သတင်း

ကချင်နဲ့ ရှမ်းမြောက်က တိုက်ခိုက်မှုတွေကို တန်ပြန်ချေမှုန်းမယ်ဆိုပြီး စစ်ကောင်စီ ဥက္ကဌပြော

ကချင်နဲ့ ရှမ်းမြောက်က တိုက်ခိုက်မှုတွေကို တန်ပြန်ချေမှုန်းမယ်ဆိုပြီး စစ်ကောင်စီ ဥက္ကဌပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၃၊ ၂၀၂၃

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့က တိုက်ခိုက်မှုတွေကို တန်ပြန်ချေမှုန်းမယ်လို့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က နိုဝင်ဘာ ၂ ရက်နေ့၊ စစ်ကောင်စီ ဝန်ကြီးတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့၊ စစ်ကောင်စီဝန်ကြီးတွေနဲ့ ပြုလုပ်တဲ့အစည်းအဝေးမှာ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကိုးကန့်ဒေသ အတွင်း နယ်မြေလုံခြုံရေးစခန်းတွေနဲ့ ဌာနဆိုင်ရာ ရုံးဌာနတွေကို တိုက်ခိုက်လာကြောင်း၊ ကချင်ပြည်နယ်အတွင်းမှာလည်း ကချင်လွတ်လပ် ရေးတပ်(KIA) က လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်မြေလုံခြုံရေးစခန်းတွေကို တိုက်ခိုက်ကြောင်း စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က ပြောထားတာပါ။

အဲဒီနောက် ငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက် လျက် ရှိခဲ့သလို ဆွေးနွေးသည့်အချိန်တွင် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများ ဆောင်ရွက်ခြင်းနှင့် အတူ တိုင်းရင်းသား အချင်းချင်း ယုံကြည်မှု ထား၍ဆောင်ရွက်ပေးခဲ့သော်လည်း မိမိတို့အပေါ် တိုက် ခိုက်မှုများ ဆောင်ရွက် လာခြင်းကြောင့် မိမိတို့အနေဖြင့် တန်ပြန်ချေမှုန်းမှုများကို ဆက်လက် ဆောင် ရွက်သွားမည် ဖြစ်တယ်ဆိုပြီး သူရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောလိုက်ပါတယ်။

ထူးခြားမှုအနေဖြင့် စစ်ကောင်စီဥက္ကဌရဲ့ တန်ပြန်ချေမှုန်းမယ်ဆိုပြီး ကြုံးဝါးပြောဆိုမှုထဲမှာတော့ ရက္ခိုင့်တပ်တော် (AA)နဲ့ ပတ်သက်ပြီး ချန်လှပ်ထားတာကို တွေ့ရပါတယ်။

ရက်သတ္တပတ်ကျော် ကြာလာတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နှင့် ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင် ရေးမှာတော့ စစ်ကောင်စီ တပ်စခန်းပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။

Related Articles

Back to top button