သတင်း

နမခ ဒု-တပ်ကြပ်တစ်ဦးအပါအဝင် CDF CDM Siyin ထံ ခိုလှုံလာသူ ၁၀ ဦးကျော် ရှိခဲ့ပြီလို့ အသိပေး

နမခ ဒု-တပ်ကြပ်တစ်ဦးအပါအဝင် CDF CDM Siyin ထံ ခိုလှုံလာသူ ၁၀ ဦးကျော် ရှိခဲ့ပြီလို့ အသိပေး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၆၊ ၂၀၂၃
အမှတ်(၉၃၀)၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း(နမခ)မှ ဒု-တပ်ကြပ်တစ်ဦးအပါအဝင် CDF CDM Siyin ထံသို့ ခိုလှုံလာသူ စစ်ကောင်စီ စစ်သား ၁၀ ဦးကျော် ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။
“ကျနော်တို့ CDF CDM Siyin အနေဖြင့်လည်း ယခုလိုအချိန်မှာ ဘေးနံကြပ်ရောက်‌သော စကစ တပ်သားများအနေဖြင့် ပြည်သူ့ရင်ခွင်ဆီသို့ ဘေးကင်းလုံခြုံစွာ အလင်းဝင်လာနိူင်ရေးအတွက် တော်လှန်ရေး တာဝန်တရပ်အဖြစ် ဆက်လက် ကြိုးစား ဆောင်ရွက်နေကြသည်မှာလည်း အများပြည်သူ အသိပင်ဖြစ်ပါသည်။ ကျတော်တို့နှင့် ပူးပေါင်းပြီး ပြည်သူ့ဘက်သို့ အလင်းဝင် လာကြသော စကစ တပ်သားပေါင်း အယောက် (၁၀)ဦးမက ရှိပြီးလည်း ဖြစ်ပါသည်။”
“ယခုလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ)မှ အမှတ်(၉၃၀)၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း၊ ကိုယ်ပိုင်အမှတ် -၈၉၃၄၆၇၊ ဒုတိယတပ်ကြပ် ဦးငိုလျန်ကျင်သည် ကျနော်တို့ CDF CDM Siyin နှင့် ယုံကြည်စွာ ပူပေါင်းပြီး ပြည်သူ့ဘက်ဆီကို ဘေးကင်းလုံခြုံစွာ အလင်းဝင်လာခဲ့ပြီ ဖြစ် ပါသည်။”
CDF CDM Siyin ဘက်ကတော့ အခုလို စစ်ကောင်စီ စစ်သားများ ခိုလှုံလာတာကို အင်မတန် ဂုဏ်ယူ ဝမ်းမြောက် ရတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အခုလို ပြည်သူ့ရင်ခွင်ဆီသို့ အချိန်မှီ အလင်းဝင်လာ လိုတဲ့ မည်သူမဆို CDF CDM Siyin ဘက်က ဘေးကင်းလုံခြုံသည့်နေရာ ရောက်သည့်တိုင်အောင် တာဝန်ယူပေးမည် ဖြစ်ကြောင်း ကတိပြု ဖိတ်ခေါ်ထားသလို အများပြည်သူထံ သတင်းကောင်းများကိုလည်း ဆက်လက် တင်ပြသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – CDF CDM Siyin

Related Articles

Back to top button