သတင်း

ချိုးဖြူနဲ့ မဟာမိတ်တပ်တွေရဲ့ စစ်ဆင်ရေးအတွင်း စစ်သား ၃၀ဦးထက်မနည်း သေဆုံးပြီး လက်နက်များစွာသိမ်းဆည်းရမိ

ချိုးဖြူနဲ့ မဟာမိတ်တပ်တွေရဲ့ စစ်ဆင်ရေးအတွင်း စစ်သား ၃၀ဦးထက်မနည်း သေဆုံးပြီး လက်နက်များစွာသိမ်းဆည်းရမိ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၈၊ ၂၀၂၃
 
ချိုးဖြူနဲ့ ကရင်နီတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေရဲ့ တစ်လခွဲကျော် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၃၀ဦးထက်မနည်း သေဆုံးပြီး လက်နက်များစွာသိမ်းဆည်းရမိခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့(JPRF)မှ စက်တင်ဘာလ ၁၇ရက်က ထုတ်ပြန်ထားပါတယ်။
 
သြဂုတ်လ ၂ရက်ကစတင်ပြီး စစ်ကောင်စီရဲ့ တပ်မ ၅၅က ကရင်နီပြည်၊ ဒီးမောဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ဘက်ကို စစ်ကြောင်း ၃ကြောင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်နီပြည်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ နေ့စဥ်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
 
JPRF အနေနဲ့ ကရင်နီပြည်တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ သြဂုတ်လ ၂ရက်ကနေ ဒီကနေ့အထိ မြေပြင်တိုက်ခိုက်ချေမှုန်းရေးအပြင် ဝေဟင်(Drone)စစ်ဆင်ရေးတွေကိုပါ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
“အရင်သတင်းထုတ်ပြန်ရေးပေစ့်အသစ်က ပျက်သွားတော့ ရသလောက် ဆယ်ကြည့်သေးတယ်။ မရတော့လို့ မဖြစ်မနေ အသစ်ဖွင့်လိုက်ရတာကြောင့် အခုမှပဲ သတင်းထုတ်ပြန်လိုက်တာပါ။ ဇူဇူက မစ်ရှင်တစ်ခုအကြောင်းတင်တဲ့အချိန် fb rules နဲ့ ညှိတယ်ဆိုပြီး တင်ထားတဲ့ ပိုစ့်ကို ဖြုတ်ချရင်းကနေ ပေစ့်ပျက်တဲ့အထိဖြစ်သွားတာ”လို့ JPRFတာဝန်ရှိသူတစ်ဦးက FJMMကို ပြောပါတယ်။
 
အဲဒီစစ်ဆင်ရေးတွေကြောင့် စကစတပ်မ၅၅ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ ၁၂၂နဲ့ ခလရ ၃က တပ်ရင်းမှူးနဲ့ ဒုရင်းမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ငယ်အစုံ ၁၅လက်၊ လက်နက်ကြီး ၁လက်အပါအဝင် ဆက်စပ်ခဲယမ်းပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ JPRFက ထုတ်ပြန်အသိပေးထားပါတယ်။
 
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း Drone ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပြီး ရဲဘော် ၃ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကာ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 

ဓါတ်ပုံ – Joe Phyu

Related Articles

Back to top button