သတင်း

ဖယ်ခုံမှ လွိုင်ကော်ဘက်သို့ စစ်ကောင်စီ ကားအစီးရေ (၁၀၀)နီးပါးဖြင့် ထပ်မံအင်အား ဖြည့်တင်းလျှက်ရှိ

ဖယ်ခုံမှ လွိုင်ကော်ဘက်သို့ စစ်ကောင်စီ ကားအစီးရေ (၁၀၀)နီးပါးဖြင့် ထပ်မံအင်အား ဖြည့်တင်းလျှက်ရှိ

 
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ၂၆၊ ၂၀၂၃။
 
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံများဖြင့် ဖယ်ခုံမှ လွိုင်ကော်ဘက်သို့ ကားအစီးရေ (၁၀၀)နီးပါးဖြင့် ဖြည့်တင်း လျှက်ရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
 
လွိုင်ကော်ဒေသခံတစ်ဦး ပြောတာက ” စစ်ကောင်စီကားတွေက မနက်အစောပိုင်း (၂)နာရီ (၃)နာရီ လောက်ဆိုရင် ကားတွေပုံမှန် ဖြတ်သွားကြတယ်၊ (၁၈) ရက်နေ့မှာ အစီး (၃၆)၊ (၁၉)ရက်နေ့မှာ (၃၄)၊ ဒီမနက်(၂၆) ရက်နေ့ အစီး( ၂၅)ပေါ့နော်၊ ဒီမနက်က လာတဲ့ကားတွေတော့ ကားထဲမှာ လူအပြည့်ဘဲ”
 
စစ်ကောင်စီတပ်ဘက်က စစ်အင်အားဖြည့်တင်းနေတဲ့ ရက်အတွင်း ဖယ်ခုံ – လွိုင်ကော်လမ်းမ တကြောရှိ သစ်လုံးကွင်းအနီးနှင့် နွားလဝိုးဖက်တို့မှာ လက်နက်ကြီး ပစ်ခတ်သံများ မကြာခဏ ကြားနေရတယ်လို့လည်း နယ်ခံတွေဆီကနေ သိရပါတယ်။
 
အဲဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုအဖွဲ့များကတော့ တစုံတရာ ထုတ်ပြန်လာ တာတော့ မရှိသေးပါဘူး။
 
အလားတူ ပြီးခဲ့တဲ့လထဲမှာ ဒီးမောဆို နဲ့ ဖရူဆိုကြား ကရင်နီပူးပေါင်းတပ်ဖွဲ့များရဲ့ ကြားဖြတ် တိုက် ခိုက်မှုများကြောင့် (၂)လကြာ ရပ်ခံနေတဲ့ စစ်ကောင်စီ ယာဥ်တန်းကား အစီး(၆၀) ကျော်ဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ဖရူဆိုကနေ ဘောလခဲဖက်သို့ ရောက်ရှိနေပြီလို့ သိရပါတယ်။
 

ဓါတ်ပုံ – Getty (ပုံဟောင်း)

Related Articles

Back to top button