးခန်းဖွင့်လှစ်ပြီး သတင်းလုပ်ငန်းလုပ်ဖို့ ခက်ခဲနေကြပါတယ်။ https://burmese .dvb.no/post/624250
၂၉။ တောင်ကြီးမှာ လိုင်စင်မဲ့ကားတွေ ဖမ်းဆီးပြီး ယာဉ်ထိန်းရဲက တစ်စီး သိန်း ၅၀ အထိ ဒဏ်ငွေ ဆောင်ခိုင်းနေ
November 9, 2023
ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့မှာ နိုဝင်ဘာလ ပထမအပတ်ကစပြီး စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲ က လိုင်စင်မဲ့ ကားတွေကို ဖမ်းဆီး ငွေတောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ကားတွေဟာ တစ်စီးကို ငွေကျပ် ၂ သိန်းကနေ သိန်း ၅၀ အထိ ဒဏ်ငွေ ပေးဆောင်ရပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေကတော့ ငွေ သောင်းဂဏန်းနဲ့ ညှိနှိုင်းလို့ ရတယ်လို့ ဆိုပါတယ်။ ဒဏ်ငွေ သိန်း ၅၀ ပေးဆောင်လိုက်ရသူနဲ့ နီးစပ်သူတစ်ဦးက “ဒီတစ်ပတ် တနင်္ဂနွေနေ့က ကျနော့်အသိတစ်ယောက် သိန်း ၅၀ ပေးလိုက်ရတယ်။ တောင်ကြီးသားများ စုဝေးရာမှာလည်း တင်ထားတယ်။ သတင်းက တစ်ကယ်အမှန်ပါ။ သူတို့မိသားစုက သိပ်မပြေလည်ဘူး။ မနည်းစုပြီး ဝယ်ထားရတာ။ တခြားအသိတွေလည်း တစ်သိန်း နှစ်သိန်းတွေ ပေးရတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။ လတ်တလောမှာ စူဠာမုနိလမ်းဆုံ၊ အရှေ့မြို့ပတ်လမ်း နီလာရိုးမ စက်သုံးဆီဆိုင်အနီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း စဝ်စံထွန်း ဆေးရုံအနီး စတဲ့နေရာတွေအပြင် တစ်မြို့လုံးနီးပါးမှာ ယာဉ်ထိန်းရဲက လှည့်လည် ဖမ်းဆီးနေပြီး ဒဏ်ကြေး မပေးနိုင်တဲ့ ကားတွေ သိမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဒဏ်ငွေ ကျပ် ၂ သိန်း ပေးဆောင်ခဲ့ရသူတစ်ဦးက “အရင်ကတောင်းရင် နှစ်သောင်း၊ ငါးသောင်း အဲလောက်ပဲလေ။ အခု က သိန်း ၅၀ ဆိုတော့ ဘယ်သူက ပေးနိုင်မှာလဲ။ ကျနော်ကတော့ ကံကောင်းတယ်။ ၂ သိန်းပဲ ပေးလိုက်ရတယ်။ သူတို့က ပေါ်ချင် သလိုပေါ်လာတာ။ ဒီချိန် လိုင်စင်မဲ့ မစီးတာအကောင်းဆုံး”လို့ ပြောပါတယ်။ စစ်တပ်ရဲ့အရာရှိပိုင်းတွေ လိုင်စင်မဲ့ကားကိုပဲ အသုံး ပြုကြပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး လူထုနဲ့ ကျန်တဲ့ဌာနဆိုင်ရာတွေမှာ လိုင်စင်မဲ့ ကားတွေကို ဖမ်းဆီးဖို့ အမိန့်ထုတ် ထားတာကြောင့် အခုလို ဖမ်းဆီးလာတာလို့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တောင်ကြီးမြို့မှာ အရင်ကတည်းက ပွဲတော်ကာလအတွင်း လိုင်စင်မဲ့ယာဉ် အားလုံးနီးပါးကို မောင်းနှင်ခွင့် ပြုထားပေမဲ့ ဒီနှစ်အတွင်း စစ်ကောင်စီက ဘဏ္ဍာရေးကြပ် တည်းလာတာကြောင့် တန်ဆောင်တိုင်ပွဲရက် ရောက်ခါနီးမှာ ဖမ်းဆီးနေတာလို့ မြို့ခံတွေက ပြောပါတယ်။ https://www.fa cebook.com/photo/?fbid=664112509229350&set=a.40 4503215190282
၃၀။ မင်းတပ်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများမှ Non-CDM အရာရှိများ ခလရ -၂၇၄ တပ်ရင်းသို့ ထွက်ပြေး ပြောင်းရွှေ့
November 9, 2023
ချင်းပြည်နယ်၊ မင်းတပ်မြို့၊ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင် နေကြသော Non-CDM အရာရှိများ သည် ပြီးခဲ့သည့် နိုဝင်ဘာ ပထမပတ်မှ စတင်၍ မင်းတပ်မြို့အခြေစိုက် ခလရ-၂၇၄ စစ်ကောင်စီတပ်ရင်းအတွင်းသို့ ထွက်ပြေး ပြောင်းရွှေ့နေကြောင်း ဒေသခံများထံက သိရသည်။ ထို့အပြင် မြို့ပေါ်ရှိ လမ်းသွား၊ လမ်းလာဒေသခံ ပြည်သူများကို စစ်ကောင်စီ တပ်က ဖမ်းဆီး၍ လူသားဒိုင်းအဖြစ်အသုံးပြုနေပြီးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအကြီးအကဲများ၏ အိမ်ဝင်း အနီးအနားများနှင့် နေရာဒေသအများစုတွင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်းသိရသည်။“ကျွန်တော်တို့ ချင်းကာကွယ် ရေး တပ်ဖွဲ့(မင်းတပ်)ကလည်း မြို့ထဲမှာ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ထားနိုင်ပြီး ၂၇၄-တပ်ရင်း ကို တပ်ပြင်မထွက်နိုင်အောင် အတတ်နိုင်ဆုံး အထိုက်အလျှောက် ထိန်းထားနိုင်တယ်။ လမ်းကြောင်းတွေ ပိတ်ဆို့ထားပြီး ဖြတ်တောက် ထားတဲ့ သဘောပေါ့။ စစ်ကောင်စီရဲ့ နယ်မြေခံတပ် ၂၇၄ က သူတို့ခံစစ်လုံခြုံရေးကို တိုးမြှင့်ပြင်ဆင်လုပ်နေကြတာကို တွေ့နေရတယ်”ဟု ချင်းကာ ကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ အဖွဲ့ဝင်ဆလိုင်းမင်းတပ်က ပြောသည်။
ထို့ပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)သည် မကွေးတိုင်း၊ ကျောက်ထုရှိ စစ်ကောင်စီ၏ ဒေသကွပ်ကဲရေးတပ်အား မင်းတပ်ဘက်သို့ တက်မလာနိုင်စေရန် ကျောက်ထု-မင်းတပ် ကားလမ်းမကို ဆက်သွယ်ရေး ထိန်းချုပ်ထားနိုင်ကြောင်း သိရ သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ညီနောင်မဟာမိတ် သုံး ဖွဲ့၏ ၁၀၂၇ မစ်ရှင်နှင့်အတူ လက်တွေ့ ပါဝင်တိုက်ပွဲဝင်နိုင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် ကြိုးစားနေပြီး တိုက်ပွဲဖော်ဆောင်ရန် လိုအပ်သည့် လက်နက်၊ ခဲယမ်းများကို ရရှိမည့် အခွင့်အလမ်း ကောင်းများ၊ အာမခံချက်များလည်း ရရှိထားပြီဖြစ်ကြောင်းသိရသည်။ ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ မစ်ရှင်နှင့် အတူ လက်တွေ့ပါဝင်တိုက်ပွဲဝင်နိုင်ရန် ဘဏ္ဍာရေးလို အပ်ချက်များရှိနေပြီး ပြည်သူများအနေဖြင့် ဘဏ္ဍာငွေများဆက်လက် ထောက်ပို့ ပေးကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က မေတ္တာရပ်ခံအကူအညီတောင်းခံထားသည်။ https://www.face book.com/photo/?fbid=666567745612248&set=a.5831207 97290277
၃၁။ ရခိုင်မှာ ၁၀၂၇ စစ်ဆင်ရေးအစပိုင်း ရောက်နေတယ်လို့ မြောက်ပိုင်းသုံးဖွဲ့ပြော
November 9, 2023
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ကြောင့် ရခိုင်ပြည်နယ်မှာပါ စတင်နေတဲ့ အခြေအနေဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု၊ မီဒီယာသမားတွေကို ဖမ်းဆီးမှု၊ အရပ်ဘက် အဖွဲ့အစည်းတွေကို စစ်ဆေးတင်းကျပ်မှု လုပ်လာတာတွေအပြင် တပ်စခန်းတွေကနေ လက်နက်စမ်းသပ်ပစ်ခတ်မှုတွေ ဆက် တိုက်လုပ်နေတာကြောင့် စစ်ဆင်ရေးရဲ့အစဖြစ်နေပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုထားတာပါ။ စစ်ကောင်စီဟာ ရခိုင် ပြည်နယ်အတွင်းက မီဒီယာတချို့ရဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်း၊ ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ရက္ခိင့်တပ်တော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ရဲ့ ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တွေနဲ့ တပ်စခန်းပေါင်း ၁၅၀ ကျော် သိမ်းယူထားနိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တိုင်းပြည်အစိတ်စိတ်ကွဲနိုင်တယ်လို့ နိုဝင်ဘာ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောထားပါတယ်။ https://www.facebook.com/photo/?fbid=740 098134818258&set=a.5836374304 64330
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။