သတင်း

မုံရွာကို ပို့ဆောင်မယ့် AK-47ကျည်ဆံတွေကို တောင်ကြီးမြို့မှာ ဖမ်းဆီးခံရ

မုံရွာကို ပို့ဆောင်မယ့် AK-47ကျည်ဆံတွေကို တောင်ကြီးမြို့မှာ ဖမ်းဆီးခံရ
 
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၄၊ ၂၀၂၃ခုနှစ်
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ကို ပို့ဆောင်မယ့် AK-47 ကျည်ဆံတွေကို ရှမ်းပြည်နယ် တောင် ပိုင်း၊ တောင်ကြီးမြို့မှာ စက်တင်ဘာလ ၂၂ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ သတင်း ရင်းမြစ် တွေထံကနေ သိရပါတယ်။
 
အဲဒီကျည်ဆံတွေကို ကျိုင်းတောင်းမြို့ရှိ ကားဂိတ်တစ်ခုမှာ ငပိတွေနဲ့ ရောနှောထည့်ထားတဲ့ ပလပ် စတစ်ပုံး တစ်ခုအတွင်းကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တောင်ကြီးမြို့ရှိ ကားဂိတ်ကို ဆက်လက် ပို့ဆောင်ရာကနေ လာရောက် ယူဆောင်သူကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
 
“ကျိုင်းတောင်းဂိတ်မှာ ငပိပုံးကို မသင်္ကာလို့ စရဖက ဖောက်စစ်တာ၊ ငပိတွေကို အောက်ကခံ၊ ကျည် ဆံတွေထည့်ပြီး အပေါ်ကငပိတွေ ဖုံးထားတာ။ အဲဒီကနေ တောင်ကြီးကိုပို့လိုက်တာ။ လာယူမ ယ့်သူကို ဖမ်းဖို့ပေါ့။ လောလောဆယ်တော့ ကားဂိတ်မှူးနဲ့ လာယူတဲ့သူကိုတော့ လောလောဆယ် စစ်ဆေးနေ တယ်”လို့ သတင်းရင်းမြစ်တစ်ဦးက FJMM ကို ပြောပါတယ်။
 
အဲဒီကျည်ဆံအတောင့်ရေ ၅၀၀ကို လာရောက်ပို့ဆောင်သူနဲ့ လက်ခံမယ့်သူတွေ ဖမ်းဆီးခံရတာ မရှိပေမယ့် ကားဂိတ်ကို အဲဒီပစ္စည်းလာရောက်ယူဆောင်တဲ့ ဆိုင်ကယ်ကယ်ရီသမားကိုတော့ ဖမ်းဆီး စစ်ဆေး နေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ရပ်စောက်မြို့နယ်မှာ မုံရွာကိုပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံခဲ့သလို စက်တင်ဘာလလယ်ပိုင်းတုန်းကလည်း မုံရွာကိုပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေကို တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
 

Related Articles

Back to top button