တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 69, August 29, 2023)

၁။ တရုတ်နယ်စပ် (၁)မိုင်ခန့်အကွာသို့  စစ်ကောင်စီ ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်ဟု TNLA အသိပေးလားရှိုး      တိုက်ပွဲ၌လည်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ
    August 29, 2023

မြန်မာ – တရုတ်နယ်စပ်အနီးသို့ စစ်ကောင်စီတပ်က စစ်ကြောင်း (၅)ကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ တအာင်းတပ် မတော် (TNLA)နှင့်  စစ်ကောင်စီတပ်တို့ ယမန်နေ့ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု TNLA က ယနေ့ သတင်းထုတ်ပြန် သည်။ TNLA တပ်မဟာ(၁) စစ်ဒေသ မူဆယ်မြို့နယ် ခိုမုန်းရွာအနီးသို့ စစ်ကောင်စီက ဩဂုတ် ၂၈ ရက် တွင်  ထိုးစစ်ဆင်လာ၍ နံနက် ၈ နာရီမှ ညနေ ၅ နာရီခွဲထိတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ ယခု တိုက်ပွဲဖြစ်ပွားရာနေရာသည် တရုတ်နယ်စပ်နှင့် ၁ ဒသမ ၅၄  ကီလိုမီတာ( ၁မိုင်ခန့်)သာ ကွာဝေးသည့် ခိုမုန်းကျေးရွာအနီးဖြစ်ကြောင်း၊ ထိုးစစ်ဆင်လာသည့် တပ်များမှာ စစ်ကောင်စီတပ် တပ်မ(၉၉)လက်အောက်ခံ (၄၂၁)၊ (၄၂၃)၊ (၅၇၇)စစ်ကြောင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်သည့် ရှောင်ဟော်၊ လုံထန်၊ မြို့မ (၁.၂.၃)အဖွဲ့တို့ဖြစ်ကြောင်း အသိပေးသည်။ ထို့ပြင် စစ်ကောင်စီ၏ နမ့်ဖက်ကာ(၁၂၃)တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားရာသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ၏ (၄၂၀)၊ (၄၁၇)တပ်မှလည်း တအာင်းတပ်မတော်ရှိရာသို့  ၎င်းတို့တပ်စွဲ ထားသည့် လွယ်ကျယ်လောက်မှနေ၍ မူဆယ်မြို့နယ်၊ စယ်လန်ကျေးရွာအနီးရှိ ဘုရားတောင်သို့ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားတောင်ရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်သွားကြောင်း အသိပေးသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေကိုဖော်ပြမထားပေ။ TNLA တပ်မဟာ(၄) စစ်ဒေသ လားရှိုးမြို့နယ်တွင် လည်း စစ်ကောင်စီတပ် ယာဉ်တန်းများကို TNLA က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ လားရှိုးမြို့နယ်ရှိ TNLA တပ်ရှိရာသို့  စစ်ကား များအသုံးပြုကာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့က တနေကုန်နီးပါး တိုက်ပွဲ ဖြစ် ပွားခဲ့ရာ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးများပြားခဲ့ပြီး အသေးစိတ်မသိရသေးဟု TNLA ကထုတ်ပြန်သည်။ TNLA နှင့် စစ်ကောင်စီတပ်တို့သည် ယခု ဩဂုတ်အတွင်း တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=637929548405841&set=pc .637929631739166

၂။ နမ်ဆန်ယန်အနီး တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီတပ်အထိနာကာ လေကြောင်းတိုက်ခိုက်မှု နှစ်ရက်ဆက်       တိုက်ရှိ
  August 28, 2023

ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးနယ်ေမြတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း တွင် စစ်ကောင်စီစစ်ကြောင်းများ အင်အားတိုးလှုပ်ရှားလာသည့်အတွက် ဩဂုတ်လ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က အထိနာ၍  ယမန်နေ့ည ၈ နာရီက နမ်ဆန်ယန်ကျေးရွာ အထက် ရှိ အောင်ဂျာကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစီးဖြင့် လာရောက်ဗုံးကြဲခဲ့သည်ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ဒီဘက် (KIA) က ကြိုစောင့်နေတာပေါ့နော်။ ဟိုကောင် (စစ်ကောင်စီ)တွေ တက်လာတော့ တိုက်ပွဲအကြီးအကျယ် ဖြစ်ပြီးတော့ ည ၈ နာရီမှာ ဟိုဘက်က (စစ်ကောင်စီ) သုံးစီးနဲ့တက်လာပြီးတော့ ချလိုက်တာတဲ့။ တိုက်ပွဲလည်း ကြီးကြီးမားမား ဖြစ်သွားတယ်လို့ ပြောတယ်။”ဟု ဆိုသည်။

ယခုလ ၂၆ ရက်နေ့ ညနေပိုင်းကလည်း နမ်ဆန်ယန်ကျေးရွာနှင့် မဒီးယန်ကျေးရွာကြားတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် မှားယွင်းဗုံးကြဲမိသည့်အတွက် စစ်ကောင်စီစစ်ကြောင်းမှ အရာရှိတစ်ဦး သေဆုံးသည်ဟုကြားသိရကြောင်း အဆိုပါ သတင်းရင်းမြစ်ကဆိုသည်။ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ နမ်ဆန်ယန်ကျေးရွာ တွင် အထိုင်ချရန်စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့ ကစပြီး စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲကြောင့် ဝိုင်းမော် – ဗန်းမော်လမ်းပိုင် ကို ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည်မှာ နှစ်လနီးပါးကြာမြင့်ပြီဖြစ်ပြီး အဆိုပါလမ်းပိုင်းရှိ ကျေးရွာများမှ နေရပ်ပြန် စစ်ရှောင်ပြည်သူများလည်း မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် လိုင်ဇာမြို့များသို့ ထွက်ပြေးတိမ်းရှောင် နေရသည်။ https://www.facebook.com/photo/?fbid=691832032980 690&set=a.605896071574287

၃။  ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား
    August 28, 2023

သျှမ်းပြည် တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ (သြဂုတ်လ ၂၈) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ရွာငံမြို့နယ် နှင့် သာစည်မြို့နယ်ကြားရှိ မြက်ခါးအင်းကျေးရွာအနီး၌ စစ်ကောင်စီတပ် နှင့် PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“စစ်ကောင်စီ စစ်ကြောင်းက သာစည်ဘက်နေ ရွာငံဘက်ကို ဦးတည် လာတဲ့အချိန် အဲ့ဒီနားက စခန်းချနေတဲ့ PDF တွေနဲ့တွေ့မိပြီး ပစ်ခတ်မှုတွေဖြစ်တာလို့သိရပါတယ်။ အဲ့ဒီမှာ မိုးကာတဲလေးနဲ့ PDF တွေက နေနေတာလေ။ ထိခိုက်ကျဆုံးမှုက ရှိတယ်လို့ပြောပါတယ်။ အသေးစိတ်တော့ ကျနော်တို့ မသိရဘူး” ဟု ရွာငံဒေသခံ အမျိုးသားတဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး ရွာငံမြို့နယ်မှ တောင်မတောင်ထိပ်အနီး တည်ဆောက်ထားသည့် မိုးကာတဲသုံးလုံး၊ လက်နက်ခဲယမ်းများအချို့နှင့် PDF တစ်ဦး အသေရရှိကြောင်း စစ်ကောင်စီဝါဒဖြန့် Pindaya People’s voice က ဖော်ပြထား သည်။“ထိတွေ့တိုက်ပွဲဖြစ်တာတော့အမှန်ဖြစ်ပါတယ်။ ဒါပဲပြောနိုင်ပါသေးတယ်။ လက်ရှိအချိန်ကကျနော်တို့လူ ဘေးကင်း လုံခြုံဖို့ ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်တယ်။”ဟု အမည်မဖော်လိုသည့်  PDF တပ်ဖွဲ့ဝင်တစ်ဦးကပြော သည်။ စစ်အာဏာသိမ်းမှု မဖြစ်ခင် ရွာငံမြို့နယ်တွင်း စစ်တပ်အခြေစိုက်လှုပ်ရှားမှုမရှိသော်လည်း လက်ရှိစစ်အာဏာ သိမ်း နှစ်နှစ်ကျော်ကြာ လာသည့် အချိန်တွင် ရွာငံမြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ ဒေသတွင်း ပျူစောထီးများ၊ စစ်ကောင်စီတပ်သား နှင့် ရဲများက နေ့စဥ်ကင်းလှည့်ခြင်းများပြုလုပ်သည့်အပြင် ကျေးရွာအတွင်း စစ်တပ်စခန်းချနေထိုင်ခြင်းလည်းပြုလုပ်လာကြောင်း သိရသည်။ ထို့အပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ဖွဲ့စည်းပြီးကြောင်းကြေညာပြီးသည့်နောက် စစ်ကောင်စီ မှ လမ်းသွား လမ်းလာ ပြည်သူလူထုအပေါ်  စစ်ဆေးမှု ပိုမိုတင်းကြပ် လုပ်ဆောင်နေကြောင်းလည်း သိရသည်။ https://www.facebook.com/photo/?fbid=624609206 445461&set=a.582750627297986

၄။ ထန်တလန်မြို့တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်က ၁၃ ဦးကျဆုံး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ
    August 29, 2023

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီတပ်ရင်းစခန်းကို CNF/CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်က ယမန် နေ့က စီးနင်းတိုက်ခိုက်ရာ တစ်နေကုန်တိုက်ပွဲပြင်းထန်ပြီး ချင်းပူးပေါင်းတပ်က ၁၃ ဦး ကျဆုံး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။ ဩဂုတ် ၂၈ ရက် မနက် ၅ နာရီ ခန့်တွင် ချင်းအမျိုးသားတပ်ဦး CNF/ CNA၊ CDF ထန်တလန် ၊ CDF ဟားခါး နှင့် CDF ဇိုဖေ ချင်းပူးပေါင်းတပ်ဖွဲ့သည် ထန်တလန် မြို့က စစ်ကောင်စီတပ်ရင်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက ၄ နေရာမှ ပြင်ဆင်ခုခံခဲ့ပြီး ဂျက်ဖိုက်တာ ပစ်ကူများအပြင် လက်နက်ကြီးနှင့် မတန်တဆပစ်ကူပေးကာ ခုခံခဲ့သည်ဟု CNF/CNA က ပြောသည်။“ကျနော်တို့ ဘက်က CNA ရယ်၊ ထန်တလန်၊ ဟားခါး၊ ဇိုဖေ CDF က ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထန်တလန်မြို့ စစ်ကောင်စီ တပ်စခန်းကို ကျနော်တို့ တိုက်ခိုက်တယ်။ သူတို့က ၃/၄ နေရာမှာ နေရာယူထားတယ်။ အဲဒါကို ကျနော်တို့က တခါတည်း ဝင်တိုက်တယ်။ တိုက်တဲ့အချိန်မှာ သူတို့ရဲ့ ဂျက်ဖိုက်တာနဲ့ ကျနော်တို့ဘက်ကို ဗုံးကြဲခံရတယ်။ လက်နက်ကြီးနဲ့ မတန်တဆ ပစ်ခတ်ခံရတယ်။ အဲဒါနဲ့ ကျနော်တို့ဘက်က ၁၃ ဦး ကျတယ်။ ဒဏ်ရာရရှိသူ တချို့ရှိတယ်။ သူတို့ဘက်ကလည်း အထိအခိုက်အကျအဆုံးတော့ တော်တော်များတယ်။ အတိအကျတော့ မသိဘူး” ဟု CNF/ CNA မှ ဆလိုင်းထက်နီ က ပြောသည်။

ယမန်နေ့က တနေကုန်နီးပါး တိုက်ပွဲပြင်းထန်မှုတွင် ချင်းအမျိုးသားတပ်မတော် CNA ကရဲဘော် ၆ ဦးနှင့် CDF တပ်ဖွဲ့က ရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက် တပ်သား ၃၀ ခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများပြား နိုင်သော်လည်း အတိအကျ မပြောနိုင်သေးကြောင်း သိရသည်။ သို့သော် စစ်ကောင်စီသည် ထိခိုက်ဒဏ်ရာရှိသူများနှင့် သေဆုံးသူများကို လူနာတင်စစ်ကား ၃ စီးနှင့် အရံကားတချို့ဖြင့် ထန်တလန်မှ ဟားခါးဘက်သို့ တင်သွားသည်ကို မြင်တွေ့ရသည်ဟု ဆလိုင်းထက်နီ က ပြောသည်။ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်မှ လေးနေရာက ပြင်ဆင်ခုခံမှုအပြင် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံမှုကို ချင်းကာကွယ်ရေးပူးပေါင်းတပ် ဒရုန်းများနှင့် တွဲ၍ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လအတွင်း နှစ်ကြိမ်စီးနင်း တိုက် ခိုက်ရာ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ချင်းပူးပေါင်းတပ်က ထိခိုက်ကျဆုံးမှု များပြားခဲ့ရသည်။ “တိုက်ပွဲနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ ဘက်က အကျအဆုံးရှိသလို၊ သူတို့ဘက်ကလည်း အကျအဆုံးရှိတယ်။ ကျနော်တို့ လက်နက်တချို့ ရရှိ တယ်။ အတိအကျတော့ပြောလို့မရသေးဘူး။ တိုက်ပွဲကတော့ ဆက်ဖြစ်မဲ့အနေအထားမှာရှိတယ်။ သူတို့ဘက်ကလည်း ပြင်ဆင် ထားတယ်။ ကျနော်တို့ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်”ဟု CNF/ CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။  https://www.facebook.com/photo/?fbid=778042780991444&set=a.723151876480535

၅။ ကုန်စျေးနှုန်းအဆမတန်မြင့်တက်လို့ ရိက္ခာ၀ယ်ယူဖို့အခက်အခဲဖြစ်နေတယ်လို့ ရှမ်းတောင်တော်လှန်‌ရေးတပ်ပေါင်းစု ဆို
   August 28, 2023

ရှမ်းပြည် တောင်ပိုင်းမှာ ဆန်အပါအ၀င် ကုန်စျေးနှုန်းတွေ ‌၃ ဆခန့် မြင့်တက်သွားတာကြောင့် အဖွဲ့အတွက် ရိက္ခာ ၀ယ်ယူဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရှမ်းတောင် ဒေသခံတော်လှန်ရေး တပ်ပေါင်းစု-SSLRU ပြန်ကြားရေး တာ၀န်ရှိ သူ တစ်ဦးက ပြောပါတယ်။ ရိက္ခာ၀ယ်ယူ စုဆောင်းမှု အပိုင်းမှာ စစ်ကောင်စီ တင်းကြပ်တာတွေ ရှိပေမဲ့ လက်ရှိအချိန်အထိ‌ အဆင်ပြေနေပေမဲ့ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်မားလာတာက စိန်ခေါ်မှု တစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။“ကုန်စျေးနှုန်း တွေက အရင်ထက် ၃ ဆလောက် မြင့်တော့ ရန်ပုံငွေ အပိုင်းမှာလည်း အဆင်မပြေမှုတွေ ရှိလာပါတယ်။ ဆန်အပါအ၀င် အခြေခံ စားသောက်ကုန် အကုန်လုံးက တက်နေတာ” လို့ သူကရှင်းပြပါတယ်။ လက်ရှိမှာတော့ ဆန်တစ်အိတ်ကို ငွေကျပ် ၈,၀၀၀၀ ခန့်၊ ဆီတစ်ပိဿာကို ၁,၂၀၀၀ ကျပ်၊ ကြက်ဥတစ်ကဒ်ကို ငွေကျပ် ၇,၅၀၀ အထိ ပေး၀ယ်နေရတယ်လို့ ဆိုပါတယ်။

“စျေးက တာ၀တိံသာ ရောက်နေပြီ။ တပ်ပေါင်းစု အတွက်လည်း ရိက္ခာက လိုအပ်နေတာ ဆိုတော့ ၀ယ်ရမှာပဲ။ ပြည်သူ တွေလည်း ဆက်လက်ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ကူညီချင်ရင်တော့ ရှမ်းတောင်တပ်ပေါင်းစုရဲ့ FACEBOOK PAGE တွေမှာ ပါ၀င်လှူဒါန်းလို့ရပါတယ်” လို့ SSLRU ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံအနှံ့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ၊ စီးပွားရေး ကျဆင်းမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ခက်ခဲနေတဲ့ကြားက တော်လှန် ရေးတပ်ဖွဲ့တွေကို ပါ၀င်လှူဒါန်းပေးနေတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရတယ်လို့ သူကဆိုပါတယ်။ စစ်အာဏာရှင် အမြစ်ပြတ် နိုင်ဖို့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းရမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလက်တွဲ ဆောင် ရွက်ပေးကြဖို့ ရှမ်း‌တောင် ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက မေတ္တာရပ်ခံထားပါတယ်။ https://www.facebook.com/ photo/?fbid=327690456284072 &set=pcb.327690509617400

၆။  ရန်ကုန် – မော်လမြိုင်လမ်းတွင် သွာနေသည့် စစ်ကား ၅ စီး ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁၀ ဦး ထက်မနည်း         သေဆုံး
    August 28, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင် အမြန်လမ်းမပေါ်တွင် စစ်သားအင်းအား ၁၀၀ ခန့် စီးနင်းလိုက်ပါ \လာ သည့်  စစ်ကား ၅ စီးအား တောကျီးကန်း စစ်ကြောင်းနှင့် KNLA ပူးပေါင်းအဖွဲ့တို့မှ အင်္ဂဘိုကျေးရွာ၊ ဒေါင်တောင်ကုန်းအနီးတွင် စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးပြီး စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှုကို သြဂုတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တောကျီ းကန်း စစ်ကြောင်း သတင်း နှင့် ပြန်ကြားရေး ‌တာဝန်ခံတစ်ဦးမှ အတည်ပြု ပြောကြားခဲ့သည်။  “စကစဘက်က သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိပြီးတော့ ထိခိုက်ဒဏ်ရာရသူကတော့ ၇ ဦး ရှိပါတယ်ဗျ။ ဒဏ်ရာရတဲ့သူ သေဆုံးတဲ့သူတွေကိုတော့ တော်ဝင်ကားနဲ့ သယ်သွားတယ်လို့ သိရပါတယ်ဗျ”ဟု ‌တာဝန်ခံ ကိုရာဇာကျော်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိနာသဖြင့် အနီးတွင်ရှိသော အင်္ဂဘို ရွာထဲသို့ ပစ်ခတ်မှုများ ပြုလုပ် ခဲ့သည့်အတွက် ဒေသခံရွာသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ  ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရ သည်။ အဆိုပါ တိုက်ပွဲ ဖြစ်စဉ်တွင် ပျက်စီးသွားသော စစ်ကားကိုလည်း စစ်ကောင်စီဘက်မှ ပြန်လည် ဆွဲယူသွားကြောင်း သိရ သည်။ စစ်ကောင်စီဘက်မှ တော်လှန်ရေး ပူးပေါင်းတပ်များအား ပြန်လည် ပစ်ခတ်တိုက်ခိုက်မှု ရှိသော်လည်း တောကျီးကန်းနှင့် KNLA ပူးပေါင်းအဖွဲ့များအနေဖြင့် ထိခိုက်မှုမရှိခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ https://www.facebook.com/photo/?fbid=85 6481252507931&set=a.776968607125863

၇။ စစ်ကောင်စီနှင့် ပူးပေါင်းသည့် ကန်ပက်လက်မြို့နယ် ကျန်းမာရေးဝန်ထမ်း ၆၀ ဦးအား အမည်ပျက်စာရင်းကြေညာ
    Aug 28, 2023

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းသည့် ကျန်းမာရေးဝန်ထမ်း ၆၀ ဦးအား အမည်ပျက် ဝန်ထမ်းများအဖြစ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကန်ပက်လက်) က သတင်းထုတ်ပြန်ကြေညာသည်။ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ CDM/Non-CDM စုံစမ်းစစ်ဆေးရေး ကော်မတီ၏ တွေ့ရှိချက်အရ အဆိုပါ ကျန်းမာရေးဝန်ထမ်းများ အား ယခုကဲ့သို့ အမည်ပျက်စာရင်းကြေညာရခြင်းဖြစ်သည်ဟု ဆိုသည်။ ထုတ်ပြန်ကြေညာချက်တွင် မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများမှ ဝန်ထမ်းများ အများဆုံးပါဝင်ပြီး လက်ထောက်ဆရာဝန်နှင့် အထက်တန်းသူနာပြုများ ပါဝင်ကြသည်။

“ကန်ပက်လက်ဆေးရုံက ပိတ်ထားတာ ၂ နှစ်နီးပါး ရှိပြီနော။ ကျောင်းတွေလည်း မဖွင့်ဘူး။ တကယ့် တကယ် စာရင်း တွေက CDM ဝင်ထားတဲ့ လူတွေလည်း အမည်ပျက်စာရင်းထဲ ပါလာတဲ့ဟာတွေရှိတယ်။ အဲ့ဒီလိုပဲ တချို့ဟာတွေက မတိကျ သေးတဲ့ ဟာတွေလည်း ရှိတယ်နဲ့တူတယ်။ အမှန်က Non-CDM လို့သာပြောတာ ကန်ပက်လက်မှာ အပစ်အခတ်ဖြစ်ပြီး ကတည်း က ကျောင်းတွေ ဆေးရုံတွေပိတ်ပြီး အကုန်လုံး ဘာမှမရှိတော့ CDM တွေရော Non-CDM တွေရော မြို့ကို ရှောင်သွားကြပြီလေ။ မြို့ပေါ်မှာလည်း တစ်ယောက်စ နှစ်ယောက်စ၊ ဘယ်မှသွားမရ လာမရတဲ့ လူတွေပဲ ကျန်ခဲ့တော့တာ”ဟု ကန်ပက်လက် ပြည်သူ တစ်ဦးက ပြောသည်။ ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းသည့် ကန်ပက်လက်မြို့နယ်၊ ဌာနဆိုင်ရာအသီးသီးမှ non-CDM များကို အမည်ပျက်စာရင်းတွင် ဆက်လက်ထုတ်ဖော် ကြေညာသွားမည်ဟု သိရသည်။ ယခု အမည်ပျက်စာရင်းတွင် ပါဝင်သွားသည့် CDM ဝန်ထမ်းများ ရှိပါကလည်း ခိုင်လုံသော အထောက်အထားဖြင့် CDM/Non-CDM စုံစမ်းစစ်ဆေးရေး ကော်မတီထံသို့ အယူခံဝင်ခွင့်ရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။ https://www.facebook.com/photo/?fbid=856521082503948 &et=a.776968607125863

၈။ နမ့်အွမ်မှာ အခွန်ကောက်နေတဲ့ TNLA ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်၊ လူနေအိမ်နဲ့ KBC ဘုရားကျောင်းထိမှန်
    August 28, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာ၊ ပြည်ထောင်စု လမ်းမပေါ် အခွန် ကောက်နေတဲ့ TNLA ကို စစ်ကောင်စီက ဩဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်က လက်နက်ကြီးနဲ့ ပစ်ရာ ရွာထဲ ကျရောက် ပေါက်ကွဲပြီး နေအိမ် တစ်အိမ်နဲ့ KBC ဘုရားကျောင်း ထိမှန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “နမ့်အွမ်ရွာမှာ ဆက်ကြေး ကောက်နေတဲ့ TNLA တွေကို စစ်ကောင်စီက 60 mm ပစ်လိုက်လို့ ပြည်သူနေအိမ် တစ်လုံးထိသွားတယ်။ KBC ဘုရားကျောင်း လည်း နည်းနည်း ထိသွားတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ကျေးရွာအတွင်း နေအိမ် အုတ်နံရံ ထိမှန် ပျက်စီးပြီး ကချင် နှစ်ခြင်းဘုရား ကျောင်း ပြတင်းပေါက်မှန်နဲ့ အုတ်နံရံ၊ အိမ်သာတွေကို လက်နက်ကြီးကျည်စတွေ ထိမှန်ကာ အနည်းငယ် ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။ “၃ ရက် ဆက်တိုက်ရှိပြီ။ ကားသမားတွေဆီမှာ ဆက်ကြေး လာတောင်းနေတာ။ TNLA တွေ ဆက်ကြေး မတော်မတရား လာကောက်နေလို့ TNLA တွေကို ပစ်တာထင်တယ်” လို့ ရွာခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

လက်ရှိ TNLA နဲ့ စစ်ကောင်စီတပ် အနီးကပ်တည်ရှိနေလို့ ကျေးရွာနေဒေသခံတွေက တိုက်ပွဲအပြင်အခုလို စစ်ကောင်စီ ဘက်က လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံတွေ ထိခိုက်မှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက စစ်ကောင်စီနဲ့ TNLA တို့ နမ့်အွမ်ရွာ အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အများအပြား ပစ်ခတ်ခဲ့တဲ့ အပြင် လေကြောင်းက ဗုံးကြဲတာကြောင့် ပြည်သူတွေရဲ့ နေအိမ် အဆောက်အုံနဲ့ ဆိုင်ခန်းတွေ ထိမှန်ပျက်စီးခဲ့ပြီး အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့တဲ့ အပြင် တီးမရွာခံ လူငယ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။ https://www.facebook.com/photo?fbid=327754169 611034&set=pcb.327754192944365

၉။  မူးယစ်၊ ဒလန်၊ ငွေကြေးလိမ်လည်မှု၊ တော်လှန်ရေးနှောင့်ယှက်မှုနဲ့ ဦးမန်မွန်းပြန်ကို CDF-Tonzang က ရှင် း      လင်းကြောင်းထုတ်ပြန်
    August 28, 2023

တမူးမြို့နယ်၊ ခမ်းပတ်မြို့ အမှတ် (၁)ရပ်ကွက်မှာနေထိုင်တဲ့ ဦးမန်မွန်းပြန် (U Mang Muan Piang-၃၈နှစ်) ကို CDF-Tonzang တပ်ရင်း-၂ က ဩဂုတ် ၂၂ ရက်ည၌ ရှင်းလင်းလိုက်တယ်လို့ ဩဂုတ် ၂၇ ရက်ကထုတ်ပြန်ထားပါတယ်။  ဦးမန်မွန်းပြန် ရှင်းလင်းတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး CDF-Tonzang တပ်ရင်း-၂ ထုတ်ပြန်ချက် နံပါတ် (၂)တွင် CDF-Tonzang တပ်ရင်း-၂ ၏ စိုးမိုးနယ်မြေအတွင်း အုပ်ချုပ်ရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ ဝင်ရောက်စွက်ဖက်သည်သာမက လူမျိုးရေးသွေးခွဲပြီး ဇိုတပ်မတော် သီးသန့်ဖွဲ့စည်းပြီး ပင်မအဖွဲ့အစည်းဖြစ်သော ဇို/ထာဒိုတပ်ရင်း (၂)ကို ပြန်လည် တိုက်ခိုက်ရန်ချေမှုန်းရန် ရဲဘော်သစ် (၁၂)ဦး စုဆောင်းသင်တန်းပို့ချခြင်း၊ နံပါတ် (၅)တွင် ခမ်းပတ်စခန်းတိုက်ပွဲကာလအတွင်း ခမ်းပတ်လူထုစစ်ဘေးရှောင်သည့်အချိန် ဇူလိုင် (၂၆၊ ၂၇၊ ၂၈၊ ၂၉ရက်နေ့)တွင် ခမ်းပတ်မြို့ စကစ စခန်းသို့သွားလာဝင်ထွက်ပြုလုပ်နေပြီး စစ်တပ်များနှင့် ပျူစောထီးများနဲ့ အဆက်အသွယ်ပြုလုပ်နေပါသည်။

နံပါတ် (၇)တွင် RCDF (ယခင် KKG) အဖွဲ့အား လက်နက်ဝယ်ယူပေးရန်ဆိုပြီး ကျပ်သိန်း (၃၀၀) တိတိလိမ်လည်ခဲ့ပါ သည်။ ပထမအကြိမ် (RCDF) ဖမ်းဆီးချိန်ထွက်ပြေးလွတ်မြောက်ခဲ့သည်။ နံပါတ် (၉)တွင် CDF-Tonzang တပ်ရင်း-၂ မှ မူးယစ် ဆေးဝါးနှင့်အတူ လက်ရဖမ်းဆီးပြီး ယင်းကိစ္စအပြင် တော်လှန်ရေးအဖွဲ့အစည်းအပေါ် မနှောင့်ယှက်ရန် ဒလန်မပြုလုပ်ရန် စကစ တပ်စခန်းများနှင့် အဆက်အသွယ်မပြုလုပ်ရန် စသည့်အချက်များကို ဂတိခံဝန်ချက် လက်မှတ်ရေးထိုးစေပြီးနောက် ပြန် လွှတ်လိုက်ပါသည်လို့ ဖော်ပြထားပါတယ်။ https://www.facebo ok.com/photo/?fbid=644408924456944&set=a.60325 4748572362

၁၀။ မိုးကောင်း ဒေသခံ ၁ ဦး စစ်တပ်တွင်း စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံး 
     August 28, 2023

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သားပြည်သူတွေထဲက  အမျိုးသားတယောက် ဩဂုတ်  ၂၆ ရက်နေ့က  စစ်ကြောရေးမှာ ရိုက်နှက် နှိပ်စက်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သြဂုတ် ၁၉ ရက်က မိုးကောင်းအ.ထ.က (၁) ကျောင်းမှာ ကျောင်းလာကြိုတဲ့စစ်ကား ပစ်ခတ်ခံရပြီးနောက် နတ်ကြီးကုန်း  ပျော်လင့်ရပ်ကွက်မှာနေထိုင်တဲ့ မိသားစုကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။ သြဂုတ်လ ၂၆ ရက်နေ့မှာတော့ ဝေပုလ တောင်ခြေက အမှတ် ၇၄ တပ်အတွင်း စစ်ကြောရေးမှာ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေစဉ် ဖမ်းဆီးခံ မိသားစုဝင်ထဲက အသက် ၄၀ အရွယ် ဦးဝဘော်တန်ဂွမ်းဟာ လက်လွန်ပြီး သေဆုံးသွားတာလို့  မိသားစုနဲ့နီးစပ်တဲ့ ပျော်လင့်ရပ်ကွက်သား တစ်ဦးက ပြောပါ တယ်။ “မိသားစုဝင် သုံးဦးစလုံး အဖမ်းခံရတာ။ ရိုက်နှက် စစ်ဆေးတာ လက်လွန်ပြီး သေသွားတယ်။ သေတာက ၂၆ ရက်နေ့က။ အပြင်မှာရှိတဲ့ မိသားစုဝင်တွေကို အကြောင်းကြားတာက ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ။ သေတဲ့ရုပ်အလောင်းကို ဘာသာရေးအရ သင်္ဂြိုဟ်မလို့ အလောင်းတောင်းတာတောင် ပြန်မပေးဘူး။” စစ်ကြောရေးမှာ စစ်ဆေးစဉ် သေဆုံးသွားခဲ့တဲ့ ဦးဝဘော်တန်ဂွမ်းရဲ့ အလောင်းပြန်မရတဲ့အတွက် မိသားစုဝင်တွေက ဘာသာရေးအရ သင်္ဂြိုဟ်ခွင့်မရတဲ့အပြင် ဇနီးဖြစ်သူနဲ့ သားဖြစ်သူကိုလည်း စစ်ကြောရေးမှာ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

သြဂုတ် ၁၉ ရက်က ကျောင်းလာကြိုတဲ့ စစ်ကား ပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီးနောက် စစ်ကောင်စီတပ်က မိုးကောင်းမြို့နယ်အတွင်း ဒေသခံပြည်သူ အယောက် ၇၀ ထက်မနည်းကို လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပေမဲ့ အဖမ်းခံရသူတွေအထဲမှာ နာမည်သိရှိရသူက အမျိုးသား အမျိုးသမီး ၁၇ ယောက်သာရှိပါတယ်။ https://b urmese.dvb.no/post/612137

၁၁။ ဖရူဆိုမှာ နေအိမ် ငါးဆယ်နီးပါး မီးရှို့ဖျက်ဆီးခံရ
     August 28, 2023

ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲမှာရှိတဲ့ ရွာသုံးရွာက နေအိမ်ငါးဆယ်နီးပါးကို စစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညား က ဩဂုတ်လ ၂၈ ရက်မှာ  ပြောပါတယ်။ ဩဂုတ် လ ၂၄ ရက်နေ့ကနေ ၂၆ ရက်အတွင်း ဒေါညေးခူရွာက နေအိမ် ဆယ်လုံး၊ ထီးပေါ်ဆိုရွာက နေအိမ် သုံးဆယ်ကျော်နဲ့ ထီးသော်ကူး ရွာက နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့  ကိုဗညားက ပြောပါတယ်။“ဆက်တိုက်ဆိုသလို မီးရှို့သွားတာပေါ့နော်။ တချို့ နေရာတွေမှာကျတော့ တိုက်ပွဲမှာ သူတို့ဘက်က သေဆုံးတဲ့ သူတွေကို အိမ်တွေထဲထည့်ပြီး မီးရှို့တာပေါ့။ အခုကျွန်တော်တို့ ရွာသားတွေဆီကနေရတဲ့ စာရင်းအရတော့ ဒီရက်ပိုင်းမှာ အိမ်ခြေ ငါးဆယ်လောက်ရှိပြီပေါ့နော်။ အများဆုံးက အရှို့ခံထားရ တာက ထီးပေါ်ဆိုရွာက ဖြစ်ပါတယ်” သြဂုတ်လ ၂ ရက်နေ့ကစပြီး ဒီးမော့ဆိုနဲ့ ဖရူဆို လမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားနေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF ကလည်း သြဂုတ်လ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ တပ်နဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၇၆၆ ကြိမ်အထိ ဖြစ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင် အားစု PKPF ရဲ့  ဩဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်ခံရမှု ကြောင့်လည်း ဘာသာရေးအဆောက်အအုံ ၃၉ လုံးနဲ့ အရပ်သားနေအိမ် ၁၆၃၉ လုံး ပျက်စီးခဲ့တယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=692793606215 378&set=a.583637430464330

၁၂။  ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ အရပ်သား ၄ ဦးထိခိုက်ဒါဏ်ရာရပြီး နေအိမ် ၇        လုံးပျက်စီး
      August 28, 2023

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သား ၄ ဦးထိခိုက်ပြီး လူနေအိမ် ၇ လုံးပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန် ပါတယ်။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီ တပ်က ၁၂၀ မမ လက်နက်ကြီးကျည် ၈လုံးကို အရပ်သားနေထိုင်ရာ ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆို ပါ လက်နက်ကြီးကျည်တွေဟာ  မုန်းမြို့နယ် ထွနီကုန်း ရွာဘေးမှာ၂လုံး၊ ရွာမှကြီးကျေးရွာမှာ ၁လုံး၊ ငါးမြစ်ချင်းကျေးရွာအတွင်း ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ငါးမြစ်ချင်းကျေးရွာက ဒေသခံတဦးရဲ့ နေအိမ်လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ရွှေကျင်မြို့နယ်မှာလည်း ချုံအင်းကျေးရွာအတွင်းကို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ နေအိမ် ၁ လုံး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ရပြီး ထပ်မံ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ဝမ်းချိုင်းကျေးရွာအတွင်း ကျရောက်ခဲ့တယ်လို့ ဆိုပါ တယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်မှာ ဟင်္သာဝဲကျေးရွာအုပ်စု ကြိုးကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ အရပ်သားပြည်သူ ၄ ဦး လက်နက်ကြီး ကျည်စထိမှန် ဒါဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး၊ ထင်းတဲ ၁ ခုနဲ့ ကောက်ရိုးပုံ ၁ ခု ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ https://w ww.facebook.com/ph oto/?fbid=325301949887561&set=pcb.325302026554220

၁၃။ မင်းတပ်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိဟု CDF အသိပေး၊ ပြည်သူခြောက်ဦးကို စစ်ကောင်စီ         တပ်ဖမ်းဆီး
     August 28, 2023

ချင်းပြည်နယ် မင်းတပ်မြို့တွင်း၌ ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး ခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ် (CDF) က ထုတ်ပြန်သည်။ မင်းတပ်မြို့ အရှေ့ပြင် ရပ်ကွက် တစ်နေရာ၌ ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဩဂုတ် ၂၆ ရက် တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသခံသတင်းရင်းမြစ်က လူမှုကွန်ရက်မှတဆင့် အသိပေးထားရာ မင်းတပ်အခြေစိုက် ခလရ(၂၇၄) တပ်မှ ကားနှစ်စီးဖြင့် မြို့အဝင်ဂိတ်သို့ သွားရောက်ပြီး ပန်းခြံအနီးခြေလျင်လှုပ်ရှားလာသည့် စစ်ကောင်စီတပ်နှင့် CDF တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ တပ်သား၊ ရဲ ၇ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ဒဏ်ရာရသူများအား ခလရ(၂၇၄)တပ်သို့ သယ် ဆောင်ကုသပေးနေသည်ဟုလည်း သတင်းရင်းမြစ်က အသိပေးထားသည်။

အဆိုပါ ထိတွေ့မှုအပြီး ဘ၀သစ်ရပ်ကွက်ရှိ ဒေသခံပြည်သူ လေးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း၊ ဩဂုတ် ၂၅ ရက်ကလည်း ပြည်သူ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း မင်းတပ် CDF က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများအပေါ် မတရား စွပ်စွဲဖမ်းဆီးမှုပိုမိုပြုလုပ်လာ၍ ပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန်လည်း မင်းတပ် CDF က တိုက်တွန်းသည်။ မင်းတပ် CDF နှင့်စစ်ကောင်စီတပ်တို့သည် ဩဂုတ် ၂၃ ရက်ကလည်း မြို့ပေါ်ရှိ အရှေ့ပြင် ရပ်ကွက် ဆက်သွယ်ရေးရုံးအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၌ ထိခိုက်မှု အခြေအနေ အတိအကျ မသိကြောင်း ထုတ်ပြန်သည်။ ထို့အပြင် ဩဂုတ် ၂၀ ရက်ကလည်း စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မော်တော်ယာဉ် တစ်စီးကို မင်းတပ် CDF က သိမ်းဆည်းခဲ့သည်ဟုလည်း အသိပေးထားသည်။ https://w ww.facebook.com/photo/?fbid=637568091775320&s et=a.559396186259178

၁၄။ တီစစ်ရွာကို စစ်ကောင်စီစစ်ကြောင်းထိုးနေပြီး ဒေသခံအများအပြားအဖမ်းခံထားရ
     August 28, 2023

လောင်းလုံးမြို့နယ်၊ တီစစ်ရွာကို စစ်ကောင်စီတပ်သားတွေ စစ်​ကြာင်းထိုး ဝင်ရောက်လာပြီး ပြည်သူအများအပြားကို ဖမ်းဆီးထားတယ်လို့ ​ဒေသခံတွေကပြောပါတယ်။ ဒီနေ့မနက် ၉ နာရီလောက်ကတည်းက ထားဝယ်ကနေ  မြေတင်ကားနှစ်စီးနဲ့ လောင်းလုံးရဲစခန်းကို ရောက်ရှိလာပြီး ရဲစခန်းကကားအငယ်တစီးနဲ့ပေါင်းကာ စစ်ကောင်စီတပ်သား အင်အား ၅၀ ဝန်းကျင် စမ်းလှမ်းရွာကိုသွားရောက်ခဲ့ပါတယ်။ အဲဒီနောက်စမ်းလှမ်းရွာက နေအိမ်နဲ့စျေးဆိုင်တချို့ကိုရှာဖွေစစ်ဆေးတာတွေပြုလုပ်ပြီး ညနေ ပိုင်းမှာတော့ တောလမ်းအတိုင်း တီစစ်ရွာကိုဆက်ပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။  “ကားတွေကပို့ခဲ့ပြီးပြန်ပြီ။ တီစစ်ကိုတောလမ်းအတိုင်ခြေကျင်ဝင်လာတာ။ စမ်းလမ်းနဲ့ဒီဘက်နဲ့က အတည့်ဖြတ်ရင် ခဏနဲ့ ရောက်တယ်လေ” လို့​​ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ညနေ ၅ နာရီခွဲလောက်မှာတော့ တီစစ်ရွာရဲ့ ဖိုးလမော်ကမ်းခြေကိုရောက်ရှိလာပြီး အဲဒီ နေရာတဝိုက်က ဒေသခံအများအပြားကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတချို့က ဖိုးလမော်ကမ်းခြေဘက်မှာ ​လူ ၄၀ လောက်အထိဖမ်းဆီးခံရတယ်လို့ပြောဆိုကြပြီး ဒေသခံ  ၂၀ ဝန်းကျင်ဖမ်းဆီးခံရတယ်လို့ ပြောတဲ့ ဒေသခံတွေလည်း ရှိပါတယ်။ အရေအတွက် အတိအကျကိုတော့mစုံစမ်းနေဆဲ ဖြစ်ပါတယ်။  အဲဒီနောက် ညနေ ၆ နာရီလောက်မှာတော့ ဖမ်းဆီးထားသူ တွေ ကို လူသားဒိုင်းပုံစံနဲ့ခေါ်ယူကာ တီစစ်ရွာအထက်ကျောင်း(ဘုန်းကြီးကျောင်း)ကို ရောက်နေတယ်လို့သိရပါတယ်။ စစ်ကောင်စီ စစ်ကြောင်း ရောက်လာတာကြောင့် တီစစ်ရွာထဲက ​ဒေသခံအများအပြား နေအိမ်စွန့်ခွာပြီး နီးစပ်ရာထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ https://www.facebook.com/photo?fbid=32481472993 6283&set=a.196212679463156

၁၅။ AA တပ်စခန်း ဧရိယာထဲ စစ်ကောင်စီ လက်နက်ကြီး ကျရောက်မှု မဟုတ်ဟု ရက္ခိုင့်တပ်တော်ပြော
     August 28, 2023

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်က AA အခြေစိုက်ရာ တပ်စခန်းတစ်ခု ဧရိယာထဲသို့ စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်မှုမှာ မဟုတ်မှန်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခ က ပြောသည်။ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ တပ်မကြီးက ပစ်ခတ်လိုက်သော လက်နက်ကြီးမှာ နတ်အိုင်ရွာအနီးရှိ ရက္ခိုင့်တပ်တော် စခန်း ဧရိယာထဲ ကျရောက်ပေါက်ကွဲ သည်ဟု ဒေသခံများ၊ မီဒီယာနှင့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတို့တွင် သတင်းထွက်ပေါ်နေပြီး ယင်းသတင်းမှာ မှန်ကန်မှု မရှိကြောင်း ဦးခိုင်သုခ ကဆိုသည်။ “ကျနော်တို့ မြေပြင်သတင်းအချက်အလက်အရ ကျနော်တို့ စခန်းဧရိယာထဲမှာ မြန်မာ စစ်တပ် ရဲ့ လက်နက်ကြီး ကျရောက်တာ မဟုတ်ပါဘူး။ သတင်းအမှားသာဖြစ်တယ်။ မြန်မာစစ်တပ် အခြေစိုက်တဲ့ ပွိုင့် ၄၂၈ ကုန်းမှာ ပေါက်ကွဲတာပါ။ ဘာပေါက်ကွဲတာလဲတော့ မသိဘူး။ တက်နင်းမိလို့ မိုင်းပေါက်ကွဲတာလား၊ ဘာပေါက်ကွဲတာလဲတော့ မသိသေးဘူး ” ဟု ပြောသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသလို ထိခိုက်ဒဏ်ရာသေဆုံးမှု အခြေအနေကို မသိရသေးကြောင်းနှင့် ဒေသခံများနှင့် ရက္ခိုင့်တပ်တော်က အတည်ပြုထားပြီး ဩဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီ တပ်စခန်းအတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ဒေသခံများပြောဆိုချက်အရ စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးများ စပ်သပ်ခတ်ရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ပေါက်ကွဲသံများကို အနီးအနားကျေးရွာများက ကြားခဲ့ရသည်ဟု ပြောဆိုကြသည်။ တစ်ဆက်တည်းတွင် စစ်ကောင်စီ တပ်ဖွဲ့များသည် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့အစပ် ကျေးရွာများတွင် ရက္ခိုင့် တပ်တော်၏ အခြေစိုက်တပ်စခန်းများကို ဒရုန်းဖြင့်ကင်းထောက်မှုများရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။ ရက္ခိုင့်တပ် တော် ဘက်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိပေ။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှ စ၍ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် နားလည်မှုဖြင့် ပစ်ခတ်ရပ်စဲခဲ့ပြီး လက်ရှိအချိန်အထိ ဆိုပါက  နှစ်ဖက် ပစ်ခတ်ရပ်စဲမှုမှာ ၈ လနီးပါး ရှိလာပြီးလည်း ဖြစ်သည်။ https://ww w.facebook.com/photo/?fbid=735035848635844&s et=a.682731967199566

၁၆။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ကြဖို့ KSP တိုက်တွန်း
     August 28, 2023

ကရင်နီပြည်ရဲဌာန (KSP) ဖွဲ့စည်းပြီး ၂ နှစ်တာကာလအတွင်း အရေးယူဆောင်ရွက်နိုင်ခဲ့တဲ့အမှုပေါင်း (၃၆၂)မှုရှိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ အမှုက အများဆုံးဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးအမှု လျော့နည်းလာဖို့ ပြည်သူလူထုတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့လိုတယ်လို့ KSP သတင်းနှင့်ပြန်ကြားရေး ဌာနမှူး ကိုဘိုဘို က တိုက်တွန်းထားပါတယ်။“မူးယစ်ဆေး ဝါးက ပြည်သူလူထုကို အကျိုးမပေးဘူးပေါ့နော။ အဲ့ဒီအတွက်ကြောင့်မလို့ မူးယစ်ဆေးဝါးပပျောက်ဖို့အတွက် ပြည်သူတွေ က ပူးပေါင်းပါဝင်ပေးကြဖို့ ပြောလိုပါတယ်။ ပူးပေါင်းပါဝင်တဲ့နေရာမှာ နည်းလမ်းပေါင်းစုံရှိတယ်ပေါ့နော။ ရောင်းဝယ်ဖောက်ကား သုံးစွဲနေတာကို သတင်းပေးတာမျိုးလဲရတယ်။ လူငယ်တွေကို မူးယစ်ဆေးဝါးရဲ့ မကောင်းကြောင်းတွေ မူးယစ်ဆေးဝါးက ဘယ် လိုမကောင်းဘူးဆိုတာ မျိုးပေါ့နော။ ကိုယ့်ရဲ့သားသမီး ဆွေမျိုးတွေကို သွန်သင်ဆုံးမပေးတာမျိုးပေါ့။ အဲ့လိုမျိုးစုံနဲ့ အုတ်တချပ် သဲတပွင့်အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းလိုပါတယ်။”လို့ ကိုဘိုဘိုက ပြောပါတယ်။ ကရင်နီပြည်က တော်လှန်ရေး အင်အားစုတွေ စိုးမိုးနယ်မြေအတွင်းမှာ စစ်ကောင်စီသတင်း ပေးမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးအမှု၊ မူးယစ်ရမ်းကားမှု၊ အိမ်တွင်း အကြမ်းဖက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုစတဲ့ အမှုတွေကို  ရပ်မိရပ်ဖတွေ၊ ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

KSP ဖွဲ့စည်းပြီး တစ်နှစ်အတွင်း အမှုပေါင်း (၂၃၅)မှု၊ ယခုနှစ်မှာတော့ (၁၂၇)မှု ရှိခဲ့ပြီး စုစုပေါင်း (၃၆၂)မှုကို အရေးယူ ဆောင်ရွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။“ဒီ ၂ နှစ်အတွင်းမှာဖြစ်တဲ့ ကျနော်တို့ အရေးယူခဲ့တဲ့ ၃၆၂မှုထဲမှာ အဲ့ဒီထဲမှာ အများဆုံးက မူးယစ်ဆေးဝါးအမှုပေါ့။ တိတိကျကျပြောရရင် WY ဆေးပြားတွေ မိတာများတာပေါ့။”လို့ ကိုဘိုဘိုက ဆက်ပြောပါတယ်။ လက်ရှိ မှာလည်း မူးယစ်ဆေးဝါး အန္တာရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောမှု လုပ်ဆောင်တာရှိနေပြီး ခရီးသွားပြည်သူ တွေကြားမှာ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း မရှိစေရေးအတွက်လည်း ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းတွေ ကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် CDM ရဲတွေနဲ့ ကရင်နီပြည်ရဲဌာန (KSP) ကို ဩဂုတ် လ ၂၅ ရက်နေ့မှာ ဖွဲ့စည်းထားတာဖြစ်ပြီး ၂နှစ်ကာလအတွင်း ရဲစခန်း ၈ ခု နဲ့ လုံခြုံရေးရဲကင်း ၄ ခုမှာ လူထုအခြေပြု ရဲ လုပ်ငန်း တွေနဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ အခြားသောဝန်ဆောင်မှုတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။ https://www.kantar awaddytimes.org/%e1%80%99%e1% 80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80

၁၇။ ကရင်နီပြည်နယ်မှာ လူငယ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်မယ်
      August 28, 2023

ကရင်နီပြည်နယ်က လူငယ်တွေ နိုင်ငံရေးနဲ့ လုပ်ငန်း စီမံခန့်ခွဲမှု တိုးတက်စေဖို့ လူငယ်စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ် ပေးမယ်လို့ ကရင်နီ လူငယ်များသမဂ္ဂ-UKSY က ထုတ်ပြန် အသိပေးပါတယ်။ လာမယ့် အောက်တိုဘာလ ၂ ရက်ကနေ ၂၀၂၄ခု နှစ်၊ မတ်လ ၁၉ ရက်နေ့ အထိ စာတွေ့ ၃ လ၊ လက်တွေ့ ၃ လ၊ စုစုပေါင်း ၆ လကြာ သင်ကြားပို့ချပေးမဲ့ အဆိုပါ သင်တန်းကို UKSY က ဆောင်ရွက်ပေးတာဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် လူမျိုးစု လူငယ်အဖွဲ့ အစည်း တစ်ခုခုရဲ့ ထောက်ခံချက် လိုအပ်တယ်လို့ ဆိုပါတယ်။

သင်တန်း တက်ရောက်လိုသူတွေ အနေနဲ့ စက်တင်ဘာလ ၁၃ ရက်မတိုင်ခင် လျှောက်လွှာကို ကရင်နီ လူငယ်များ သမဂ္ဂရဲ့ အီးမေးကို ပေးပို့ရမှာဖြစ်ပြီး သတ်မှတ်ချက်တွေကတော့ အသက် ၃၀ မကျော်သူ၊ သင်တန်းကို အချိန်ပေး တက် ရောက်နိုင်သူ၊ လူမျိုးနဲ့ ကျားမ တန်းတူဆက်ဆံရေးကို လက်ခံနိုင်သူနဲ့ ကရင်နီပြည်နယ်အရေး စိတ်ပါ၀င်စားသူတွေ စာရင်းပေး သွင်း နိုင်တယ်လို့ UKSY က ပြောပါတယ်။ သင်တန်းသား ၈ ဦး လက်ခံမှာဖြစ်ပြီး သင်တန်းကာလ နေစရိတ်၊ စားစရိတ်တွေကို တာ၀န်ယူမှာ ဖြစ်သလို ထူးချွန်သူတွေကို ၂ နှစ်စာချုပ်နဲ့ အလုပ်အကိုင် ဖန်တီးပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo?fbid=327724596280658&se t=a.285900490463069

၁၈။ သဗြုချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
     August 28, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ကျေးရွာ၊ ဘောလုံးကွင်းအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ သဗြုချောင် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်မှာ သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ငွေထွန်း(ခ)အတူးဟာ နေအိမ်မှ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ရင်းငြိမ်မြောက်ကျေးရွာ ဘက်သို့ ထွက်ခွာလာခဲ့ရာ ဆိုင်ကယ်စီးသေနတ်သမားတွေက လိုက်လံပစ်ခတ်ခဲ့တာပါ။  သေနတ်သမားတွေက ဆိုင်ကယ် ဘေး မှ ကပ်ကာ အနီးကပ် နှစ်ချက် ပစ်ခတ်ခဲ့တာကြောင့် ဦးငွေထွန်း(ခ)အတူးရဲ့ ယာဘက်ဝမ်းဗိုက်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ် ချက် (စိုးရိမ်ရ) ရရှိခဲ့ပါတယ်။

“သူကို စောင့်ကြည့်နေတာဖြစ်မယ်။ သူအိမ်ကထွက်တာနဲ့အနောက်ကနေလိုက်ပြီး ပစ်လိုက်တာလို့သိရတယ်။ ဒဏ်ရာ က ပြင်းတယ်။ စိုးရိမ်ရအခြေနေဘဲ”လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။ လက်ရှိမှာတော့ သေနတ်ဒဏ်ရာရသွားတဲ့ အုပ်ချုပ်ရေး မှူးကို ဒေသခံတွေက ပေါင်မြို့နယ် ပြည်သူဆေးရုံကို ပို့ဆောင်ထားကြပါတယ်။ ပစ်ခတ်ပြီးနောက် သေနတ်သမား နှစ်ဦးဟာ ဇင်းကျိုက်မြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်ကာ ထွက်သွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့က ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၊ ဦးကရင်ထမင်းဆိုင်နားမှာ သထုံကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ ဇင်းကျိူက်နယ်မြေရဲစခန်းက ရဲတပ်သား ၁ ဦး ကို သေနတ်သမားတွေက နောက်ကနေ လိုက်ပစ်လို့ သေဆုံးသွားပါတယ်။ https://www.facebook.com/photo/?fbid=64 9591813942639&set=a.606834898218331

၁၉။ ဖားကန့်တွင်  စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၃၃ မှ ဗိုလ်မှူးနှင့်ဗိုလ်ကြီးများ ဓားပြတိုက် ခြိမ်းခြောက် ငွေညှစ် ဖမ်းဆီးမှု        များလုပ်ဆောင်နေ
     August 28, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဓားပြတိုက် ခြိမ်းခြောက်ငွေညှစ် ဖမ်းဆီးမှုများ လုပ်‌ဆောင်နေသည်မှာ ပျူစောထီး များဖြစ်ပြီး ၎င်းတို့၏ ခေါင်းဆောင်မှာ စစ်ကောင်စီတပ် တပ်မ ၃၃ မှ ဗိုလ်မှူးမင်းထက်အောင် ဖြစ်ကြောင်း သိရသည်။ ဖားကန့်ရှိ ဈေးဆိုင်နှင့် ငွေကြေးချမ်းသာသူများကို တောင်းသည့်ငွေကို မပေးပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ငွေတောင်းသည့် အဖွဲ့ ခေါင်းဆောင် ဗိုလ်စောမောင်ကို KPDF အဖွဲ့က ဇူလိုင်လအတွင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုအရ တပ်မ ၃၃ မှ  ဗိုလ်မှူးက ညွှန်ကြားခိုင်းစေနေခြင်း ဖြစ်ကြောင်းသိရသည်။ “ဗိုလ်မှူးမင်းထက်‌အောင်ကို ဝေစုပေးရတယ်။ ဗိုလ်ကြီးဗညား ဆိုသူ က ကျွန်တော်တို့နဲ့ အလုပ်တွဲလုပ်တာ။ ဗညားကအထူးကွန်မန်ဒိုအဖွဲ့ထဲကဆိုပြီး စစ်မေးတဲ့အချိန်မှာ ပြောတယ်။ သူတို့အဖွဲ့က ၆ လပိုင်းလောက်က  မြို့ပေါ်မှာသောင်းသောင်း ကျန်းကျန်း ဖြစ်လာတာ။ ပြီးခဲ့တဲ့ ၇ လပိုင်းက ရွာတစ်ရွာကို ပိုက်ဆံလာယူတဲ့ အချိန်မှာ စောင့်ဖမ်းခဲ့တာ” ဟု KPDF က ရဲဘော်တစ်ဦးက ပြောသည်။

ပျူစောထီး ဗိုလ်စောမောင်ကို ဖမ်းဆီးရမိချိန်တွင် ခြိမ်းခြောက်တောင်းယူ ထားသည့် ငွေကျပ်သိန်း ၃၀ ၊ ခြေရာခံစက် ထည့်ထားသည့် သေနတ်အတုတစ်လက်တို့နှင့်အတူ ဆိပ်မူကျေးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့ ကို နောက်ကွယ်မှ စေခိုင်းနေသူများသည် စစ်ကောင်စီတပ်ဖွဲ့မှ ဖြစ်ကြောင်းကို စစ်ဆေးမေးမြန်းမှုများအရသိရှိရခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ဖားကန့်မြို့ပေါ်တွင် ငွေညှစ်တောင်းခံမှုများခြိမ်းခြောက်စာပေးပို့မှုများကို စစ်ကောင်စီတပ်ကဆက်လက်လုပ် ဆောင်နေကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=627731682829188&set=a.583120797290277

၂၀။ တွန်းဇန်မြို့မှာ ZRA လက်နက်ကိုင် အဖွဲ့ဝင်တွေကင်းလှည့်တာကို ဓာတ်ပုံရိုက်ပြီး အသိမိတ်ဆွေကိုပေးပို့တဲ့              ခရစ်ယာန် ဓမ္မဆရာ ရိုက်နှက်ခံရ
     August 29, 2023

ချင်းပြည်နယ် တွန်းဇန်မြို့မှာ ဩဂုတ်လ(၂၈)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်လောက်က ခရစ်ယာန်ဓမ္မဆရာ တစ် ယောက်ကို Zomi Revolutionary Army (ZRA) လက်နက်ကိုင်အဖွဲ့က ရိုက်နှက်ခဲ့တယ်လို့ တွန်းဇန်မြို့ က ဒေသခံတွေကပြော ပါတယ်။ ရိုက်နှက်ခံရတဲ့သူဟာ တွန်းဇန်မြို့နယ် Nar Zang ကျေးရွာ E B C ဘုရားကျောင်းက သင်းအုပ်ဖြစ်သူ ဆရာ ဗန်ပီး ဆိုသူ ဖြစ်ပြီး ZRA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တွန်းဇန်မြို့ပေါ်မှာ ကင်းလှည့်နေတဲ့ပုံကို ဖုန်းကင်မရာဖြင့် ရိုက်ထားပြီး သူ့အသိ မိတ်ဆွေကို ပေးပို့ရာကနေ အွန်လိုင်းပေါ်မှာ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတယ်ဆိုပြီး ပျံ့နှံ့ခဲ့တာကြောင့် ရိုက်နှက်ခံရတာလို့ ရိုက်နှက်ခံရတဲ့သူနဲ့ရင်းနှီးသူက ခုလိုပြောပါတယ်။ သူက “ ZRA မြို့ထဲမှာရှိနေတာကို ဓာတ်ပုံရိုက်တယ်ပေါ့ ပြီးတော့ သူ့မိတ်ဆွေ ကို ပို့တာ၊ အဲ့မိတ်ဆွေတွေက လိုင်းပေါ်တင်လိုက်တာနေမှာပေါ့၊ ဓာတ်ပုံတစ်ခုထဲတင်တာမဟုတ်ပဲ မှတ်ချက်ကပါနေတာလေ၊ ZRA နဲ့ စကစနဲ့ပေါင်းပြီးတော့ လုံခြုံရေးယူနေတာလို့ အသိတွေကတင်တာပေါ့၊ အဓိက စစ်ကောင်စီနဲ့ ပေါင်းတယ်ဆိုတဲ့ အဲ့စကားလုံးကိုမကြိုက်လို့ “လို့ပြောပါတယ်။

အခုလို ZRA လက်နက်ကိုင်တွေ ရိုက်နှက်တာကြောင့် ခေါင်းနဲ့ နောက်ကျောဖက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အင်တာ တီးတိန်မြို့က ဆေးရုံကို ကိုယ်တိုင်ဆိုင်ကယ်မောင်းပြီး သွားရောက်ကုသနေတယ်လို့ သူကဆက်ပြောပါတယ်။“ခေါင်းနဲ့နောက် ကျောပေါ့နော်၊ နည်းနည်းအထိုးခံရတယ်ထင်တယ်၊ သူဟာသူတော့ ဆိုင်ကယ်မောင်းပြီးတော့ သွားနိုင်တယ်၊ အပြင်းထန်ကြီး တော့မဟုတ်ဘူး၊ ဒီမနက်တော့ပြန်ဆင်းလာနိုင်တယ်”လို့ပြောပါတယ်။ အခုလက်ရှိအချိန်မှာ တွန်းဇန်မြို့ပေါ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မြို့ထဲမဝင်ကြတော့ဘဲ စခန်းထဲမှာသာ နေထိုင်ကြတယ်လို့သိရပြီး မြို့ပေါ်မှာတော့ ZRA တပ်ဖွဲ့ဝင်တွေက လုံခြုံရေးကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ https://www.facebook.com/photo/?f bid=695623069266694&set=a.273500801478925

၂၁။ ဗန်းမော်ကနေ မအူပင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
     August 28, 2023

ကချင်ပြည်နယ် ဗန်းမော်မြို့ မအူပင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကားကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေခသံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက် နေ့ ညနေ ၃ နာရီခွဲလောက်မှာ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ယာဉ်တန်း ၄ စီးဟာ နမ်ဆန်ယန်၊ မြို့သစ်၊ ကုန်းလောဘက်ကို စစ်အင်အား လက်နက်ရိက္ခာတင်ပို့မယ့်လမ်းကြောင်းလုံခြုံရေးယူပေးဖို့ စစ်အင်အားလာရောက်ပို့ဆောင်တဲ့ ရှေ့ပြေးစစ်ကား  တစ်စီးကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။“ခလရ ၂၃၆ ကထွက်လာတဲ့ စစ်ကား ၄ စီးပေါ့ သူတို့က ဘယ်ကစစ်ကြောင်းတွေလဲဆိုတော့ ခုတစ်လော သင်္ဘောကဆင်းလာတဲ့ကောင်တွေ သူတို့က ခုသင်္ဘောကနေ လက်နက်ရိက္ခာ တွေတင်ပို့ဖို့ ရိက္ခာလမ်းကြောင်းကိုလုံခြုံရေးယူပေးဖို့တက်လာတဲ့ စစ်ကားတွေကိုရှေ့ပြေးလုံခြုံရေးယူပေးတဲ့ကားက မအူပင်ရွာ နားမှာ လူစုလုပ်နေတဲ့ချိန် ဒီဘက်က လက်နက်ကြီး ၁၀ လုံးလောက်ကို ပစ်ထည့်လိုက်တာ”လို့ပြောပါတယ်။ ရှေ့ပြေးတက် လာတဲ့ စစ်ကားတိုက်ခိုက်ခံရပြီးတဲ့နောက် ပစ်ခတ်ရတဲ့ စစ်ကားတစ်စီးနဲ့ နောက်ထပ် စစ်ကား ၄ စီးဟာ ကားပေါ်မှာပါလာတဲ့ စစ်သားတွေကို ရွာနားတစ်ဝိုက်ပို့ချပြီး ပြန်လည်ဆုတ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လ ၃ ရက်နေ့ကစပြီးတော့ KIO ဌာနချုပ်နီးမှာရှိတဲ့ နမ်ဆန်ယန်ဘက်ကို ခြေကုပ်တပ်စွဲ နေထိုင်နိုင်ဖို့ ကြိုးစားနေတာ တစ်လကျော်ရှိလာနေပေမယ့် ထိရောက်တဲ့စစ်ဆင်ရေးလုပ်ဆောင်နိုင်တာမရှိတဲ့အပြင် စစ်တပ် ဘက်က ထိခိုက်သေဆုံးတာများနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဩဂုတ်လ လဆန်းပိုင်းကနေစပြီး မန်းလေးဘက်ကနေ ကချင်ပြည်နယ် ဗန်းမော်ဘက်ကို စစ်လက်နက်ရိက္ခာတွေကို သင်္ဘော ၉ စီးနဲ့ပို့ဆောင်ထားတဲ့အပြင် လေကြောင်းကနေပါ စစ်လက်နက်အင်အား ရိက္ခာတွေပို့ဆောင်နေတာလည်းဖြစ်ပါတယ်။ အဲဒီ စစ်အင်အားလက်နက်ရိက္ခတွေကို ဩဂုတ်လ ၂၇ ရက်နေ့ မနေ့ညနေမှာ ကားတစ်စီးနဲ့နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးဖို့ မအူပင်ရွာဘက်ကို စစ်အင်အားလာရောက်ပို့ဆောင် ထားတာတွေရှိသလို ဒီနေ့မှာလည်း တစ်ကြိမ် စစ်ကား ၅ စီး စစ်အင်အားအများအပြား စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ https://burmese.kachinnews.com/2023/08/28/zm1-99/

၂၂။ မိုးဗြဲဒေသက စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ ပျက်စီးလာ
    August 28, 2023

ကရင်နီပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး၊ လွယ်ယင်းမင်္ဂလာ ကျေးရွာမှာ လူမနေတော့တဲ့ အိမ်တွေ ဆွေးမြေ့ ပျက်စီးလာတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ကျေးရွာနေ ပြည်သူတွေဟာ ၂၀၂၁ ခုနှစ်၊ မေလက ဖြစ်ပွားခဲ့တဲ့ ရဲစခန်းသိမ်း တိုက်ပွဲကစလို့ ဒီနေ့အချိန်အထိ ၂ နှစ်ခွဲကျော်ကြာ စစ်ဘေးရှောင်နေရပြီး ပြုပြင်ထိန်း သိမ်းမှုမရှိတာကြောင့် အခုလို ပျက်စီးလာတာလို့ ဆိုပါတယ်။“တစ်ရွာလုံးနီးပါး ဘယ်သူမှ မရှိတော့ပါဘူး။ လက်နက်ကြီး ထုခံရ တာတွေက ဒီတိုင်းထားထားရတော့ တဖြည်းဖြည်း ဆွေးလာတာပေါ့။ တချို့အိမ်တွေကျလည်း စစ်ခွေး (စစ်ကောင်စီတပ်) တွေ ဝင်မွှေပြီး ဖျက်ဆီးကြတာပေါ့။ မီးရှို့ခံရတာတွေ အကုန်လုံးတော့ မလောင်ပေမယ့် ရာသီ ဥတုဒဏ်တွေနဲ့ ပျက်စီးလာတာပေါ့” လို့ မိုးဗြဲကနေ ဖယ်ခုံမြို့မှာ စစ်ဘေးရှောင်နေသူ တစ်ဦးက ပြောပါတယ်။ လွယ်ယင်းမင်္ဂလာ ကျေးရွာထဲမှာ လုံးဝ ပျက်စီးသွားတဲ့ နေအိမ် ၁၀ လုံးကျော် ရှိပြီး တဖြည်းဖြည်း ဆွေးမြေ့ ပျက်စီးလာတဲ့ နေအိမ် ၂၀ ကျော်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာမသိမ်းခင်က မိုးဗြဲမှာ အိမ်တစ်လုံးဆောက်ဖို့အနည်းဆုံး ကျပ်သိန်း ၈၀ ခန့်ကုန်ကျပြီးလက်ရှိ ကာလဈေးနှုန်း တွေကြောင့် သိန်း ၂၀၀ ကျော် ကုန်ကျနိုင်တဲ့အတွက် ပြန်ဆောက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဖယ်ခုံမြို့မှာ လာရောက် စစ်ဘေးရှောင် နေသူ တစ်ဦးက ဆက်ပြောပါတယ်။“ခေတ်ပြန်ကောင်းရင်တောင်မှ ပြန်ဆောက်ဖို့ မလွယ်တော့ဘူး။ အခုတောင်မှ ရရာအလုပ် လုပ်ပြီး ဝမ်းစာအတွက် ဖြေရှင်းနေရတာ။ အကောင်းတိုင်း ကျန်တဲ့အိမ်တွေလည်း စစ်ခွေး (စစ်ကောင်စီတပ်) တွေကြောင့် အတွင်းပစ္စည်း ဘာမှမကျန်တော့ဘူး။ ချမ်းသာတဲ့ လူတွေလည်း ပါလာတာတွေ ထုခွဲရောင်းလို့ကုန်ပြီ”လို့ သူကဆိုပါတယ်။ စစ်ကောင်စီရဲ့ မိုးဗြဲမြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၄၄၂) က လွယ်ယင်းမင်္ဂလာကျေးရွာထဲကို ဩဂုတ်လ အစောပိုင်းက စပြီး နေ့စဥ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကျေးရွာနေ ပြည်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လ ၂၇ ရက်နေ့က လွယ်ယင်းမင်္ဂလာကျေးရွာရှိ နေအိမ်ကို ပစ္စည်းပြန်လာယူတဲ့ စစ်ဘေးရှောင် ၄ ဦးကို စစ်ကောင်စီ တပ်က ပစ်သတ်ခဲ့တာကြောင့် လတ်တလော နေအိမ်ပြန်လာသူ မရှိဘူးလို့ စုံစမ်း သိရှိရပါတယ်။ https://www.facebook.com/photo/?fbid=327111629675288&set=pc b.37111663008618

၂၃။  နိုင်ငံတကာအစိုးရတွေ တီမောနိုင်ငံလို မြန်မာလူထုနဲ့အတူ ရပ်တည်ပေးဖို့ NUG တိုက်တွန်း
     August 28, 2023

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တီမောနိုင်ငံရဲ့ ရပ်တည်ချက်ကို အထူးလေးစားရသလို နိုင်ငံတကာ အသိုင်းအဝိုင်းက အစိုးရ တွေအနေနဲ့ တီမောနိုင်ငံလိုပဲ မြန်မာလူထုနဲ့အတူ ရပ်တည်ပြီး ဒီမိုကရေစီလမ်းကြောင်း ပြန်ရောက်ရေးအတွက် ကူညီပံ့ပိုးပေး ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက တီမောလက်စတေးနိုင်ငံ သံရုံး တာဝန်ခံနဲ့ သံဝန်ထမ်းတွေကို စစ်ကောင်စီက ပြန်လည်နှင်ထုတ်လိုက်တဲ့အပေါ် NUG က အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက တီမောနိုင်ငံအနေနဲ့ မြန်မာပြည် ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်တာ၊ အမျိုးသားညီညွတ် ရေးအစိုးရ (NUG)နဲ့ ထိတွေ့ဆက်ဆံတာတွေ ရှိတာကြောင့်လို့ဆိုကာ တီမောသံဝန်ထမ်းတွေကို စက်တင်ဘာ ၁ ရက် နောက်ဆုံး ထား ပြန်လည်ထွက်ခွာကြဖို့ နှင်ထုတ်ခဲ့ပါတယ်။ ဒီလိုနှင်ထုတ်တဲ့လုပ်ရပ်ဟာ မလျော်ကန်တဲ့ ဥပဒေမဲ့ ပြုကျင့်မှုသာ ဖြစ်တယ်လို့ NUG က ဝေဖန်ထားပါတယ်။ နိုင်ငံ့အာဏာကို ဥပဒေပြင်ပကနေ လက်နက်အားကိုးနဲ့ အဓမ္မရယူထားတဲ့ တရားမဝင် အဖွဲ့ အစည်းအနေနဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေး ကိစ္စတွေအပေါ် ဆုံးဖြတ်ဆောင်ရွက်ခွင့်မရှိဘူးလို့ NUG က ဆိုပါတယ်။

တီမောနိုင်ငံဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်မှာ ပြုလုပ်တဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားတက်ရောက်စေခဲ့ပါတယ်။ အဲ့ဒီလို ဖိတ်ကြားတဲ့အပေါ် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက တီမောသံရုံး တာဝန်ခံကို ဆင့်ခေါ်သတိပေး ကန့်ကွက်ပြော ဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် တီမောသမ္မတ ရာမို့စ်ဟော်တာက အခုလ ၂၃ ရက်ကလည်း NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တီမောနိုင်ငံမှာ ထပ်မံတွေ့ဆုံခဲ့ကြပါသေးတယ်။ စစ်ကောင်စီက သံရုံးဝန်ထမ်းတွေကို နှင်ထုတ်တဲ့အပေါ်မှာ လည်း တီမောသမ္မတက သူတို့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ဂုဏ်ယူတယ်လို့ နိုင်ငံတကာ သတင်းဌာနတခုကို ပြောကြားခဲ့ပါ တယ်။ တီမောလက်စတေးနိုင်ငံရဲ့ မိတ်ဆွေကောင်းအဖြစ် ခိုင်မာမြဲမြံတဲ့ ရပ်တည် ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူတွေက အမြဲအမှတ်ရနေမှာဖြစ်သလို အများစံနမူနာထားသင့်တဲ့ ရပ်တည်ချက်လည်း ဖြစ်တယ်လို့ NUG ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။ https://www.facebook.com/ph oto/?fbid=694687109371036&set=a.605723148267433

၂၄။ စစ်ကောင်စီနှင့် ARSA တို့ ပူးပေါင်းနေဒေသခံပြည်သူများမှာ စိုးရိမ်စရာမလိုကြောင်း ရက္ခိုင့်တပ်တော်က ပြော
     August 29, 2023

ရခိုင်ပြည် မြောက်ပိုင်း နယ်စပ်ဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသများတွင် စစ်ကောင်စီတပ်များနှင့် အကြမ်း ဖက်အဖွဲ့ ARSA တို့ ပူးပေါင်းကာ ရခိုင်ဒေသ မတည်မငြိမ်ရေးကို လုပ်ဆောင်နေကြောင်း ခိုင်မာသော သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။ စစ်ကောင်စီမှ ARSA အဖွဲ့ကို လက်နက်အချို့၊ စခန်းနေရာနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည်မှာ မှန်ကန်ကြောင်း ဒေသတွင်းသတင်းရင်းများမှ အတည်ပြုပြောထားသည်။ ရခိုင်ဒေသ မတည်မငြိမ်ရေးနှင့် ခိုးဆိုးလုယက်မှု များပြားလာရန်  အကြမ်းဖက် ARSA ကို အာဏာသိမ်း စစ်ကောင်စီက မွေးစားထားခြင်းဟု ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အရင်က နယ်ခြားစောင့်တွေ နစက ကိုင်ခဲ့တဲ့ G3, G4 တွေရှိတယ်။ အခုတော့ နယ်ခြားစောင့်တပ်တွေဟာ အမည် သာ တပ်တာဖြစ်တယ်။ အားလုံးက စစ်တပ်က နေရာဝင်ယူထားတာ။ ယူနီဖောင်းပဲ လဲထားတာ။ အခုက G3, G4 တွေကို မသုံး တော့ဘူး။ အဲဒီတော့ ARSA ကို ထောက်ပံ့တယ်။ ကာဘိုင် အဟောင်းတွေ၊ 16 တွေကိုလည်း ထောက်ပံ့တယ်။ အရင် နယ်ခြား စောင့်တွေလည်း 16 တွေ ကိုင်ခဲ့တယ်လေ။ စစ်ကောင်စီက ARSA နဲ့ ပူးပေါင်းပြီး ရခိုင်ပြည်ကို မတည်မငြိမ်အောင်လုပ်ဖို့ မွေးစား ထားတာဖြစ်တယ်။ ရက္ခိုင့်တပ်တော်နဲ့လည်း တိုက်ပွဲဖြစ်အောင်၊ တိုက်ခိုက်ဖို့ ARSA ကို စစ်ကောင်စီက ထောက်ပံ့နေတာဖြစ် တယ် ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဘူးသီးတောင်မြို့နယ် မေယုတောင်တန်းတွင်  ARSA နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ARSA အဖွဲ့ဝင်အများအပြားမှာ စစ်ကောင်စီတပ်သို့ ကူးပြောင်းသွားသည်ဟု ရက္ခိုင့်တပ်တော်နှင့် နီးစပ် သည့် ခိုင်မာသော သတင်းရင်းမြစ်က ဆိုသည်။ “AA နဲ့ တိုက်ပွဲဖြစ်တော့ နှစ်ဖွဲ့စလုံးက ထိခိုက်မှုရှိကြတယ်။ ARSA ကတော့ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတာ များတာပေါ့။ အထိနာပြီး ပြန်ဆုတ်တဲ့အခါ ARSA အဖွဲ့ဝင်တွေ အများကြီး စစ်ကောင်စီတပ်သို့ ဝင်သွားကြတယ်။ “ဟု ပြောသည်။  ARSA များ ရခိုင်ပြည်အတွင်း နယ်ချဲ့လာခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ကို ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် မျက်စိဒေါက်ထောက် စောင့်ကြည့်လျှက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် အထူးစိုးရိမ် စရာမလိုကြောင်း ပြောခွင့်ရ ဦးခိုင်သုခက ပြောထားသည်။ မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA ကို စစ်ကောင်စီလည်းဖြစ် မြန်မာစစ်တပ်က လက်နက်အပါအဝင် စားနပ်ရိက္ခာများ ထောက်ပံ့မှုနှင့် ကျောထောက်နောက်ခံပြုပြီး မြှောက်ပင့်ပေးပါက ကြီးမားသော လုပ်ရပ်အမှားဖြစ်မည်ဟု ရခိုင်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ပြောဆိုဖူးသည်။  https://www.facebook.Com /photo/?fbid=73556908 8582520&set=a.682731967199566

၂၅။နာဂဒေသ မြို့နယ်များကို ဖုန်းလိုင်းများ ဖြတ်တောက်ထားသောကြောင့် သတင်းအချက်အလက်စီးဆင်းရန်ခက်ခဲနေ
     August 28, 2023

နာဂ ဒေသ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်၊ လဟယ် မြို့နယ် တို့မှာ ၂၀၂၃ တစ်နှစ်လုံး နီးပါး ဖုန်းလိုင်းဖြတ်တောက်မှု အခြေအနေ ပိုမို ဆိုးရွားလာတာကြောင့် ဒေသခံများအတွက် ဆက်သွယ် ချိတ်ဆက်လုပ်ဆောင်ရသော လုပ်ငန်းများ အချိန်နှင့် တပြေးညီ မလုပ်ဆောင်နိုင်သည့်အပြင် သတင်းအချက်အလက် စီးဆင်းရန်နှင့် ရယူရန် ခက်ခဲတဲ့အခြေအနေက ခါတိုင်းထက် စိန်ခေါ်မှု ကြီးမားနေပါတယ်။ လေရှီးမြို့နယ်နဲ့ နန်းယွန်းမြို့နယ်များကို အင်တာနက် လုံးဝ ပိတ်ပင်ထားမှု တစ်နှစ်ကျော် ကြာမြင့် နေပြီ ဖြစ်ပြီး MPT Operator တမျိုးတည်းကိုသာ မှီခိုအားထားရသော ဒေသ ဖြစ်ပါတယ်။ လေရှီးမြို့ပေါ်နေ ဒေသခံ တစ်ဦးက လတ်တလော သူတို့ရဲ့ အခက်အခဲကို အခုလို ပြောပြထားပါတယ်။ “လိုင်း ရှိရင် အိမ်မှာနေရင်းသက်တောင့် သက်သာ စာလေး တစ်စောင်ပို့ရင် ပြီးရမယ့်အလုပ်လေးပဲလေ။ အခုတော့ မဟုတ်ဘူး မိုးတွင်းကြီး ကျွတ်တွေ ပေါနေတာတောင် အရေး တကြီး တောင်တက်ပြီး လိုင်းရတဲ့နေရာ ရှာရတယ်။ မိုးထဲလေထဲ မောဟိုက်နေအောင် တောင်တက်ရတာကို မခံစားနိုင်ဘူး။ လွယ်ရမယ့် အလုပ်တွေ ခဲယဉ်းနေလို့ တခါတခါ ဒေါသလည်းထွက်တယ်။ လိုင်းသုံးဖို့ တောင်တက်ရတဲ့အချိန်ကလည်း မနည်းဘူး” လို့ ပြောပြထားပါတယ်။

လဟယ်မြို့နယ်ကတော့ လက်ရှိအနေအထားအရ ဖုန်းလိုင်းရံဖန်ရံခါကျရုံမှအပ အင်တာနက်သုံးစွဲလို့ရနေသေးကြောင်း ဒေသခံပြည်သူက အခုလို ပြောပြပါတယ်။ “လဟယ်မြို့ပေါ်ကတော့ MPT မရရင် Atom တော့ သုံးလို့ ရနေသေးတယ်။ အင်တာနက်က Atom ပဲ အသုံးများတယ်။ MPT ကတော့ တိုင်ပျောက်နေတာများတယ်” လို့ လဟယ်မြို့ပေါ်က ဒေသခံ တစ်ဦး က ပြောပါတယ်။ နာဂဒေသဟာ အော်ပရေတာ အစုံမရ အခြားဖိုင်ဘာနက် နဲ့ အင်တာနက် သုံးစွဲရန် ရွေးချယ်စရာ မရှိ၊ MPT Operator ကိုသာ သာရေးနာရေး၊ စီးပွါးလူမှု၊ ပညာရေး အခွင့်အလမ်းများအားလုံးအတွက် မှီခိုအားထားကြတာ ဖြစ်ပါ တယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း သတင်းစီးဆင်းမှုများပြတ်တောက်ကာ ချိတ်ဆက် ဆောင်ရွက်မှု ပိုမိုခက်ခဲလာပြီး အမှောင်ကျနေတဲ့ ဒေသ ဖြစ်နေပါတယ်။ https://www.facebook.com/photo?fbid=23 4133122955969&set=pcb.234134679622480

၂၆။ ကရင်နီပြည် ရဲဌာနက  ၂ နှစ်အတွင်း ရဲစခန်း ၈ ခုဖွင့်လှစ်၊ အမှုပေါင်း ၃၆၀ ကျော် အရေးယူ
     August 28, 2023

ကရင်နီပြည်ရဲဌာန စတင်ဖွဲ့စည်းချိန်ကစပြီး ဩဂုတ် ၂၈ အထိ ၂ နှစ်တာကာလအတွင်း ရဲစခန်း ၈ ခုနဲ့ လုံခြုံရေးရဲကင်း ၄ ခု ဖွင့်လှစ်ကာ ကရင်နီပြည်သူတွေကို တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့  တခြားဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေကာ  အမှုပေါင်း ၃၆၂ မှုကို အရေးယူ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကရင်နီပြည်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အရေးယူခဲ့တဲ့ အမှုတွေ ထဲမှာ အထူးသဖြင့် မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ အကြမ်းဖက်စစ်ကောင်စီကို အားပေးကူညီ သတင်း ပေးမှုတွေ ပါဝင်တယ်လို့ ကရင်နီပြည်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကရင်နီပြည်ရဲ ပြောခွင့်ရသူ ကိုဘိုဘိုက “ ဒုတိယ တနှစ်တာကတော့ ကျနော်တို့က ရဲစခန်းကတော့ တခုထပ်ပြီးတော့ တိုးချဲ့ဖွဲ့စည်းခဲ့တယ်။ ပြီးတော့ ကျနော်တို့ ရဲတပ်သားသစ် သင်တန်း၊ အခြေခံရဲသင်တန်း ၂ ပတ်စဉ် ဖွင့်ခဲ့တယ်။ အဲဒီ ၂ ပတ်စဉ်မှာဆိုလို့ရှိရင် အမျိုးသမီးပါဝင်မှုက ၃၅ ရာခိုင်နှုန်းအထိ ရှိလာ တယ်ပေါ့နော်။ ပြီးတော့မှ ကျနော်တို့ ဒီနှစ်အတွင်းမှာ ကရင်နီပြည်ရဲ လမ်းညွှန်ကိုလည်း ကျနော်တို့ ရေးဆွဲနိုင်ခဲ့တယ်။ ပြီးတော့ မှ ဥပဒေမူကြမ်းကိုလည်း ကျနော်တို့ ရေးဆွဲတယ်ပေါ့နော်။ ဥပဒေမူကြမ်းနဲ့ ရဲလမ်းညွှန်တွေကို အခု အတည်ပြုဖို့လုပ်နေပြီ။ အရင်တုန်းကလည်းရှိပါတယ်။ ဒါပေမဲ့ အခု update အနေနဲ့ ထပ်လုပ်တာပေါ့။ ပြီးတော့ အခုလက်ရှိအချိန်ကာလနဲ့ ကိုက်ညီ တဲ့ဟာကို ကျနော်တို့ ထပ်ရေးဆွဲနိုင်တယ်”လို့ ပြောပါတယ်။

မွမ်းမံသင်တန်းတွေ ဖွင့်တာ၊ နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရက်တစ် ရဲတပ်ဖွဲ့တွေမှာ အတွေ့အကြုံရှိပြီးသား ရဲတွေနဲ့ တွေ့ဆုံဆွေးနွေး လေ့လာသင်ယူတာနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ တရားရေးဝန်ကြီးဌာနတွေ ပေါ်လာပြီ ဖြစ်လို့ အမှုတွေကို တရားစွဲတင်တာ၊ တရားသူကြီးက ဆုံးဖြတ်ချက် အမိန့်ချမှတ်ပြီးတာနဲ့ တရားခံတွေကို  အကျဉ် းထောင်ကို ပို့တာတွေ လုပ်ဆောင်နေပြီလို့လည်း ပြောပါတယ်။ ဒါ့အပြင် ၂၀၂၁ ခု ဒီဇင်ဘာလ ၂၄ ရက်နေ့ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီကနေ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ၂၀၂၃ ခုမတ်လ ၁၁ ရက်က ပင်လောင်မြို့ နယ် နမ်းနိမ်ကျေးရွာ ဘုန်းကြီးကျောင်းမှာဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်မှုတွေကို ကရင်နီပြည် ရဲဌာန မှ စုံစမ်းစစ်ဆေးပြီး အန်ယူဂျီ လူ့အခွင့်အရေးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်တာ၊ နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပမီဒီယာတွေကို ချပြနိုင်ခိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ဟာ ကရင်နီပြည်နယ် အတိုင် ပင်ခံကောင်စီ (KSCC) ရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဘဝလုံခြုံရေး အတွက်အမှန်တကယ် စောင့်ရှောက်သွားဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ https://burmese.dvb.no/post/612133

၂၇။ ကျောက်မဲမှာ လူပြန်ပေးဆွဲတဲ့ လူတစ်စုက လားရှိုးမြို့မှာလည်း TNLA နာမည်သုံးပြီး လူပြန်ပေးဆွဲမှုပြုလုပ်၊          သိန်း ၈၀၀ နဲ့ ပြန်ရွေးယူခဲ့ရ
     August 28, 2023

ရှမ်းမြောက် လားရှိုးမြို့မှာ တအာင်းတပ်မတော်(TNLA) နာမည်ကို အသုံးပြုပြီး အမည်မသိလူတစ်စုက သိန်း ၈၀၀ နဲ့ မြို့ခံတစ်ဦးကို ပြန်ပေးဆွဲခဲ့ရတယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ ဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ အမည်မသိလူတစ်စု အိမ်ထဲကိုဝင်လာပြီးတော့ သေနတ်နဲ့ချိန်ပြီးမှ အိမ်ရှင်နှစ်ဦး နောင်လှိုင်ရွာဘက်ကို ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးက “သူတို့ လူကိုးယောက် ဆိုင်ကယ်နဲ့လာပြီး အိမ်ထဲဝင်လာတာ။ သတ်ပစ်မယ်ဘာညာပြောပြီး သေနတ်တွေလည်းချိန်တယ်။ အိမ်ရှင် နှစ်ယောက် နောင်လှိုင်ရွာဘက်ကို ခေါ်သွားတယ်” လို့ ပြောပါတယ်။ ဇူလိုင်လ ၈ ရက်မနက်မှာ သိန်းတစ်ထောင်ငါးရာ ပြန်ရွေးခိုင်းပြီး ပေးစရာမရှိသေးလို့ဆိုပြီး သိန်း ၈၀၀ ကျပ်နဲ့ ပြန်ရွေးယူခဲ့ရတယ်လို့ ဆိုပါတယ်။ “နောက်နေ့ကျတော့ သိန်းထောင်ငါးရာ တောင်းတာ။ ပေးစရာမရှိလို့ဆိုပြီး အဲညလည်း သူတို့ ချုပ်ထားတာ။ နောက်နေ့ကျတော့ ညှိညှိရင်းနဲ့ သိန်း ၈၀၀နဲ့ ပေးရတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်မှ နောက်ထပ် သိန်း ၂၀၀ ထပ်မံ ပြန်လာတောင်းတဲ့အပြင် ဘယ်အဖွဲ့အစည်းကိုမှ မတိုင်ရ ဘူးပြောပြီး ​တိုင်ရင်ပစ်သတ်သွားမယ်လို့ ခြိမ်းခြောက်ထားကြောင်း ဖြစ်စဥ်သိရှိသူတစ်ဦးက ပြောပါတယ်။ “ကြာသပတေးနေ့ ထပ်လာတယ်။ သိန်း ၂၀၀ ပြန်ထပ်ပေးရမှာတဲ့။ အရင်က အကြွေးတွေတောင် မဆပ်နိုင်သေးဘူး။ ပေးစရာပိုက်ဆံလည်း တစ်ပြားမှ မရှိတော့ဘူး” လို့ ပြောပါတယ်။ လားရှိုးမှာ TNLA နာမည်နဲ့ အရင်ကလည်း ငွေကြေးတောင်းဆိုမှုတွေရှိခဲ့ဖူးပြီး TNLA ဘက်က အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပြီး TNLA နာမည်နဲ့ပြန်ပေးဆွဲမှုလုပ်ရင် တိုင်ကြားနိုင်တယ်လို့ ဆိုထားဖူးပါ တယ်။ အခု ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ TNLA တပ်ဖွဲ့ကလည်းဆက်လက်စုံစမ်းနေပြီး တွေ့ရင် အရေးယူသွားမယ်လို့ ဒုဗိုလ်မှူး ကြီး တားပန်လ က ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက် ကျောက်မဲမြို့မှာလည်း အဲဒီအမည်မသိ လူ ၉ ဦးဟာ အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲပြီး သိန်း ၆၀၀ ကျပ်အပြင် ဖုန်းနဲ့ ကားတွေပြန်မပေးဘဲ ကျန်နှစ်ဦးကတော့ သိန်း ၈ဝဝ နဲ့ပြန်ရွေး ခဲ့ရတဲ့အပြင် ကားတစ်စီးနဲ့ ဖုန်းတွေပါ ပြန်မပေးတော့ဘူးလို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/photo/?fbid=62433789654 0145&set=a.404503215190282

၂၈။ လူသားချင်းစာနာမှုကိစ္စ စစ်ခေါင်းဆောင်နှင့် ကုလအကြီးအကဲ ဆွေးနွေးခဲ့သော်လည်း ထူးခြားမှုမရှိသေး
     August  28, 2023

စစ်ကောင်စီခေါင်းဆောင်နှင့် ကုလအကြီးအကဲတို့ တွေ့ဆုံဆွေးနွေးမှုကြောင့် ရခိုင်ပြည်အတွင်း နိုင်ငံတကာနှင့် အခြား သောအဖွဲ့အစည်းများက ပြည်သူများအား လွတ်လပ်စွာ အကူအညီပေးနိုင်ရေးအတွက် ဖြေလျော့ပေးမည်ဟု မျှော်လင့်ခဲ့ ကြ သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးပေ။ ရခိုင်ဒေသတွင် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ရာ၌ ခရီးသွားလာခြင်းမှာ အခက်ခဲဆုံးဖြစ်နေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများထံမှ သိရသည်။“ခရီးသွားလာ ခွင့်ပေးတာက ခန့်မှန်းလို့မရဘူး။ သူတို့ပေးချင်ရင် ပေးတယ်၊ မပေးချင်ရင် မပေးဘူး။ ခရီးသွားခွင့်ရလို့ သွားရင်တောင် ရေလမ်းပဲ ဖြစ်ဖြစ် ကုန်းလမ်းပဲဖြစ်ဖြစ် စစ်ဆေးရေးဂိတ်တွေမှာ အချိန်အတော်ကြာ စောင့်ခိုင်းထားတာတွေ ရှိတယ်။ အဲလိုမျိုးတွေရှိတော့ အလုပ်လုပ်နေရတာ အချိန်နှောင့်နှေးမှုတွေနဲ့ အပူတပြင်း လုပ်ဆောင်ရတယ်။ တစ်ခါတစ်လေ မသွားလိုက်ရတဲ့ အခြေအနေ တွေရှိတယ်” ဟု ရခိုင်ပြည်ရှိ လူသားချင်းစာနာမှု အကူအညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် UNOCHA အကြီးအကဲ Mr.Martin Griffiths တို့ နေပြည်တော်တွင်တွေ့ဆုံကာ နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စကို ဆွေးနွေး ပြီး နောက်တစ်နေ့တွင် ကုလတာဝန်ရှိသူသည် ရခိုင်ပြည် မြေပြင်အခြေအနေများကို ကွင်းဆင်းဆင်းလေ့လာခဲ့သည်။ စစ်ကောင် စီ အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့် စစ်ဘေးရှောင်များနှင့် သဘာဝဘေးဒဏ်သင့် ပြည်သူ များ အတွက် လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ပေးသင့်ကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။“ဒုက္ခရောက်နေတဲ့ သူတွေ ကို အမှန်တကယ် စာနာတယ်၊ အခက်အခဲတွေကြားက လွတ်မြောက်စေချင်တယ်ဆိုရင် အကူအညီပေးနေတဲ့ အဖွဲ့အစည်း တွေ ကို ခရီးသွားလာခွင့် အခုထက်ပိုပြီးပေးသင့်ပြီ” ဟု ရခိုင်ပြည်ရှိ INGO အဖွဲ့အစည်းတစ်ခုမှ အကြီးအကဲတစ်ဦးက ပြောသည်။ ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနေသော အဖွဲ့အစည်းများမှာ ယခင်ခွင့်ပြုချက်ရပြီး လုပ်ငန်းစဉ် များအတွက်သာ ခရီးသွားလာခွင့်ရှိပြီး အသစ်တင်ထားသော လုပ်ငန်းစဉ်များကို စစ်ကောင်စီက ခွင့်ပြုချက်မပေးဘဲ ဆိုင်းငံ့ထား သည်။ “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးတွေကို ကန့်သတ်လိုက်တယ်ဆိုတာက ဥပဒေကို ချိုးဖောက် တာ။ အစိုးရတစ်ရပ်က မလုပ်သင့်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တာ” ဟု နိုင်ငံရေးသမား ဦးအောင်သောင်းရွှေက ပြောသည်။ https://www.facebook.com /photo?fbid=687380193435580&set=a.643209801185953

၂၉။ မြစ်ကြီးနား-နန့်ယား-ဖားကန့်လမ်း ပြန်ဖွင့်ပြီ
     August 28, 2023

တိုက်ပွဲတွေကြောင့် သွားလာခွင့်ပိတ်ထားတဲ့ မြစ်ကြီးနား – ဖားကန့်ကားလမ်းကို ဒီကနေ့ မနက် ၈ နာရီလောက်ကနေ လမ်းပြန်ဖွင့်တဲ့အတွက် ကားတွေအတက်အဆင်း ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ လမ်းဖွင့်လိုက်ပြီးတဲ့နောက်မှာ ဖားကန့် ဘက်ကို ခရီးသည်ကားတွေနဲ့ ကုန်တင်ကားတွေ အများကြီး တက်လာကြတယ်လို့ ဆိုင်းဖရာကျေးရွာဒေသခံ အမျိုးသမီး တစ်ဦး က ပြောပါတယ်။ “ဒီမနက် ကားတွေ အများကြီးတက်လာတယ်။ အဆင်းက မနေ့တစ်နေ့ကနေ ဆင်းခိုင်းတယ်။ အတက်ပဲ ပိတ် ထားတာ။ ဒီမနက်က တက်လာကြတာ အများကြီးပဲ”လို့ ဒေသခံက ဆိုပါတယ်။ တိုက်ပွဲကြောင့် ဖားကန့်ဘက်တက်တဲ့ လမ်းပိတ် ထားတဲ့အတွက် ခရီးသည်တွေနဲ့ ကားသမား အချို့ နန့်ယားကျေးရွာမှာ လမ်းဖွင့်ဖို့ စောင့်နေကြတာ ဖြစ်ပါတယ်။

လမ်းပိတ်ထားတဲ့အခြေအနေကြောင့် ဖားကန့်မြို့အတွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ခဲ့ပြီး ဒီမနက် ခရမ်းချဉ်သီးတစ်ပိဿာ ၁၈၀၀၀ ကျပ် အထိရှိလာတယ်လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦး ကပြောပါတယ်။ “လမ်းဖွင့်တော့ လည်း ဝမ်းသာတယ်ပေါ့။ ဒါပေမဲ့ ကုန် ဈေးနှုန်းက ကျမလား၊ ဒီတိုင်းပဲ သေနေမလား ဆိုပြီးတော့လည်း စိုးရိမ်ရတယ်”လို့ အထက်ပါ ဖားကန့် ဒေသခံ အမျိုးသမီးကပြောပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က မအူပင်ရေ ကာတာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောက်ထုကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မ တော် (KIA)က တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီလမ်းတစ်လျှောက် ဖြတ်သန်းသွားလာခွင့်ကို KIA ဘက် က ပိတ်ပင်ခဲ့တာလည်း ဖြစ်ပါတယ်။ https://www.facebook.com/phot o/?fbid=312317351475265&set=pcb.312317958 141871

၃၀။ ကမ်ပိန်းတွေမှာ ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှု အချည်းနှီးဖြစ်မှာ မဟုတ်ဘူးလို့ KNDF ဒု−စစ်ဦးစီးချုပ်ဆို
     August 27, 2023

စစ်ရေးအရှိန်လျော့ကျမသွားတဲ့အပြင် ဆက်လက်ပြင်းထန်နေဆဲ ကရင်နီပြည်မှာ တိုက်ခိုက်ရေးအတွက် လိုအပ်ချက် နဲ့ ပတ်သက်တဲ့ ပရောဂျက်တွေ၊ ကမ်ပိန်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြုလုပ်ပြီးစီးတာတွေရှိ သလို ပြုလုပ်နေဆဲ ကမ်ပိန်းတွေလည်း ရှိပါတယ်။ ကမ်ပိန်း၊ ပရောဂျက်တွေကနေ လက်နက်အင်အားထပ်မံ ဖြည့်တင်းနိုင်တာ တွေ ရှိပြီး ပြည်သူတွေရဲ့ ထောက်ပံ့မှုဟာ အချည်နှီး ဖြစ်မှာမဟုတ်ဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဒု−စစ်ဦးစီး ချုပ် မာဝီက ပြောပါတယ်။ “ အများပြည်သူတွေအနေနဲ့ကတော့ ကရင်နီမှာရှိတဲ့ အခု KNDFလို အဖွဲ့ကို ထောက်ပံ့ ရခြင်းသည် အချည်းနှီးမဖြစ်ဘူး။ ကျနော်တို့ အကျိုးရလဒ်တွေကလည်း အရှေ့မှာ လည်း ပြထားပြီးသားဖြစ်တယ်။ ကျနော်တို့ အများပြည်သူ လိုချင်တဲ့ တော်လှန်ရေးအောင်ပွဲအထိကိုလည်း ဆက်လက်တိုက်ခိုက်သွားဖို့ရန်အတွက် ရှိတယ်ဆိုတာကို ပြောကြားလိုပါတယ် ဗျ။ “ လို့ ဒု−စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။ ကရင်နီပြည်ရဲ့ နေရာအနှံ့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး စစ်အသုံးစရိတ်တွေဟာ သိန်းထောင်ကဏန်းနဲ့ချီ ကုန်ကျတာတွေ ရှိပါတယ်။ စစ်ကောင်စီဖက်ဆိုရင်လည်း လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ ရှိနေဆဲဖြစ်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာ (၄)ကနေ မတ်လ(၂၀)ကနေ ဧပြီလ(၉)ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ သိန်းတစ်သောင်းစည်းရိုး ပရောဂျက်မှာဆိုရင်လည်း တပ်ရင်း(၄)ခုအတွက် လက်နက်ငယ် အလက် (၈၀) ဝန်းကျင်လောက် လက်နက်အင်အား ထပ်မံဖြည့်တင်းနိုင်ခဲ့တာတွေ ရှိတယ်လို့ ဒု-စစ်ဦးစီးချုပ် မာဝီရဲ့ ပြောပြချက်အရ သိရပါတယ်။ သိန်းတစ် သောင်း စည်းရိုးပရောဂျက်ကနေ ရရှိတဲ့ လက်နက်အပ်နှင်းမှု အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၅)ရက်နေ့မှာ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူလူထုတွေအနေနဲ့ တော်လှန်ရေးပြီးမြောက်ဖို့ လိုအပ်ချက်တွေကို ကူညီဖို့ သူက အခုလို ထပ်မံ ပြောဆိုထားပါတယ်။ “ တချို့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဆိုလို့ရှိရင် ဒါ ကျနော်တို့ စစ်စရိတ်က ကြီးမားတဲ့အသုံး စရိတ်တွေအထိ သုံးရတယ်။ သိန်းထောင်ကဏန်းနဲ့ချီ သုံးရတဲ့အတွက် ကြောင့်မလို့ လိုအပ် ချက်ကတော့ အများကြီးရှိနေသေး တယ်။ အဲ့ဒါကြောင့် အခုနောက်ထပ် KNDFရဲ့တခြားသော ဗျူဟာတွေ ကျနော်တို့ ဆက်တိုက် ကမ်ပိန်းတွေ လုပ်နေတာရှိတယ်။ ဗျူဟာ (၁)ကလုပ်တဲ့ ကရင်နီအိပ်မက် မောင်း၁၀၀ ကမ်ပိန်းတွေ၊ ဗျူဟာ (၆) ကလုပ်တဲ့ ကရင်နီရောက် မအလ တပ်မပျောက် ဆိုတဲ့ ကမ်ပိန်းတွေကလည်း အရေးပါတဲ့ ကမ်ပိန်းတွေ အဖြစ်နဲ့ ကရင်နီကို အားဖြည့်ဖို့ ဖြစ်ပါတယ်။” KND Fကနေ ဆက်လက် ပြုလုပ်နေဆဲ ကမ်ပိန်းတွေရှိသလို ပြည်သူ လူထုတွေအနေနဲ့ ထပ်မံပါဝင်အားဖြည့်ပေးကြဖို့ ဒု−စစ်ဦးစီးချုပ် မာဝီက တိုက်တွန်း ထားတာဖြစ်ပါတယ်။ ကရင်နီပြည်အနှံ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီကို ခုခံတော်လှန်နေကြတဲ့ တော်လှန်ရေး တပ်ဖွဲ့ အသီးသီးမှာလည်း လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1 %80%99%e1%80%ba%e1%80%95%e1%80%ad%e1%80

၃၁။ ရခိုင်တွင် ကျန်းမာရေးဝန်ထမ်းဖြည့်ဆည်းပေးမည်ဟု စစ်ခေါင်းဆောင်ပြောဆိုမှု အကောင်အထည် မပေါ်သေး
     August 28, 2023

ရခိုင်ပြည်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများတွင် လိုအပ်နေသော ကျန်းမာရေးဝန်ထမ်းများကို ဖြည့်ဆည်းပေးသွားမည်ဟု စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မုန်တိုင်းအလွန်ကာလ ဇူလိုင်လ ၁၁ ရက်နေ့ ရခိုင်ခရီးစဉ်တွင် ပြောဆိုခဲ့ သော်လည်း လက်ရှိအချိန်ထိ အကောင်အထည် ပေါ်မလာသေးပေ။ မုန်တိုင်းအလွန် ရသေ့တောင်မြို့နယ်တွင် နာမကျန်းဖြစ်ပွား သူ အများအပြားရှိနေပြီး ကျန်းမာရေးဝန်းထမ်း လုံလောက်မှုမရှိ၍ အခက်အခဲများရှိကြောင်း သိရသည်။ လက်ရှိတွင် ပြည်နယ် ကျန်းမာရေးဌာနက ယာယီ ကျန်းမာရေးဝန်ထမ်း ၃ ဦးချပေးထားသော်လည်း ထပ်မံလိုအပ်နေသေးကြောင်း ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ တင်မြင့်ဦးက ပြောသည်။ “ဆရာဝန်လိုအပ်ချက်တွေကို လုံးဝဖြည့်ဆည်းပေး တာ တော့ မဟုတ်ဘူး။ ဒါပေမဲ့ အဆင်ပြေအောင်အတွက် ပေါက်တောကနေ လက်ထောက်ဆရာဝန်တစ်ယောက်၊ သူနာပြုဆရာမနှစ် ယောက်ကို ယာယီအနေနဲ့ ဖြည့်ဆည်းပေးထားတယ်။ ယာယီအနေနဲ့ဖြစ်တာကြောင့် ဘယ်နှစ်လလဲဆိုတာကိုတော့ မသိဘူး” ဟု ဒေါက်တာ တင်မြင့်ဦးက ပြောသည်။

မုန်တိုင်းလွန်ကာလ ရခိုင်ပြည်အတွင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့်မြို့နယ်များမှ ဒေသခံပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်လျက်ရှိ နေသည်။ အဆိုပါမြို့နယ်များရှိ ဆေးရုံ၊ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်းလုံလောက်မှုမရှိသဖြင့် ဒေသခံများမှာ ကျန်းမာ ရေးစောင့်ရှောက်မှု အပြည့်အဝမရရှိဘဲ ဖြစ်နေကြသည်။ ဦးဂါကျေးရွာမှ ကိုမောင်မြတ်အောင်က “ကိုယ့်ဒေသမှာ တိုက်နယ် ဆေးရုံရှိပြီး ဆရာဝန်မရှိတာက ကျနော်တို့ကို အသေသတ်နေတာနဲ့ တူနေပါတယ်။ အဲဒါကြောင့် အစိုးရ(စစ်ကောင်စီ) အနေနဲ့ လည်း ဆရာဝန် အမြန်ဆုံးချပေးစေချင်ပါတယ်” ဟု ပြောသည်။  ရမ်းဗြဲ‌ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ဆရာဝန် လုံလောက်မှုမရှိတာနဲ့ပတ်သက်လို့ အရင်က စာတင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုထိ မထူးသေးဘူး။ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာက လူနာနဲ့ ကျမတို့ဝန်ထမ်းတွေကြားမှာ ပြဿနာတွေဖြစ်ရတယ်”ဟု ပြောသည်။ “စစ်ကောင်စီကတော့ အိပ်မက်သက်သက် ပေးခဲ့တာလို့ ပြောချင်တယ်။ အခုဆို တစ်လကျော် ကြာမြင့်နေပြီ။ ကျန်းမာရေးဝန်ထမ်း တစ်ယောက်မှ လည်း မရောက်သေးဘူး။ သူတို့ ဝန်ထမ်းဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒရှိရင် ချပေးလို့ရတယ်။ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထု အပေါ် အာရုံစိုက်ဖို့လိုပါတယ်”ဟု ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေ က ပြောသည်။  https://www.facebook.com/photo?fbid=687492770090989&set=a.643209801185953

၃၂။ ကျောက်ဂူ အမှတ် (၃၄၉) အမြောက်တပ်ထဲမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ စစ်သား ၄ ဦးသေပြီး ၄ ဦး ဒဏ်ရာပြင်းထန်
     August 28, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူရွာ အနီးရှိ စစ်ကောင်စီ အမှတ် (၃၄၉) အမြောက်တပ်ထဲမှာ သြဂုတ်လ ၂၆ ရက်နေ့၊ မနက် ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။“အဲ့နားက ရွာခံတွေ ပြောတာတော့ သူတို့ဟာသူတို့ ဗုံး error ဖြစ်တယ် ပြောတယ်။ အသံလည်း တော်တော်ကျယ်တယ်။ တချို့ကလည်း လက်နက်ကိုင် အဖွဲ့ တစ်ခုခုက ဝင်ပစ်တယ် ထင်ကြတာ။ အခုထိတော့ ဘာကြောင့်မှန်း မသိသေးဘူး” လို့ ကျောက်ဂူရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။ အဆိုပါ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ စစ်သား ၄ ဦးအနက် ၂ ဦးမှာ ဦးခေါင်းပြတ်ထွက်သွားတယ်လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုပါတယ်။ “သေတဲ့ ၄ ယောက်ထဲက ၂ ယောက်က ခေါင်းပြတ်သွားတယ်။ နောက် ၄ ယောက်ကလည်း တော်တော်စိုးရိမ်ရတဲ့ အခြေအနေပဲ” လို့ သူက ဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ နဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အဲဒီ ပေါက်ကွဲမှု ဖြစ်ပြီး နောက် အမြောက်တပ်ထဲက စစ်သားတွေ အရပ်ဝတ်နဲ့ ကျောက်ဂူရွာထဲ စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ကျောက်ဂူ ရွာအနီးက အမှတ် (၃၄၉) အမြောက်တပ်ဟာ စစ်သားအင်အား နည်းပါးလာတာကြောင့် တခြားတပ်က စစ်သားတွေ လာရောက် စုရုံးထားတဲ့ တပ်ပေါင်းစု ဖြစ်နေတယ်လို့ သိရပါတယ်။ ရပ်စောက်မြို့နယ်၊ အင်တော၊ ကျောက်ဂူနယ် တဝိုက်ဟာ စစ်တပ်နဲ့ SSPP၊ RCSS တို့ကြား မကြာခဏ စစ်ရေးတင်းမာပြီး တိုက်ပွဲငယ်တွေ ဖြစ်လေ့ရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။ https://www.fac ebook.com/photo/?fbid=327858406267277&set =a.285900490463069

၃၃။ ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးသူများနိုင်
     August 28, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်္ဂဘိုကျေးရွာ ဒေါင်းတောင်ကုန်းအနီး၊ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမ‌ပေါ်၌ ယမန်နေ့ က စစ်ကောင်စီယာဉ်ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး စကစတပ်သားအများအပြားသေဆုံးဒဏ်ရာရနိုင်ကြောင်း ဒေသကာကွယ် ရေးတပ်များထံမှ သိရသည်။ ဩဂုတ် ၂၇ ရက် ၁၂ နာရီ ၂၅ မိနစ်ခန့်က စစ်ကောင်စီတပ်သားအင်အား ၁၀၀ ဦး ခန့်တင်ဆောင် လာ သော စစ်ကား ၅ စီးကို တောကျီးကန်းအဖွဲ့နှင့် KNLA ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးခဲ့ရုံ သာမက စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးကြောင်းသိရသည်။ ထိုသို့အထိနာခဲ့သော စစ်ကောင်စီတပ်သားများ သည် အနီးနားရှိ အင်္ဂဘိုရွာထဲသို့ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်သဖြင့် ရွာအတွင်းပျက်စီးမှုများဖြစ်ကာ ရွာသားသုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တောကျီးကန်းအဖွဲ့ထံမှ သိရသည်။

” ကျွန်တော်တို့က သတင်းရလို့ သွားစောင့်ပစ်တာပေါ့နော်။ RPG နဲ့ အရင်ထုပြီး ၄၀ မမ နဲ့ ပစ်တယ်။ ပြီးမှ လက်နက် ငယ်နဲ့ တောက်လျှောက်ပစ်တာပါ။ သူတို့ဘက်က မထင်ထားတော့ တော်တော်လေးအထိနာသွားတယ်။ သူတို့လူတော် တော်များများထိခိုက်ပြီး သေဆုံးတာတွေလည်းရှိတယ်။ ပြီးတော့စစ်ကားတစ်စီးလည်း ပျက်စီးသွားတယ်။ အဲဒါနဲ့ပဲ အနီးကရွာထဲကို ကားပေါ်ကနေ ရမ်းပြီးပစ်သွားတာ။ ရွာသား ၃ ဦး ဒဏ်ရာရသွားတယ်။ မစိုးရိမ်ရပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ် ပေးနေပါတယ်” ဟု  တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” ဒီကောင်တွေဘက်က ထိခိုက်ကျဆုံးမှု စာရင်းနဲ့ ရွာထဲကပျက်စီးဆုံးရှုံးမှုစာရင်းအတိအကျကိုတော့ စုံစမ်းနေဆဲပါ”ဟု အဆိုပါတာ၀န်ရှိသူက ဆက်ပြောသည်။ https://www.facebook.com/photo/?fbid=278724908253219&se t=a.121904670601911

၃၄။ တော်လှန်ရေးလုပ်နေသည့် ကရင်များသည် အမျိုးသားအစွန်းရောက်များသာဖြစ်ကြောင်း မန်းငြိမ်းမောင် ပြော
      August 28, 2023

လက်ရှိတော်လှန်ရေးလုပ်နေသည့် ကရင်များသည် အမျိုးသားအစွန်းရောက်သူများသာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီဗဟိုအဖွဲ့ဝင်ဖြစ်သူ မန်းငြိမ်းမောင် က မြောင်းမြမြို့တွင် ပြု လုပ်သည့် ဧရာဝတီတိုင်းဒေသအဆင့် ကရင်ရိုးရာလက်ချည်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောဆိုသွားသည်။ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီက ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းတွင် ပွင့်ပွင့်လင်းလင်းတွေ့ဆုံ ဆွေးနွေးပြောဆိုရန် အကြိမ် ကြိမ်ဖိတ်ခေါ် နေသော်လည်း တချို့သောကရင်များသည်အမျိုးသား အစွန်းရောက်များဖြစ်နေကြပြီး နိုင်ငံတော် ၏ သဘောထားကြီးမှုကို ယနေ့ အချိန်ထိ နားမလည်သေးကြောင်း ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။“ကျနော်တို့ ကရင်အမျိုးသားအချို့တွေက အစွန်းရောက် တွေပဲ။ ယနေ့အထိ ကျနော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ငြိမ်းချမ်းရေးအထမြောက်ဖို့ ပွင့်ပွင့်လင်းလင်းဖိတ် ခေါ်နေတာ တိုင်းရင်းသားတွေကို။ ခင်ဗျားတို့ဘာဖြစ်ချင်လဲ၊ ခင်ဗျားတို့ဘာတွေလိုချင်လဲ နိုင်ငံတော်ကပွင့်ပွင့်လင်းလင်းသိချင် တယ်။ သို့သော် တိုင်းပြည်ရဲ့ ပကတိအခြေအနေအဖြစ်နိုင်ဆုံးညှိနှိုင်းကြမယ်။ ဆွေးနွေးကြမယ် ဖိတ်ခေါ်ပေမဲ့ ဒီကနေ့ အချိန် ထိ နိုင်ငံတော်ရဲ့ သဘောထားစေတနာကို နားမလည်နိုင်ကြဘူး”ဟု ပြောဆိုသွားခြင်းဖြစ်သည်။ ထို့အပြင် တိုင်းပြည်၏ ပကတိ အခြေအနေကို မျက်ကွယ်ပြုပြီး အမျိုးသားအစွန်းရောက်ဝါဒကို လက်ကိုင် ပြုထားသောကြောင့် ယနေ့အချိန်ထိ တိုင်းပြည်တွင် ဆူပူမှုများ၊ သောင်းကျန်းမှုများ၊ မငြိမ်းချမ်းမှုများကြောင့် အပြစ်မဲ့ပြည်သူများ ဒုက္ခရောက်နေကြရကြောင်းလည်း ၎င်းက ဆက် လက်ထည့်သွင်းပြောဆိုသွားခဲ့သည်။

မန်းငြိမ်းမောင် ကို ယခင်က တော်လှန်ရေးသမား၊ ထောင်ကျကျွန်းပြန်နှင့် ကရင့်တော်လှန်ရေးအတွက် ပေးဆပ်သူ အဖြစ် ကရင်လူမျိုးများက ရှုမြင်ထားကြသော်လည်း ၎င်းကို အခွင့်ကောင်းယူပြီး ၎င်း ကိုယ်ကျိုးစီးပွားအတွက် ပြည်သူ့အကျိုးစီး ပွားဖျက်ဆီးသည့် အာဏာသိမ်းစစ်တပ်နှင့်ပူးပေါင်းပြီး အာဏာလုယူသည့်နေရာတွင် ပါဝင်ခဲ့သူ မန်းငြိမ်းမောင် ၏ ပြောဆိုမှုမှာ ကရင်တော်လှန်ရေးသမားများကို စော်ကားရာရောက်ကြောင်း အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့သူ အမည်မဖော်လိုသူ ကရင် လူငယ်တစ်ဦးက ပြောသည်။ ၎င်းက “ကရင်တွေရဲ့အထွဋ်အမြတ်ထားလေးစားတန်ဖိုးထားတဲ့ ကရင်ရိုး ရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအ နားပွဲမှာ ကရင်လူထုရဲ့အကျိုးစီးပွား၊ ပြည်ထောင်စုရဲ့အကျိုးစီးပွားအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ ကရင့်တော် လှန်ရေးခေါင်းဆောင် လူငယ်တွေကို အမျိုးသားရေးအစွန်းရောက်အကြမ်းဖက်သမားလို့ ပြောဆိုသုံးနှုန်းတာဟာ ကရင်လူထု တစ်ရပ်လုံးကို စော်ကားတာဖြစ်သလို ကရင့် တော်လှန်ရေးအတွက် အသက်သွေးချွေးပေးဆပ်ခဲ့တဲ့ သူမှန်သမျှကို စော်ကားလိုက် တယ်လို့ မြင်တယ် ”ဟု ပြောသည်။ မန်းငြိမ်းမောင်အနေဖြင့် လက်ရှိဧရာဝတီတိုင်းအတွင်းရှိ ကရင်လူထုများကို အသုံးချပြီး အာဏာရှင် တည်ဆောက်ရေးများတွင် ကရင်လူမျိုးများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များကို တဖြည်း ဖြည်းစည်းရုံး သိမ်းသွင်းပြီး အာဏာရှင်စနစ်သက်ဆိုးရှည်အောင်လုပ်ဆောင်နေကြောင်းလည်း ယနေ့အခမ်းအနားကို တက်ရောက်ခဲ့သူ ဖော်ပြ ပါ လူငယ်က ဖြည့်စွက်ပြောဆိုသည်။ မန်းငြိမ်းမောင်သည် ယခင်က ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး ဗဟို ကော်မတီ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ဖူးသလို အဖွဲ့အစည်းအတွင်း ပဋိပက္ခများကြောင့် အစည်းအရုံးမှ နုတ် ထွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် KPP ပါတီမှ ဝင်ရောက် အရွေးခံခဲ့သော်လည်း မဲအနိုင်ရရှိခဲ့မှုမရှိသောကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့်ပူးပေါင်းခဲ့ကာ စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ https://kicnews.org/20 23/08/%e 1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button