သတင်း

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၇၀၀၀နီးပါး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေ

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၇၀၀၀နီးပါး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၉၊ ၂၀၂၃
 
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့၊ အခြားမဟာမိတ် အဖွဲ့နဲ့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၇၀၀၀နီးပါး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။
 
သိန္နီမြို့ရှိ ကျေးရွာအုပ်စု ၁၀ ခုနီးပါးမှ ဒေသခံတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ဆက်တိုက်ပ စ်ခတ်တာ၊ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေတာတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိဘဲ ပိတ်မိ နေပြီး ကျောင်းခမ်းဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင် ၁၀၀၀နီးပါးနဲ့ အခြားနေရာမှာလည်း စစ် ဘေးရှောင် ၁၀၀၀ ကျော် ရောက်ရှိနေတယ်လို့ သိရပါတယ်။
 
“အခုလောလောဆယ်မှာ စစ်ဘေးရှောင်တွေအတွက် အရေးကြီးတာက နေရာထိုင်ခင်းပေါ့၊ ပြီးရင် တော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုတယ်။ နီးစပ်တဲ့အလှူရှင် တချို့ က လာလှူနေကြပေမယ့် ဒီလောက် လူဦးရေအများကြီးအတွက်ကတော့ မလုံလောက်ဘူး။ ထပ်ရောက်လာမယ့် စစ်ဘေးရှောင်တွေ၊ ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေက အများကြီးရှိနေသေးတယ်”လို့ စစ်ဘေးရှောင် အရေးကူညီနေသူ တစ်ဦးက FJMM ကို ပြောပါတယ်။
 
လားရိူးမြို့ရှိ စစ်ဘေးရှောင်စခန်း ၈ ခုမှာ စစ်ရှောင်ပြည်သူ ၄၀၀၀နီးဦးရှိနေပြီး နီးစပ်ရာ တောတောင် တွေထဲမှာ တိမ်းရှောင်နေရသူတွေရှိသလို လားရိူး-မိုင်းယော်လမ်း ရှိ ကျေးရွာ ၄ခုခန့်မှာလည်း ဒေသခံ တွေအနေနဲ့ ကတုတ်ကျင်းတွေထဲ ပုန်းအောင်းနေရတယ်လို့ သိရပါတယ်။
 
ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းမှာလည်း စစ်ရှောင်ပြည်သူ ၅၀၀ဦးခန့် ရောက်ရှိ နေပြီး အချို့ကျေးရွာတွေမှာ ပိတ်မိနေတဲ့ပြည်သူတွေရှိသလို နမ့်ခမ်း မြို့မှာလည်း စစ်ဘေးရှောင် ၄၀၀ ဦးကျော် ရှိနေတယ်လို့ သိရပါတယ်။
 
စစ်ရှောင်ပြည်သူများကို ကူညီပေးနေတဲ့ သျှမ်းလူငယ် အဖွဲ့အစည်းများကတော့ လားရိူးမြို့အတွင်းရှိ အရေးပေါ် ထွက်ခွာရန်လိုအပ်တဲ့ စစ်ဘေးရှောင်ပြည်သူများ အတွက် ကူညီပေးပြီး စစ်ရှောင် စခန်းများ ဖွင့်လှစ် ပေးကျဖို့ အရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာများ၊ အသုံးအဆောင်များအတွက် ကူညီလှူဒါန်း ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
 
ဓါတ်ပုံ – CJ / ရှမ်းမြောက် စစ်ဘေးရှောင်လူထုများ။

Related Articles

Back to top button