သတင်း

သထုံ နဲ့ ပေါင်မြို့နယ်ရှိ အဝေးပြေးလမ်းအနီး ကျေးရွာများထဲ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်စစ်ဆေးနေ

သထုံ နဲ့ ပေါင်မြို့နယ်ရှိ အဝေးပြေးလမ်းအနီး ကျေးရွာများထဲ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်စစ်ဆေးနေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၃။

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမအနီးရှိ ကျေးရွာများတွင် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမအနီးရှိ ကျေးရွာများဖြစ်တဲ့ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ သရက်တောကျေးရွာ၊ ဒေးဗရိန်းကျေးရွာ နှင့် ပေါင်မြို့နယ် သဗြုချောင်ကျေးရွာ၊ ရင်းငြိမ်မြောက်ကျေးရွာ ရှိ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုး သွားလာ လှုပ်ရှားနေတယ်လို့ သိရပါတယ်။

” စစ်သားတွေက ကုလားချောင် ဘုန်းကြီးကျောင်းနဲ့ ရင်းငြိမ်မြောက်ကျေးရွာက ဓမ္မိကာရုံ ဘုန်းကြီးကျောင်းတွေမှာ စခန်းချပြီးနေနေတယ်။ အနီးနားမှာရှိတဲ့ရွာတွေကို လိုက်ပတ်နေတာတွေ တွေ့ရတယ်။ လမ်းထဲမှာတွေ့တဲ့ လူတွေကိုလည်း စစ်ဆေးနေတာတွေ လုပ်တယ်။ ” လို့ ဒေသခံတစ်ဦးမှ FJMM ကိုပြောပါတယ်။

အဆိုပါ စစ်ကြောင်းမှ စစ်ကောင်စီတပ်သားများက လမ်းထဲက ဆိုင်ကယ်တွေကို စစ်ဆေးခြင်း၊ ဆိုင်ကယ် နှစ်ယောက်စီးထားရင် တားစီးစစ်ဆေးခြင်းများနှင့် တံခါးပိတ်ထားသော အိမ်များကိုလည်း ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်သားများရဲ့ စစ်ကြောင်းထိုး လှည့်လည်သွားလာနေခြင်းများကြောင့် ဒေသခံတွေရဲ့ စိုးရိမ်မှု မြင့်မားလျှက်ရှိနေကြောင်း သိရပါတယ်။

Related Articles

Back to top button