သတင်း

TNLA နှင့် စစ်ကောင်စီတပ် တို့ကြား တလကျော်အတွင်း နှစ်ဖက်တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ဟုဆို

TNLA နှင့် စစ်ကောင်စီတပ် တို့ကြား တလကျော်အတွင်း နှစ်ဖက်တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ဟုဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၃ ရက်၊ ၂၀၂၃။

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် အာဏာသိမ်းစစ်ကောင်စီတို့အကြား ဇူလိုင် ၂၃ ရက်နေ့မှ ဩဂုတ် ၂ ရက်နေ့အထိ တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်အတွင်းရှိ TNLA လှုပ်ရှားရာနေရာများသို့ စစ်ကောင်စီက စစ်ကြောင်းထိုးလာ တိုက်ခိုက်လာလို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းတို့ကို အသုံးပြုပစ်ခတ် တိုက်ခိုက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

ယမန်နေ့ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာအနီးသို့ စစ်ကောင်စီ၏ စကခ-၁၇၊ ခြေမြန်တပ်ရင်း-၅၇၇၊ ခြေလျင်တပ်ရင်း-၄၅ ပူးပေါင်းတပ်များက ထိုးစစ်ဆင်လာတာကြောင့် TNLA နဲ့ ၁ နာရီခွဲခန့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယမန်နေ့ညနေ ၆ နာရီခန့်မှာလည်း စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ ခြေမြန်တပ်ရင်း-၄၂၀ နှင့် TNLA တို့ကြား လွယ်ကျလော့ကျေးရွာအနီး တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး နမ့်ဖက်ကာအခြေစိုက်တပ်ရင်းနှင့် လွယ်ကျလော့ တပ်စခန်းတို့ကတော့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် ကူပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိနေသလို စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားအချို့ လည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်တလုံးဟာ စယ်လန့်ရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ကာ မပေါက်ကွဲသေးဘဲ ကျန်ရှိနေသေးတယ်လို့ TNLA ဘက်က ဗီဒီယိုမှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-TNLA

Related Articles

Back to top button