လွိုင်ကော်မြို့နယ်၊ ဒီးမောဆိုမြို့နယ် ကျေးရွာတချို့တွင် မိုးကြီးမှုကြောင့် ဒေသခံရွာသားနှင့် စစ်ရှောင်များ နေထိုင်သွားလာရေးအတွက် အခက်ကြုံ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၁၊ ၂၀၂၃
ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့နယ်၊ ဒီးမောဆိုမြို့နယ် ကျေးရွာများဖြစ်သည့် ပီကင်းကောခူ၊ ဝါရီကောခူ၊ ဘုရားနီ၊ ဘုရားဖြူ၊ ဖောင်းတော ကျေးရွာတို့တွင် (၃)ရက်ဆက် မိုးရွာသွန်မှုကြောင့် လူနေ အိမ်တချို့ နစ်မြုပ်နေတယ်လို့ သိရပါတယ်။
ကျေးရွာထဲများတွင် စစ်ရှောင်များနေထိုင်ကြသလို အနီးနားကျေးရွာနှင့် ချောင်းဘေးတွေမှာ အဆင် ပြေသလို တဲထိုးနေထိုင်ကြတဲ့ စစ်ရှောင်များလည်းရှိပါတယ်။ ချောင်းဘေးမှာနေထိုင်သော စစ်ရှောင် များမှာ ရေကြီးမှုကြောင့် နေဖို့အတွက် လတ်တလောတွင် အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။
ချောင်းဘေးမှာ တဲထိုးပြီးနေတဲ့ စစ်ရှောင်ဒေသခံတဦး ပြောပြတာက ” ကျွန်မတို့က အိမ်ပြန်လို့ရလည်း မရဘူး၊ လျောင်းဘေးမှာ နေပြီးအဆင်ပြေတယ် ဆိုပြီး မိသားစုတွေ တဲထိုးပြီးနေနေကြတာ ( ၁ )နှစ် ကျော် နေပြီး၊ ရေလည်းဒီလိုကြီးလာမယ်လို့ မသိထားဘူးလေ၊ မိုး ဒီရက်ပိုင်းဆက်တိုက်ရွာတော့ ရေတွေကြီး ကုန်တော့ နေနေတဲ့တဲလည် မြုပ်နေတော့ ဘာလုပ်ရမှန်းမသိတော့ဘူး”
ဒေသခံရွာသားတချို့မှာလည်း ရွာထဲတွေမှာ ရေကြီးလာမှုကြောင့် လုံခြုံတဲ့နေရာတွေမှာ ယာယီ ရွေ့ပြောင်း နေထိုင်ဖို့အတွက် မည်သည့်အဖွဲ့မှ လာရောက်ကူညီတာ မရှိသေးဘဲ ကိုယ်ထူကိုယ်ထ ရုန်းကန်နေကြ ရတယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ – CJ